Transparency Myanmar

transparency.myanmar@gmail.com

WEEK IN INTERNATIONAL AFFAIR
Document WEEK IN INTERNATIONAL AFFAIR

Snapshot of the item below:
WEEK IN INTERNATIONAL AFFAIR

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ သတင်းများ

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အခြေအနေများကို စာဖတ်သူများ သိစေရန် အလို့ငှာ Yangon Chronicle မှစုစည်းတင်ပြအပ်ပါသည်။

သတင်းအဖွဲ့

ရတက်မအေးနိုင်သော မြောက်ကိုရီးယားအရေးနှင့် ပုပ်ရဟန်းမင်းကြီး၏ ငြိမ်းချမ်းရေးဆုတောင်း

photo credit by online

ယခင်အပတ်က မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနှင့် ဆက်သွယ်ရေးတွင်  နောက်ဆုံးကျန်ရှိ နေသေးသည့် စစ်ဘက်အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက်လိုက်ပြီဟု ကြေညာခဲ့ပြီးနောက် တောင်ကိုရီးယား နှင့် စစ်ဖြစ်နေပြီဟု စနေနေ့က ထုတ်ပြန်ကြေညာခဲ့သည်။ မြောက်ကိုရီးယားအနေနှင့် မကြာခင်က တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ လက်ရှိပူးတွဲစစ်ရေး လေ့ကျင့်မှု၊ မြောက်ကိုရီးယား၏ တတိယမြောက် နျူကလီးယားလက်နက် စမ်းသပ်မှုအပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လိုက်ခြင်းအပေါ် ဒေါသထွက်ကာ တောင်ကိုရီးယားနှင့် အမေရိကန်တို့ကို စစ်ရေးတိုက်ခိုက်မှုများ လုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ ယခုကဲ့သို့ တင်းမာမှုများဖြစ်နေချိန် တနင်္ဂနွေတွင် အမေရိကန်တိုက်လေယာဉ် F-22 နှစ်စင်းသည် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ Kadena လေတပ်အခြေစိုက်စခန်းမှ ဆိုးလ်မြို့တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာမှာရှိတဲ့ Osan လေတပ်အခြေစိုက်စခန်းကို ပျံသန်းပြခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရ၊ ပါတီ နှင့် အဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံကြား အခြေအနေ အရပ်ရပ်သည် စစ်ပွဲဖြင့်သာ ဖြေရှင်းရမည့်အခြေအနေသို့ ရောက်ရှိလာပြီဟု ဖော်ပြထားသည်။ မြောက်ကိုရီးယားနိုင်ငံ၏ တစ်ရက်ကြာ နှစ်ပတ်လည် လွှတ်တော် အစည်းအဝေးအပြီး လက်ရှိအာဏာရပါတီ ခေါင်းဆောင်များသည် နိုင်ငံ၏ နျူကလီးယား စစ်လက်နက်တိုးချဲ့ရေးနှင့် ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်ရေး လုပ်ငန်းကို ဆက်လုပ်သွားရန် ဆုံးဖြတ်ချက်ထွက်လာချိန်တွင် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟဲက မြောက်ကိုရီးယား၏ ရန်စမှုကို စစ်ရေးဖြင့်သာ တုန့်ပြန်မည်ဟု ပြောကြားခဲ့သည်။ သို့သော် ယခု ရက်ပိုင်းအတွင်း မြောက်ကိုရီးယား နိုင်ငံဘက်မှ ရန်စပြောဆိုမှုများ ပြုလုပ်နေသော်လည်း  စစ်ရေး လှုပ်ရှားမှု တစုံတရာ မတွေ့ရသေးဟု အမေရိကန် သမ္မတအိမ်ဖြူတော်ကပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများသည် မြောက်ကိုရီးယား၏ ရန်စပြောဆိုမှုနှင့် လက်တွေ့ အခြေအနေ ၂ မျိုးစလုံးကို အနီးကပ် စောင့်ကြည့်လေ့လာနေကြောင်း သိရသည်။

မြောက်ကိုရီးယား၏ ငွေရပေါက်တစ်ခုဖြစ်ပြီး တောင်ကိုရီးယားနှင့် နှစ်နိုင်ငံ ဆက်ဆံရေးပြယုဂ် တစ်ခုဖြစ်သော ကေဆောင်စက်မှုဇုန်တွင် တောင်ကိုရီးယားအလုပ်သမားများလာရောက် အလုပ်လုပ်ကိုင်ခြင်းကိုလည်း စတင်ပိတ်ပင် လိုက်ပြီဖြစ်သည်။ ယင်းကဲ့သို့ ပြုမူလိုက်ခြင်းသည် နှစ်နိုင်ငံကြား တင်းမာမှုကို ထပ်တိုးစေခဲ့ပါသည်။

photo credit by guardian

ယင်းပဋိပက္ခများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မတ်လ ၃၁ ရက်နေ့တွင် ဗာတီကန် နန်းတော်ရှိ စိန့်ပီတာရင်ပြင်တွင် ကျင်းပခဲ့သော အီစတာပွဲတွင် ကိုရီးယားကျွန်းဆွယ်ကိစ္စနှင့် ပတ်သက်၍  ငြိမ်းချမ်းရေး ဆုတောင်းပေးခြင်းကို ပြုလုပ်ခဲ့သည်။  ထို့အပြင် ဆီးရီးယား နိုင်ငံရေး ပဋိပက္ခနှင့် ဒုက္ခရောက်နေသော ပြည်သူများ၊ ဒုက္ခသည်များစွာတို့အတွက်လည်း တောင်းဆု ပြုပေးခဲ့ကြောင်း သိရပါသည်။

အရှေ့အလယ်ပိုင်းနိုင်ငံရေးမငြိမ်သက်မှုများ

မတ်လ ၂၁ ရက်နေ့တွင် အသေခံဗုံးခွဲသမားတစ်ဦးသည် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်စ်မြို့ရှိ အယ်လ်အိုင် မန်ဗလီတွင်းသို့ ဝင်ရောက်ဖောက်ခွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် လူ ၄၉ ဦးသေဆုံးကာ၊ ၈၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး ကိစ္စများအား လုပ်ဆောင်သည့် ပညာရှင် ဟာမက်ဆာရာ မာဒန်အယ်လ်ဘူတီ ကိုပစ်မှတ်ထား ခဲ့ခြင်းဖြစ်ပါသည်။ ယင်းအကြမ်းဖက်လုပ်ရပ်သည် အယ်လ်ခိုင်ဒါနှင့် ၎င်း၏ မဟာမိတ်များ လုပ်တက်သည့် လက္ခဏာမျိုး ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

photo credit by online

ထို့အပြင် ဆီးရီးယားသမ္မတ အာဆတ်သည်လည်း မတ်လ ၂၇ ရက်နေ့တွင် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့်တောင်အာဖရိကနိုင်ငံများအား ပြည်တွင်းစစ်ပွဲတွင် ဆီးရီးယား သူပုန်များထံ စီးဝင်နေသော ငွေကြေးနှင့် လက်နက်များရပ်ဆိုင်းသွားစေရန် အကူအညီတောင်းခဲ့ပါသည်။ ၂ နှစ်တာ ဆီးရီးယားစစ်ပွဲ ကာလအတွင်း ဆီးရီးယားပြည်သူ ၇ သောင်းခန့် အသက်ဆုံးရှုံး၍၊ အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၂ သန်းမျှရှိနေပြီ ဖြစ်သည်။ ပြည်သူ ၄ သန်းကျော်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုအစရှိသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက် ရှိကြောင်းသိရသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုသည် တူရကီဝန်ကြီးချုပ် ဆက်ပ်တေ ယစ်ပ်အာရ်ဂို နှင့် မတ်လ ၂၂ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုကာ လွန်ခဲ့သည့် သုံးနှစ်မှ အစ္စရေးရေကြောင်းစီးနင်းတိုက်ခိုက်မှုအတွက် တောင်းပန်စကား ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်တို့သည် ဆက်ဆံရေးပုံမှန်ဖြစ်စေရန် သဘောတူညီမှု ရရှိခဲ့ကြောင်းသိရသည်။  နေတန်ယာဟု ၏ဝန်ကြီးချုပ်ဒုတိယသက်တမ်း စတင်ခဲ့သည့် ၂၀၀၉ ခုနှစ်မှစ၍ နေတန်ယာဟု နှင့် အာရ်ဒိုဂန်တို့ အကြားစကား ပြောဆိုဆွေးနွေးမှုသည် ယခုအကြိမ် ပထမဆုံးဖြစ်သည်။ ယင်းဆွေးနွေး မှုသည် အမေရိကန်သမ္မတ ဘားရက်အိုဘားမားအစ္စရေးနိုင်ငံသို့ သုံးရက်ကြာခရီးစဉ် အပြီးတွင် ထင်ရှားစွာ ထွက်ပေါ်လာခဲ့သော ဆွေးနွေးမှုလည်း ဖြစ်ပါသည်။

ထို့အပြင် အစ္စရေးနိုင်ငံတွင်းရှိ ဂါဇာကမ်းမြှောင်ဒေသ၌ ၂၀၀၇ ခုနှစ်မှစ၍ ချုပ်ကိုင်ထားသော အင်အားကြီး အဖွဲ့ခေါင်းဆောင်များသည် ခါလက်မီးရှားလ်ကိုဘေးဖယ်ထားကြမည်ဟု ထင်မြင်နေသော်လည်း၊ ဝါရင့်ဟားမက် ခေါင်းဆောင် ခါလက်မီးရှားလ်သည် ပါလက်စတိုင်းအစ္စလမ္မစ်လှုပ်ရှားမှု၏ အကြီးအကဲအဖြစ် နောက်ထပ် သက်တမ်းကာလတစ်ခုအတွက် အရွေးခံခဲ့ရသည်။ ယမန်နှစ်က မီးရှားလ်သည် နောက်ထပ်သက်တမ်းတွင် အရွေးမခံတော့ကြောင်းပြောကြားခဲ့သည်။ သို့သော် ပါတီအားအုပ်ချုပ်သည့် ရှူရာကောင်စီသည် နောက်ထပ်လေးနှစ် သက်တမ်းအတွက် ကိုင်ရိုမြို့၌ ကျင်းပခဲ့သည့် အစည်းအဝေး၌ ခါလက်မီးရှားလ်အား ပြန်လည်ရွေးကောက် ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အရှေ့အလယ်ပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံတွင် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းသည် မတ်လ ၃၁ ရက်နေ့က ပင်လယ်ကွေ့နိုင်ငံတွင် တာလီဘန်ရုံးတစ်ရုံး ဖွင့်လှစ်မည့်ကိစ္စကို ဆွေးနွေးညှိနှိုင်းရန် ကာတာသို့သွားရောက်စဉ် ကာတာ စော်ဘွားနှင့် ဒိုဟာမြို့၌ တွေ့ဆုံ၍ စစ်သွေးကြွများနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် ဆွေးနွေးခဲ့ပါသည်။ သိုသိပ်စွာပြုလုပ်ခဲ့သော ယင်းဆွေးနွေးပွဲ၏ အကြောင်းအရာများကိုမူ ဖော်ပြခြင်း မရှိခဲ့ပေ။ အာဖဂန်နစ္စတန်နိုင်ငံတွင် အနာဂတ်ငြိမ်းချမ်းရေးရရှိနိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာ ခြင်းဖြစ်ပြီး အသေးစိတ်အစီအစဉ်များကို ချမှတ်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။


        

              

              

              

              

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

WEEK IN ECONOMIC
Document WEEK IN ECONOMIC

Snapshot of the item below:
WEEK IN ECONOMIC

တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးသတင်းဖြစ်စဉ်

တစ်ပတ်အတွင်း စီးပွားရေးသတင်းများကို ပြည်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင်ပြ လိုက်ပါသည်။

(၁) ကုန်သွယ်ရေးကဏ္ဍ

နယ်စပ်ကုန်သွယ်မှုပမာဏ မြှင့်တက်

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခုဘဏ္ဍာရေးနှစ် မကုန်သေးသော်လည်း အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါး ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ မှောင်ခိုကုန်သွယ်မှုများ ရှိနေသည့်ကြားမှ ယခုနှစ်နယ်စပ်ကုန်သွယ်မှု ပမာဏမြှင့်တက်လာရသည့်အဓိက အကြောင်းရင်းမှာ နယ်စပ်မှ လုပ်ငန်းသုံးယာဉ် များ တင်သွင်ခွင့်ပြုခြင်း၊ နယ်စပ်ကုန်သွယ်မှုပိုင်းတွင် မှောင်ခိုဖမ်းဆီးခြင်း၊ တစ်ပိုင်တစ်နိုင်များကို အလွယ်တကူ လိုင်စင်ပြု ကုန်သွယ်စေခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။ ၂၀၁၃ ခုနှစ် မတ်လ နောက်ဆုံးပတ်အထိ ရောက်ရှိလာခဲ့ပြီး ယခင်နှစ်နယ်စပ် ကုန်သွယ်မှုပမာဏထက် သန်း ၄၀၀ ကျော် ပိုမိုမြင့်တက် လာခဲ့ကြောင်း သိရှိရသည်။

ကုန်သွယ်ရေးလိုငွေပြနေသည့် အင်ဒိုနီးရှားနှင့် ကုန်သွယ်မှု

၂၀၁၂ - ၂၀၁၃ ခုနှစ် အင်ဒိုနီးရှား - မြန်မာ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၁၄ သန်း အထိရှိ ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးလိုငွေ ပြလျှက်ရှိကာ နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၁၆ ခုနှစ်တွင် တစ်ဘီလျံ အထိ တိုးမြင့်သွားရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၁၄ သန်းရှိသည့်အနက် သွင်းကုန်ပမာဏမှာ ၁၈၃ သန်းရှိခဲ့ပြီး ပို့ကုန် ပမာဏမှာ ၃၁ သန်းသာရှိခဲ့သောကြောင့် ကုန်သွယ်မှု လိုငွေပြခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။

 

(၂) ရင်းနှီးမြှုပ်နှံမှုကဏ္ဍ

MIC ၏ ခွင့်ပြုချက်များ

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် ( MIC ) ၏ ၁၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုဥပဒေအရ လုပ်ကိုင်ခွင့်ပြုခဲ့သည့် လုပ်ငန်းရှစ်ခုတွင် CMP စနစ်ဖြင့် အထည်ချုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်း၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ BOT စနစ်ဖြင့် လမ်းတံတား အသုံးပြုခကောက်ခံခြင်းလုပ်ငန်း၊ အင်တာနက်ကေဘယ်ကြိုးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း နှင့် BOT စနစ်ဖြင့်ငှားရမ်း၍ ဟိုတယ်၊ ရှော့ပင်းမော၊ရုံးခန်း၊ တိုက်ခန်းနှင့် စီးပွားရေးရေးဆိုင်ရာ အဆောက်အအုံ တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေအရ ထပ်မံလုပ်ကိုင်ခွင့်ပြုခဲ့သည့်လုပ်ငန်းများမှာမူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် သစ်အချောထည် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းဖြစ်ပြီး Concorde Commodities Pte. Ltd အား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

တီးတိန်မြို့ရှိ မြွေတောင်စီမံကိန်း

နီကယ်နှင့် သတ္တုရိုင်း အမြောက်အမြားတူးဖော်ရရှိနိုင်မည့် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို တာဝန်ယူတူးဖော်မည့် North Minin Investment ကုမ္ပဏီ ဘူမိဗေဒအရာရှိချုပ် ဦးလင်းမြင့်ကပြောကြား ခဲ့ကြောင်းသိရသည်။ အဆိုပါမြွေတောင်တွင် စီးပွားဖြစ်ထုတ်ယူနိုင်သော နီကယ်နှင့် သံရောရာ သတ္တုရိုင်းသိုက် သုံးခုရှိပြီး ထိုသတ္တုသိုက်များတွင် ပျမ်းမျှ နီကယ် ပါဝင်မှု ၁ ဒသမ ၄ ရာခိုင်နှုန်းရှိသော သတ္တုရိုင်းစုစုပေါင်း မက်ထရစ် တန်ချိန် ( ၄၂,၂၁၀,၀၀၀ ) ခန့်ရှိနိုင်ပြီး သန့်စင်ပြီး နီကယ် မတ်ထရစ် တန်ချိန် ( ၅၉၅,၀၀၀) ခန့်ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း North Minin Investment ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။

(၃) ဘဏ္ဍာရေးကဏ္ဍ

Bank of Tokyo Mitsubishi UFJ မှ ဘဏ်လုပ်ငန်းတိုးတက်စေရန် အကူညီပေး

credit by online

ဂျပန်နိုင်ငံ၏အကြီးမားဆုံး ဘဏ်တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ မှ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများတိုးတက်စေရေး နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးနိုင်ရန် အတွက်  ပညာရှင်များနှင့် အကြံပေးပုဂ္ဂိုလ်များ လာရောက်ကူညီမည်ဖြစ်ကြောင်း သမဝါယမဘဏ်မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဘဏ်နှစ်ဘဏ်အကြား လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် သမဝါယမ ဘဏ်နှင့် (BTMU) ဘဏ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားခဲ့ ကြောင်းသိရှိရသည်။

ဂျပန်မှ တရားဝင်ဖွံဖြိုးမှုအကူအညီချေးငွေသစ် ထုတ်ချေးမည်

မြန်မာနိုင်ငံ၏ အဓိကမြို့တော် ရန်ကုန်မြို့ မီးလင်းရေး၊ သီလဝါ ဆိပ်ကမ်းဖွံဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချ ရေးတို့အတွက် ဂျပန်နိုင်ငံမှ တရားဝင်ဖွံဖြိုးမှုအကူညီချေးငွေသစ်အဖြစ် ဂျပန် ယန်းငွေ ၅၁ ဒဿမ  ဘီလျံ ( အမေရိကန် ဒေါ်လာ ၅၃၇ သန်းခန့် ) ထပ်မံထောက်ပံ့ရန် ဂျပန်အစိုးရမှ ဆုံးဖြတ်ထားကြောင်း သိရှိ ရသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ လုပ်ငန်းစီမံကိန်းသုံးခုအတွက် ချေးငွေသစ် ထုတ်ချေးပေးခြင်းဖြစ်ပြီး ပထမစီမံကိန်းမှာ ဆင်းရဲနွမ်းပါးမှု လျော့ချမည့် ဒေသဖွံဖြိုးရေး စီမံကိန်းဖြစ်ပြီး ဂျပန်ယန်းငွေ ၁၇ ဘီလျံ ၊ ဒုတိယစီမံကိန်းမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်ရေးနှင့် အဆင့်မြှင့် တင်ရေး စီမံကိန်းဖြစ်ပြီး ဂျပန်ယန်းငွေ ၁၄ ဒသမ ၀၅၂ ဘီလျံနှင့် တတိယစီမံကိန်းဖြစ်သည့် သီလဝါဆိပ်ကမ်းဖွံဖြိုးရေး အတွက် ဂျပန်ယန်းငွေ ၂၀ ဘီလျံထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(၄)ဖွံဖြိုးတိုးတက်ရေး အကူအညီများ ရှဖီးကုန်သည်ကြီးများအသင်းက မြန်မာအထည်ချုပ်လုပ်ငန်းကို အကူအညီပေးမည်

photo credit by online

အင်္ဂလန်နိုင်ငံ၊ ယော့ရှိုင်းယားနယ်အခြေစိုက် ရှဖီးကုန်သည်ကြီးများအသင်းက မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းတိုးတက်ရန်ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်စ စီးပွားရေးလုပ်ငန်းများကို ကူညီရန် ရှဖီးကုန်သည်ကြီးများအသင်းက မြန်မာနိုင်ငံနှင့် စပ်တူလုပ်ငန်းများ လုပ်ကိုင်ရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်းကို နိုင်ငံတကာသို့ ပို့ကုန်တင်ပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ SMEs များ ဖွံဖြိုးရေး နယူးဇီလန် ကူညီမည်

            နယူးဇီလန်နိုင်ငံ၏ အကူအညီဖြင့် မဲခေါင် အင်စတီကျု့က မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် နည်းပညာများနှင့် ငွေကြေးထောက်ပံ့မှုပေးရန် ရှိကြောင်းသိရသည်။ မဲခေါင် အင်စတီကျု့မှ ပြုလုပ်ခဲ့သော သုတေသနလုပ်ငန်းများအရ မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် အဓိကအခက်အခဲမှာ ဈေးကွက်သတင်းအချက်အလက် မရရှိခြင်းဖြစ်ပြီး အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန် ကူညီမည့် အစီစဉ်ကို သုံးနှစ်စီမံကိန်းအဖြစ် သတ်မှတ်ထား ယခုနှစ်တွင် စတင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - စင်ကာပူ စီးပွားရေးပူးပေါင်းမှု အရှိန်မြှင့်မည်

            ၄၇ နှစ်အကြာ ပထမဆုံးလာရောက်သော စင်ကာပူသမ္မတဖြစ်သည့် မစ္စတာတိုနီတမ်၏ မြန်မာနိုင်ငံ ခရီးစဉ်အလွန် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်ရန်ရှိကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ( UMFCCI ) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့သည်။ စင်ကာပူ ကုန်သွယ်ရေးအသင်းချုပ်( SBF ) နှင့် UMFCCI တို့ သည်ဧပြီလ ၄ ရက်နေ့က ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်မှာ ချုပ်ဆိုခဲ့ပြီး စင်ကာပူ ဆောက်လုပ်ရေးနှင့် ဟိုတယ်လုပ်ငန်း ကုမ္ပဏီ Youth Force နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီ Sing Tel တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။


 

            

 

 

 

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                               

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive