Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာ့တယ်လီဖုန်းဝန်ဆောင်မှုအတွက် ဂျော့ဆိုးရော့စ်က Irish သူဌေး Dennis O’ Brien နှင့် အုပ်စုဖွဲ့

(5 April 2013 ရက်စွဲပါ domain-b.com မှ Gorge Soros teams up with Irish tycoon Denis O’ Brien for Myanmar’s telecom services ကို ဘာသာပြန်ဆိုပါသည်)

  1. ဆက်သွယ်မှုအလွဲကြောင့် နယ်စပ်ပစ်ခတ်မှု သတင်းမှား ထွက်ပေါ်

(Bangkok Post မှ 7 April 2013 ရက်စွဲပါ “Army says false information led to report of border clash” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ဆီးဂိမ်းအကြို ပြင်ဆင်မှုများ ပြီးစီးခါနီး

(Bangkok Post မှ 7 April 2013 ရက်စွဲပါ Myanmar closer to completing facilities ကို ဘာသာပြန်ဆိုသည်)


မြန်မာ့တယ်လီဖုန်းဝန်ဆောင်မှုအတွက် ဂျော့ဆိုးရော့စ်က Irish သူဌေး Dennis O’ Brien နှင့် အုပ်စုဖွဲ့

(5 April 2013 ရက်စွဲပါ domain-b.com မှ Gorge Soros teams up with Irish tycoon Denis O’ Brien for Myanmar’s telecom services ကို ဘာသာပြန်ဆိုပါသည်)

photo credit by online                

မြန်မာနိုင်ငံဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တံခါးဖွင့်လာသောအခါ အိုင်းရစ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် Denis O’ Brien သည် မိုဘိုင်းလိုင်စင်အတွက် ရည်မှန်းချက်ထားလျှက် ရှိပါသည်။ ၎င်းသည် ဘီလျံနာ ဂျော့ဆိုးရော့နှင့် ပေါင်း၍ မြန်မာနိုင်ငံတွင် တယ်လီကွန်လိုင်စင်ရရှိရေးအတွက် စိတ်အားထက်သန်လျှက် ရှိပါသည်။

မြန်မာအစိုးရသည် တယ်လီကွန်ဝန်ဆောင်မှုအသစ်နှစ်ခု ထူထောင်ရန် အလားအလာရှိသော အော်ပရေတာများကို ဖိတ်ခေါ်လျှက်ရှိပါသည်။

O’ Brien ၏ Digicel အုပ်စုသည် ဂျော့ဆိုးရောစ်၏ Quantum Strategic Partners နှင့် မြန်မာနိုင်ငံမှ Yoma Strategic Holdings တို့သည် စုဖွဲ့လျှက် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် Serge Pun က ဦးဆောင်ကာ မြန်မာအစိုးရသို့ အဆိုပြုလွှာ တင်ထားပြီး ဖြစ်ပါသည်။

O’ Brein သည် Digicel ၏ ဥက္ကဋ္ဌဖြစ်ပြီး Independent News to Media မှ အဓိကရှယ်ယာပိုင်ဆိုင်သူတစ်ဦး ဖြစ်ပါသည်။ Digicel သည် လောလောလတ်လတ်ဖြေလျော့လာသော ဈေးကွက်များနှင့် ကမ္ဘာတစ်လွှား တယ်လီဖုန်း ဆက်သွယ်ရေးတွင် ဝန်ဆောင်မှုများစွာ လိုအပ်ပြီး ဖုန်းသိပ်သည်းဆနည်းသော တိုင်းပြည်များတွင် အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည့်ကုမ္ပဏီဖြစ်ကြောင်း ၎င်းက ပြောပါသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းအသုံးပြုမှုသည် ၁၀ ရာခိုင်နှုန်းသာ ရှိသေးကြောင်းနှင့် ၎င်းတို့၏ ကုမ္ပဏီအစုအဖွဲ့သည် ကမ္ဘာ့အဆင့်မီ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရန် ကတိပေးထားကြောင်း ဆိုပါသည်။

Digicel သည် ကယ်ရစ်ဗီယန်နှင့် ပစိဖိတ်တလွှားတွင် လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပြီး တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍတွင် အဓိကကျသော ပလေယာတစ်ဦးဖြစ်လာသည်မှာ ဆယ်စုနှစ် တစ်နှစ်ခန့်သာရှိပြီး O’ Brien အတွက် ကံကောင်းခဲ့သည်။ ၎င်းကို Forbes မဂ္ဂဇင်းက မကြာသေးမီက မကြာသေးမီက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် အဆင့်သတ်မှတ်ခဲ့ပါသည်။

Digicel သည် ဂျမေကာတွင် အခြေစိုက်ပြီး လွန်ခဲ့သည့် ၁၂ နှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံ ၃၀ တွင် ဦးဆောင်ကဏ္ဍ၌ ပါဝင်နိုင်အောင် တည်ဆောက်နိုင်ခဲ့ပါသည်။ Surge Pun သည်လည်း မြန်မာငံ၏ ထင်ရှားသော လုပ်ငန်းရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရပါသည်။

မြန်မာနိုင်ငံသည် လက်ရှိအားဖြင့် စီးပွားရေးတိုးတက်မှုနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းကျော် ရှိသော်လည်း မိုဘိုင်းဖုန်းထိုးဖောက်မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိပါသည်။

လိုင်စင်နှစ်ခုအတွက် တင်ဒါလုပ်ငန်းစဉ်မှာ အစောဆုံးအဆင့်တွင်သာရှိသေးပြီး နောက်ဆုံးအခြေအနေကို မသိရှိနိုင်သေးပေ။

တချိန်တည်းမှာပင် Vodafone ကလည်း ၎င်းသည် China Mobile နှင့် ပေါင်း၍မြန်မာနိုင်ငံတွင် အော်ပရေတာလိုင်စင်ရရှိရေးအတွက် အကြိုလျှောက်ထားမှုများ ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့မိုဘိုင်း လုပ်ငန်းအတွက် အရေးပါသောဈေးကွက်ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ China Mobile သည် လက်ရှိအားဖြင့် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းကွန်ယက်အော်ပရေတာတစ်ဦးဖြစ်ပြီး အသုံပြုသူ သန်း ၇၀ ရှိ အကြီးဆုံးကွန်ယက်ကို ပိုင်ဆိုင်ထားပါသည်။

ဆိုးရော့စ်၏အဆိုအရ မြန်မာနိုင်ငံတွင် တယ်လီဖုန်းဆက်သွယ်ရေးဈေးကွက်ကို ဖြေလျောပေးလိုက်ခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော စေ့ဆော်မှုတစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။ Serge Pun က ပြောကြားရာတွင် ၎င်းတို့အစုအဖွဲ့ကြီးများသည် မြန်မာပြည်သူပြည်သားများအား လူတိုင်းတတ်နိုင်ပြီး ကမ္ဘာ့အဆင့်မီ တယ်လီဖုန်းဆက်သွယ်ရေးအဆင့်ကို ပေးသွားနိုင်ရန် ရည်မှန်းထားကြောင်း ပြောပါသည်။

၎င်းတို့စုဖွဲ့ထားခြင်းသည် အဆိုပါရည်မှန်းချက် အကောင်အထည်ဖော်ရန် သီးသန့်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ဆိုပါသည်။


ဆက်သွယ်မှုအလွဲကြောင့် နယ်စပ်ပစ်ခတ်မှု သတင်းမှား ထွက်ပေါ်

(Bangkok Post မှ 7 April 2013 ရက်စွဲပါ “Army says false information led to report of border clash” သတင်းကို ဘာသာပြန်ဆိုသည်)

အမည်မသိ ထိုင်းလက်နက်ကိုင်များနှင့် မြန်မာစစ်သားများအကြား သောကြာနေ့က နယ်စပ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟူသော သတင်းမှာ မှားယွင်းသည်ဟု ထိုင်းစစ်တပ်က မနေ့က ပြောကြားသည်။

ရန်ကုန်မှ အာဏာပိုင်များ၏အဆိုအရ အမည်မသိလက်နက်ကိုင်များနှင့် ပစ်ခတ်မှုတွင် မြန်မာစစ်တပ် ၁၃ ဦး ကျဆုံးခဲ့ရသည်ဟု သိရှိရကြောင်း ထိုင်းစစ်တပ် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝန်ထိုင်းဆူဝါရီက ပြောကြားခဲ့ သည်။ ပစ်ခတ်မှုဖြစ်ပွားသည်ဟုဆိုသော နေရာမှာ ထိုင်းနိုင်ငံ ရနောင်းနှင့် မျက်နှာချင်းဆိုင် ကော့သောင်းမြို့နယ်ထဲတွင် ဖြစ်သည်။

သို့ရာတွင် ယင်းကဲ့သို့ အခင်းဖြစ်ပွားမှု မရှိခဲ့ဟု ဗိုလ်မှူးကြီး ဝန်ထိုင်းက ဆိုပါသည်။ မြန်မာစစ်သားတွေအကြား ဆက်သွယ်မှု အလွဲကြောင့် နားလည်မှု လွဲမှားသွားတာဖြစ်ပါတယ် ဟု ၎င်းက ပြောကြားသည်။

ဗိုလ်မှူးကြီးဝန်ထိုင်း၏အဆိုအရ ယင်းနယ်မြေထဲတွင် ကင်းလှည့်နေသော မြန်မာစစ်သား ၁၃ ဦးသည် တောအုပ်ထဲမှ ပစ်ခတ်သည်ဟု ယူဆရသော သေနတ်သံကို ကြားရပြီးနောက် ၎င်းတို့၏ စခန်းနှင့် အဆက်အသွယ် ပြတ်သွားခြင်းဖြစ်ကြောင်း၊ စခန်းမှ ဆက်သွယ်ရေးတာဝန်ခံက ၎င်းတို့သေဆုံးပြီဟု ယူဆကာ မြန်မာစစ်တပ်သို့ သတင်းမှား ပို့ခဲ့သဖြင့် ထိုမှတဆင့် ထိုင်းအာဏာပိုင်များထံ သတင်းမှားများ ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သေနတ်သံဟု ယူဆရသော အသံမှာ တောမီးလောင်ခြင်းကြောင့် ပေါက်ကွဲသံသာဖြစ်ပြီး ပျောက်နေသူများကို ကောင်းမွန်စွာ ပြန်လည်တွေ့ရှိရသည်ဟု ၎င်းကပြောကြားသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆူပရာပေါင် တိုဗီချတ်ချိုင်ကူး ကလည်း ထိုင်း-မြန်မာနယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခြင်းမရှိဟု အတည်ပြုပြောဆိုပါသည်။ မြန်မာအာဏာပိုင်များဘက်မှ နားလည်မှုအလွဲသာဖြစ်သည်ဟု ၎င်းကဆိုသည်။

ယင်းကိစ္စကို ဖြေရှင်းရန် ရန်ကုန်မြို့ ထိုင်းသံရုံးမှာ တာဝန်ခံများနှင့် မြန်မာတာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်ဟု ဝန်ကြီး ဆူပရာပေါင်က ပြောကြားသည်။


မြန်မာနိုင်ငံ၏ ဆီးဂိမ်းအကြို ပြင်ဆင်မှုများ ပြီးစီးခါနီး

(Bangkok Post မှ 7 April 2013 ရက်စွဲပါ Myanmar closer to completing facilities ကို ဘာသာပြန်ဆိုသည်)

photo credit by online

မြန်မာနိုင်ငံသည် ဒီဇင်ဘာလတွင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲ ကျင်းပရန် အဆင်သင့်ဖြစ်နေပြီဟု ထိုင်းတာဝန်ရှိသူများက မနေ့က အတည်ပြုပြောကြားသည်။

နှစ်နှစ်တစ်ကြိမ် အရှေ့တောင်အာရှအားကစားပွဲကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် လက်ခံကျင်းပ မည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ မကြာသေးမီက ရောက်ရှိခဲ့သော ထိုင်းအိုလံပစ်ကော်မတီဝင် သာနာချိုင်ပရာဆစ်က မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်မှုများကို စိတ်ကျေနပ်မှုရှိကြောင်း ပြောကြားသည်။

ထိုင်းအားကစားအဖွဲ့ကို ဦးဆောင်မည့် သာနာချိုင်က “သူတို့ ၉၀ ရာခိုင်နှုန်းလောက် အဆင်သင့်ဖြစ်နေပါပြီ”ဟု ဆိုသည်။

ဖွင့်ပွဲ ပိတ်ပွဲနှင့် ဘောလုံးဖိုင်နယ်ပွဲ ကျင်းပမည့် ပရိတ်သတ် ၃၅၀၀၀ ဆန့် ဇမ္ဗူသီရိအားကစားကွင်းမှာ ပြီးစီးနေပြီ ဖြစ်ပြီး လူ ၄၀၀၀ ကျော်လက်ခံနိုင်မည့် အားကစားရွာသည်လည်း မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ပါဝင်သူများအတွက် သီးသန့်လမ်းကြောင်းပေးထားသော ပို့ဆောင်ရေးကဲ့သို့ အခြားဝန်ဆောင်မှုများကိုလည်း သာနာချိုင်က သဘောကျနေသည်။

တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့က အမှတ်ပေးစနစ်နှင့် နည်းပညာမြင့် ပစ္စည်းကိရိယာများကို ကူညီဖြည့်ဆည်း ပေးကြသည်ဟု သာနာချိုင်က ပြောကြားသည်။

ထိုင်းအဖွဲ့တွင် အားကစားသမားနှင့် တာဝန်ရှိသူစုစုပေါင်း ၉၀၀ ခန့် လိုက်ပါလာကြမည်ဖြစ်ပြီး စီးလုံးငှား လေယာဉ်များဖြင့် သွားရောက်ရန် စီစဉ်လျှက်ရှိသည်။

“ဘန်ကောက်-နေပြည်တော်က ပုံမှန် ခရီးစဉ်မရှိတော့ စီးလုံးငှားလေယာဉ်တွေနဲ့ သွားဖို့စီစဉ်ရတာပါ”ဟု သာနာချိုင်က ပြောကြားသည်။

မြန်မာနိုင်ငံသည် တင်းနစ်နှင့် အိုလံပစ်ကစားနည်းအချို့အပါအဝင် စံချိန်မီအားကစားနည်းများစွာကို ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဖြုတ်ချထားခဲ့သောကြောင့် အဖွဲ့ဝင်နိုင်ငံများအကြား ဆူညံပွက်လောရိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ယခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတါင အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် ၄၆၀ ချီးမြှင့်မည်ဟု ဆိုသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတို

“PR စနစ်ဆိုတာ ကမ္ဘာ့နိုင်ငံအများစု ကျင့်သုံးနေတဲ့အရာပါ။ ကမ္ဘာ့နိုင်ငံအများစုထဲကကျင့်သုံးနေတဲ့ နိုင်ငံ တွေကို လေ့လာ ကြည့်ရင် ပညာတက်လူတန်းစား၊ ပညာရှိကိုယ်စားလှယ်တွေ များပါတယ်။ ဒီတော့ ကျွန်တော် တို့နိုင်ငံမှာရော ပညာတတ်၊ ပညာရှိလူတန်းစားတွေရှိနေပြီလား၊ နောက်တစ်ခုက ညွှန့်ပေါင်းအစိုးရ အဖွဲ့တွေ ဖွဲ့ပြီးပြီလား။ ဒီအခြေခံတွေကို မေးဖို့လိုအပ် တယ်။ ဒီတော့ ဒီအခြေခံတွေရှိနေပြီလား၊ ကျွန်တော်တို့နိုင်ငံက တစ်ပါတီထဲမှာတောင် လက်တွဲလုပ်ဖို့ တော်တော်ခက်ခဲတဲ့ နိုင်ငံလေ။ စနစ်ကို ကျွန်တော်တို့ ပါတီမူအရ ကန့်ကွက်မယ်။ ဒီအဆိုကို ပြည်ထောင်စုလွှတ်တော်က မဲစနစ်နဲ့ ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ပို့မယ်။ ပြည်ခိုင်ဖြိုးပါတီကလက်ခံရင် အတည်ဖြစ်မယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ ပါတီရဲ့မူအရ PR စနစ်ကို ကန့်ကွက်မယ်။ သို့ပေမယ့်လည်း PR စနစ်အတိုင်း ရွေးကောက်ပွဲကျင်းပမှာ ဖြစ်ပါတယ်။”

ဧပြီလ ၁၁ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒဂျာနယ်အတွဲ (၁) အမှတ် (၅) တွင်ပါရှိသော “PR စနစ်အပေါ် နိုင်ငံရေး ပါတီတို့၏ အမြင်” သတင်းမှ ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) အမျိုးသားဒီမိုကရေစီ ပါတီသစ် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေကို မေးခွန်းအများကြီးထုတ်စရာရှိပါတယ်။ အစိုးရရဲ့ လုပ်ကိုင်မှုတချို့အပေါ် အများကြီး သံသယဖြစ်မိပါတယ်။ ဖြစ်နေတဲ့ကိစ္စတွေမှာ မမြင်ရတဲ့ လက်တွေရဲ့ စွက်ဖက်မှု တွေပါတယ်လို့ ယုံကြည်ပါတယ်။ သက်ဆိုင်ရာထောက်လှမ်းရေး အဖွဲ့အစည်းတွေက ရခိုင်အမျိုးသားကွန်ယက်ရဲ့ ဗဟိုကော်မတီဝင်တွေပါ စုံစမ်းတာတွေရှိတယ်။ ကျွန်တော့်ကိုတောင် အမည်တပ် ပြီးစွပ်စွဲတာတွေရှိပါတယ်။ အတိအကျ ပြောရရင် ဒီပဋိပက္ခတွေမှာ ရခိုင်အမျိုးသားကွန်ယက်အနေနဲ့ အားပေးထောက်ခံခြင်းမရှိသလို ပါဝင်ပတ်သက်ခြင်းလည်း မရှိပါဘူး”

ဧပြီလ ၁၁ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒဂျာနယ်အတွဲ (၁) အမှတ် (၅) တွင်ပါရှိသော “ပဋိပက္ခနှင့်ပတ်သက်ပြီး အစိုးရရဲ့ လုပ်ကိုင်မှုတချို့အပေါ် သံသယဖြစ်” သတင်းမှ ရိခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့ UN ရော၊  US , UK ရယ်၊ တရုတ်နိုင်ငံအစိုးရကနေ ပြီးတော့ Observer အနေနဲ့ပါဝင်တက်ရောက်ဖို့ ကျွန်တော်တို့ ညှိနှိုင်းထားတာရှိတယ်။ ကျွန်တော်တို့ တရားဝင်စာနဲ့ပေးပို့ပြီးသားဖြစ်တယ်။ ဒါပေမယ့် တချို့နိုင်ငံတွေ ကနေပြီးတော့ ဒီဆွေးနွေးပွဲမှာ စုံစုံလင်လင်တက်ရောက်ဖို့ဆိုတာ သိပ်အဆင်မပြေဘူး ဖြစ်နေတယ် ”

ဧပြီလ ၁၁ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၇) တွင်ပါရှိသော “ဧပြီလကုန်ပိုင်းလောက်မှ KIO နှင့်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နိုင်မည်” သတင်းမှ KIO ၏ပြောရေးဆိုခွင့်ရှိသူ ဦးလနန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သက်ဆိုင်ရာမြို့နယ်မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်အဖွဲ့အစည်းတွှေက စုစုစည်းစည်းနဲ့ ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံး ကာကွယ်ခြင်းလို့ မြင်ပါတယ်။ အဓိက ဒီမိုကရေစီအခြေခံကာ အရပ်ဖက်အဖွဲ့အစည်းတွေ အားကောင်းဖို့ ဝိုင်းပြီး ကြိုးစားရလိမ့်မယ်”

ဧပြီလ ၁၁ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၇) တွင်ပါရှိသော “မတူညီသည့် ဘာသာဝင်များအကြား သွေးထိုးလှုံဆော်မှုများနှင့် အကြမ်းဖတ်သတ်ဖြတ်မှုများအား ၈၈ မျိုးဆက်အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း သဘောထားထုတ်ပြန်” သတင်းမှ  ကိုဂျင်မီ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တွေ့ခဲ့တဲ့ ဝန်ကြီးဦးအောင်မင်းဆိုရင် ဒါနဲ့ပတ်သက်ပြီး ကျွန်တော်မေးပါတယ်။ သူ့အနေနဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကြိုးစားဆောင်ရွက်နေတာကို ပြောပါတယ်။ နောက်ပြီး တိုင်းရင်းသားအဖွဲ့အစည်း တွေကြားမှာ လည်း သူတို့အချင်းချင်းယုံကြည်မှုရအောင်လည်း ကြိုးစားဆောင်ရွက်နေတယ်လို့၊ သိရပါတယ်။ ဒါ့ကြောင့် အားလုံးကို အကြီးမားဆုံးပြဿနာက ဘာလဲလို့ ကျွန်တော်မေးတဲ့အခါမှာ ယုံကြည်မှုကင်းမဲ့ခြင်းလို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါနဲ့ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ကျွန်တော်မေးပါတယ်။ ဘာ့ကြောင့်လဲလို့ သူတို့ကို မေးတဲ့အခါမှာ တစ်ယောက်ကို တစ်ယောက်ယုံကြည်မှုမရှိဘူးလို့ ပြောပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံကြည်မှု ရှိလာနိုင်မယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းလာနိုင်မှာ ဖြစ်ပါတယ်”

ဧပြီလ ၁၀ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၂၇) တွင်ပါရှိသော “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တစ်ဦးကိုတစ်ဦး ယုံကြည်မှုရှိလာပါက ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတဟောင်းဂျင်မီကာတာ ပြောကြား” သတင်းမှ ဂျင်မီကာတာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


  NEWS IN BRIEF

ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းသို့ပင်လယ်ရေအောက်ဖိုက်ဘာဆက်သွယ်ရေးဆောင်ရွက်

ထိုင်းနိုင်ငံပိုင် ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်သည့် CAT Telecom က မြန်မာနိုင်ငံ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံတောင်ပိုင်း တို့ကိုဆက်သွယ်မည့် ပင်လယ်ရေ အောက်ဖိုက်ဘာဆက်ကြောင်း အတွက်လုပ်ငန်းများဆောင်ရွက်ရန် စိတ်ဝင်စားလျက်ရှိပြီး မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို စောင့်နေကြောင်း ယင်းကုမ္ပဏီမှ ဒုတိယဥက္ကဌ Surapon Sanguansilp မှပြောသည်။

 

မြန်မာနိုင်ငံတွင် အင်ဒိုနီးရှားဘဏ် BNI ရုံးခွဲဖွင့်လှစ်ရန်ရှိ

အင်ဒိုနီးရှားနိုင်ငံပိုင် ဘဏ်တစ်ခုဖြစ်သော Bank Negara Indonesis (BNI) သည် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း အင်ဒိုနီးရှားသမ္မတနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီး H.E.Mr. Hatta Rajasa မှ ပြောကြားခဲ့ကြောင်း အင်ဒိုနီးရှားမီဒီယာများတွင် ဖော်ပြထားကြောင်းသိရသည်။

 

ရခိုင်ပြည်နယ်တွင်း ငါးဖမ်းကွက်များတွင် လွတ်လပ်စွာဖမ်းဆီးခွင့်ပြု

ရခိုင်ပြည်နယ် အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင်ရှိသော ငါးပုဇွန်လုပ်ကွက်များကို ၂၀၁၃-၁၄ အတွက် လေလံပေးမည် မဟုတ်ပဲ လွတ်လပ်စွာ ငါးဖမ်းဆီးခွင့်ပြုကြောင်း ပြည်နယ်လွှတ်တော်မှ ဧပြီလ ၄ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

 

 

မြန်မာ့ဘဏ်လုပ်ငန်းများတိုးတက်စေရန် စင်ကာပူသို့သွားရောက်လေ့လာ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသိန်းဇော် ဦးဆောင်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သမဝါယမဘဏ် လီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်၊ မြဝတီဘဏ် လီမိတက်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ဧရာဝတီဘဏ် လီမိတက် တို့မှညွှန်ကြားရေးမှူးများ၊ အုပ်ချုပ်မှု ဒါရိုက်တာများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာအချက်အလက်များ အဆင့်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် စင်ကာပူနိုင်ငံ ချေးငွေ သတင်းအချက်အလက် ဗဟိုဌာန (Credit Bureau Singapore) သို့လက်တွေ့ကွင်းဆင်း လေ့လာနိုင်ရန်အတွက် ဧပြီလ ၇ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်းသိရသည်။

 

မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေးပိတ်ဆို့မှု အပြီးတိုင်ဖယ်ရှားရေး ဆွေးနွေး

မြန်မာဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr.Charles Collyns တို့သည် ဧပြီလ ၃ ရက်နေ့ နံနပ်ပိုင်းတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့၌ တွေ့ဆုံခဲ့ပြီး အမေရိကန်မှ မြန်မာနိုင်ငံအပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို အပြီးတိုင် ဖယ်ရှားပေးရေး၊ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကူအညီပေးရေးနှု့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ မြို့ပြတည်ဆောက်ရေးနှင့် ပာိုတယ်လုပ်ငန်းတွင် စင်္ကာပူရင်းနှီးမြှုပ်နှံမည်

မြန်မာနိုင်ငံ၏ မြို့ပြတည်ဆောက်ရေးလုပ်ငန်းများနှင့် ပာိုတယ်လုပ်ငန်းများ အဆင့်မြင့်တက်လာနိုင်စေရေးအတွက် စင်္ကာပူနိုင်ငံမှအဆိုပါ ကဏ္ဍများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံမှ ထိုသို့ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်သော်လည်း မြေယာရရှိမှုအခက်အခဲများရှိနေသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်သွားနိုင်မည့် အနေအထားမျိုးရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အစိုးရနှင့် KIO တို့ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုတ်ရခြင်းမှာ တရုတ်ကြောင့်မပာုတ်ကြောင်း ဖော်ပြ

အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သင်္ကြန်နှောင်းပိုင်းသို့ နောက်ဆုတ်သွားရခြင်းဖြစ်ကြောင်း တရုတ်၏ဆန့်ကျင် ကန့်ကွက်မှုများကြောင့်မပာုတ်ဘဲ သွားလာ ပို့ဆောင်ရေးအစီအစဉ် အခက်အခဲများကြောင့်သာဖြစ်ကြောင်း တရုတ်သံရုံး၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြ ထားသည်။

အစိုးရနှင့် KIO တို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မူလက ဧပြီ ၆ ရက်နေ့တွင် မြစ်ကြီးနား၌ ပြုလုပ်သွားမည်ပာု စီစဉ်ထားသော်လည်း အခက်အခဲအမျိုးမျိုးကြောင့် ရက်ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

 

လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရေး ဆက်လက်ဆန္ဒထုတ်ဖော်မည်

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် သက်ဆိုင်ရာမှခွင့်ပြုချက်ယူ၍ ဆန္ဒပြမှုများပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာမှ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ဥပဒေအရ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆည်တည်းကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။

ကြေးနီတောင်စီမံကိန်းရပ်ဆိုင်းရန် သက်ဆိုင်ရာ၏ ခွင့်ပြုချုက်ဖြင့် ဆည်တည်းကျေးရွာမှဦးဆောင်၍ ရွာခုနှစ်ရွာစုပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတရုတ်ဝမ်ပေါင်ကုမ္ပဏီမှ လယ်သမားများအား ပေးအပ်လျက်ရှိသော လျော်ကြေးငွေကိစ္စမှာ လူကြားကောင်းရုံသာဖြစ်ကြောင်း သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive