Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး (အပိုင်း - ၃)

(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)

  1. ကမ်းလွန်လုပ်ကွက် ၃၀ ကို မြန်မာ လေလံပစ်၊ နိုင်ငံတကာကုမ္ပဏီကြီးများ အပြင်းအထန် ယှဉ်ပြိုင်ကြတော့မည်ဟု မျှော်လင့်ရ

(Business Times မှ 11 April 2013 ရက်စွဲပါ Myanmar open auction of 30 offshore oil blocks – fierce competition from foreign giants is expected သတင်းကို ဘာသာပြန်ဆိုသည်)

  1. ပညာရေးအဆင့် ကူညီမြှင့်တင်ပေးကြမည့် မြန်မာ ပုဂ္ဂလိကကျောင်းများ

(Channel News Asia မှ 11 April 2013 ရက်စွဲပါ Private School in Myanmar to help improve education standards သတင်းကို ဘာသာပြန်ဆိုသည်)


အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး

(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)

အပိုင်း ၃

ထိုနေ့ညနေတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်က အခြေအနေများတည်ငြိမ်သွားပြီဖြစ်ကြောင်း သတင်းထောက် များသို့ ပြောကြားခဲ့ပါသည်။ သို့သော် အခြေအနေမှန်မှာ ပို၍ဆိုးရွားလာနေပါသည်။ လက်နက်ကိုင်ထားသော ဘုန်းကြီးများ နှင့် ဗုဒ္ဓဘာသာလူအုပ်ကြီးသည် လမ်းများပေါ်တွင်နောက်ထပ် သုံးရက်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြသည်ပာု မျက်မြင်များ က ပြောကြားခဲပါသည်။

လူအုပ်ကြီးသည် ဗလီမီးကို ငြိမ်းသတ်ရန်လာသော မီးသတ်သမား ကိုသိန်းဇော်ကို ခြိမ်းခြောက်ခဲ့ပါသည်။ “မင်းမီးကိုငြိမ်းရဲရင် ငြိမ်းကြည့်၊ ငါတို့မင်းကိုသတ်မယ်”ပာု ဘုန်းကြီးတစ်ပါးက အော်ခဲ့ပုံကို ပြန်ပြောပြပါသည်။ ဘုန်းကြီး(၃၀) ခန့်ပါသော လူအုပ်ကြီးသည် မီးသတ်စခန်းပြင်တွင် စောင့်နေပြီး ၎င်း၏ကားကို ပိတ်ဆို့ရန်ကြိုးစားကြောင်းဆိုပါသည်။

ခဲများဖြင့်ပစ်ပေါက်နေသည့်ကြားမှ ကားကိုမောင်းထွက်ရာ၊ ၎င်း၏ မျက်စိအောက်တွင် ထိမှန်ကြောင်း ဒဏ်ရာကို ပြ၍ပြောပါသည်။

“ဘုန်းကြီးတစ်ပါးက ကျွန်တော့်ကို ဓါးနဲ့ရွယ်ပါတယ်”ပာု ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ အငယ်တန်းမီးသတ်အဖွဲ့ဝင် ကျော်ရဲအောင်က ပြောပါသည်။

နောက်သုံးရက်အကြာတွင်တောင်ပေါ်၌ မူဆလင်များကို သတ်ပြီးမီးရှို့ထားသော ကျန်ရစ်သည့် အကြွင်းအကျန်များ တွေ့ရကြောင်း Reuter သတင်းထောက်ကတွေ့ရှိပါသည်။ အနီးတွင် မြူနီစပါယ်ကားများဖြင့် သန့်ရှင်းရေးလုပ်နေသည်ကို တွေ့ရပါသည်။

အကြမ်းမဖက်သည့် တရားအားထုတ်သည့် ဗုဒ္ဓဘာသာ၏ပုံရိပ်နှင့် ဓါးကိုင်ထားသည့် ဘုန်းကြီးများမှ သင့်လျော်ခြင်း မရှိသော မလိုက်ဖက်သည့်ပုံစံဖြစ်ပါသည်။၏

မြန်မာနိုင်ငံ၏ လူဦးရေ သန်း(၆၀)၏ ၉၀ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး နိုင်ငံတစ်ခုအနေဖြင့် အကြီးဆုံး အမျိုးအစားဖြစ်ပါသည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် လွတ်လပ်ရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီကြိုးပမ်းမှု အတွက်လည်းကောင်း ရှေ့ဆုံးမှပါဝင်ခဲ့ကြပါသည်။

အဆိုပါ ချစ်စရာကောင်းသည့် ဘုန်းတော်ကြီးများထဲသို့ လူသတ်သမားများနှင့် တရားဥပဒေပြင် လုပ်ဆောင်မှုများ ပြုလုပ်ရန် လှုံဆော်သူများထိုးဖောက်ဝင်ရောက်ပြီး၊ ပြီးခဲ့သည့် နှစ်များအတွင်း မူဆလင်ဆန့်ကျင်ရေး ပြင်းထန်သော ဖြစ်ရပ်များ လုပ်ဆောင်ရာတွင် ဘုန်းကြီးများသည် ဗပာိုချက်ဖြစ်လာရန် လုပ်ဆောင်ခြင်းခံရသည်ပာု မြန်မာအများစုက အလွယ်တကူသိရှိနိုင်ခဲ့ပါသည်။

မိတ္ထီလာမြို့၏လမ်းများပေါ်တွင် မြို့ပေါ်ရှိကျောင်းတိုက်များမှ ဘုန်းကြီးများတွေ့ရသလို၊ မန္တလေးမှ ဘုန်းကြီးများလည်း တွေ့ရသည်ပာု မျက်မြင်ပုဂ္ဂိုလ်များကဆိုပါသည်။ ဧည့်သည်များထဲတွင် မျိုးချစ်ဘုန်းကြီးဦးဝီရသူလည်း ပါဝင်ခဲ့ပါသည်။

ဦးဝီရသူမှာထောင်ထဲတွင် ကိုးနှစ်ခန့်နေခဲ့ရပြီး ပြီးခဲ့သည့်နှစ်က လွတ်လာသူတစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ်က မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်အောင် လှုံဆော်ခဲ့သဖြင့်ထောင်ချခံခဲ့ရခြင်းဖြစ်ပါသည်။

ယနေ့အချိန်အခါတွင် အသက်(၄၅)နှစ်ခန့်ရှိ ဦးဝီရသူသည်မန္တလေးမစိုးရိမ်ကျောင်းတိုက်တွင်နေထိုင်ပြီး ဘုန်းကြီး ၆၀ ခန့်ကိုဦးဆောင်နေပါသည်။ ထို့အပြင် မန္တလေးတွင်ရှိသော ဘုန်းကြီး(၂၅၀၀)ခန့်အပေါ် သြဇာလွှမ်းမိုးပါသည်။ အဆိုပါအင်အားကို အခြေခံလျက် ‘၉၆၉’လှုပ်ရှားမှုကို ဦးဆောင်လျက်ရှိပါသည်။ အဆိုပါလှုပ်ရှားမှုမှာ မူဆလင်စီးပွားရေးနှင့် အသိုင်းအဝိုင်းကို ဗုဒ္ဓဘာသာများက ရှောင်ကြရန် လှုံဆော်နေပါသည်။

“ဘုန်းကြီးတို့မှာ ကြွေးကြော်သံရှိတယ်။ စားတဲ့အခါ ၉၆၉ မှာစားပါ။ သွားတဲ့အခါ ၉၆၉ နဲ့သွားပါ။ ဝယ်တဲ့အခါ ၉၆၉ မှာဝယ်ပါ”ပာု ဦးဝီရသူက အင်တာဗျူးတစ်ခုတွင်ပြောပါသည်။ ၎င်း၏ အစွန်းရောက်သဘောထားကို ဂုဏ်ယူစွာဖြင့် ၎င်းကသူ့ကိုယ်သူ “မြန်မာဘင်လာဒင်”ပာုဖော်ပြခဲ့ပါသည်။

၎င်းသည် လွန်ခဲ့သည့်လေးလမှစ၍ အငြင်းပွားဖွယ် “၉၆၉”တရားများ စီးရီးလိုက်ပောာခဲ့ပါသည်။ “ဘုန်းကြီးရဲ့တာဝန်က ဒီမစ်ရှင်ပျံ့နှံ့ဖို့ပါပဲ”ပာု ဆိုပါသည်။ ၉၆၉ စတစ်ကာများနှင့် လက္ခဏာများမှာ ထိုးဖောက်ဝင်ရောက် ပျံ့နှံ့နေပြီး တစ်ခါတစ်ရံ အကြမ်းဖက်မှုများနှင့် တွဲလျက်ရှိပါသည်။

အကြမ်းဖက်သူများသည် မိတ္ထီလာတွင် ဖျက်ဆီးထားသောစီးပွားရေး အဆောက်အအုံများတွင် ‘၉၆၉’ကို မှုတ်ဆေးဖြင့် ရေးထိုးထားခဲ့ပါသည်။ ပဲခူးတိုင်းတွင် မူဆလင်ဆန့်ကျင်ရေး လူစုလူဝေးဖျက်ဆီးမှုများမှာ နယ်လှည့် ဘုန်းကြီးများ ‘၉၆၉’လှုပ်ရှားမှုများ တရားပောာအပြီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းတစ်လွှား တွင်ရှိသော လမ်းဘေးဆိုင်များ၊ မော်တော်ဆိုင်ကယ်များ၊ ပိုစတာများနှင့်ကားများတွင် ‘၉၆၉’စတစ်ကာများ တပ်ထားသည်ကို တွေ့ရပါသည်။

မင်းလှမြို့တွင် လူတစ်သိန်းခန့်နေထိုင်ရာ ဖေဖော်ဝါရီလ ၂၆ နှင့် ၂၇ ရက်များက မွန်ပြည်နယ်မှ ဦးဝိမလဘိဝံသ ဘုန်းတော်ကြီးတရားပောာရာ ဗုဒ္ဓဘာသာဝင် ၂၀၀၀ ကျော်တက်ရောက်ခဲ့ကြပါသည်။ ၎င်းက မွန်ပြည်နယ်တွင် ဘုန်းကြီးများက ၉၆၉ ကိုအသုံးပြု၍ မူဆလင်ကို ဘတ်စ်ကားလိုင်းကို သပိတ်မှောက်ခဲ့ပုံကို ရှင်းပြခဲ့သည်ပာု တရားပွဲစီစဉ်သူ အသက် ၅၉ နှစ်ရှိ ဦးဝင်းမြင့်၏အဆိုအရ သိရှိရပါသည်။

တရားပွဲတွေအပြီးမှာ မင်းလှက လူတွေရဲ့စိတ်နေစိတ်ထားများ ကြမ်းတမ်းလာကြောင်း မူဆလင်လက်ဖက်ရည် ဆိုင်ပိုင်ရှင် အသက်(၂၆)နှစ်ရှိ ထွန်းထွန်းကပြောပါသည်။ နောက်တစ်လအကြာတွင် သံပိုက်လုံးများ၊ တူများကိုင်ထားသော ဗုဒ္ဓဘာသာဝင်လူပေါင်း(၈၀၀)ခန့်သည် ဗလီသုံးလုံးနှင့် မူဆလင်အိမ်များနှင့် စီးပွားရေးလုပ်ငန်း(၁၇)ခုကို ဖျက်ဆီးပစ်ခဲ့သည် ပာု ရဲများ၏ အဆိုအရသိရှိရပါသည်။ တစ်စုံတစ်ဦးမျှ အသတ်ခံရခြင်းမရှိသော်လည်း မင်းလှမှ မူဆလင်သုံးပုံနှစ်ပုံခန့် ထွက်ပြေးသွားကြရာ ပြန်မလာကြတော့ကြောင်း ရဲကပြောပါသည်။

“အဲဒီတရားပွဲတွေ ပြီးကတည်းကရွာကလူတွေ ရန်လိုလာကြတယ်။ ကျွန်တော်တို့ကိုဆဲတယ်။ ဖောက်သည် တွေလည်း ပျက်ကုန်ပါတယ်”ပာု ထွန်းထွန်းကပြောပါသည်။ ၎င်း၏ဆိုင်နှင့် နေအိမ်မှာ မတ်လ (၂၇)ရက်နေ့က ဖျက်ဆီး ခံရပါသည်။ တိုက်ခိုက်သူတစ်ဦးမှာ Chainsaw ကိုင်ထားကြောင်း ၎င်းကပြောပါသည်။

ဒေသခံရဲတာဝန်ရှိသူများသည် လူအုပ်ကြီးနှင့် သဘောတူညီချက်ယူထားပါသည်။ အဓိကရုဏ်းလုပ်ဆောင်သူများ သည် ရဲများကလူအုပ်ကြီးကို လူစုမခွဲမီ ဗလီကိုဖျက်ရန် အချိန်(၃၀)မိနစ်ပေးထားသည်ပာု မျက်မြင်သက်သေနှစ်ဦးက ပြောပါသည်။ ဒေသခံရဲကမူ ထိုသို့သော သဘောတူညီချက်ရယူထားခြင်းမရှိကြောင်း Reuters ကမေးမြန်းချက်ကို ငြင်းဆိုခဲ့ပါသည်။

ထိုရက်မတိုင်မီကလည်း မင်းလှအနီးရှိ ကြို့ပင်ကောက်တွင် လူအုပ်ကြီးသည် ဗလီတစ်လုံးနှင့် နေအိမ်(၂၃)လုံး ဖျက်ဆီးခဲ့ရာ၊ ဖျက်ဆီးမှုမတိုင်မီက ဘုန်းကြီးတစ်ပါးက ‘၉၆၉’တရားများပောာခဲ့သည်ပာု ဆိုပါသည်။ ၎င်းတို့မှာ စနစ်တကျ စီစဉ်ထားပုံရပြီး အချို့အဆောက်အဦးများကို ဘူဒိုဇာဖြင့်ဖျက်ဆီးခဲ့သည်ပာု မျက်မြင်များကဆိုပါသည်။

(ဆက်လက်ဖော်ပြပါမည်)


ကမ်းလွန်လုပ်ကွက် ၃၀ ကို မြန်မာ လေလံပစ်၊ နိုင်ငံတကာကုမ္ပဏီကြီးများ အပြင်းအထန် ယှဉ်ပြိုင်ကြတော့မည်ဟု မျှော်လင့်ရ

(Business Times မှ 11 April 2013 ရက်စွဲပါ Myanmar open auction of 30 offshore oil blocks – fierce competition from foreign giants is expected သတင်းကို ဘာသာပြန်ဆိုသည်)

စစ်အုပ်ချုပ်ရေးခေတ်လွန် မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံဓာတ်ငွေ့လုပ်ကွက် ၃၀ ရှာဖွေလုပ်ကိုင်ခွင့်ကို စတင်လေလံပစ်လိုက်ပြီဖြစ်သောကြောင့် စွမ်းအင်မုန့်ပျားသလက်ဝေစုကို မျှော်လင့်နေကြသော နိုင်ငံခြားကုမ္ပဏီကြီးများ ထံမှ သူနိုင်ကိုယ်နိုင်အပြိုင်နွှဲမှု ပေါ်ထွက်လာတော့မည်ဟု မျှော်လင့်ရပါသည်။

ယခင်တပ်မတော်အစိုးရ လက်ထက်က ဖုံးကွယ်ထိန်းချုပ်ထားသော စွမ်းအင်ကဏ္ဍအတွက် ပထမဆုံး ပွင့်လင်းမြင်သာ ဆောင်ရွက်မည့် လေလံပွဲတွင် အောင်မြင်သူများသည် ရေနက်ပိုင်းလုပ်ကွက် ၃ ခုမှ ၁၉ ခုအထိ အပြည့်အဝလုပ်ပိုင်ခွင့်များကို ရရှိကြမည်ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ကုမ္ပဏီများအနေဖြင့် ရေတိမ်ပိုင်းလုပ်ကွက်များတွင် ပြည်တွင်းကုမ္ပဏီများနှင့် လက်တွဲကြရသော်လည်း ကြီးမားသောကုန်ကျစရိတ်နှင့် နည်းပညာကျွမ်းကျင်မှုများ လိုအပ်သောကြောင့် လေလံအောင်သူများအနေဖြင့် ရေနက်ပိုင်းရှာဖွေရေးတွင် အပြည့်အဝထိန်းချုပ်ပိုင်ခွင့် ရရှိရန် လိုအပ်ပါသည်။ မည်သို့ပင်ဖြစ်စေ လေလံအောင်သူများသည် နိုင်ငံပိုင် မြန်မာ့ရေနံဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထုတ်လုပ် - ခွဲဝေခြင်း ကန်ထရိုက်စာချုပ် ချုပ်ဆိုရန်လိုသည်ဟု ဝန်ကြီးဌာနက ပြောကြားထားသည်။ နောက်ထပ်အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်းမရှိပါ။

“ရေနက်ပိုင်းလုပ်ကွက်တွေက ရေတိမ်ပိုင်းလုပ်ကွက်တွေနဲ့ မတူပါဘူး။ ရေနက်ပိုင်းလုပ်ကွက်အတွက် ပိုက်ဆံအများကြီးနဲ့ နည်းပညာကျွမ်းကျင်မှုတွေ ရှိဖို့လိုပါတယ်။ စွန့်စားရမယ့် အန္တရာယ်အဆင့်ကလည်း မြင့်တယ်”ဟု မြန်မာ ရေနံဓာတ်ငွေ့လုပ်ငန်း (MOGE) က တာဝန်ရှိသူတစ်ဦးက AFP သို့ ပြောကြားသည်။

“ရေနံဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီကြီးများနှင့် နိုင်ငံပိုင် MOGE တို့ စာချုပ်ချုပ်ဆိုခြင်းမှာ သဘာဝကျသော်လည်း ဘာမှမဆိုင်သည့် တပ်မတော်ပိုင် ကုမ္ပဏီများနှင့် ခရိုနီကုမ္ပဏီအချို့ ပါဝင်ပတ်သက်နေခြင်းမှာမူ နိုင်ငံပိုင်၊ ပြည်သူပိုင် ဘဏ္ဍာကို ဂုတ်သွေးစုပ် အမြတ်ထုတ်ခြင်းသာ ဖြစ်၍ လက်သင့်မခံသင့်ကြောင်း” ပြည်တွင်းမှ အကဲခတ်လေ့လာသူများက ထောက်ပြပြောဆိုထားသည်။


ပညာရေးအဆင့် ကူညီမြှင့်တင်ပေးကြမည့် မြန်မာ ပုဂ္ဂလိကကျောင်းများ

(Channel News Asia မှ 11 April 2013 ရက်စွဲပါ Private School in Myanmar to help improve education standards သတင်းကို ဘာသာပြန်ဆိုသည်)

photo credit by channel news asia

စာသင်ခန်းပမာဏသေးသွားပြီး တစ်ဦးချင်းဂရုစိုက်မှုပိုလာခြင်းသည် တစ်နှစ်စာ ကျောင်းအပ်ခ ဒေါ်လာ ၃၅၀ ခန့် ကုန်ကျသော ပုဂ္ဂလိကစာသင်ကျောင်းတွင် အပ်နှံထားသည့် ကျောင်းသူကျောင်းသားများ ရရှိမည့် အခွင့်အရေးပင်ဖြစ်သည်။

နိုင်ငံပိုင်ကျောင်းများတွင် အစိုးရက အမြောက်အမြားထောက်ပံ့ထားခြင်းကြောင့် ကျောင်းသားမိဘများအနေဖြင့် ငွေအနည်းငယ်သာ ကုန်ကျသော်လည်း ပုဂ္ဂလိကကျောင်းများတွင်မူ ပိုက်ဆံများများသုံးစွဲရပေလိမ့်မည်။

ပုဂ္ဂလိကစာသင်ကျောင်းမှ ရဲလင်းက “အားလုံးသိတဲ့အတိုင်း ဒီအရွယ်က ဗဟုသုတရှာတဲ့အရွယ်၊ ပညာရှာတဲ့ အရွယ်ပါ။ ပညာရေးက ကျွန်တော်တို့ရဲ့ ပထမဦးစားပေးပါပဲ။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဘွဲ့ရတယ်ဆိုရင် ပညာဗဟု သုတရှိမယ်လို့ လူတွေကယုံကြည်ကြလို့ပါ။ ဒါဆိုရင် ခင်ဗျားအရာရာလုပ်နိုင်ပြီ။ ကောင်းကောင်းစီးပွားရှာနိုင်ပြီ။ ပိုကောင်းတဲ့ လူမှုဘဝကို ထူထောင်နိုင်ပြီပေါ့”ဟု ပြောကြားသည်။

ချမ်းချမ်းနှင့် မြတ်သီရိအောင်တို့သည် စင်္ကာပူကုမ္ပဏီက ဖွင့်သော ပုဂ္ဂလိကစာသင်ကျောင်းသို့ မပြောင်းမီ အစိုးရစာသင်ကျောင်း၌ ၅ နှစ်ခန့် အသီးသီးသင်ကြားခဲ့ကြသော အလယ်တန်းကျောင်းသူလေးများဖြစ်သည်။

ပုဂ္ဂလိကကျောင်းသစ်တွင် တစ်နှစ်အတွက် ပညာသင်စရိတ် ဒေါ်လာ ၂၀၀၀ မှ ၆၀၀၀ အထိကုန်ကျသော်လည်း တန်သည်ဟု သူတို့က ဆိုကြသည်။

“ဒီမှာက စာသင်တာလည်း ပိုကောင်းတယ်။ သင်ရိုးညွှန်းတန်းလည်း ပိုကောင်းတယ်”ဟု ချမ်းချမ်းကဆိုသည်။

“မြန်မာကျောင်းမှာတုန်းကတော့ အလွတ်ကျက်ပြီး စာမေးပွဲဖြေရုံပဲ။ များများစဉ်းစားစရာမလိုဘူး။ ဒါပေမယ့် ဒီမှာကတော့ စဉ်းစားတွေးတောတဲ့ အရည်အချင်းလိုအပ်တယ်”ဟု သူမက ပြောကြားသည်။

မြတ်သီရိအောင်ကလည်း အလားတူပင် မှတ်ချက်ပေးသည်။

“အစိုးရကျောင်းမှာ စာသင်တဲ့စနစ်က ဒီမှာလို မကောင်းဘူး၊ ဒီမှာက လူနည်းတော့ ဆရာက တစ်ဦးချင်းကို ပိုဂရုစိုက် နိုင်တယ်။ ဒီတော့ ကျောင်းသားတွေက ပိုပြီးကောင်းကောင်းလေ့လာသင်ယူနိုင်တဲ့ အခွင့်အရေးရတာပေါ့”ဟု မြတ်သီရိ အောင်က ဆိုသည်။

လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရောက်မြန်မာများ ပိုမိုပြောင်းရွှေ့ပြန်လည်အခြေချမည်ဟု မျှော်လင့်ရသောကြောင့် ယင်းကဲ့သို့ ပုဂ္ဂလိကကျောင်းလိုအပ်ချက် ပိုများလာဖွယ်ရှိပါသည်။

Rvi Group မှ CEO အားဂတ်စ်အန်းက “ကျွန်တော့်အထင်ပြောရရင် စင်ကာပူ၊ ဗြိတိသျှသင်ရိုးနဲ့ သင်နေတဲ့ ကျွန်တော်တို့လို International School တွေဟာ ဆက်လက်ရှင်သန်ကြီးထွားလာနိုင်ပါတယ်။ အခု ကျောင်းဝင်း ခပ်သေးသေးမှ ရှိတဲ့ ကျွန်တော့်ကျောင်းဟာ လူပြည့်နေပါပြီ။ မကြာမီအတွင်း ကျောင်းကို ထပ်ချဲ့ဖို့ နောက်ထပ်နှစ်နေရာ လောက်တော့ ရှာရတော့မယ်လို့ မျှော်လင့်ရပါတယ်”ဟု သုံးသပ်ပြောကြားသည်။

“သင်ကြားမှုအစီအစဉ်အမျိုးမျိုးအတွက် လက်ရှိစာရင်းသွင်းမှုတွေ နှစ်စဉ် ကျောင်းအပ်နှံမှုတွေဟာ ၃၀၀၀ လောက်ရှိနေပါပြီ။ လာမယ့် ၃ နှစ်အတွင်း အနည်းဆုံး ၄၀ % တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်”ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ယေဘုယျ သင်ရိုးညွှန်းတန်းနှင့် သင်ကြားမှုစနစ်သည် အိမ်နီးချင်း မလေးရှား၊ ထိုင်း၊ စင်ကာပူ စသောနိုင်ငံများလောက် မကောင်းသေးဟု ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များက မှတ်ချက်ပေးကြသည်။

မြန်မာနိုင်ငံတွင် အစိုးရအပြောင်းအလဲ၊ မူဝါဒ အပြောင်းအလဲများကြောင့် ပညာရေးကဏ္ဍကို ပိုမိုဦးစားပေးလာ သည့်တိုင်အောင် ယခုကဲ့သို့ ပြောင်းလဲပြင်ဆင်ရန် နှေးကွေးနေပါက အိမ်နီးချင်းနိုင်ငံများ၏ ပညာရေးအဆင့်အတန်းကို မှီရန် နောက်ထပ် နှစ်ပေါင်း ၂၀ ခန့် အချိန်ယူရလိမ့်ဦးမည်ဟု ပညာရှင်များက ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ထောက်ပြပြောဆိုထားသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

 “အရေအတွက်ဘယ်လောက်ရမယ်ဆိုတာ မသိရသေးပါဘူး။ အစည်းအဝေးမှာတုန်းကတော့ လူဦးရေ အချိုးအစားအလိုက် ပေးမယ်ပြောပါတယ်။ ရလာမယ့်ခွဲတမ်းရဲ့ သုံးပုံတစ်ပုံကို ဝန်ထမ်းတွေနဲ့ ကျန်နှစ်ပုံကို ပြည်သူလူထုကိုရောင်းချပေးဖို့ နေပြည်တော်အစည်းအဝေးတုန်းကတော့ သမ္မတကြီးက ညွှန်ကြားထားတာ ရှိပါတယ်။ လက်ရှိတော့ ကျွန်တော်တို့မြို့နယ် အလိုက် လူဦးရေစာရင်းကောက်နေပါတယ်။ ရောင်းချရေး အစီအစဉ်ကတော့ အတိအကျမသိသေးပါဘူး”

ဧပြီလ ၁၂ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၆) တွင်ပါရှိသော “တန်ဖိုးနည်းဖုန်း ရောင်းချရေး ဒေသဆိုင်ရာ အစိုးရအဖွဲ့များ အစီအစဉ်အတိအကျမသိ” သတင်းမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်မတို့ (KOICA) ကအရင်ကတည်းက မြန်မာနဲ့နိုင်ငံအတွက် စီမံကိန်းတွေအများကြီး လုပ်ဖူးပါတယ်။ ဒီစီမံကိန်းကတော့ ၂၀၁၃ ခုနှစ် အတွက် ပထမဦးဆုံးပါ။ ပထမဦးဆုံးစီမံကိန်းကို အခုအချိန်ကနေ စတင်လုပ် ကိုင်သွားမှာဖြစ်ပြီး စီမံကိန်း ကာလကတော့ တစ်နှစ်ကျော်ကြာမြင့်မှာပါ။ ဒီစီမံကိန်းကတော့ မြန်မာနိုင်ငံက အဝေးပြေးလမ်းမကြီးတွေအတွက် Master Plan ကို ကိုးရီးယားပညာရှင်တွေနဲ့ မြန်မာပြည်က ပညာရှင်တွေ ပူးပေါင်းရေးဆွဲသွားမှာပါ။ နောက်ပြီး မုံရွာ၊ ပုလဲ နဲ့ဂန့်ဂေါ ဘက်ကိုတော့ ဆက်ပြီးတိုးချဲ့နိုင်မလားဆိုတာကို လေ့လာမှုတွေလုပ်ဖို့ရှိတယ်”

ဧပြီလ ၁၂ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၆) တွင်ပါရှိသော “အဝေးပြေးလမ်းကြီး များစီမံကိန်းအား ကိုရီးယားက ရေးဆွဲမည်” သတင်းမှ KOICA မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မခင်သက်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခုထုတ်ချေးမယ့်ချေးငွေတွေက တောင်သူတွေအတွက် တစ်ဝက်က အကြွေးပြန်ဆပ်ဖို့ဖြစ်မယ်။ ဒီတော့ မှတ်ပုံမတင်ရ သေးလည်း  ချေးငွေရရှိအောင် လုပ်ဖို့လိုတယ်။ စိုက်ပျိုးရေးချေးငွေ ထုတ်ပေးတဲ့ ဘဏ်တွေနဲ့ လည်း ဟိုဘဏ်ကထုတ်ချေး ပေးမယ်၊ ဒီဘဏ်ကထုတ်ချေးပေးမယ်လို့ သဘောမထားနဲ့။ လယ်ယာကဏ္ဍကို ရင်းနှီးမြှုပ်နှံတယ်လို့ သဘောထားရမယ်။ ဒီငွေကြေးတွေဟာ ပြည်သူ့ဘဏ္ဍာဖြစ်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေအကျိုးအတွက်ပဲ ပြန်အသုံးပြုပေးသွားမှာပါ”

ဧပြီလ ၁၁ ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “လယ်ယာမြေမှတ်ပုံတင် မပြီးပေမယ့် မေလမှာ ငွေချေးမယ် ဟိုဘက်ဒီဘက် သဘောမထားနဲ့ ရင်းနှီးမြှုပ်နှံတာ” သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်ဘက်ကသူ့ကိုပေးထားချက်ကို ပြန်ပြီးသုံးသပ်သင့်တယ်။ လူ့အခွင့်အရေးကော်မရှင်အဖြစ် လက်ခံ သင့် မသင့်၊ ဘာကြောင့်လဲဆိုရင် နှစ်ဖက်အမြင်ကိုမပြောဘဲ တစ်ဖက်အမြင်ပဲ လုပ်တဲ့အတွက် သူ့ကို ကျွန်တော်တို့တိုင်းပြည်ထဲ နောက်ထပ်လာပြီးတော့ လူ့အခွင့်အရေးစုံစမ်းမှု ပြုတဲ့အခါတွေမှာ သံတမန်အရရော အပ်စပ်ရဲ့လားဆိုတာ မေးခွန်းထုတ်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ သူ့ကို အခုအချိန်မှာ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးအဖြစ် ခွင့်မပြုသင့် တော့ဘူး”

ဧပြီလ ၁၆ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၃) တွင်ပါရှိသော “မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ခွင့်မပြုသင့်တော့ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ပြော” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သမ္မတ Tony Tan ကတိပေးခဲ့တဲ့အတိုင်း မြန်မာလုပ်သားတွေ၊ ဝန်ထမ်းတွေကို ကျွမ်းကျင်အဆင့်ရောက် အောင် ပြုစုပျိုးထောင်ပေးဖို့ရန်ကုန်မှာ အသက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းတည်ထောင် သွားမှာပါ”

ဧပြီလ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “စင်ကာပူက လူ့စွမ်းအားရင်းမြစ် အရည်အသွေး တိုးတက်ရေး ကူညီမည်” သတင်းမှ စင်ကာပူ ဖွံ့ဖြိုးရေးဝန်ကြီး Khaw Boon Wan ၏ ပြော ကြားချက်အား ကောက်နှုတ်ချက်။


 သတင်းတိုများ

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြရန် သက်ဆိုင်ရာအစိုးရမှ ခွင့်ပြု

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တရုတ်နိုင်ငံ (CNPC)ကုမ္ပဏီမှတည်ဆောက်လျက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း ရပ်ဆိုင်းရေး၊ ဆုံးရှုံးလယ်ယာမြေများ လျော်ကြေးငွေအပြည့်အဝရရှိရေးနှင့် ကျေးရွာများအား လျှပ်စစ်မီးအပြည့်အဝ ပေးရေးတို့အတွက် အဆိုပါဒေသရှိ ဒေသခံများက ဆန္ဒပြရန်လျှောက်ထားမှုအား သက်ဆိုင်ရာပြည်နယ်အစိုးရမှ ခွင့်ပြုပေး လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

၄၈ လမ်း၊ ဗလီမီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာထုတ်ပြန်

ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်း ဗလီမီးလောင်ရာတွင် လူ ၁၃ ဦးသေဆုံးခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရာတွင် ဗလီဆရာနှစ်ဦး၏ ပေါ့လျော့အားနည်းမှုများကြောင့် မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါမီးလောင်မှု၏ အဓိကတရားခံများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

၄၈ လမ်းဗလီမီးလောင်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧပြီလ ၂ ရက်နေ့တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ပြုလုပ်ခဲ့သော သတင်းမီဒီယာတွေ့ဆုံရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ရှမ်းပြည်နယ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အစိုးရအကာအကွယ်ပေးနေပာု PWO စွပ်စွဲ

လက်ရှိအချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ မြန်မာအစိုးရမှ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုများအပေါ် အရေးယူ ဆောင်ရွက်ခြင်းမရှိသည့်အပြင် အကာအကွယ်ပေးမှုများပါ ပြုလုပ်လျက်ရှိသည့်အတွက် အဆိုပါဒေသ၌ ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ ပိုမိုများပြားလာလျက်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် PWO မှ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ပန်းဆေးဒေသရှိ ဘိန်းချက်စခန်း ၃ ခုကို တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရအဖွဲ့နှင့် ပန်းဆေးပြည်သူ့ စစ်များက ပူးပေါင်း၍ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး ဧပြီလ ၉ ရက်နေ့ထိတိုင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

 

ယခုနှစ်သင်္ကြန် အမျိုးသမီးများဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကြောညာချက် ထုတ်ပြန်

၂၀၁၃ မြန်မာ့သင်္ကြန်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ဝတ်စားဆင်ယင်မှုများ၊ မဖွယ်မရာ ပြုမှုများကိုတွေ့ရှိပါက ဒဏ်ငွေ ၂၀၀ ကျပ်ဖြစ်စေ၊ ထောင်ဒဏ်သုံးလဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြစ်မှုပုဒ်မ ၂၉၀/၂၉၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယခင် သင်္ကြန်ပွဲတော်ကာလများအတွင်း အမျိုးသမီးများ၏ အဆင်မခြင်ဝတ်ဆင်မှုများ၊ မဖွယ်မရာပြုမူသည့် ပုံနှင့် စာများမှာ အင်တာနက်နှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ပျံ့နှံ့ခဲ့သည့်အတွက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်၍ တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွက် ဘတ်ဂျက်လိုငွေပြ

မတ်လနောက်ဆုံးပတ်၌ ကျင်းပခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အသုံးစရိတ်အတွက် လျာထားချက်တွင် ကျပ်ငွေ ၄၈ ဘီလီယံ(ကျပ်သန်းပေါင်း ၄၈,၁၇၅.၈ သန်း) လိုငွေပြလျက်ရှိကြောင်း တင်ပြခဲ့သည်။

လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းတံတားများ တိုးချဲ့ဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လျာထားသည့် ယခုကဲ့သို့ လိုငွေပြရခြင်းဖြစ်ကြောင်း ဝန်ကြီးတစ်ဦးက ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive