Transparency Myanmar

transparency.myanmar@gmail.com

WEEK IN POLITIC
Document WEEK IN POLITIC

Snapshot of the item below:
WEEK IN POLITIC

တစ်ပတ်အတွင်း မြန်မာ့နိုင်ငံရေးသတင်းဖြစ်စဉ်

သတင်းအဖွဲ့

ယခုတစ်ပတ်အတွင်း ထင်ရှားသော နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲများကို အများပြည်သူတို့ သိစေရန်အလို့ငှာ YC အဖွဲ့သားများမှ စုစည်းတင်ပြလိုက်ရပါသည်။

Photo Credit By Online

ဧပြီလ ၂၂ ရက်နေ့က ကျင်းပသော အီးယူနိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးပွဲတွင် ဥရောပသမဂ္ဂမှ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအား လက်နက်ရောင်းဝယ်ခြင်းမှအပ အားလုံးကိုရုတ်သိမ်းပေးရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ သည်။

ထိုသို့ အီးယူမှ ဆုံးဖြတ်ချက်ချအပြီး ဧပြီလ ၂၃ ရက်နေ့တွင် နိုင်ငံသားအကျဉ်းသား ၉၀ ဦးနှင့် နိုင်ငံခြားသား ၃ ဦး၊ စုစုပေါင်း ၉၃  ဦးကို နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။ ထိုအထဲတွင် နိုင်ကျဉ်း ၅၉ ဦး ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)မှ ပြောကြားချက်အရသိရသည်။ ယခုကဲ့သို့ လွှတ်ပေးခဲ့ခြင်းမှာ လွတ်မြောက်လာသူများ အနေဖြင့် နိုင်ငံ တည်ဆောက်ရေးတွင် တစ်ခန်းတစ်ကဏ္ဍ ပါဝင်လာစေရန်ဖြစ် သည်ဟု အစိုးရအဖွဲ့မှ ပြောကြားခဲ့သည်။

Photo Credit By Online

ထို့ပြင် ICG (International Crisis Group)မှ သမ္မတဦးသိန်းစိန်အား ငြိမ်းချမ်းရေးအကျိုးဆောင်ဆု(In Pursuit of Peace Award)ကို ဧပြီ ၂၃ ရက်က ပေးအပ်သည့် အခမ်းအနားသို့ သမ္မတကြီးကိုယ်စား သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တက်ရောက်ဆုလက်ခံခဲ့ကာ သမ္မတကြီးကဗွီဒီယိုမိန့်ခွန်း ပြောကြားခဲ့သည်။ ထိုအချိန်တွင်ပင် Human Right Watch အဖွဲ့က မနှစ်ကဖြစ်ပွားသော ရခိုင်ပဋိပက္ခနှင့် ပြီးခဲ့သောလကဖြစ်ပွားခဲ့သော မိတ္ထီလာကိစ္စတို့တွင် လူ့အခွင့် အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာပါ အကြောင်းအရာများမှာ တစ်ဖက်သတ် အမြင်များဖြင့် ရေးသားထားသောကြောင့် မြန်မာအစိုးရမှ လက်မခံကြောင်း ပြတ်သားစွာ ငြင်းဆိုခဲ့သည်။

ယင်း ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ရခိုင်အရေးစုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အစီရင်ခံစာအား ဧပြီလ ၂၂ ရက်နေ့ က သမ္မတထံသို့တင်ပြခဲ့ပြီး ဧပြီလ နောက်ဆုံးပတ်တွင် ပြည်သူများ သိရှိစေရန်အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ထိုအစီရင်ခံစာတွင် ပဋိပက္ခ ထပ်မံမဖြစ်ပွားရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့အတွက် အကြံပြုချက်များ ထည့်သွင်းဖော်ပြထားသည်ဟု သိရသည်။

 

ပြည်တွင်း ငြိမ်းချမ်းရေး

ပြီးခဲ့သောလက ကေအိုင်အိုနှင့်ဆွေးနွေးပွဲပြုလုပ်ရန် စီစဉ်ပြီးကာမှ ဆွေးနွေးပွဲပျက်သွားရခြင်းမှာ တရုတ်အစိုးရမှ ကန့်ကွက်၍ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက ပြောကြားခဲ့ကြောင်း သိရ သည်။ သို့သော်လည်းငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ သေချာပေါက် ဆက်လက်လုပ်ဆောင်ရမည် ဖြစ်ပေရာ မေလထဲတွင် ကေအိုင်အိုနှင့် ဆွေးနွေးပွဲဖြစ်မြောက်အောင် စီစဉ်မည်ဟု သိရသည်။

တန့်ယန်းမြို့နယ်တွင် အစိုးရတပ်နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA တို့အကြား စစ်အရှိန်မြင့်တက် နေသည့်အတွက် စစ်ဘေးရှောင်ဒုက္ခသည် တစ်ထောင်နီးပါး နေအိမ်ပစ်ထွက်ပြေးနေရသည်မှာ တစ်လခန့်ကြာမြင့်နေပြီး ဖြစ်ကြောင်း တန့်ယန်းမြို့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းလွင်က ပြောသည်။ အစိုးရတပ်နှင့် ရှမ်းပြည် မြောက်ပိုင်းတပ်မတော်တို့သည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီး ဖြစ်သော်လည်း ဖေဖော်ဝါရီလအတွင်းမှစတင်၍ ကျောက်မဲ၊ နမ္မတူနှင့် တန့်ယန်းမြို့နယ်အတွင်းတွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

 

အကန့်အသတ်များနှင့် ၁၅၀၀ တန်ဖုန်း

Photo Credit By Online

ဧပြီလ ၂၄ ရက်နေ့က တန်ဖိုးနည်း ၁၅၀၀ ကျပ်တန်ဖုန်း ကြိုတင်ကြေညာထားသည့်အတိုင်း ထွက်ရှိခဲ့သည်။ သို့သော်လည်း ဖုန်းအလုံးရေ အကန့်အသတ်နှင့်ဖြစ်သောကြောင့် မှောင်ခိုဈေးကွက် မဖြစ်ပေါ်စေခြင်းငှာ လျှောက်ထားလို သူများမှာ အိမ်ထောင်စုစာရင်းနှင့် မဲနှိုက်၍ဝယ်ယူကြရသည်။ သို့သော်လည်း အပြင်ပေါက်ဈေးမှာ သုံးသောင်းမှ ခြောက် သောင်းကြားအထိ ရှိနေကြောင်းလည်း သိရသည်။ ၁၅၀၀ တန် CDMA 800 ဖုန်းအတွက် ငွေဖြည့်ကတ်ကိုလည်း တပ်မတော်ပိုင် MECTel မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သီးသန့်ထုတ်လုပ်ပြီး သတ်မှတ်ထားသော မိုဘိုင်းဖုန်းအရောင်း ဆိုင်များတွင် လက်လီဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ နောက်လာမည့်လများတွင် တန်ဖိုးနည်းဖုန်းများကို ထပ်၍ ချပေးမည် ဖြစ်ကြောင်း ကြေညာပြောဆို ထားသော်လည်း နောက်လ မည်သည့်ရက်တွင် ထပ်မံထုတ်ပေးမည်ဖြစ်ကြောင်း အတိအကျ မသိရသေးပေ။ ဖုန်းကတ်များပျောက်ဆုံးလျှင် ငွေကျပ်နှစ်သောင်းဖြင့် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ပျက်စီးပါက အခမဲ့ လျှောက်ထားနိုင်သည်ဟုလည်း ထုတ်ပြန်ကြေညာ ထားပါသည်။ ထို့အပြင် ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် တင်ဒါ ခေါ်ယူထားသော ကုမ္ပဏီများမှ ဆန်ခါတင် ရွေးချယ်လိုက်ပြီဖြစ်သော ကုမ္ပဏီ ၁၂ ခု၏စာရင်းလည်း ပေါ်ထွက်လာပြီဖြစ်ရာ Sim Card များကို နိုင်ငံတကာနည်းတူ ပြည်သူများပေါပေါများများ သုံးစွဲနိုင်မည့်အချိန် မလွဲဧကန် ရောက်ရှိလာမည် ဖြစ်သော်လည်း စိတ်ရှည်ရှည်ထား စောင်းဆိုင်းဖို့တော့ လိုပါသည်။

တကျော့ပြန်လာပြန်သော လက်ပံတောင်း

Photo Credit By Online

ဧပြီလ ၂၄ ရက်နေ့မှစတင်၍ ယနေ့ ဧပြီ ၂၆ ရက်နေ့အထိ လက်ပံတောင်းတောင်တွင် ရဲများနှင့် လယ်သမားများ ရုန်းရင်းဆန်ခတ်ဖြစ်မှု ထပ်မံဖြစ်ပေါ်သည်။ လက်ပံတောင်းတောင် အစီရင်ခံစာထွက်အပြီး ဆူဆူပူပူဖြစ်ခဲ့သော လက်ပံ တောင်းတောင်အရေးမှာ မိတ္ထီလာပဋိပက္ခများ ဖြစ်ပွားချိန်တွင် ငြိမ်သက်သလိုရှိသွားသော်လည်း ယခု တကျော့ပြန်၍ တင်းမာ မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားသည်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေ(8 MCC) လုပ်ကွက်အတွင်း ရွာသူရွာသားများကစုရုံးကာ ဝင်ရောက်ထွန်ယက်မှုများ ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက တားမြစ်သည်တွင် နှစ်ဖက် တင်းမာလာကာ ရွာသားများဘက်မှ ဓာတ်ဆီထည့်၍ မီးစာတပ်ထားသော ပလတ်စတစ် ရေသန့်ဗူးများနှင့် ပစ်ပေါက်ခြင်း၊ ရဲသားများဘက်မှ ရာဘာကျည်ဖြင့် ပစ်ရခတ်ရခြင်းအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ရဲသား ၁၅ ဦးနှင့် အရပ်သား ၃ ဦးတို့ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်းသိရသည်။ ယင်းဖြစ်စဉ်အား ဦးဆောင်သူများမှာ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုထက်၊ အောင်စိုး၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံ ကျောင်းသားများ သမဂ္ဂအဖွဲ့မှ သောင်းထိုက်ဦး၊ မိုးကြိုးပြင်အလယ်ရွာနေ ဇော်နိုင်နှင့် ဝင်းကျော်တို့ ဖြစ်ကြသည်ဟု နိုင်ငံပိုင်သတင်းများတွင် ဖော်ပြထားသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံရှေ့ဆက်သွားရမည့် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် ဤသို့သော ကိစ္စရပ်များ အတတ်နိုင်ဆုံး အဆင်ပြေဆုံး win-win နည်းဖြင့် ဖြေရှင်းနိုင်ရန် အစိုးရအဖွဲ့ရော ပြည်သူများကပါ ဝိုင်းဝန်း စဉ်းစား ဖြေရှင်းကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။


 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

WEEK IN INTERNATIONAL AFFAIR
Document WEEK IN INTERNATIONAL AFFAIR

Snapshot of the item below:
WEEK IN INTERNATIONAL AFFAIR

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ သတင်းများ

ဧပြီ (၂၆) မှစတင်၍ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အခြေအနေများကို စာဖတ်သူများ သိစေရန် အလို့ငှာ စုစည်းတင်ပြအပ်ပါသည်။

အမေရိကန်ပြည်နယ် ဘော်စတွန်မြို့၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု

Photo Credit By Online

              ဧပြီလ ၁၅ ရက်နေ့က အမေရိကန်ဘော်စတွန်မြို့နယ်၊ မက်ဆာချူးဆက်ပြည်နယ်တွင်ကျင်းပခဲ့သော မာရသွန်ပြေးပွဲတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။ ယင်းပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ၂း၅၀ တွင်ဖြစ်ပွား ခဲ့ပြီး၊ ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးကာ၊ ၁၈၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖောက်ခွဲသူအဖြစ် သံသယရှိသူနှစ်ဦးအား ဧပြီလ ၁၉ ရက်နေ့တွင် ခြေရာခံမိ၍ လိုက်လံဖမ်းဆီးရာ ရဲများနှင့်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အသက် ၂၆ နှစ်အရွယ် အစ်ကိုဖြစ်သူ Tamerlan သည် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ညီဖြစ်သူ Dzhokhar ကတော့ ထွက်ပြေးလွတ်မြောက် ခဲ့ပါတယ်။ သို့သော် ဧပြီလ ၂၁ ရက်နေ့တွင် ၎င်းပုန်းအောင်းနေသည့် လှေအတွင်းမှ ပြန်လည်ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိချိန်တွင် ၎င်းသည် ဒဏ်ရာကြီးစွာရရှိထားပြီး စိုးရိမ်ရသော အခြေအနေရှိနေ ပါသည်။ သို့သော် ယခုအခါ ဆေးရုံပေါ်တွင် ဆေးကုသမှု ခံယူလျက်ရှိပြီး အာဏာပိုင်များ၏ မေးမြန်းချက်များကို စာဖြင့် ရေးသားဖြေဆိုနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ ၎င်း၏ ဖြေကြားချက်များအရ ယင်းဖောက်ခွဲမှုသည် အစ်ကိုဖြစ်သူ၏ ဦးဆောင်မှုဖြင့်သာ ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး၊ အခြားမည်သည့် အဖွဲ့အစည်းများနှင့်မျှ ဆက်သွယ် သက်ဆိုင် ခြင်းမရှိဟု သိရှိရပါသည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးသည် နယူးယောက်မြို့ကို ကားမောင်းသွားပြီး၊ ဖေါက်ခွဲမှုတွေ ထပ်လုပ်ဖို့ စီစဉ် ထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောခဲ့ကြောင်းလည်းသိရှိရပါသည်။

                ယင်းပေါက်ကွဲမှုဖြစ်ပွားပြီး ၂၃ ရက်နေ့ အင်္ဂါနေ့တွင်လည်း အိမ်ဖြူတော် ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ သမ္မတ အိုဘားမား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် စတော့ရှယ်ယာများ ကျဆင်းခဲ့သည်။ အဲ့ဒီ မိနစ်ပိုင်းအတွင်းမှာပင် အမေရိကန် Stock ဈေးတွေအထူးသဖြင့် ဒီ Dow Stock ဈေးကွက်ဟာဆိုရင် အမှတ် ၁၃၀ မှတ် အထိ တနေ့လုံးအရှိန်ကောင်းတဲ့ ဈေးကွက်မှာ ကျဆင်းသွားခဲ့ရပါတယ်။ နောက်ဆုံး သတင်းမှားသည်ဟု သိပြီးနောက် Dow  Stock များအလျင်အမြန် ပြန်တက်လာခဲ့ပါသည်။ ယင်းသတင်းအမှားအား ဟက်ကာအင်တာနက် ခိုးဖောက်ဝင်သူ တွေဟာ AP Twitter အကောင့်ထဲကို ၀င်ရောက်ပြီး ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်လို့ သိရှိရပါတယ်။

တရုတ်နိုင်ငံ၏ ကြက်ငှက်တုပ်ကွေးအခြေအနေ

Photo Credit By Fox News

တရုတ်နိုင်ငံ၏ ဒေသပေါင်း ၇ ခုတွင် ကြက်ငှက်တုပ်ကွေး ရောဂါအမျိုးအစားသစ် ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၂ ယောက်အထိ ရှိနေပြီဖြစ်သည်။ H7N9 အမျိုးအစား ဗိုင်းရပ်စ်ဟာ လူတွေအတွက် သာမန်ထက် ပိုတဲ့အန္တရာယ် ရှိနေတဲ့အကြောင်း WHO အရာရှိခိုင်ဂျီဖူကုဒ (Keiji Fukuda) ကပြောကြားလိုက်ပါသည်။ သို့သော် လူအချင်းချင်း ကူးစက်နိုင်သော အဆင့်အထိဖြစ်ပွားသော အထောက်အထားမျိုး မတွေ့ရသေးဘူးလို့ ပြောပါ တယ်။ ယခင် H5N1 အမျိုးအစားထက် ယခုအသစ်တွေ့ရှိရသော ဗိုင်းရပ်စ်သည် တိရစ္ဆာန်မှလူကို ပိုပြီးကူးစက်လွယ် သည်ဟု တရုတ်နိုင်ငံမှာလူပေါင်း ၁၀၀ ကျော်လောက်ရောဂါကူးစက်ခံနေရတဲ့ H7N9 ဗိုင်းရပ်စ်အကြောင်းလေ့လာစူးစမ်း ရန် ရောက်ရှိနေသော WHO အရာရှိကပြောဆိုခဲ့ပါတယ်။

ဘရားဇီးသမ္မတဟောင်း၏ အကျင့်ပျက်ခြစားမှု

ဘရားဇီး သမ္မတဟောင်းဖြစ်သူ လူးဝစ်ဇ်အင်နာစီယိုလူလာဒါဆေးလ်ဗာအား ညွန့်ပေါင်းပါတီများအား နိုင်ငံရေး ဆိုင်ရာ အထောက်အပံ့ပေးရန်အတွက် ပြည်သူလူထု၏ ငွေများကိုအသုံးမပြုရန် တရားမဝင်လျှို့ဝှက်ပူးပေါင်းကြံစည်မှု၌ ပါဝင်ပတ်သက်နေသည်ဟု အစိုးရရှေ့နေများကစွဲချက်တင်ထားသည်။ လူလာကမူယင်းစွဲဆိုချက်များကို ငြင်းဆန်နေ ဆဲ ဖြစ်ပါသည်။ သူနှင့်အနီးကပ်တွင်ရှိသော အပေါင်းအပါများအား ယင်းစွဲချက်ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရ ပါသည်။

ဗင်နီဇွဲလားသမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

ဗင်နီဇွဲလားနိုင်ငံ၏ သမ္မတအသစ်အဖြစ် ခန့်အပ်ခြင်းခံရသော နီကိုးလပ်မာဒူရို၏ ကျမ်းကျိန်သစ္စာဆိုခြင်းကို ဧပြီ ၁၄ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထောင်ပေါင်းများစွာသော လူများသည် မစ္စတာဒူရိုအားထောက်ခံသည့် အနေဖြင့် အောင်ပွဲအခမ်းအနားကျင်းပရန် ကာရာကတ်မြို့လမ်းမပေါ်တွင် စုဝေးခဲ့ကြသည်။ အတိုက်အခံထောက်ခံသူများက မစ္စတာ မာဒူရို၏ကျမ်းသစ္စာကျိန်ပွဲကို ဒန်အိုးဒန်ခွက်များတီးခတ်၍ ဆန္ဒပြခဲ့ကြပါသည်။ ၁၄ နှစ်ကြာအုပ်ချုပ်ပြီးနောက် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သော သမ္မတဟူးဂိုးချာဗက်ဇ်၏ နေရာအားဆက်ခံသူ သမ္မအသစ်သည် ၎င်း လက်ထပ်ပွဲတွင်အကျင့်ပျက်ခြစားမှုနှင့် ရာဇဝတ်မှုများကိုထိရောက်စွာ ကိုင်တွယ်သွားမည်ဖြစ်ပြီး လူမှုရေးအစီအစဉ်များ ကို ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

အသေခံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော ဆီးရီးယား

ဆီးရီးယားနိုင်ငံ၏ လူစည်ကားရာနေရာဖြစ်သည့် ဆာဘားဘာရက်ရင်ပြင်နှင့် ရှာဘန်ဒါလမ်းတို့ အကြားတွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှာ ဗဟိုဘဏ်၊ ဘဏ္ဍာရေး ဝန်ကြီးဌာနရုံး၊ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု အေဂျင်စီ၊ ဗလီနှင့် စာသင်ကျောင်းများရှိရာ ဒမတ်စကပ်စ်၏ လူစည်ကားသော နယ်မြေအတွင်း၌ဖြစ်သည်။ ယင်းပေါက်ကွဲမှုသည် အသေခံကားဗုံး ပေါက်ကွဲမှုတစ်ခုလည်း ဖြစ်သည်။ ပေါက်ကွဲမှု ကြောင့် အနည်းဆုံးလူ ၁၅ ဦး သေဆုံး၍၊ ၅၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ယခု တိုက်ခိုက်ခံရမှုသည် ပြီးခဲ့သည့် လများအတွင်း ဒမတ်စကပ်စ်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်ပွားမှုများအနက် ဒုတိယမြောက် အပြင်းထန်ဆုံး ဖြစ်သည်။ ဆီးရီးယားနိုင်ငံ၌ သမ္မတ ဘတ်ရှာအယ်လ်အာဆတ်အား ဆန့်ကျင်မှုများ မြင့်တက်လာသည့် လွန်ခဲ့သော နှစ်နှစ်မှစ၍ ယခုအချိန်အထိ သေဆုံးသူအနည်းဆုံး ၇၀,၀၀၀ ရှိသွားပြီလည်း ဖြစ်ပါသည်။

အကြမ်းဖက်မှုများဖြင့် ရှုပ်ထွေးနေသော မလေးရှားမဲဆွယ်ပွဲ

Photo Credit By Online

မေလ ၅ ရက်နေ့တွင်ကျင်းပမည့် မလေးရှား ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများတွင် အကြမ်းဖက်မှုများလည်း ရှိနေပါသည်။ ပြီးခဲ့သည့် စနေနေ့တွင် စည်းရုံးမှုများစတင်ခဲ့ပြီး နှစ်ပတ်ကြာ မဲဆွယ်ကာလ၏ ပထမဆုံး ၃ ရက်အတွင်း၌ ပင် အကြမ်းဖက်မှု ဖြစ်ရပ်ပေါင်း ၃၈၇ ခုဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းထားခံခဲ့ရသည်။

ရွေးကောက်ပွဲတွင် အဓိက အားပြိုင်သည့်အဖွဲ့နှစ်ခုမှာ မလေးရှားနိုင်ငံကို ၅၆ နှစ်ကြာအုပ်ချုပ်ခဲ့သည့် ညီညွတ် သော မလေးအမျိုးသား အဖွဲ့ကြီး(UMNO)ကြီးစိုးသော ညွှန့်ပေါင်းအဖွဲ့နှင့် ပိုမိုလွတ်လပ်သော လူမှုပတ်ဝန်းကျင်ကို ဖန် တီး မည်ဟု ကတိပြုထားသည့် အတိုက်အခံ အဖွဲ့တစ်ဖွဲ့တို့ဖြစ်ပါသည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေး အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် နာမည်ပျက်နိုင်သည်ဟု တစ်သီးပုဂ္ဂလအုပ်စုမှ Bersih က သတိပေးပြော ကြားခဲ့ပါသည်။


        

              

              

              

              

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

WEEK IN ECONOMIC
Document WEEK IN ECONOMIC

Snapshot of the item below:
WEEK IN ECONOMIC

တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးသတင်းဖြစ်စဉ်

တပတ်အတွင်းစီးပွားရေးသတင်းများကိုစာဖတ်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင်ပြ အပ်ပါသည်။

သတင်းအဖွဲ့

(၁) အီးယူ၏ ဆန်ရှင်ရုတ်သိမ်းမှု

ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောစီးပွားရေး ကန့်သတ်ချက် ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်း လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးကိုတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ်မှ စတင်ကာ အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သော အီးယူ၏ စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ရုတ်သိမ်းလိုက်ခြင်းကြောင့် ပြည်တွင်းမှထုတ်ကုန်များကို ဥရောပနိုင်ငံများသို့ လွတ်လပ် စွာ တင်ပို့နိုင်မည်ဖြစ်သည့်အပြင် ၎င်းတို့သတ်မှတ်ထားသော မြန်မာနိုင်ငံအပါအဝင် ဆင်းရဲသည့်နိုင်ငံ ၄၂ နိုင်ငံမှ ဥရောပ နိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အခွန်သုညရာခိုင်နှုန်းအထိကင်းလွတ်ခွင့် Generalized System of Preferences (GSP) လည်း ပြန်လည်ရရှိလာနိုင်မည် ဖြစ်ကြောင်းသိရှိရသည်။

(၂) MIC ၏ ခွင့်ပြုချက်များနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ             

Photo Credit By Online

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဘီယာလုပ်ငန်းအပါအ၀င် လုပ်ငန်း ၂၂ ခုတွင် ကျပ်သန်း ပေါင်း ၃၈၀,၀၀၀ ကျော်ကို နှစ်လအတွင်း ရင်းနှီးမြှပ်နှံခဲ့ကြောင်း သိရှိရသည်။ MIC ထုတ်ပြန်ချက်များအရ ကျပ်သန်းပေါင်း ၃၈၀၀၀၀ ကျော်မှာ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံသားများမှ ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ သတ္တုတွင်းထွက်၊ စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် အများဆုံး မြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟိုတယ်လုပ်ငန်းတွင် Ayeyawady Resorts And Lodges Co.,Ltd မှ ကျပ်သန်းပေါင်း ၆၀၀၀၀ ကျော်မြှပ်နှံ ခြင်း ဖြစ်ပြီးအခြားတစ်ခုမှာ Grand Park Co.,Ltd မှ မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ်ဆောက်လုပ်မည့် စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်သည်။

ဘီယာ၊ ကား၊ ဆေးဝါး နှင့် ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းများ ပါဝင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း ၁၃ ခု တွင်လည်း ကျပ်သန်းပေါင်း ၁၀,၃၈၈၅ ကျော်ဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံခဲ့သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် တစ်ခုတည်းမှ ကားထုတ်လုပ်ခြင်းနှင့် တစ်ရက်လျှင် တန် ၁၂၀၀ ကျ ဘိလပ်မြေစက်ရုံ တည်ထောင်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခွင့်ရရှိခဲ့သည်။

ထို့အပြင် အလုပ်အကိုင် ၂သိန်းကျော် ပေးအပ်နိုင်မည်ဟုဆိုသော သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူစသည့် ဒေသတွင်း နိုင်ငံများအပြင် အမေရိကန်၊ အီးယူ စသည့်နိုင်ငံများမှလည်း ၀င်ရောက်ရင်းနှီး မြှုပ်နှံကြမည်ဖြစ်သည်။ သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအား Class A နှင့် Class B ဟူ၍ အဆင့်နှစ်ဆင့် ခွဲခြားကာ အကောင်ထည်ဖော်သွားမည်ဖြစ်ပြီး စီမံကိန်း Class A တွင် မော်တော်ကားစက်ရုံ၊ အီလက်ထရောနစ် စက်ရုံစသည့် စက်မှု လုပ်ငန်းများ၊ လူနေရပ်ကွက်၊ ကျောင်း၊ ဆေးရုံ၊ အပန်းဖြေဧရိယာ စသည်တို့ပါဝင်ပြီး Class B  တွင် အထည်ချုပ်စက်ရုံများ၊ စားသောက်ကုန် ပစ္စည်းစက်ရုံများပါဝင်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို နှစ် ၅၀ စာချုပ်ဖြင့် မြေဌားရမ်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Photo Credit By Online

ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနမှ ကုန်းတွင်းရေနံလုပ်ကွက် ၁၈ ကွက်ကိုလုပ်ကိုင်ခွင့် ပဏာမရွေးချယ်ရာတွင် သြစတြေးလျကုမ္ပဏီများ အများဆုံးပါဝင်ကြောင်း သတင်းရရှိသည်။ လျှောက်ထားသောနိုင်ငံများအနက် သြစတြေးလျနိုင်ငံ က စုစုပေါင်းကုမ္ပဏီ ၁၂ ခုဖြင့် ပထမအများဆုံးဖြစ်ပြီး အိန္ဒိယ၊ ဗြိတိန် နိုင်ငံတို့က ပဏာမရွေးချယ်သည့် စာရင်းတွင် အခြားနိုင်ငံများထက် ပိုမိုများပြားခဲ့ပြီး တင်ဒါခေါ်ယူမှုကို မတ်လ ၁၆ ရက်က စာရင်းပိတ်ခဲ့ပြီး နိုင်ငံတကာကုမ္ပဏီပေါင်း ၉၀ လျှောက်ထားခဲ့ရာမှ ၅၉ ခုကို ပဏာမရွေးချယ်ခဲ့ကြောင်း၊ ၅၉ ခုအနက် နည်းပညာမြင့်မားပြီး ငွေကြေးအင်အားတောင့်တင်း ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုက်နာသော ကုမ္ပဏီများကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ သိရသည်။

(၃) နယ်စပ်ကုန်သွယ်ရေးကဏ္ဍ

မြန်မာနိုင်ငံ၏ ဒုတိယကုန်သွယ်မှု အများဆုံးထိုင်း - မြန်မာနယ်စပ်တစ်လျှောက် နယ်စပ်ကုန်သွယ်မှု စခန်းများ အနက် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်မကုန်မီတွင် ကျပ်သန်းပေါင်း ၈၆၇၃၊ ရာခိုင်နှုန်း အားဖြင့် ၅၂၂ ဒသမ ၄၈ အထိ ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း သိရှိရသည်။ အကြောင်းအမျိုးမျိုးကြောင့် ကုန်သွယ်ရေးဇုန် ရှောင်ကွင်းလမ်းများမှ တရားမဝင်ကုန်သွယ်မှု မြင့်တက်နေသော်လည်း ကုန်သွယ်ရေးဇုန်၏ တရားဝင်ကုန်သွယ်မှု ပမာဏမှာ လျာထားချက် ကျပ်သန်းပေါင်း ၁၆၆၀ နှင့် နှိုင်းယှဉ်ကြည့်ပါက ငါးဆကျော်မြင့်တက်ခဲ့ပြီး ကုန်သွယ်ရေးဇုန်ဖွင့်လှစ်သည့် ၁၉၉၇ ခုနှစ်မှ ၁၆ နှစ်တာကာလအတွင်း ကုန်သွယ်မှုပမာဏ အမြင့်ဆုံးကုန်သွယ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

(၄) ပို့ကုန့်ကဏ္ဍ

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်သစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဆန်တန်ချိန်ခြောက်သောင်းကို မေလဆန်းတွင် အာဖရိကဈေးကွက်သို့တင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ ဆန်ဝယ်ယူမှု လျော့နည်းသဖြင့် သင်္ကြန်မတိုင်မီတွင် ပြည်တွင်းဆန်းဈေးမှာ အနည်းငယ်ကျဆင်းခဲ့ပြီး လက်ရှိအချိန်တွင် ဒေသအလိုက်စပါးဈေးမှာ တင်း ၁၀၀ လျှင် ကျပ်သုံးသိန်းမှ သုံးသိန်းခွဲကြားရှိနေပြီး ယင်းဈေးနှုန်းထက် ကျဆင်းပါက အရန်ဆန်ဝယ်ယူပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဦးစိုးထွန်းက ပြောကြားခဲ့သည်။

ထို့အပြင် ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်းတင်ပို့မှုမှာ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂,၄၁၇ သန်းကျော် ရရှိခဲ့သည့်အတွက် ပြီခဲ့သည့် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဒေါ်လာသန်း ၁၂၀ ကျော် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။


 

            

 

 

 

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                               

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive