Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. K Bank က ကမ္ဘောဒီးယားနှင့် မြန်မာတွင် အသက်အာမခံလုပ်ငန်းအတွက် စဉ်းစား

(4 May 2013 ရက်စွဲပါ Bangkok Post မှ K Bank mulls life insurance niche abroad ကို ဘာသာပြန်ဆို ပါသည်)

  1. အမေရိကန်ကော်မရှင် အစီရင်ခံစာက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး မအောင်မြင်ဟုဆို

(3 May 2013 ရက်စွဲပါ UPI မှ US report : Myanmar’s reforms are failing ကို ဘာသာပြန်ဆိုပါသည်)


K Bank က ကမ္ဘောဒီးယားနှင့် မြန်မာတွင် အသက်အာမခံလုပ်ငန်းအတွက် စဉ်းစား

(4 May 2013 ရက်စွဲပါ Bangkok Post မှ K Bank mulls life insurance niche abroad ကို ဘာသာပြန်ဆို ပါသည်)

ကာဆီကွန်ဘဏ်(K Bank)သည် ၂၀၁၆ ခုနှစ်အာဆီယံဈေးကွက် တစ်ခုတည်းဖြစ်လာချိန်အတွက် ပြင်ဆင်သည့် အနေဖြင့် ရှေ့မှဦးဆောင်နေရာယူသော မဟာဗျူဟာအရ မြန်မာနှင့် ကမ္ဘောဒီးယားတွင် အသက်အာမခံ ဝန်ဆောင်မှုပေးနိုင် ရေး ရှာဖွေလျက်ရှိပါသည်။

ဒုတိယဥက္ကဋ္ဌ Krisada Lamsam ကပြောကြားရာတွင် နိုင်ငံခြားတွင် ငွေကြေးဝန်ဆောင်မှု ဖြည့်ဆည်းရေးကို အပြည့်အဝလုပ်ဆောင်ရာတွင် လွတ်လပ်စွာလုပ်ကိုင်ရန်မလွယ်ကြောင်း၊ ဒေသတွင်းပြင်းထန်သော ပြိုင်ဆိုင်မှုနှင့် စည်းမျဉ်း ဥပေဒများကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် မည့်သည့်နယ်ပယ်တွင် လုပ်ကိုင်ရမည်ဆိုသည်ကို ဆုံးဖြတ်ရန်လိုအပ်ကြောင်း ဆိုပါသည်။

K Bank သည် ဇန်နဝါရီလက ရန်ကုန်တွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပြီး မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းအတွက် အခွင့်အလမ်းရှာခဲ့သည်ဟု ၎င်းကဆိုပါသည်။

မကြာသေးမီ နှစ်များအတွင်း ကမ္ဘောဒီးယားတွင် ငွေကြေးဝန်ဆောင်မှုနှင့် ပတ်သက်သော စည်းမျဉ်းများ ဖြေလျှော့ ခဲ့မှုကြောင့် K Bank ကမျက်စိကျခဲ့ပါသည်။

K Bank သည် ထိုင်းနိုင်ငံတွင် အကြီးဆုံးဘဏ်ဖြစ်ပြီး၊ Maung Thai အသက်အာမခံ၏ အဓိကရှယ်ယာရှင် ဖြစ်ပါသည်။

၎င်းသည် Maung Thai Fortis Holding ၏ ၅၁% ကိုပိုင်ဆိုင်ပြီး ထို့ကြောင့်  Maung Thai အသက်အာမခံတွင် ၇၅%  ပါဝင်ပါသည်။

၎င်းသည် ယင်း၌ငွေစာရင်းရှိသူ ၁၀.၉ သန်းအနက် ၄၅% က နှစ်နှစ်အတွင်း Maung Thai အသက်အာမခံ ပေါ်လစီကျင့်သုံးရန် မျှော်မှန်းထားပါသည်။

ပထမကွာတားအတွက် K Bank ၏ အသားတင်ဝန်ဆောင်မှုနှင့် အခြားဝင်ငွေသည် ပြီးခဲ့သည့်နှစ်ကထက် တက် လာပြီး(၇.၁၄)ဘီလီယံ ဘတ်ရှိခဲ့ပါသည်။ ၎င်းသည် SET စာရင်းဝင်ဘဏ်ဖြစ်ပြီး K Bank ၏ ဝင်ငွေကို ခြုံငုံကြည့်ပါက မနှစ်ကထက် ၂၈.၅% တက်လာပြီး (၃၃) ဘီလီယံဘတ်ရှိခဲ့ပါသည်။

SET ယမန်နေ့က ပိတ်သိမ်းချိန်တွင် K Bank ရှယ်ယာသည် ၂၀၇ ဘတ်ရှိပြီး၊ (၆၆၃)သန်း ဘတ် အရောင်း အဝယ် ဖြစ်ခဲ့ပါသည်။


အမေရိကန်ကော်မရှင် အစီရင်ခံစာက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး မအောင်မြင်ဟုဆို

(3 May 2013 ရက်စွဲပါ UPI မှ US report : Myanmar’s reforms are failing ကို ဘာသာပြန်ဆိုပါသည်)

အမေရိကန်အစိုးရ ကော်မရှင်တစ်ခုက မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဘာသာရေး ဆိုင်ရာလွတ်လပ်ခွင့်ကို စနစ်တကျချိုးဖောက်ရာတွင် တာဝန်ရှိသည့် အမည်မည်းစာရင်းဝင်(၁၅)နိုင်ငံတွင် ဆက်လက်ပါဝင် စေရန် ထောက်ခံချက်ပေးခဲ့ပါသည်။

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က ၎င်း၏နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာအစိုးရသည် မွတ် ဆလင်အုပ်စုများအပေါ် ခွဲခြားဆက်ဆံ၍ နှိပ်ကွပ်လျက်ရှိနေသေးကြောင်း ဖော်ပြထားပါသည်။ ၎င်းကော်မရှင်သည် ပါတီ နှစ်ခုလုံးအတွက် အကြံပေးဘုတ်အဖွဲ့ဖြစ်ပြီး သမ္မတနှင့် ကွန်ဂရက်က ခန့်အပ်ထားခြင်း ဖြစ်ပါသည်။

“မြန်မာနိုင်ငံက လက်ရှိအရေးကြီးတဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေဟာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ယုံကြည်မှုအခြေအနေတွေ အရေးတကြီး တိုးတက်လာတာ မတွေ့ရသေးပါဘူ။”ဟု ကော်မရှင်က ပြောပါ သည်။

ရခိုင်ပြည်နယ်မှ ဘာသာရေးအရပြင်းထန်သော ဖြစ်ရပ်များတွင် အစိုးရ၏ ခန့်မှန်းချက်အရ လူ(၁၉၂)ဦးခန့် သေဆုံး သည်ဟုဆိုသော်လည်း အမှန်တကယ်သေဆုံးသူများမှာ ၎င်း၏ငါးဆခန့် ရှိသည်ဟုဆိုခြင်းအပေါ် ကော်မရှင်က မေးခွန်း ထုတ်ခဲ့ပါသည်။

စာမျက်နှာ ၃၇၁ မျက်နှာပါဝင်သော ကော်မရှင်၏အစီရင်ခံစာတွင် နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ၊ တရုတ်၊ Eritrea၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗီးယား၊ ဆူဒန် နှင့် အူဇဘက်ကစ္စတန် စသည့်ရှစ်နိုင်ငံအား အထူး စိုးရိမ် ရသည့်နိုင်ငံများ(Countries of Particular Concern – CPC)အဖြစ် တရားဝင်ပြန်လည် ကြေငြာသင့်ကြောင်း ဖော်ပြ ထားပါသည်။

ကော်မရှင်သည် ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းထန်စွာချိုးဖောက်မှုနှင့် ပတ်သက်သော သို့မဟုတ် ခွင့်ပြုသော အစိုးရများကို CPC နိုင်ငံများအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပါသည်။

အမေရိကန် အစိုးရအနေဖြင့် လက်ရှိအရေးယူ ပိတ်ဆို့မှုများကို ဆက်လက်ထားရှိသင့်ပြီး၊ ရုတ်သိမ်းပေးခဲ့သော အရေးယူပိတ်ဆို့မှုများကို ဘာသာရေးလွတ်လပ်ခွင့်ကိစ္စတွင် နိုင်ငံတကာသတ်မှတ်ချက်များ ပြည့်မှီသည်အထိ ပြန်လည်ချ မှတ်သင့်ကြောင်း ကော်မရှင်ကပြောပါသည်။

အထူးစိုးရိမ်ရမှုများမှာ ကချင်ပြည်နယ်တွင် စစ်တပ်မှဝင်ရောက်မှုများ၌ ခရစ်ယာန်အရပ်သားများ၏ အခြေအနေနှင့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ၏ အခြေအနေများဖြစ်ကြောင်း ကော်မရှင်က ပြောပါသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးတစ်သိန်းခန့်မှာ လုံခြုံရေးစခန်းများတွင် ဆိုရွားသောအခြေအနေ၌ နေထိုင်နေ ကြရပြီး၊ အစိုးရခန့်မှန်းသော ရိုဟင်ဂျာ ၁၉၀ ကျော်ထက်များစွာပိုမိုကာ ၁၀၀၀ ကျော်အသတ်ခံခဲ့ရ ပါသည်။

“ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ မြန်မာနိုင်ငံသားအဖြစ် ငြင်းပယ်ခံရပြီး ကျယ်ကျယ်ပြန့်ပြန့်ခွဲခြား ဆက်ဆံမှုကိုခံနေ ရပါတယ်။ သူတို့ရဲ့ဘာသာရေးပွဲတွေ လှုပ်ရှားမှုတွေကိုလည်းတင်းကြပ်စွာထိန်းချုပ်ပြီး လူမှုရေးအရလည်းဖိနှိပ်ထားပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက တစ်ခါတစ်ရံလှုံဆော်ကြပြီး၊ လူအုပ်ကြီး၊ ရဲများအပါအဝင် ပြည်သူ့စစ်များကလည်း တိုက် ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရေးယူခံရမှု မရှိပါဘူး”ဟု ကော်မရှင်က ပြောပါသည်။

ယခုအမေရိကန်၏ အစီရင်ခံစာမှာ မြန်မာအစိုးရကော်မရှင်သည် ရခိုင်ပြည်နယ်ကိစ္စကို စုံစမ်းစစ်ဆေးပြီး အစိုးရက လုံခြုံရေးများ တိုးမြှင့်ချထားရန် ထောက်ခံရေးသား ထားလာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဧရာဝတီသတင်း တစ်ပုဒ်တွင် ဖော်ပြထားပါသည်။

မြန်မာအစိုးရကော်မရှင်သည် အငြင်းပွားဖွယ် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဆက်လက်ကျင့်သုံးရန် ထောက်ခံ တင်ပြခဲ့ပါသည်။ အဆိုပါ ဥပဒေတွင် ရိုဟင်ဂျာများကို နိုင်ငံသားပြုခွင့်ငြင်းပယ်ထားပြီး နိုင်ငံမဲ့ဖြစ်စေသည်ဟု ဧရာဝတီ သတင်းက ဖော်ပြပါသည်။

သမ္မတဦးသိန်းစိန်သည် နိုင်ငံတကာအကူအညီ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအရ အရေးယူမှုများ ရုပ်သိမ်း ရေးကို ကြိုးပမ်းနေချိန်တွင် အမေရိကန်ကော်မရှင်၏ အစီရင်ခံစာသည် မြန်မာအစိုးရအတွက် ထိခိုက်မှုတစ်ခုဖြစ်ပါသည်။

ပြီးခဲ့သည့် မတ်လ ၂၀-၂၁ က မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာတွင် ဖြစ်ပွားသော ပြင်းထန်သော ဖြစ်ရပ်များနှင့်  ပတ်သက်၍ ဗီဒီယိုအား BBC မှ ပြသခဲ့ပါသည်။ အဆိုပါ ဗီဒီယိုတွင် ဘုန်းကြီးများအပါအဝင် ဗုဒ္ဓဘာသာလူအုပ်ကြီးသည် မွတ်ဆလင်များပိုင်သော ဆိုင်များကို ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်စဉ် ရဲများက ရပ်ကြည့်နေပုံများပါဝင်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

“ဒါဟာ လုပ်သင့်တဲ့ကိစ္စပါ။ အချို့နေရာတွေ ပြောင်းလဲတိုးတက်မှုတွေ ကျန်နေသေးတယ်ဆိုတာကို ပြသဖို့ ထိရောက်တဲ့ ကန့်သတ်ချက်တွေ ရှိထားရမှာပါ။ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ ကိစ္စရပ်တွေမှာပါ။ ဆိုလိုရင်းကတော့ အရေးယူဒဏ်ခတ်မှုတွေ ရှိနေသေးတယ်ဆိုတာပါ။ အခုလို သက်တမ်းတိုး ခြင်းအားဖြင့် စစ်တပ်နဲ့ပတ်သက်မှုတွေကို ကန့်သတ်တာအပါအ၀င် အရေးယူ ဒဏ်ခတ်မှုတရပ်လုံး ရှိနေသေးတယ်ဆိုတာ ပြပါတယ်။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “မြန်မာအပေါ် ၉၇ ဒဏ်ခတ်မှုသက်တမ်းတိုးဖို့ အိုဘားမားလိုလား” သတင်းမှ USCB အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး Jennifer Quigley  ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခွန်နဲ့ အကောက်ကောက်တဲ့နေရာမှာ ဘာအတွက်ဆိုတာ ဥပဒေပြဌာန်းရမယ်၊ အခုဟာက ဝန်ကြီးဌာနက အမိန့်ကြေညာ စာနဲ့ပြဌာန်းပြီး လုပ်နေတာတွေရှိတယ်။ အခြေခံဥပဒေနဲ့လည်း ကိုက်ညီအောင် ပြင်ဆင်ဖို့ရှိတယ်။ အခွန်ကို အခွန်ထမ်းတွေ ထမ်းချင်လာအောင် ပြင်ဆင်သွားရမယ်။ ပြီးခဲ့တဲ့လွှတ်တော်မှာ ဆွေးနွေးခဲ့တာက အခွန်ထမ်းတဲ့အခါ တကယ့်ကုန်သည်ကြီး တွေ အခွန်ထမ်းချင်လာအောင် ကိုယ့်ဟာကိုယ်ကြေညာပြီး Self System နဲ့လုပ်ဖို့ အစပြုထားပြီ။အခုဟာက လူတွေမှာ အခွန်ထမ်းဖို့ကို အခွန်စည်းကြပ်တဲ့ လူတွေနဲ့တွေ့ရမှာ ကြောက်နေကြတာရှိသလို တချို့ကျတော့လည်း ချော်ပြီးလုပ်တာတွေ ရှိနေတယ်။ အခွန်နဲ့ ပတ်သက်ရင် နိုင်ငံမှာက တချို့နေရာတွေမှာ Tax တွေလျှော့ချထားတော့ အားလုံးက အခွန်ပေါ်မှာပဲ မူတည်တော့မယ်။ အခွန်ကိုပြည်သူက ထမ်းချင်လာအောင် အခွန်ထမ်းပြည်သူတွေအနေနဲ့ သူတို့မှာအခွန်ထမ်းဖို့ တာဝန်ရှိပါ သလားဆိုတာသိအောင် လုပ်ပေးဖို့ရှိတယ်”

မေလ (၆) ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၆) တွင်ပါရှိသော “နိုင်ငံတော်နဲ့ နိုင်ငံသား၊ အခွန်နဲ့အာမခံ” သတင်းမှ ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခုဆိုရင်ကျွန်တော်တို့ရဲ့ ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ပြည်နယ်အားလုံး လက်တွဲညီညီနဲ့ထာဝရ ငြိမ်းချမ်း ရေးကို ဖော်ဆောင်နေပြီလို့ ယုံကြည်နေတယ်ဗျာ။ ကျွန်တော်တို့ ပြည်သူတွေယုံကြည်သလို နိုင်ငံတော်ကလည်း ဖော်ဆောင် နေတာအမှန်ပါ။ ဒါပေမယ့် မလိုလားအပ်တဲ့ သံသယတွေ၊ ကောလဟာလတွေ၊ သွေးခွဲမယ့်ကိစ္စရပ်တွေကို ဂရုပြုဖို့တော့ လိုတယ်။ ပြည်နယ်၊ ပြည်မမခွဲဘူးဆိုရင် ကျွန်တော်တို့ရဲ့ ကချင်ပြည်နယ်ဒေသဟာ မကြာခင်ကာလအတွင်း ဖွံ့ဖြိုးတိုးတက် လာလိမ့်မယ်လို့ ကျွန်တော်ယုံတယ်”

မေလ (၆) ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၆) တွင်ပါရှိသော “ဖားကန့်ဒေသ ငြိမ်းချမ်းရေး ရပြီ” သတင်းမှ ဒေသခံတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အော်ပရေတာ ချထားပေးမယ့်ကိစ္စကို ကျွန်တော်တို့ ဝန်ကြီးဌာန တစ်ခုတည်းကနေ ရွေးချယ်ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ တခြားဝန်ကြီးဌာနတွေက လူကြီးတွေနဲ့ပူးပေါင်းပြီးရွေးသွားမှာပါ။ ဘယ်ဝန်ကြီးဌာနတွေ ပါမလဲတော့အတိအကျ မပြောနိုင် သေးဘူး။ ကျွန်တော်တို့ဌာန တစ်ခုတည်းကနေ ဆုံးဖြတ်ရွေးချယ်တယ်ဆိုတာမျိုး မဖြစ်စေချင်လို့ ပူးပေါင်းဆောင်ရွက်တဲ့ သဘောပါ”

မေ ၄ ရက်နေ့ထုတ် The Yangon Times နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “ပုဂ္ဂလိကဖုန်း အော်ပရေတာ လုပ်ကိုင်ခွင့် နောက်ဆုံးအဆင့် ဝန်ကြီးဌာနများ စုပေါင်းရွေးမည်” သတင်းမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကင်တားနားရဲ့မှတ်ချက်တွေဟာ ကော်မရှင်အစီရင်ခံစာကို အသိအမှတ်ပြုဖို့ထက် HRW လို အဖွဲ့အစည်းတွေရဲ့ တစ်ဖက် သတ်စွပ်စွဲချက်တွေ၊ သူအရင်ပြောထားတဲ့ ပကတိအခြေအနေမှန်နဲ့ ကွဲလွဲတဲ့အချက်တွေကို အတည်ပြုဖို့ ကြိုးစားတယ်လို့ မြင်ပါတယ်။ အစိုးရက အစီရင်ခံစာ အကြံပြုချက် ကလွဲပြီး တခြားသူတွေရဲ့ မှတ်ချက်တွေကို အလေးထားမှာမဟုတ်ပါဘူး”

မေ ၄ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “ရခိုင်အစီရင်ခံစာအပေါ် ကင်တားနားသုံးသပ်ချက်ကို ပြန်လည်တုံ့ပြန်မည်မဟုတ်” သတင်းမှ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

Export & Import လုပ်ငန်းများအတွက် ကြိုတင်ဝင်ငွေခွန်ပေးဆောင်ရတော့မည်

နိုင်ငံတော်၏ Budget အလေအလွင့်များနည်းပါးစေရန် ရည်ရွယ်သည့်အနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ပို့ကုန် သွင်းကုန် လုပ်ငန်းများတွင် ကြိုတင်ဝင်ငွေခွန်အနေဖြင့် ၂ ရာခိုင်နှုန်းပေးဆောင်ရမည် ဖြစ်ကြောင်းပြည်တွင်း အခွန်များဦးစီး ဌာနမှ သတင်းရရှိသည်။


ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ စာရင်းမှ လွတ်မြောက်မြန်မာစတင်

Less-developed country စာရင်းကို ၁၉၇၁ တွင်စတင်ပြုစုခဲ့ပြီး မြန်မာနိုင်ငံမှာ ၁၉၈၇ ခုနှစ်တွင် အဆိုပါစာရင်းတွင် ပါဝင် ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ LDC စာရင်းတွင် ၂၆ နှစ်ကြာရှိခဲ့ပြီးနောက် အဆိုပါ စာရင်းမှ လွတ်မြောက်နိုင်ရန် စတင်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်  UNDP မှမေလ ၃ ရက်နေ့တွင် သတင်း ထုတ်ပြန်ကြေငြာခဲ့သည်။


ပြည်ထောင်စုလွှတ်တော် အလုပ်သမားရေးရာကော်မတီ ဖွဲ့စည်းမည်

ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန်၊ ခေတ်စနစ်နှင့် ကိုက်ညီမှုမရှိတော့သည့် အလုပ်သမားရေးရာနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြင်ဆင်ရေးဆွဲနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ အလုပ် သမားရေးရာ အဖွဲ့ကော်မတီကို မကြာခင်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပထမဆုံးအကြိမ် ပြည်နယ်၊ တိုင်းများမှ ရွေးချယ်ခံကိုယ်စားလှယ်များနှင့် ကျင်းပ သွားမည့် ဗဟိုကော်မတီ အစည်းအဝေးကို မေလ ၂၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဗဟိုကော်မတီဝင်များ အားလုံး  ရန်ကုန်မြို့ရှိပါတီဌာနချုပ်သို့ အစည်းအဝေးတက်ရောက်ရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။


မြန်မာနိုင်ငံတွင် ရေဥပဒေ စတင်ရေးဆွဲ

လက်ရှိမြန်မာနိုင်ငံတွင် ရေချိုဥပဒေ၊ မြစ်ချောင်းဆိုင်ရာဥပဒေ၊ မြေအောက်ရေအသုံးချမှုဥပဒေ စသည့်ဥပဒေများ ရှိပြီးသော် လည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ရေနှင့်ပတ်သက်သော ဥပဒေမရှိသေးသောကြောင့် လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေ များ ကို ရေးဆွဲလျှက်ရှိကြောင်း ARBRO မြစ်ဝှမ်းများဆိုင်ရာ သုတေသနအဖွဲ့(ရန်ကုန်) မှ ရေပညာရှင် ဒေါ်ခင်နီနီသိန်း၏ ပြောကြားချက်မှ သတင်းရရှိသည်။


 ငါးနှစ်စီမံချက် ပို့ကုန်မဟာဗျူဟာရေးဆွဲရန် အဆင့်လေးဆင့်ဖြင့်အကောင်အထည်ဖော်မည်

လက်ရှိရေးဆွဲနေသည့် ပို့ကုန်မဟာဗျူဟာကို အကြိုညှိနှိုင်းခြင်း၊ အသေးစိတ်ဆွေးနွေးခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ အကောင် အထည်ဖော်ခြင်း စသည့်အဆင့်လေးဆင့်ဖြင့်  အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ပို့ကုန်မဟာဗျူဟာ ရေးဆွဲခြင်း လုပ်ငန်း စီမံချက်ဖွင့်ပွဲတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ ပြောကြားချက်မှသိရသည်။ ဒီဇိုင်းရေးဆွဲသောကာလမှာ တစ်နှစ် ကျော် ကြာမြင့်မည်ဖြစ်ပြီး အကောင်အထည်ဖော်သော ကာလမှာ လေးနှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive