Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. လက်နက်ကိုင်တော်လှန်ရေးကြောင့် မြန်မာမူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု ကြီးထွားလာကြောင်း ကုလသမဂ္ဂပြောကြား

(Radio Australia News မှ 8 May 2013 ရက်စွဲပါ “Insurgencies prompting growth in Myanmar drug trade; UN” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံတွင် မွတ်ဆလင်များပြန်လည်နေရာချထားမူ၌တင်းမာမှုများ ဖြစ်ပေါ်

(8 May 2012 ရက်စွဲပါ UPI မှ Tensions rising over Myanmar resettlements ကို ဘာသာပြန်ပါသည်။)


လက်နက်ကိုင်တော်လှန်ရေးကြောင့် မြန်မာမူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု ကြီးထွားလာကြောင်း ကုလသမဂ္ဂပြောကြား

(Radio Australia News မှ 8 May 2013 ရက်စွဲပါ “Insurgencies prompting growth in Myanmar drug trade; UN” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံနယ်စပ်ဒေသများမှ ကာလရှည်ကြာ လက်နက်ကိုင်ပုန်ကန်မှုများသည် ဘိန်းနှင့်မီသိုင်း အင်ဖက်တာမင်း ထုတ်လုပ်မှုကို ကြီးထွားလာစေခဲ့သည်ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာဌာန UNDOC က ပြောကြား လိုက်ပါသည်။

နယ်စပ်ဒေသများတွင် ၅ နှစ်အတွင်း မူးယစ်ဆေးထုတ်လုပ်မှု ကင်းစင်ရေးနောက်ဆုံးသတ်မှတ်ရက် နှောင့်နှေးသွားစေခဲ့သည့်ဖြစ်စဉ်အပေါ် များစွာစိုးရိမ်မိသည်ဟု မြန်မာအာဏာပိုင်များကလည်း ပြောကြားခဲ့ ကြသည်။

UNDOC ၏ အရှေ့တောင်အာရှနှင့် ပစ္စဖိတ်ဒေသဆိုင်ရာတာဝန်ခံ ဂျရမီး ဒေါက်ကလပ်စ်က “မြန်မာနိုင်ငံ မြောက်ပိုင်းနယ်မြေတွေရဲ့ မတည်ငြိမ်မှုဟာ ရွှေတြိဂံလို့ခေါ်တဲ့ဒေသမှာ ပို၍ဆိုးလာပါတယ်။ ဒီမတည်ငြိမ်မှုဟာ ဆင်းရဲမွဲတေမှုကိုဖြစ်ပေါ်စေပြီး၊ စိုက်းပျိုးရေးတစ်ခုတည်းနှင့် အသက်မွေးဝမ်းကျောင်းရတဲ့ တောင်သူတွေ ကလည်း အများကြီးပါပဲ။ ဒါကြောင့်ဘိန်းစိုက်တာဟာ သူတို့အတွက်အစဉ်အလာဝင်ငွေရလမ်း ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

မူးယစ်ဆေးဝါး ပြဿနာကြီးထွားလာခြင်းသည် နိုင်ငံတော်၏ နှစ်ပေါင်းရှည်ကြာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးများနှင့် တိုက်ရိုက်ဆက်နွယ်နေသည်ဟု ၄င်းက Radio Australia၏ Connect Asia အစီအစဉ်သို့ပြောကြားသည်။

“အဲဒီမှာလှုပ်ရှားနေကြတဲ့ လက်နက်ကိုင်အုပ်စုအများစုဟာ မူးယစ်ဆေးကုန်သွယ်မှုကနေ ဝင်ငွေ ရအောင်ရှာနေကြ ပါတယ်။ ဒီနေရာမှာ ဘိန်းကော၊မီဆိုင်းအင်ဖက်တာမင်းကော နှစ်မျိုးစလုံးလုပ်ကိုင်ကြပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ဆက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေပေါ့” ဟု ၄င်းဆိုပါသည်။

လူထုလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂက သတိပေးထားသော မူးရစ်ဆေးဝါး ပြဿနာဆိုးဝါးလာခြင်းနဲ့ ပတ်သက်၍ တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီယားနှင့် ဗီယက်နမ် နိုင်ငံတို့မှ တာဝန်ရှိသူများ မြန်မာနိုင်ငံတွင် စုဝေးတွေ့ဆုံဆွေးနွေးကြသည်။

မြန်မာနိုင်ငံမှ ရဲမှူးချုပ်ဇော်ဝင်းက “မီသိုင်းအင်ဖက်တာမင်း ပြဿနာမြန်မြန်ဆန်ဆန် ကြီးထွားနေတာကတော့ ရှင်းနေပါတယ်။ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတကာမှုးယစ်ဆေးဝါးဂိုဏ်းကြီးတွေလည်း ပိုပြီးများလာ ပါတယ်” ဟု ပြောကြားခဲ့သည်။

နေပြည်တော်တွင် ကြာသပတေးနေ့ကကျင်းပသော အဆိုပါဝန်ကြီးအဆင့် အစည်းအဝေးတွင် မူးယစ်ဆေးဝါး ကိစ္စဆိုင်ရာ ဒေသတွင်းကြေညာစာတမ်းကို ထုတ်ပြန်ကြေညာမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်၏နောက်တွင် ကမ္ဘာ့ဒုတိယအကြီဆုံး ဘိန်းထုတ်လုပ်သူအဖြစ် ရပ်တည်နေ ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အတွင်း အင်ဖက်တာမင်းဆေးပြား ၅.၉ သန်းခန့် သိမ်းဆည်းမိခဲ့ရာ၊ ယခင်နှစ်များထက် အရေအတွက်နှစ်ဆတိုးလာကြောင်း ကုလသမဂ္ဂ ကိန်းဂဏန်းများက ညွှန်ပြနေသည်။


မြန်မာနိုင်ငံတွင် မွတ်ဆလင်များပြန်လည်နေရာချထားမူ၌တင်းမာမှုများ ဖြစ်ပေါ်

(8 May 2012 ရက်စွဲပါ UPI မှ Tensions rising over Myanmar resettlements ကို ဘာသာပြန်ပါသည်။)

Photo Credit  by Online

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာများနှင့် ရန်ပွဲများဖြစ်ပွားပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်ရ သော မွတ်ဆလင်များကို မြန်မာအစိုးရက နေအိမ်များ ပြန်လည်နေရာချထားပေးရာတွင် တင်းမာမူများမြင့်တက်လျက် ရှိပါသည်။

ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဒေသခံရာပေါင်းများစွာသည် ရိုဟင်ဂျာမွတ်ဆလင်များကို ပြန်လည်နေရာချ ထားပေးခြင်းကြောင့် ယခုအပတ်တွင် လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်ဟု DVB သတင်းဌာနက သတင်း ဖော်ပြခဲ့ပါသည်။

ပြီးခဲ့သည့် အောက်တိုဘာက မွတ်ဆလင်နေအိမ်များကို မီးရှို့ခဲ့ကြသော ဗုဒ္ဓဘာသာများနေထိုင်ရာ ကျောက်ဖြူမြို့ အနီးမှ ရခိုင်ရွာ သုံးဆယ်ခန့်မှနေထိုင်သူများသည် ဆန္ဒပြခဲ့ကြပါသည်။

ကျောက်ဖြူတွင်နေထိုင်သူများမှာ ဗုဒ္ဓဘာသာရခိုင်များနှင့် ရိုဟင်ဂျာများနှင့်မတူသော ကမန်မွတ်ဆလင် များဖြစ်ပြီး ၄င်းတို့သည် နိုင်ငံသားများဖြစ်ပါသည်။ ၄င်းတို့က ရိုဟင်ဂျာများကို တရားမ၀င် ၀င်ရောက်လာသော ဘဂါင်္လီများအဖြစ် ရှုမြင်ကြောင်း DVB သတင်းက ဆိုပါသည်။

အိုးမဲ့အိမ်မဲ့ဖြစ်ရသော မူဆလင်အများစုသည် အစွန်အဖျားရှိ ရေလွှမ်းနိုင်သော နေရာများတွင် ယာယီတဲများဖြင့် ဆိုးရွားသောအခြေအနေတွင် နေထိုင်နေရပါသည်ဟု DVB ကပင် ဆိုပါသည်။

“ဒေသခံ ရခိုင်ပြည်သူတွေဟာ ဒီဒေသမှာ ငါးဖမ်းခြင်းကိုမှီခိုနေရပြီး သူတို့မြေတွေကို အဆုံးအရှုံးမခံနိုင်ပါဘူး။ ရိုဟင်ဂျာတွေကို လက်မခံနိုင်ပါဘူး” ဟု  ရခိုင်ဒေသခံတစ်ဦးက DVB သို့ ပြောပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့်အနီးတွင် ရိုဟင်ဂျာ (735000) ခန့် နေထိုင်ကြောင်း National Endowment for Democracy က ထောက်ပံ့ထားသော လူ့အခွင့်အရေး အုပ်စုတစ်ခုဖြစ်သည့် Arakan Project က ခန့််မှန်းပါသည်။

ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်ရှိ စစ်တကောင်းဘင်္ဂါလီများနှင့်ဆက်နွယ်နေပြီး အရှေ့တောင်အာရှ ဇစ်မြစ် ဖြစ်သော ဗုဒ္ဓဘာသာလူဦးရေနှင့် ကွဲပြားခြားနားပါသည်။

မြန်မာဥပဒေတွင် ရိုဟင်ဂျာများကို ဖယ်ထုတ်ပြီး နိုင်ငံသားပြုခွင့်ကို ကန့်သတ်ထားရာ နိုင်ငံတကာ၏ စိုးရိမ်မှုကို ဖြစ်စေပါသည်။

မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာများကြားတွင် ဖြစ်ပွားသောအကြမ်းဖက်မူများသည် ရခိုင်ပြည်နယ် ပြင်ပသို့ပင် ပျံ့နှံ့ခဲ့ပါသည်။ မွတ်ဆလင်များသည် တိုင်းပြည်လူဦးရေ၏ ၅%ထက်နည်းပါသည်။

မတ်လက မိတ္ထီလာတွင်ဖြစ်ပွားသော ဘာသာရေးအရ ပြင်းထန်သောဖြစ်ရပ်များတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးအား သတ်ဖြတ်မူဖြင့် မွတ်ဆလင်အမျိုးသား (၆)ဦးအား တရားစွဲထားကြောင်း ရဲတပ်ဖွဲ့က ပြောပါသည်။

အဓိကရုဏ်းများကြောင့် လူပေါင်း(၄၀)ကျော် သေဆုံးပြီး၊ ဘုန်းကြီးများပါဝင်သော မြန်မာလူအုပ်ကြီးသည် မွတ်ဆလင်များပိုင်ဆိုင်သော ဆိုင်များကိုဖျက်ဆီးကြပြီး၊ ရဲတပ်ဖွဲ့အင်အားအတော်များများက နောက်မှ ရပ်ကြည့်နေသည်ဟု ဆိုပါသည်။

မတ်လ (၂၀)ရက်နေ့မှစတင်ဖြစ်ပွားသော အဆိုပါဖြစ်စဉ်တွင် မွတ်ဆလင်(၁၂၀၀၀)ကျော် နေအိမ် များကို စွန့်ခွာထွက်ပြေးရပါသည်။

သမ္မတ ဦးသိန်းစိန်က ယခုအပတ်တိုင်းပြည်သို့ ပြောကြားသောမိန့်ခွန်းတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို တိုက်တွန်းခဲ့ပြီး မွတ်ဆလင်များ၏ အခွင့်အရေးများကို စောင့်ရှောက်ရန် ကတိပေးခဲ့ပါသည်။

“ရခိုင်ကိစ္စနှင့် ပတ်သက်လို့ ကျွန်တော်တို့အစိုးရဟာ မူဆလင်များရဲ့ အခြေခံရပိုင်ခွင့်တွေကို ကာကွယ်ဖို့ တာဝန်ယူသွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အခြားအုပ်စုများရဲ့အခွင့်အရေးတွေကိုလည်း လျစ်လျူရှုထားမှာ မဟုတ်ပါဘူး” ဟု ၄င်းက ပြောပါသည်။

အိမ်နီးချင်းနိုင်ငံများက ရိုဟင်ဂျာဒုက္ခသည်များ ပိုမိုဝင်ရောက်လာမူကို စိုးရိမ်နေချိန်တွင် ၄င်း၏မိန့်ခွန်း ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကုန်းလမ်းမှထွက်ပြေးလာသော ရိုဟင်ဂျာအများစုကိုလက်ခံထားရရာ နယ်စပ် ရှိ ဒုက္ခသည်စခန်းများတွင် ထောင်ပေါင်းများစွာ ပြည့်ကျပ်နေပါသည်။

သို့သော် ရိုဟင်ဂျာများသည် လှေများဖြင့်လည်း တိုး၍ထွက်ပြေးလျှက်ရှိရာ အင်ဒိုနီးရှားနှင့်မလေးရှား တို့လည်း ပါဝင်ပါသည်။

ယခုနှစ်အစောပိုင်းက ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့အရွေ့များကြောင့် စီးပွားရေး အရ အရေးယူမူအများအပြားကို ရုတ်သိမ်းပေးခဲ့ပါသည်။

သို့သော် မကြာသေးမီက ထုတ်ပြန်သော အမေရိကန်အစိုးရကော်မရှင်၏အစီရင်ခံစာတွင် မြန်မာနိုင်ငံ သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို စနစ်တကျချိုးဖောက်မူတွင် တာဝန်ရှိသော အစိုးရ(၁၅)ခုအား အမေရိကန် နိုင်ငံခြားရေးဌာနမှ အမည်မည်းစာရင်းသွင်းထားရာတွင် ဆက်လက်ထားရှိသင့်ကြောင်း ထောက်ခံတင်ပြခဲ့ ပါသည်။

အဆိုပါကော်မရှင်၏ အစီရင်ခံစာတွင် မြန်မာအစိုးရသည် မူဆလင်အုပ်စုများကို ဆက်လက်ခွဲခြား နှိပ်ကွပ်နေကြောင်း ဖော်ပြထားပါသည်။

“မြန်မာနိုင်ငံရဲ့ လက်ရှိအရေးကြီးတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမူတွေဟာ ဘာသာရေးအရ လွတ်လပ်စွာ ယုံကြည်မှု အခြေအနေကို အရေးပါစွာ တိုးတက်မူမရှိသေးပါဘူး” ဟု ကော်မရှင်က ပြောပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှုမှ မျက်မြင်သက်သေများလွတ်မြောက်

(Jakarta Globe မှ 7 May 2013 ရက်စွဲပါ Myanmar Embassy Bomb Witness Freed ကိုဘာသာပြန်ဆိုသည်)

  1. ကမ္ဘာ့တတိယအကြီးဆုံး နေစွမ်းအင်ဓာတ်အားပေးစက်ရုံကို မြန်မာပိုင်ဆိုင်ဖွယ်ရှိ

(PV TECH NEWS မှ 7 May 2013 ရက်ဆွဲပါ “Myanmar to host world’s third largest solar plant” သတင်းကိုဘာသာပြန်ဆိုသည်။)

  1.  မြန်မာနိုင်ငံမှ ဒီမိုကရေစီ ဆက်လက်ပြုပြင်ပြောင်းလဲမူများကို တိုက်တွန်းအားပေး

(VOA မှ 8 May 2013 ရက်စွဲပါ  “ Encouraging further democratic reforms in Burma “ ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်။)


မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှုမှ မျက်မြင်သက်သေများလွတ်မြောက်

(Jakarta Globe မှ 7 May 2013 ရက်စွဲပါ Myanmar Embassy Bomb Witness Freed ကိုဘာသာပြန်ဆိုသည်)

Photo Credit by AFP

ဂျကာတာမြို့တော်ရှိ မြန်မာနိုင်ငံ သံရုံးအား ဖုံးဖောက်ခွဲရန် ကြံစည်ရာတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသူ ၅ ဦးကို အင်ဒိုနီရှားအမျိုးသားရဲတပ်ဖွဲ့၊ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ Densus 88 က လွှတ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ သံသယရှိသူ ၅ ဦးကို ယင်းအမှုတွင် မျက်မြင်သက်သေများသက်သက်သာဖြစ်သည်ဟု စဉ်းစားပြီးနောက် ယင်းသို့ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

“ဆီဂစ်အင်ဒရာဂျစ် ရဲ့မိသားစုဝင် လေးဦးကို လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ မိန်းမ၊ မိခင်၊ သားနဲ့ ယောက်ဖ တို့ပဲဖြစ်ပါတယ်” ဟု အမျိုးသားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရာဖလီအမ်မာက တနင်္လာနေ့က ပြောကြားသည်။

အခြားသံသယရှိသူတစ်ဦး၏ ဇနီးဖြစ်သူ ဆီဖာရီယာနို(၂၉ နှစ်) ကိုလည်း လွှတ်ပေးလိုက်ပြီဖြစ်သည်ဟု ဆိုသည်။

ဆီဂစ်အင်ဒရာဂျစ် (၂၃ နှစ်) ဆိုသူသည် မြန်မာသံရုံးဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိခံထားရသူဖြစ်ပြီး ၎င်းသည် ယခုအခါ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက တောင်ပိုင်း တန်ဂါရန်းပြည်နယ် ပမ်မူလန်းမြို့ရှိ ၎င်း၏ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆိုသည်။

ဖမ်းဆီးခံထားရသူ ၂ ဦးမှာ ဆီဖာနှင့် အက်မက်(၂၂ နှစ်)တို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် ရက်သတ္တပတ် က ဂျကာတာတောင်ပိုင်းဒေသတွင် ပိုက်ဗုံး ၅ လုံးသယ်ဆောင်ကာ မော်တော်ဆိုင်ကယ်ဖြင့်သွားလာစဉ် ဖမ်းဆီးခံ လိုက်ရခြင်းဖြစ်သည်။

၎င်းတို့သည် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်များအပေါ် အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုများအား လက်တုံ့ပြန်သည့် အနေဖြင့် မြန်မာသံရုံးကိုဗုံးဖောက်ခွဲရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက ထိုသို့ဗုံးဖောက်ခွဲမည့် အစီအစဉ်ကို အချိန်မီဖြိုခွင်းလိုက်နိုင်ရခြင်းမှာ ၎င်းတို့၏ လှုပ်ရှားမှုများကို အချိန်ပြည့်စောင့်ကြည့်နေခဲ့သောကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်များ၏ ထောက်လှမ်းရေးလှုပ်ရှားမှုများ ယခုကဲ့သို့အောင်မြင်မှုရရှိခဲ့သော်လည်း အကြမ်းဖက် သမားသစ်များ ထပ်မံပေါ်ထွန်းလာမှုနှင့်ပတ်သက်၍ ဥပဒေသမားများက ရဲအာဏာပိုင်များကို ဝေဖန်ပြောဆိုလျက်ရှိသည်။

မြန်မာသံရုံးအား ဗုံးခွဲရန်ကြံစည်မှုတွင် ပါဝင်ပတ်သက်နေသူများမှာ အသက်အရွယ် ငယ်ရွယ်လွန်းလှသည်ဟု ၎င်းတို့ကဆိုသည်။

“အကြမ်းဖက်သမားလို့ သံသယဖြစ်လို့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့သူတွေရဲ့ အသက်ဟာ အင်မတန် ငယ်ရွယ်လွန်း နေပါတယ်။ အဲဒီတော့ သဘောကတော့ အကြမ်းဖက်သမား မျိုးဆက်သစ်တွေ မွေးထုတ်နေတဲ့ ဖြစ်စဉ်ဟာ အင်မတန်ချောမွေ့ပြီး အောင်မြင်နေတယ်လို့ ဆိုရမှာပါပဲ”ဟု အင်ဒိုနီးရှား ပြည်သူ့ အတိုင်ပင်ခံလွှတ်တော်မှ ဒုတိယဥက္ကဌ ဟာရီရန်တိုတိုဟာရီက ပြောကြားသည်။

အကြမ်းဖက်သမားနှိမ်နင်းရေးအဖွဲ့ဖြစ်သော Densus 88 သည် အကြမ်းဖက်သမားဟု သံသယရှိသူများအား ဖမ်းဆီးနှိမ်နင်းရာတွင် အခြားအဖွဲ့များထက်အောင်မြင်မှုရှိသော်လည်း အစွန်းရောက်သတောတရားများ ဖြိုခွင်းရေး အစီအစဉ်မှာမူ အောင်မြင်မှုမရှိကြောင်း ၎င်းကဆိုသည်။ Densus 88 သည်အခြားသော  အဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်သော်လည်း အကြမ်းဖက်သမားမျိုးဆက်သစ်များ ထွက်ပေါ်လာမှုကို ကာကွယ်ဟန့်တားနိုင်ခြင်းမရှိဟု ဆက်လက်ပြောကြားသည်။

“ဖမ်းဆီးတာတွေတော့ ဆက်ပြီးလုပ်နိုင်မှာပါ။ ဒါပေမဲ့ အကြမ်းဖက်သမားလို့သံသယရှိသူတွေလည်း ဆက်လက်ပေါ်ထွန်းလာမှာပါ။ အဲဒါကြောင့် အဲဒီ ကွင်းဆက်ကိုဖြတ်တောက်နိုင်ဖို့အတွက် အင်မတန်အရေးကြီးပြီး စနစ်ကျတဲ့ လုပ်ဆောင်ချက်တွေလိုအပ်ပါတယ်” ။

သို့အတွက်ကြောင့် Densus အဖွဲ့အနေဖြင့် ဘာသာရေးကျွမ်းကျင်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပို၍အနီးကပ်လုပ်ကိုင် ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။


ကမ္ဘာ့တတိယအကြီးဆုံး နေစွမ်းအင်ဓာတ်အားပေးစက်ရုံကို မြန်မာပိုင်ဆိုင်ဖွယ်ရှိ

(PV TECH NEWS မှ 7 May 2013 ရက်ဆွဲပါ “Myanmar to host world’s third largest solar plant” သတင်းကိုဘာသာပြန်ဆိုသည်။)

ထိုင်းအခြေစိုက် Green Earth Power (GEP) ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဒေါ်လာ၂၇၅ သန်းတန် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် မြန်မာအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်သည်။

ကမ္ဘာ့တတိယအကြီးဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် ၁၈ လအတွင်းပြီးစီးမည်ဖြစ်ပြီး၊ ဓါတ်အား၂၁၀ မီဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိမည်ဟု ထုပ်ဖော်ပြောကြားသော GEP ကုမ္ပဏီကို ဟောင်ကောင်အခြေစိုက် ကုမ္ပဏီတစ်ခုက ရှယ်ယာအများစုပိုင်ဆိုင်သည်။

GEP ကုမ္ပဏီ ဥက္ကဋ္ဌ ပေါဘားနဒ်ရန်းက မိမိတို့ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်ကို မြန်မာဝန်ကြီးဌာနများနှင့် လာမည့် ၃လအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ရကြောင်း Bangkok Post သို့ ပြောကြားသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံသည် ဟက်တာ ၃၀၀ ကျယ်ဝန်းပြီး နေပြည်တော်နှင့် မလှမ်းမကမ်းရှိ မကွေးတိုင်း မင်းဘူးမြို့နယ်တွင်တည်ရှိသည်။

၎င်းစီမံကိန်းကို  ၅၀ မဂ္ဂါဝပ်၊ ၇၀ မဂ္ဂါဝပ်နှင့် ၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိသော အဆင့်သုံးဆင့်ဖြင့် အကောင်ထည်ဖော်မည်ဟု မျှော်လင့်ရသည်။ စီမံကိန်းကုန်ကျစရိတ် စုစုပေါင်း၏ ၇၀%ကို ချေးငွေမှရရှိမည်ဖြစ်ပြီး ကျန်၃၀%ကို ကုမ္ပဏီပိုင်ငွေမှစိုက်ထုတ်မည်ဟုသိရသည်။ ချေးငွေရရှိရန်အတွက် ပြည်တွင်းပြည်ပဘဏ်များနှင့် ဆွေးနွေးမှုများပြုလုပ်နေသည်ဟုသိရသည်။

GEP သည် ထိုင်းနိုင်ငံမှ နာမည်ကြီးကုမ္ပဏီများအပါအဝင် အလားအလာရှိသော မဟာဗျူဟာမြောက် လက်တွဲဘက်များနှင့် ဆွေးနွေးနေသည်ဟု ကုမ္ပဏီအမှုဆောင်ဒါရိုက်တာ ဆူပါစစ်ဆခွန်တာနာရတ်က ပြောကြားသည်။

ကုမ္ပဏီ ဥက္ကဋ္ဌ ဘားနဒ်ရန်းက ဒါ့အပြင် မန္တလေး (သို့) ရန်ကုန်မှာတည်ဆောက်ဖို့ရှိတဲ့ နောက်ထပ်စီမံကိန်းအတွက် ဒုတိယမြောက်စာချွန်လွှာကိုလည်း ဆွေးနွေးညှိနှိုင်းနေပါသည်။ နောက်စီမံကိန်းကတော့ ၂၀၀ မီဂါဝပ်ကျော်ကျော် ထုတ်လုပ်နိုင်မှာဖြစ်ပြီး ဒီနှစ်အတွင်း သဘောတူညီမှုရရှိဖို့ ပြင်ဆင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်ဟု ပြောကြားပါသည်။

လက်ရှိမြန်မာတစ်နိုင်ငံလုံး၏ ၂၆% သာ လျှပ်စစ်မီးသုံးနိုင်ပြီး၊ လျှပ်စစ်မီးရရှိသော ကျေးလက်ဒေသမှာ ၄% မျှသာ ရှိသည်ဟုသိရသည်။


 မြန်မာနိုင်ငံမှ ဒီမိုကရေစီ ဆက်လက်ပြုပြင်ပြောင်းလဲမူများကို တိုက်တွန်းအားပေး

(VOA မှ 8 May 2013 ရက်စွဲပါ  “ Encouraging further democratic reforms in Burma “ ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်။)

အမေရိကန်ပြည်ထောင်စုသည် ပိုမိုပွင့်လင်းသောဒီမိုကရေစီနိုင်ငံဖြစ်လာအောင်ကြိုးပမ်းနေသော မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုကို အားပေးရန် ဆောင်ရွက်ချက်အတော်များများ ပြုလုပ်ခဲ့ပါသည်။ လတ်တလောတွင်လည်း မြန်မာအကြီးတန်းအာဏာပိုင်များ၊ စစ်အုပ်ချုပ်ရေးမှ အမြတ်ထွက်ခဲ့သူများအပေါ် ယခင်ကချမှတ်ထားခဲ့သော ပြည်ဝင်ဗီဇာ ပိတ်ပင်မှုကို ရုတ်သိမ်းပေးခဲ့သည်။ သို့သော် မြန်မာတို့ကို အလေးထားသည့်အနေဖြင့် စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ တရားဝင် လုပ်ပိုင်ခွင့်ကိုမူ ထပ်မံသက်တမ်းတိုးခဲ့သည်။

မြန်မာအရပ်ဖက်အစိုးရက ပြုပြင်ပြောင်းလဲမှုကို ဆက်လက်လုပ်ဆောင်နေသည့်အလျောက် အမေရိကန် ပြည်ထောင်စုကလည်း ယခင်ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆို့ထားသော Sanctions များကို ဒီမိုကရေစီ ကူးပြောင်းရေးတွင် နှောင့်ယှက်နေသူများအပေါ် ပစ်မှတ်ထားသော “ အကန့်အသတ် Sanctions” များ အဖြစ်သို့ ဖြေလျော့ ပြောင်းလဲပေးလျက်ရှိသည်။ ပြီးခဲ့သောသီတင်းပတ်က ဆောင်ရွက်ချက်များကြောင့် အမေရိကန်ပြည်ထောင်စု အနေဖြင့် အသစ်ပြန်လည်စတင်နေသော နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများမှ အမြတ်ထုတ်ကြမည့် ပြဿနာကောင်ပုဂ္ဂိုလ်များနှင့် ကုမ္ပ္ပဏီများကို ဆက်လက်ဘေးဖယ်ထားခွင့် ရရှိစေမည် ဖြစ်သည်။

၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းထားခဲ့သော ဗီဇာပိတ်ပင်မှုသည် တပ်မတော်အစိုးရ တာဝန်ရှိသူများ၊ စစ်ဖက် တာဝန်ရှိသူများနှင့် မိသားစုဝင်များအား အမေရိကန်ပြည်ဝင်ခွင့် တားမြစ်ထားခြင်းဖြစ်သည်။ ယင်းပိတ်ပင်မှုကို ယခုရုတ်သိမ်းပေးလိုက်ခြင်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အားပေးထောက်ခံသူများ အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရာတွင် လွယ်ကူချောမွေ့သွားစေသည့် အရေးကြီးသောဆောင်ရွက်ချက်တစ်ခုဖြစ်သည်။ ထို့အပြင် သတင်းအချက်အလက် ဖလှယ်ရေး၊ နှစ်နိုင်ငံပြည်သူများအချင်းချင်း ကူးလူးဆက်ဆံမှုတို့ကိုလည်း လွယ်ကူသွားစေလိမ့်မည်။ သို့သော် လူအခွင့်အရေးချိုးဖောက်မှုကိုကြိုးကိုင်သူ (သို့) အပြောင်းအလဲကိုဟန့် တားသူ မြန်မာအာဏာပိုင်အချို့အပေါ် ဗီဇာပိတ်ပင်မှုအပါအဝင် အခြားဗီဇာတားမြစ်မှုအချို့ကိုမူ ဆက်လက် ချမှတ်ထားဦးမည်ဖြစ်သည်။

အထက်ပါဆောင်ရွက်ချက်နှစ်ခုသည် မြန်မာတို့၏ဒီမိုကရေစီကူးပြောင်းရေး၊ လူ့အခွင့်အရေး ကတိကဝတ်များ အကောင်အထည်ပေါ်အောင် တိုက်တွန်းရင်း ဆက်လက်ပြုပြင်ပြောင်းလဲအောင် ထိထိရောက်ရောက် အားပေးသွားမည့် အမေရိကန်ပြည်ထောင်စု၏ စံချိန်မှီနည်းလမ်းနှင့်လည်း တစ်သားတည်းကိုက်ညီမှုရှိသည်။

သမ္မတ ဦးသိန်းစိန်၏ လက်အောက်တွင် မြန်မာအရပ်ဖက်အစိုးရသည် အရေးကြီးသော လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးကိုဦးတည်ကာ အရေးပါသောဆောင်ရွက်ချက်များကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ ၎င်းဆောင်ရွက်ချက်များထဲတွင် အတိုက်အခံနိုင်ငံရေးသမားများကို ထိထိရောက်ရောက်ပါဝင်ခွင့်ရအောင် လွှတ်တော် တံခါးဖွင့်ပေးသည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခြင်း၊ သတင်းစာဆင်ဆာနှင့် ချုပ်ချယ်မှုများ ရုတ်သိမ်းပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများစွာကိုလွှတ်ပေးခြင်း တို့ပါဝင်သည်။

ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မြန်မာအစိုးရဆက်ရှိနေသရွေ့ အမေရိကန်ပြည်ထောင်စုသည်လည်း မြန်မာနိုင်ငံအား ပိုမို ပွင့်လင်း၊ လွတ်လပ်၊ ကျယ်ပြန့်သော လူ့အဖွဲ့အစည်းဖြစ်လာစေရန် ကူညီအားပေးသွားမည့် ကတိကဝတ်ကို ဆက်လက်ဆုပ်ကိုင်သွားမည်ဖြစ်သည်။


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive