Transparency Myanmar

transparency.myanmar@gmail.com

WEEK IN ECONOMIC
Document WEEK IN ECONOMIC

Snapshot of the item below:
WEEK IN ECONOMIC

တပတ်အတွင်းစီးပွားရေးသတင်း

တစ်ပတ်အတွင်း စီးပွားရေးသတင်းများကို စာဖတ်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင်ပြလိုက် ပါသည်။

သတင်းအဖွဲ့

(၁) ကုန်သွယ်ရေးမူဝါဒသစ်

မန်မာနိုင်ငံ၏ ကုန်သွယ်စီးပွားရေးစီးဆင်းမှုတွင် အဓိကကျသည့် ပို့ကုန်ကဏ္ဍတိုးတက်ရေးအတွက် ကုန်သွယ်ရေး မူဝါဒကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း ( World Trade Organization) ၏အကူအညီဖြင့် ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ရေးဆွဲသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏လက်ရှိကျင့်သုံးနေသော ကုန်သွယ်ရေးမူဝါဒသည် ပြုပြင်ပြောင်းလဲလာသော စီးပွားရေးစနစ်သစ် များနှင့် အံမဝင်သဖြင့် အသစ်ရေးဆွဲရန် လိုအပ်လျက်ရှိကြောင်း ပြည်ပပို့ကုန်လုပ်ငန်းရှင်များက ပြောကြား ထားခဲ့သည်။ ယခုလက်ရှိ ကုန်သွယ်ရေးမူဝါဒသည် ဆိုရှယ်လစ်ခေတ်ကတည်းက ရေးဆွဲထားခြင်းဖြစ်သော ကြောင့် ဆိုရှယ်လစ်စနစ်ကို အားပေးသော မူဝါဒဖြစ်ကာ ခေတ်နှင့်လိုက်လျောညီထွေမှုမရှိသဖြင့် အသစ်ပြန်လည်ရေးဆွဲခြင်းရခြင်းဖြစ်ပြီး ကုန်သွယ်ရေး မူဝါဒသစ်တွင် ပို့ကုန်မြှင့်တင်မှုကို အားပေးသော Export Leading မူဝါဒများ ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်သည်။

မြန်မာ့ဈေးကွက်စီးပွားရေးစနစ်အတွက် ကုန်သွယ်ရေးမူဝါဒအသစ်များ ရေးဆွဲအကောင်အထည်ဖော်ရာတွင် စည်းမျဉ်းဥပဒေအချို့အား လျှော့ချပေးရန်၊ အစိုးရမှ ထိန်းချုပ်ထားခြင်းကို လျှော့ချပေးရန် စသည့်အချက်များကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(၂) ရင်းနှီးမြှုပ်နှံမှု

MIC ၏ ဥက္ကဋ္ဌနေရာအပြောင်းအလဲ

Photo Credit by httphlaoo1980.blogspot.com

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်( MIC ) ကို နိုင်ငံတော်သမ္မတရုံးအမိန့်ကြေညာစာအမှတ် ၄၂/၂၀၁၃ ဖြင့် ယခုလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယခင်ကော်မရှင်ဥက္ကဋ္ဌနေရာတွင် တာဝန်ယူထားသော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ နေရာတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောင်းလဲတာဝန်ယူ ထားပြီး အတွင်းရေးမှူး အဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က တာဝန်ယူထားခဲ့သည်။

MIC ကိုပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း လုပ်ဆောင်ပေးနေသည့် အပိုင်းများတွင်မူ ယခင်မူဝါဒများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - တိုင်ဝမ်

တိုင်ဝမ် အခြေစိုက်ကုမ္ပဏီ ၃၁ ခုပါဝင်သော Taiwan Trade Center မှ စီးပွားရေးလုပ်ငန်းရှင် ၄၅ ဦးနှင့် စီးပွားရေး ဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၁၀ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်တွင် ကျင်းပသွားမည်ဖြစ် ကြောင်း သိရှိရသည်။ အဆိုပါ စီးပွားရေး ဆွေးနွေးပွဲတွင် မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် အပိုပစ္စည်းလုပ်ငန်း၊ အထည်ချုပ်နှင့် ဆေးဆိုးပါးရိုက်လုပ်ငန်း၊ ဗီနိုင်းနှင့်ပုံနှိပ်ခြင်းလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ဖုန်းနှင့် ကွန်ပြူတာ ပစ္စည်းလုပ်ငန်း စသည့်လုပ်ငန်းများအပါအဝင် လုပ်ငန်း ပေါင်း ၁၆ မျိုးအား မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရှိရ သည်။

မန်မာ - အိန္ဒိယ

အိန္ဒိယနိုင်ငံ ကုန်သည်ကြီးများအသင်း ICC သည် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုအသင်းချုပ် UMFCCI နှင့် ချိတ်ဆက်ကာ မုံရွာမြို့ မြို့တော်ခန်းမတွင် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ ဒေသဆိုင်ရာရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကို မေလ ၂၇ ရက်မှ မေလ ၃၁ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယပြည်နယ် ဝန်ကြီးချုပ်များ နှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ၈၀ ကျော်တက်ရောက်မည် ဖြစ်ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး သွားမည်ဖြစ်သည့်အပြင် နှစ်နိုင်ငံထုတ်ကုန် ပစ္စည်းများကိုလည်း ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မန်မာ - ထိုင်း

ထိုင်းနိုင်ငံမှ စက်မှုကုန်ထုတ်လုပ်ငန်းရှင်ကုမ္ပဏီ ၁၆ ခုနှင့် မြန်မာနိုင်ငံတိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမည့် စီးပွားရေးပြောဆိုဆွေးနွေးပွဲ ( Business Matching ) ကို မေလ ၁၇ ရက်နေ့ တွင် ပြုလုပ် သွားမည်ဖြစ်သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရန်အတွက် Global Business Link Co.,Ltd နှင့် ထိုင်းနိုင်ငံမှ Department of Industrial Promotion (DIP) တို့ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် လျှပ်စစ်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ကားအလှဆင်ပစ္စည်းနှင့် ကားဘီးများ၊ CCTV နှင့်အသံစနစ်၊ စက်ရုံလုပ်ငန်းပစ္စည်းအမျိုးမျိုးအပါအဝင် ကုန်ပစ္စည်း (၁၆) မျိုးခန့်ကို အကျိုးပူးပေါင်း၍ ရင်းနှီးမြုပ်နှံရန်အတွက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၃) ဘဏ္ဍာရေးကဏ္ဍ

ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေးချေးငွေသစ်

Photo Credit by www.gbld.org

ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး၊ ပညာရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် လာမည့် နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် နှစ်ရှည်ထုတ်ချေးရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြား ချက်အရ သိရှိရသည်။ အဆိုပါချေးငွေများကို ပညာရေးနှင့် လျှပ်စစ်စွမ်းအင် ကဲ့သို့သော မြန်မာနိုင်ငံ၏ အားနည်း သည့် ကဏ္ဍများတွင်သုံးစွဲသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အပံ့ငွေ ဒေါ်လာသန်း ၈၀ ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေး၊ လျှပ်စစ်ဓါတ် အားစီမံကိန်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲ့မှုတိုးတက်ရေး စီမံကိန်းများအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရှိရ သည်။

စံချိန်တင်အခွန်ဝင်ငွေ

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံရရှိထားသော အခွန်ဝင်ငွေသည် အခွန်ကောက်ခံရရှိမှု သက်တမ်းတစ်လျှောက်တွင် အမြှင့်ဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ ညွန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောကြားခဲ့သည်။ ထို့သို့ တိုးပွားလာရခြင်းမှာ အခွန်နှုန်းထားများကို ပွင့်လင်း မြင်သာ မှုရှိရန် ပြုလုပ်နေခြင်း၊ အခွန်ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းနှင့် ကွင်းဆင်းလေ့လာရေး လုပ်ငန်းများ ဆောင်ရွက်နေ ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် အခွန်ငွေကျပ် ၁,၅၅၀ ဘီလီယံရရှိရန် လျာထားခဲ့သော်လည်း အခွန်ငွေ ကျပ်ဘီလီယံ ၂,၇၀၀ ကျော်အထိရရှိခဲ့သောကြောင့် လျာထားချက်ထက် ၁,၁၅၀ ဘီလီယံကျော် ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။

(၄) ကုန်သွယ်မှုဆိုင်ရာ

မူဝါဒသစ်နှင့် နည်းပညာလိုအပ်ချက်

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် ဖွံ့ဖြိုးမှုအားကောင်းသည့် ပြည်ပနိုင်ငံများမှ နည်းပညာ အကူအညီများ ရယူရန်လိုအပ်လျက်ရှိကြောင်း စီးပွား/ကူသန်းပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။ လက်ရှိ တွင်မြန်မာ နိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရန် ပထမခြေလှမ်းအဖြစ် ကုန်သွယ်ရေးမူဝါဒကို ၂၀၁၃ ခုနှစ်အပြီး ပြင်ဆင်ရေးဆွဲ လျက်ရှိ သည်။

ပို့ကုန်ဆိုင်ရာမဟာဗျူဟာ

ထို့အပြင် ပို့ကုန်ဆိုင်ရာ မဟာဗျူဟာရေးဆွဲရန်အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကောင်စီ ( ITC ) နှင့် စီးပွားကူးသန်းဝန်ကြီးဌာနတို့ ပူးပေါင်းကာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် မေလ ၂ ရက်နေ့မှ စတင်ကာ သုံးရက် ကြာ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ( ၁၈ ဒသမ ၅ ) ဘီလီယံ အထိ မြင့်တက်လာသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံ၏ နှစ်လတာကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ ၁၉ ဘီလီယံ ကျော်ရှိ ကြောင်း သိရှိရသည်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

WEEK IN INTERNATIONAL AFFAIR
Document WEEK IN INTERNATIONAL AFFAIR

Snapshot of the item below:
WEEK IN INTERNATIONAL AFFAIR

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ သတင်းများ

ယခုတစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အခြေအနေများကို စာဖတ်သူများ သိစေရန် အလို့ငှာ  Yangon Chronicle မှ စုစည်းတင်ပြအပ်ပါသည်။

သတင်းအဖွဲ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆောက်အဦးပြိုကျမှုနှင့် ဘာသာရေးဆိုင်ရာပဋိပက္ခများ

Photo Credit by Reuters

ဧပြီလ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သော အဆောက်အဦးပြိုကျမှုတွင် သေဆုံးသူအရေအတွက်သည် ယနေ့တွင် ၇၈၂ ယောက်အထိရှိနေပြီ ဖြစ်သည်။ အဆောက်အဦး ပိုင်ရှင်လည်းဖြစ်၊ အဆောက်အဦးထဲတွင်ရှိသော အထည်ချုပ်ပိုင်ရှင်လည်းဖြစ်သူ မိုဟာမက် ဆိုဟဲလ် ရာနာ (Mohammed Sohel Rana) ၏ ပိုင်ဆိုင်မှုများအား သိမ်းဆည်းထိန်းချုပ် ထားရန် အာဏာပိုင်များက အင်္ဂါနေ့တွင် အထက်တရားရုံးမှ အမိန့်ချခဲ့သည်။ အဆောက် အဦးပြိုကျခြင်းနှင့် ပတ်သက်၍ အဆောက်အဦး အင်ဂျင်နီယာ အပါအ၀င် လူ ၉ ယောက် ထက်မနည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

ထို့အပြင်  ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် ဘာသာရေးကိုစော်ကားပြောဆိုခြင်းဆိုင်ရာ ဥပဒေသစ် တစ်ရပ်တောင်းဆိုမှုဖြင့် များစွာသော အစ္စလာမ်မ္မစ်များနှင့် ရဲများကြား ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ပြင်းထန်သော ဆန္ဒပြမှုများတွင် ရဲများ၏နှိမ်နှင်းမှုကြောင့် အစ္စလာမ်မ္မစ် ပေါင်း ၂၂ ဦးထက် မနည်းသေဆုံးခဲ့ရကြောင်း သိရှိရသည်။ ယင်းအကြမ်းဖက်မှုများသည် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းမှဖြစ်ပွားခဲ့ကာ တနလာင်္နေ့အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။

 

မလေးရှားနိုင်ငံ၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲ ရလဒ်

 

Photo Credit by AFP

မေလ ၅ ရက်နေ့ စနေနေ့တွင် ကျင်းပခဲ့သော မလေးရှားရွေးကောက်ပွဲတွင် လက်ရှိ အုပ်ချုပ်နေသည့် ၀န်ကြီးချုပ် ဘက်ဒူလာ ဘာဒါဝီ (Abdullah Badawi) ၏ ညွှန့်ပေါင်း အစိုးရအဖွဲ့ အနိုင်ရရှိခဲ့သည်။ အဓိကယှဉ်ပြိုင်ခဲ့သော အဖွဲ့နှစ်ခုမှာ ညွန့်ပေါင်းအဖွဲ့နှင့် ပိုမိုလွတ်လပ်သော လူမှုပတ်ဝန်းကျင်ကို ဖန်တီးမည်ဟု ကတိပြုထားသည့် အတိုက်အခံအဖွဲ့တစ်ဖွဲ့ တို့ဖြစ်သည်။   မလေးရှား နိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၏ မဲပေးစနစ်များသည် အားနည်းချက်များ များစွာရှိနေပြီး တရားမျှတမှု မရှိဟု လွတ်လပ်သောရွေးကောက်ပွဲစောင့်ကြည့်သည့်အဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။ အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်သူ အန်ဝါအီဘရာဟင် ကမူ မဲမသမာမှုများကို ဖော်ထုတ်၍ ရွေးကောက်ပွဲ၏ ဆိုးရွားသော ရလဒ်ကို ဆန့်ကျင်ဆန္ဒပြမှုများလုပ်ဆောင်သွားမည် ဟုပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဆန္ဒပြမှုများကို ရဲတပ်ဖွဲ့ က အရေးယူမည်ဟုပြောကြားထားခဲ့သော် လည်း လူပေါင်းလေးသောင်းလောက်ဟာ ကွာလာလမ်ပူမြို့၏ အားကစားရုံတွင် စုဝေးခဲ့ကြကြောင်းသိရသည်။

 

ပါကစ္စတန်ရွေးကောက်ပွဲမကျင်းပမီ ဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခများ

              မေ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါကစ္စတန်ရွေးကောက်ပွဲတွင် အသေခံဗုံးဖောက်ခွဲမှုများ လုပ်ဆောင် သွားမည်ဟု တာလီဘန်များက ခြိမ်းခြောက်နေသည်။ ယခု ရွေးကောက်ပွဲတွင် ယခင်ဝန်ကြီးချုပ်ဟောင်း  နာဝပ်ဇ် ရှာရစ်ဖ် သာအနိုင်ပြန်ရရန် ရှိနေသည်။    တာလီဘန်ခေါင်းဆောင် ဟာကီမူလာဆွတ်သည် တာလီဘန်စစ်သွေးကြွများ အား နိုင်ငံတစ်ဝန်းရွေးကောက်ပွဲကျင်းပမည့်နေရာများတွင်  အသေခံဗုံးဖောက်ခွဲ မှုများပြုလုပ်ရန် ညွှန်ကြားထားသည်ဟု သိရှိရသည်။ ယင်းကဲ့သို့ သတင်းများကြောင့် ပါကစ္စတန်အစိုးရသည် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် လုံခြုံရေး ၆၀၀၀၀၀ ကျော်ချထားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။ တာလီဘန်များသည် ပါကစ္စတန်ပြည်သူ့ပါတီ (PPP) နှင့် ၎င်းတို့၏ အဓိကမိတ်ဖက်များ မဲဆွယ်စဉ် အချိန်အတွင်းတွင်လည်း တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။ ယင်းကဲ့သို့ တိုက်ခိုက်မှု များကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး ဒဏ်ရာအများအပြားလည်း ရရှိခဲ့ကြပါသည်။ တာလီဘန်များသည်  ပါကစ္စတန် ၏ဒီမိုကရေစီလမ်းလျှောက်လှမ်းခြင်းကို ဆန့်ကျင်သောအနေဖြင့် ရွေးကောက်ပွဲတွင်ပါဝင်သူများအား  ပစ်မှတ်ထား၍တိုက်ခိုက်နေခြင်း ဖြစ်သည်။့

ယင်းကဲ့သို့ ခြိမ်းခြောက်မှုများဖြစ်ပေါ်နေစဉ်အတွင်းမှာပင် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ယူဆွတ်ရာဇာဂီနီ ၏သားဖြစ်သူ အလီ ဟေဒါ ဂီလာနီ အား သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်၍ ပြန်ပေးဆွဲခြင်း ဖြစ်ပွားခဲ့သည်။ မူလ်တန်မြို့ထဲတွင် ကျင်းပမည့် လူထုစုဝေးပွဲသို့အသွား လမ်းတွင် တိုက်ခိုက်ခံ ခဲ့ရခြင်းဖြစ်ပါသည်။ တိုက်ခိုက်မှုများတွင် မစ္စတာဂီလာနီ၏ လူတစ်ဦးလည်း သေဆုံးခဲ့ရပါသည်။ ယင်းတိုက်ခိုက်မှုအား တာလီဘန်များက ယင်းတို့လုပ်ဆောင်သည်ဟု ပြောကြားခြင်းမရှိသေးပေ။

မြောက်ကိုရီးယားနိုင်ငံတွင် ထိန်းသိမ်းထားခံရသော အမေရိကန်နိုင်ငံသား

              အစိုးရဆန့်ကျင်ရေးပြစ်မှုဖြင့် မြောက်ကိုရီးယားနိုင်ငံတွင် ၆ လကြာထိန်းသိမ်းထားခံရသော ကိုရီးယား-အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ ကန်းနက်ဘေး အားအလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်ပြစ်ဒဏ်ချမှတ် လိုက်ကြောင်းသိရှိရသည်။ မြောက်ကိုရီးယားမီဒီယာသည် ကန်နက်ဘေးသည် အစိုးရဖြုတ်ချရန် ကြိုးပမ်းမှုနှင့် မြောက်ကိုရီးယားနိုင်ငံအား ဆန့်ကျင်သည့် ပြစ်မှုများအားဝန်ခံကြောင်းဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ တတိယမြောက်နျူကလီးယားစမ်းသပ်မှုအပြီး အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားအကြား တင်းမာမှု များဖြစ်ပေါ်နေစဉ် ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုကိစ္စရပ်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ယင်းကဲ့သို့ ပြစ်ဒဏ်ပေး ထောင်ချမှုအား အမေရိကန်နိုင်ငံမှ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

ဆီးရီးယားနိုင်ငံငြိမ်းချမ်းရေး ပူးတွဲဆောင်ရွက်ရန် အမေရိကန်နှင့် ရုရှား သဘောတူ

ဆီးရီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက်နိုင်ငံတကာ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်နိုင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်ရုရှားသမ္မ ဗလာဒီမာပူတင်တို့ မေလ ၇ ရက်နေ့က သဘောတူ ညီခဲ့ကြသည်။ အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံတို့ ပူးပေါင်း၍ ဆီးရီးယားအစိုးရနှင့် အတိုက်အခံအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ကြိုးစားသွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများ

မေလ ၅ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်အစိုးရအဖွဲ့အား လူပေါင်း နှစ်သောင်းကျော် ဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့သည်။ မေလ ၅ ရက်နေ့သည် ရုရှားအစိုးရမှ အတိုက်အခံများအား ဖမ်းဆီးထောင်ချ သည့် တစ်နှစ်ပြည့်သည့်နေ့လည်း ဖြစ်သည်။ ပူတင်အစိုးရလက်ထက်တွင် ဖြစ်ပေါ်နေသည့် အကျင့်ပျက်မှုများ အဆုံးသတ်ရန်၊ နိုင်ငံရေးလွတ်လပ်ခွင့်များရရှိရေးနှင့် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ယင်း ဆန္ဒပြမှုတွင် မော်စကိုမြို့ရှိ ရဲ ၈၀၀၀ နီးပါး လုံခြုံရေးရယူခဲ့ရပြီး ဆန္ဒပြသူ ၆ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

WTO ၏အကြီးအကဲအဖြစ်ရွေးချယ်ခံရသော ဘရာဇီးသံအမတ်ကြီး ရိုဘာတို အဇေဗီရဲဒို

Photo Credit by AFP

WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ လက်ရှိ အကြီးအကဲဖြစ်သူ ပတ်စ်ကယ်လ် လမီ ၏နေရာအား လက်တင် အမေရိကတိုက်သားတစ်ဦးဖြစ်သူ ဘရာဇီးသံအမတ်ကြီး ရိုဘာတို အဇေဗီရဲဒို အား တာဝန်ထမ်းဆောင်ရန် ရွေးချယ်လိုက်ပါတယ်။ ပထမဆုံး လက်တင်အမေရိကတိုက်သားအား ရွေးချယ်ခြင်း ဖြစ်ပြီး စက်တင်ဘာလတွင် တာဝန်လွှဲပြောင်းထမ်းဆောင်ရမည် ဖြစ်ပါသည်။ BRIC ဟုခေါ်သော စီးပွားရေး ထွန်းသစ်စနိုင်ငံများ အဖွဲ့ဝင်နိုင်ငံ တစ်ခုမှ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးအား ဦးဆောင်ရန် ပထမဆုံး ရွေးချယ်ခံရခြင်းလည်း ဖြစ်သည်။ လယ်ယာထွက်ကုန်တွေများအတွက်  အထောက်အပံ့ပေးရေးကိစ္စ၊ ထုတ်ကုန်ပစ္စည်းများအပေါ် အခွန်သတ်မှတ်သည့် ကိစ္စနှင့်  ကမ္ဘာ့ဈေးကွက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများဝင်ရောက်နိုင်ရန် အခွင့်အလမ်းများနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများ ကြားတွင်  သဘောတူညီမှု ရရှိရန် အခက်အခဲများ၂၀၀၁ ခုနှစ်ထဲက ညှိနှိုင်း၍မရသေးသော ကိစ္စရပ်များဖြစ်သည်။ ယင်းကိစ္စရပ်များသည် WTO ၏ အကြီးအကဲအသစ်အဖြစ်တာဝန်ထမ်းဆောင်ရာတွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများလည်း ဖြစ်ပါသည်။ ၆ လခန့်ကြာမြင့်အောင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အကြီးအကဲသစ်ရွေးချယ်မှုတွင် မစ္စတာ ရိုဘာတို အဇေဗီရဲဒို အားရွေးချယ်ခံရမှုအပေါ်တွင် ဘရာဇီးသမ္မတ Dilma Rousseff ကကြိုဆိုခဲ့ပြီး WTO အဖွဲ့ကြီးအတွက် အောင်မြင်ဖြစ်သည်ဟု ထုတ်ပြောပြောကြားခဲ့ကြောင်း သိရှိရပါသည်


 

 

              

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive