Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အိုဘားမားကမြန်မာနိုင်ငံကို ဆက်လက်ထောက်ခံရန် ကတိပြု

(20 May 2013 ရက်စွဲပါ Chron မှ Matthew Pennington နှင့် Nedra Pickler တို့ရေးသားသော Obama vows US support as Myanmar leader visits ကို ဘာသာပြန်ပါသည်။)

  1. မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ အဆုံးသတ်ရန် ဘန်ကီမွန်း တိုက်တွန်း

(19 May 2013 ရက်စွဲပါ BBC News မှ Ban Ki-moon urges North Korea to end missile tests သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. တရုတ်ဝန်ကြီးချုပ် Li Keqiang ၏ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်

(BBC News မှ မေလ ၁၉ ရက်နေ့ပါ China Premier Li Keqiang in India for first foreign trip သတင်းကို ဘာသာပြန်ဆိုသည်။)


အိုဘားမားကမြန်မာနိုင်ငံကို ဆက်လက်ထောက်ခံရန် ကတိပြု

(20 May 2013 ရက်စွဲပါ Chron မှ Matthew Pennington နှင့် Nedra Pickler တို့ရေးသားသော Obama vows US support as Myanmar leader visits ကို ဘာသာပြန်ပါသည်။)

Photo Credit by Online

သမ္မတ Barack Obama သည် တနင်္လာနေ့က ကာလကြာရှည်ကစောင့်စားခဲ့ရသော အိမ်ဖြူတော်တွင် မြန်မာ သမ္မတနှင့် တွေ့ဆုံရာ၌ မြန်မာခေါင်းဆောင်၏ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်  အခက်အခဲများကြားမှ ဦးဆောင်ပေးမှု အပေါ် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပြီး၊ အမေရိကန်ကဆက်လက်ထောက်ခံမည် ဖြစ်ကြောင်းကို သေချာစေရန် ထပ်မံပြောကြားခဲ့ပါသည်။

အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် စတင်ထိုင်မိသည်နှင့် Obama ကစတင်စကားပြောခဲ့ပါသည်။ တက်ကြွလှုပ်ရှားသူ များကမူ တိုင်းပြည်ရှိလူ့အခွင့်အရေးအခြေအနေများကြောင့် ဖိတ်ကြားမှုကို ကန့်ကွက်ခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံ အတွက် ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနှင့် အထီးကျန်ပြုခံရမှုများပြီးနောက် နိုင်ငံတကာ၏ လက်ခံမှုအတွက် အချိုးအကွေ့ ပြောင်းသွားမှုအား ကမ္ဗည်းထိုးမှုတစ်ခုဖြစ်ပါသည်။

Obama က ဦးသိန်းစိန်၏နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးပါသော တင်းမာမှုများရပ်ဆိုင်သွားစေခြင်းအတွက် အမှတ်ပေးခဲ့ပါသည်။

“ကျွန်တော်တို့အနေနဲ့ အဆွေတော်ရဲ့မြန်မာနိုင်ငံလမ်းကြောင်းသစ်ပေါ်မှာ ဦးဆောင်မှုပေးနိုင်တဲ့အတွက် အသိအမှတ်ပြုပါတယ်။ အဆွေတော်ရဲ့ကြိုးပမ်းမှုတိုင်းကို အမေရိကန်အနေနဲ့ ကူညီမှုတွေပေးမယ်ဆိုတာ သိစေလိုပါတယ်။ မြန်မာပြည်အနေနဲ့ ခက်ခဲပြီးရှည်လျားတဲ့ခရီးရှိပေမယ့်၊ နောက်ဆုံးမှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ သွားရမယ်လို့ ကျွန်တော်သိထားပါတယ်” ဟု Obama ကပြောပါသည်။

ဝါရှင်တန်ရှိတက္ကသိုလ်တစ်ခုတွင် ဦးသိန်စိန်ကမိန့်ခွန်းပြောကြားရာတွင် အမေရိကန်-မြန်မာဆက်ဆံရေး၏ ခေတ်သစ်အတွက် တိုက်တွန်းခဲ့ပါသည်။ ပြည်တွင်းစိန်ခေါ်မှုများနှင့် ပတ်သက်၍ ၎င်းက ဗုဒ္ဓဘာသာနှင့် လူနည်းစုမူဆလင်များ ကြားဖြစ်ပွားသော လူမျိုးရေးအကြမ်းဖက်မှုများသည် ရပ်သွားရမည်ဖြစ်ကြောင်း၊ ကျူး လွန်သူများကို တရားဥပဒေအရ အရေးယူလျက်ရှိကြောင်း ကတိပြုပြောဆိုခဲ့ပါသည်။

Obama ကမြန်မာနိုင်ငံရှိ မူဆလင်များအပေါ် အကြမ်းဖက်မှုများအပေါ် စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့ပါသည်။ “ လူတွေအိုးမဲ့အိမ်မဲ့ဖြစ်ရတာတွေ၊ သူတို့အပေါ်အကြမ်းဖက်မှုတွေရပ်တန့်သွားဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောပါသည်။

Obama ကပြောကြားရာတွင် ၎င်းတို့သည် ဦးသိန်းစိန်၏ နိုင်ငံရေးအကျဉ်းသားများပိုမိုလွှတ်ပေးရေးအ တွက် ရည်ရွယ်ချက်များ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် တရားဥပဒေစိုးမိုးရေးအတွက် အင်စတီကျူးရှင်းများ ခိုင်မာအောင် လုပ်ဆောင်ရေး၊ သို့မှသာ ခံနိုင်ရည်ရှိပြီး၊ တိုင်ရင်းသားပဋိပက္ခများရပ်ဆိုင်းသွားအောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟုဆိုပါသည်။ “ သမ္မတဦးသိန်းစိန် ပထမဆုံးဝန်ခံထားသလို၊ ခရီးရှည်ကြီး တစ်ခုဖြစ်သလို လုပ်ဆောင်စရာ များလည်း အများကြီးရှိနေပါသေးတယ်” ဟု ၎င်းကပြောပါသည်။

ဦးသိန်းစိန်သည် ယခင် ဖိနှိပ်သောစစ်အစိုးရအောက်တွင် တာဝန်ထမ်းဆောင်စဉ်က ယခုအိမ်ဖြူတော်နှင့် ကွန်ဂရက်တို့တွင် တွေ့ဆုံဆွေးနွေးမှုများလုပ်ရန် လုံးဝဖြစ်နိုင်မည်မဟုတ်ပေ။ ပြီးခဲ့သည့်စက်တင်ဘာလက ၎င်းအား အမေရိကန်သို့လာရောက်ရန်တားမြစ်ထားခြင်းကို ပယ်ဖျက်ပေးခဲ့ပါသည်။

လွန်ခဲ့သောခြောက်လက Obama သည် လက်ရှိသမ္မတတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့သွားရောက် လည်ပတ်သော ပထမဦးဆုံး သမ္မတဖြစ်လာပါသည်။ အမေရိကန်အစိုးရ၏ မြန်မာဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံမှုများသည် စစ်တပ်က အရပ်သားများအပေါ် ထိန်းချုပ်မှုများဖြေလျော့ပေးရေးနှင့် တရုတ်အပေါ်မှီခိုမှုများ လျော့ချရေးတွင် အရေးကြီးသော မက်လုံးများ ပေးသကဲ့သို့ ရှိပါသည်။

အမေရိကန်သည် တင်းကြပ်သောစီးပွားရေးအရ အရေးယူမှုများကို ဖြေလျော့ပေးခြင်းဖြင့် မြန်မာနိုင်ငံ အပေါ်ဆုလဒ်ပေးခဲ့ပြီး၊ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏ မတို့မထိရသေးသော ဈေးကွက်သစ်သို့ဝင်ရောက်ရန် ဆန္ဒပြင်းပြနေသော အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များကို မိန့်ခွန်းပြောမည်ဖြစ်ပါသည်။

ပြီးခဲ့သည့်လက အမေရိကန်သည် ၎င်း၏ဈေးကွက်တွင် မြန်မာပစ္စည်းများအကောက်ခွန် ကင်းလွတ်ခွင့်ပေးရေး စဉ်းစားနေသည်ဟု ကြေညာခဲ့ပြီး၊ အင်္ဂါနေ့တွင် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် သတ်မှတ်ချက်မူများ သဘောတူညီချက်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးမည်ဖြစ်ပါသည်။

Obama သည် အမေရိကန်အစိုးရသုံးနေကျ “Burma“ ဟူသောအသုံးအနှုန်းမှ ဖယ်ခွာ၍ “Myanmar” ဟူသော အသုံးအနှုန်းကို အကြိမ်ကြိမ်ညွှန်းဆို အသုံးပြုခဲ့ပါသည်။ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Jay Carney က ပြောကြားရာတွင် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံမှ ရည်မှန်းချက်ကြီးမားသည့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများကို လေးစားမှုရှိကြောင်း သံတမန်ရေးအရလေးစားမှုကိုပြသသည့်အနေဖြင့် “Myanmar” ဟု ကန့်သတ်ချက်ဖြင့် အသုံးပြုရန် စတင်ခွင့်ပြုခဲ့သည်ဟု ဆိုပါသည်။

မြန်မာခေါင်းဆောင်တစ်ဦး အိမ်ဖြူတော်သို့ နောက်ဆုံးရောက်ရှိခဲ့မှုမှာ 1966 ခုနှစ် စက်တင်ဘာလက ဦးနေဝင်း ရောက်ရှိခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံကိုဒေသတွင်းဆန်အိုးကြီးအဖြစ်မှ စီးပွားရေးအရ အခြေအနေဆိုးအောင် လုပ်ဆောင်ခဲ့သူ အာဏာရှင်ဖြစ်ပါသည်။

လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် မြန်မာလှုပ်ရှားသူများက အမေရိကန်အစိုးရ၏ ဦးသိန်းစိန်ကို ဖိတ်ခေါ်မှုအား ပြင်းထန်စွာဝေဖန်ခဲ့ပြီး၊ မြန်မာနိုင်ငံကိုပေးလိုသော သတင်းစကားမှားယွင်းကြောင်းနှင့် နောက်ထပ်ဒီမိုကရေစီ ပြောင်းလဲမှုများ အတွက် ဖိအားပေးရန် သြဇာကို အလဟဿဖြစ်စေကြောင်း ငြင်းချက်ထုတ်ကြပါသည်။

အမေရိကန်အစိုးရကပြောကြားရာတွင် ဦးသိန်းစိန်၏ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ထောက်ခံကြောင်း အချက်ပြရန် အရေးကြီးကြောင်း၊ စစ်တပ်မှသဘောထားတင်းမာသူများက ပြုပြင်ပြောင်းလဲရေးများကို ဆန့်ကျင် နေဆဲဖြစ် နိုင်ကြောင်းပြောကြားခဲ့ပါသည်။

ဦးသိန်းစိန်က ၎င်း၏မိန့်ခွန်းတွင် ပြုပြင်ပြောင်းလဲရေးများကို ဆန့်ကျင်သည့် ဖျက်လိုဖျက်ဆီးလုပ်လိုသူများရှိ နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏အကျိုးစီးပွားကို ခြိမ်းခြောက်မှုရှိလာသောကြောင့်ဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့ပါသည်။ သို့သော်၎င်းက ဖျက်လိုဖျက်ဆီးလုပ်လိုသူများမှာ မည်သူများဆိုသည်ကို သတ်သတ်မှတ်မှတ် ထုတ်ဖော်ခဲ့ခြင်း မရှိသော်လည်း၊ ပြီးခဲ့သောလူမျိုးရေးအကြမ်းဖက်မှုများနှင့် ဆက်စပ်မှုရှိနိုင်ပါသည်။ ဦးသိန်းစိန်က ဒီမိုကရေစီ လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် စစ်တပ်သည် အရေးပါသောနေရာမှ ပါဝင်နေကြောင်း၊ ပြောကြားခဲ့ပါသည်။

ဦးသိန်းစိန် ကချင်သူပုန်များနှင့် (Kachin rebel ဟုသုံးနှုန်းထားပါသည်-အယ်ဒီတာ) မကြာမီ အပစ်အခတ် ရပ်စဲရေး အတွက် ယုံကြည်မှုအပြည့်ရှိကြောင်း ဖော်ပြခဲ့ပါသည်။ ၎င်းကငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် အာ ဏာခွဲဝေ ပေးမှုနှင့် သယံဇာတမျှဝေရေးတွင် သဘောတူညီချက်များလိုအပ်ကြောင်း ပြောခဲ့ပါသည်။

“ကျွန်တော်တို့ရည်မှန်းချက်ဟာ ရေရှည်ငြိမ်းချမ်းရေးထက် တစ်ပြားမှမလျော့ပါဘူး” ဟု ဦးသိန်းစိန်က ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် School of Advanced International Studies တွင်ပြောကြားခဲ့ပါသည်။

တနင်္လာနေ့က အိမ်ဖြူတော်အပြင်ဘက်တွင် ဦးသိန်းစိန်၏ခရီးစဉ်ကို ဆန္ဒပြနေသော လှုပ်ရှားသူ(၃၀) ခန့်ရှိပြီး၊ အစိုးရတွင်းမှ အဂတိလိုက်စားမှုနှင့် ကချင်တိုင်းရင်းသားများအပေါ်လုပ်ဆောင်မှုများအပေါ် ဆန့်ကျင် ခဲ့ကြပါသည်။ “ကျွန်တော်တို့ကချိုးဖောက်မှုများရပ်သွားမယ့် အမှန်တကယ်ပြောင်းလဲမှုကိုသာ လိုလားပါတယ်” ဟု အဆိုပါဆန္ဒပြပွဲကို စီစဉ်သူ International Foundation for Burma National Congress မှ ဦးရဲထွဋ်က ဆိုပါသည်။

မြန်မာနိုင်ငံတွင် 2011 မှစ၍ သမိုင်းဝင်ပြောင်းလဲမှုများရှိခဲ့သော်လည်း၊ ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ အကောင်း အဆိုးရောနေမှုကို မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ ၎င်းသည် နိုင်ငံရေးအကျဉ်းသား အများအပြား လွှတ်ပေးခဲ့သော်လည်း၊ အနည်းဆုံး (၁၆၀) ခန့် ထောင်ထဲတွင်ရှိနေသေးကြောင်း လူ့အခွင့်အရေးအုပ်စုများက ဆိုပါသည်။

အစိုးရသည် Red Cross ကို ခုနှစ် နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အကျဉ်းထောင်များကို ဝင်ရောက်ခွင့်ပြု ခဲ့သော်လည်း ကချင်ပြည်နယ်အပါအဝင် ပဋိပက္ခဒေသများတွင် လူသားချင်း စာနာမှုဆိုင်ရာအကူအညီများ အကန့်အသတ် နှင့်သာ ပေးကြောင်းဆိုပါသည်။

တနင်္လာနေ့က အမေရိကန်နိုင်ငံခြားရေးဌာနက ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ပြင်းထန် သောချိုးဖောက်မှု များအတွက် အထူးစိုးရိမ်ရသောနိုင်ငံအဖြစ် မြန်မာနိုင်ငံကို စာရင်းထပ်မံသွင်းခဲ့ပါသည်။ ၎င်းမှာ 1999 ကတည်းက နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ အကဲဖြတ်မှုဖြစ်ပါသည်။

နိုင်ငံခြားရေးဌာနကပြောကြားရာတွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော လူမျိုးရေးအကြမ်းဖက်မှု၌ ရွာများအား မီးရှို့ရာ ဒေသဆိုင်ရာနယ်စပ်လုံခြုံရေးအာဏာပိုင်များ ပါဝင်မှုရှိကြောင်း စွပ်စွဲမှုများရှိကြောင်း ပြောပါသည်။ မူဆလင်များကို ဇွန်လမှစ၍ မတရားဖမ်းထားရာ၊ အိပ်စရာ၊ စားစရာ မပေးကြောင်းဆိုပါသည်။ အချို့မှာ စစ်မေးစဉ် သေဆုံးရကြောင်း သတင်းများရရှိသည်ဟု နိုင်ငံခြားရေးဌာနကဆိုပါသည်။                                                                                                                                                                                                 


 

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ အဆုံးသတ်ရန် ဘန်ကီမွန်း တိုက်တွန်း

(19 May 2013 ရက်စွဲပါ BBC News မှ Ban Ki-moon urges North Korea to end missile tests သတင်းကို ဘာသာ ပြန်ဆိုပါသည်)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြောက်ကိုရီးယား၏ တိုက်ခွင်းပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်နေမှုကို ရပ်ဆိုင်းရန် တောင်းဆိုလိုက်ပါသည်။

စနေ၊ တနင်္ဂနွေနေ့များက ပြုံယမ်းသည် လေးကြိမ်မြောက် တာတိုပစ်ဒုံးကျည်များ ပစ်ခတ်စမ်းသပ်ခဲ့မှုအပြီးတွင် ၎င်းက ယခုလိုပြောကြားလိုက်ခြင်းဖြစ်ပါသည်။

ထိုကဲ့သို့ ပစ်လွှတ်မှုများသည် ဖြစ်ရိုးဖြစ်စဉ်ပင်ဖြစ်သော်လည်း ဒေသတွင်းမှ နိုင်ငံများက မတင်မကျဖြစ်နေသော ဆက်ဆံရေး အခြေအနေကို ပိုမိုကောင်းမွန်အောင် ကြိုးစားနေသောအချိန်ဖြစ်ကြောင်း BBC မှ Lucy Williamson က ပြောကြားပါသည်။

မစ္စတာဘန်က မြောက်ကိုရီးယားအား ဒေသတွင်း တင်းမာမှုများကို လျှော့ချရန်နှင့် ၎င်း၏နျူကလီးယား အစီအစဉ် နှင့် ပတ်သက်၍ ဆွေးနွေးမှုကို ပြန်လည်စတင်ရန် တိုက်တွန်းခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဆွေးနွေးမှုအပြီး ပြောကြားရာတွင် မစ္စတာဘန်သည် မြောက်ကိုရိးယား၏ ဒုံးကျည်စမ်းသပ်မှုများကို “ရန်စသော လုပ်ရပ်”ဟု ခေါ်ဝေါ်ခဲ့သည်။

 

ခြိမ်းခြောက်တိုက်ခိုက်မှုများ

ထိုအချိန်တွင် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မြောက်ကိုရီးယား၏ အရှေ့ဘက်ကမ်းခြေတွင် ဒုံးကျည်များကို နေရာချထားခဲ့သည်ဟု တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းဝန်ကြီးဌာနကပင် ပြုံယမ်းသည် ဒုံးကျည်စမ်းသပ်မှု သုံးခု ပြုလုပ်ပြီးဖြစ်သည်ဟု စနေနေ့က ပြောခဲ့သည်။

“မြောက်ကိုရီးယားဟာ ဒီလိုအပြုအမူတွေကို ရှောင်ရှားဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု ဘန်က ရုရှားရှိ RIA Novosti News Agency သို့ ပြောကြားခဲ့သည်။

“ဒါဟာ သူတို့အတွက် တင်းမာမှုတွေ လျှော့ချပြီး ဆွေးနွေးညှိနှိုင်းမှု ပြန်လုပ်ဖို့ အချိန်ပဲ။ ကုလသမဂ္ဂအနေနဲ့ ကူညီပေးဖို့ ဆန္ဒရှိပါတယ်”

မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ရပ်တန့်နေသော ခြောက်နိုင်ငံ အစည်းအဝေး၏ အဖွဲ့ဝင်ဖြစ်သော ရုရှားအား ပြုံယမ်းကို ညှိနှိုင်းဆွေးနွေးရေးစားပွဲဝိုင်းသို့ ပြန်လည်ခေါ်ယူနိုင်ရန်အတွက် အကူအညီပေးရန် မစ္စတာဘန်က တောင်းဆိုခဲ့သေးသည်။

ယခုနှစ်အတွင်း မြောက်ကိုရီးယားနှင့် ၎င်း၏ အိမ်နီးချင်းများ၊ အမေရိကန်တို့ကြားတွင် တင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။

မြောက်ကိုရီးယား၏ တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုအတွက် ကုလသမဂက စီးပွားရေး ပိတ်ဆို့မှုအသစ်များ ထပ်မံပြုလုပ်ခဲ့ခြင်းနှင့် အမေရိကန်-တောင်ကိုရီးယား နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်း တို့ကြောင့် ပြုံယမ်းက အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့အား ပစ်မှတ်ထားကာ စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

၎င်း၏ လက်နက်အစီအစဉ်တွင် ပလူတိုနီယမ် ထုတ်လုပ်သည့် ကာလတစ်ခုကြာ ဆိုင်းငံ့ခဲ့သော နျူကလီးယား ရီအက်တာကို ပြန်လည်စတင်မည်ဟူသော ခြိမ်းခြောက်မှု ပြုလုပ်သကဲ့သို့ ပြုံယမ်းသည် ဆိုးလ်နှင့် စစ်ရေး၊ စီးပွားရေး အဆက်အဆံများကိုပါ ဖြတ်တောက်ခဲ့သည်။

တာလတ်ပစ်ဒုံးကျည်များကို အရှေ့ဘက် ကမ်းခြေတစ်လျှောက်တွင် ဧပြီလက နေရာချထားခဲ့ပြီး ယခုလအစပိုင်း တွင်မူ ယင်းတို့ကို ပြန်လည်ဖယ်ရှားသွားသည်မှာ ကိုရီးယားကျွန်းဆွယ်မှ တင်းမာမှုများ လျော့နည်းလာသည့် လက္ခဏာ တစ်ရပ် ဖြစ်ပါသည်။


တရုတ်ဝန်ကြီးချုပ် Li Keqiang ၏ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက် မည်

( BBC News မှ မေလ ၁၉ ရက်နေ့ပါ China Premier Li Keqiang in India for first foreign trip သတင်းကို ဘာသာ ပြန်ဆိုသည်။)

တရုတ်ဝန်ကြီးချုပ် Li Keqiang သည် ၎င်း၏ပထမဆုံး နိုင်ငံခြားရေးခရီးအဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ဝန်ကြီးချုပ်လီသည် နယူးဒေလီသို့ရောက်ရှိစဉ်တွင် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့်တွေ့ဆုံ ဆွေးနွေး ပြီးနောက် အိန္ဒိယ ဝန်ကြီးချုပ်အိမ်ဂေဟာတွင် ပြုလုပ်မည့်ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်တင်းမာမှုပြဿနာများနှင့် ကုန်သွယ်ရေးအကြပ်အတည်း ပြဿနာများသည် ဝန်ကြီးချုပ်နှစ်ဦး ဆွေးနွေးမည့် ကိစ္စများဖြစ်လာဖွယ်ရှိနေသည်။၏

အဆိုပါအိမ်နီးချင်းနှစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေးထူထပ်သော နိုင်ငံများဖြစ်သည်။

အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံလုံးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ဗျူဟာမြောက် ဆက်ဆံရေးတို့တွင် ကူညီထောက်ပံပေးနိုင်ရန် တရုတ်အစိုးရမှ မျှော်လင့်ကြောင်း တရုတ်နိုင်ငံ၏ တရားဝင် သတင်းဌာနတစ်ခုဖြစ်သည့် ဆင်ဟွာ၏ ပြောကြားချက်အရ သိရှိရသည်။

အိန္ဒိယနိုင်ငံအား ၎င်း၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ရွေးချယ်ခြင်းသည် ဂုဏ်တက်စေသော ကိစ္စရပ်တစ်ခုဖြစ်ပြီး အိန္ဒိယအစိုးရအနေဖြင့် မစ္စတာလီသည် နှစ်နိုင်ငံအကြားယုံကြည်မှု တိုးပွားလာစေရေးအတွက် ရည်ရွယ်ကာ ပြောဆိုဆွေးနွေး သွားမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Syed Akbaruddin က ပြောကြားခဲ့သည်။

ဆယ်စုနှစ်တစ်ခုအကြာ တည်ရှိနေသော နယ်စပ်တင်းမာမှုပြဿနာသည် တရုတ်တပ်များ ဟိမဝန္တာ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်သည်ဟု အိန္ဒိယနိုင်ငံ၏ စွပ်စွဲခဲ့သည့်နောက်တွင် ပြဿနာဖြစ်ပွားခဲ့သည်။

Ladakh ဒေသရှိ နယ်မြေသည် ၁၉၅၀ ခုနှစ်ကတည်းက နှစ်နိုင်ငံအကြား တင်းမာမှုရှိသော နယ်မြေ ဖြစ်သည်။

ကူသန်းရောင်းဝယ်မှု ဆက်ဆံရေး တိုးမြှင့်ရန်ကိစ္စသည် ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာ အဖြစ် ပါဝင်လာရန် မျှော်လင့်ထားကြသည်။ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံတစ်ခု ဖြစ်ပြီး၊ လာမည့် ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ( ပေါင် ၆၅ ဘီလီယံ) အထိ တိုးမြှင့် သွားဖို့ရည်ရွယ်ထားသည်။

ဝန်ကြီးချုပ်လီသည် ပါကစ္စတန်၊ ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံများသို့ မသွားရောက်သေးခင်တွင် အိန္ဒိယ နိုင်ငံတွင် သုံးရက်ကြာနေထိုင်မည် ဖြစ်သည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီဆွေးနွေးပွဲက မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးသူတွေကို တရားဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးနိုင်မယ့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် ကာကွယ်ပေးမှုစနစ်တစ်ခုကို လုပ်ဆောင်ရာမှာ တွေ့ကြုံမယ့် စိန်ခေါ်မှုတွေနဲ့ ပက်သတ်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ဥပဒေကျွမ်းကျင်သူပညာရှင်များ ဆွေးနွေးနိုင်ခွင့်ရစေပါလိမ့်မယ်။ ဒီလိုအရေးပါတဲ့ လုပ်ငန်းစဉ် တစ်ခုမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါ တယ်။”

မေလ ၂၃ ရက်နေ့ထုတ် News Week ဂျာနယ် အတွဲ (၂) အမှတ် (၈၃) တွင်ပါရှိသော “International Bridges to Justice (IBJ) နှင့် စင်ကာပူဆက်သွယ်ရေးကုမ္ပဏီ Sing Tel တို့ပူးပေါင်း၍ ဥပဒေရေးရာဆွေးနွေး ပွဲ ကျင်းပ” သတင်းမှ IBJ တည်ထောင်သူ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Ms.Karen Tse ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“KIO ဘက်ကတော့ ကချင်ပြည်နယ်ထဲမှာတွေ့မှာဖြစ်တဲ့အတွက် ခိုင်မာတဲ့လေ့လာစောင့်ကြည့်သူတွေကို ထည့်သွင်းချင်နေ တယ်။ KIO အဆိုပြုထားတဲ့ စောင့်ကြည့်လေ့လာသူ အဖွဲ့လေးဖွဲ့က UN,US,UK နဲ့ တရုတ် တို့ဖြစ်ပါတယ်။”

မေလ ၂၃ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၃) တွင်ပါရှိသော “အစိုးရနှင့် KIO မြစ်ကြီးနားတွင် ပထမဆုံးတွေ့ဆုံမည်” သတင်းမှ ဖက်ဒရယ်ကောင်စီမှ အထွေထွေအတွင်းရေးမှူး ဦးခွန်ဥက္ကာ ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“အဓိကကတော့ ပြည်သူလူထုအတွက် အကျိုးမရှိတာဘဲ၊ ဒေသခံတွေကထုတ်ပြောမှ တစ်ခုပြီးတစ်ခုပေါ်လာ တယ်။ ပွင့်လင်းမြင်သာမှုရှိစေရမယ်လို့ ပြောပေမဲ့ အခုလုပ်နေတဲ့ သဘာဝရင်းမြစ်ဆိုင်ရာ စီမံကိန်းတိုင်းလိုလို ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှုကို မလာနဲ့လို့ပြောလို့မရဘူး။ ကိုယ့်မှာရှိနေတဲ့ ဥပဒေအခြေအနေတွေကို သူတို့လေ့လာပြီး ကိုက်ရင်လာမှာပဲ။ ကိုယ့် အစိုးရဘက်က ရင်းနှီးမြှုပ်နှံမှုကို စနစ်တ ကျ ဘယ်လိုခန့်ခွဲသလဲ၊ ဘယ်လို လက်ခံသလဲအပေါ်မှာ မူတည်တယ်။”

မေလ ၂၁ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၇) တွင်ပါရှိသော “မြန်မာနိုင်ငံကို သဘာဝအရင်း အမြစ်စီမံခန့်ခွဲမှုမှာ အညံ့ဖျင်းဆုံးနိုင်ငံအဖြစ် ထုတ်ပြန်” သတင်းမှ စီးပွားရေးပညာရှင်ဒေါက်တာ မြင့်သန်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“တိုင်းပြည်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် ABSDF နဲ့ မြန်မာငြိမ်းချမ်းရေး အဖွဲ့နဲ့ ၂ ဖက် ကျနော်တို့ ညှိနှိုင်းဆွေးနွေးပွတွေကို ဒီကနေ့ စပြီးတော့ လုပ်ဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ ကျနော်တို့ Peace Center မှာပဲ ဦးအောင်မင်း အပါအ၀င် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ကျနော်တို့ တွေ့ပြီးတော့၊ နေ့လည်ပိုင်းမှာတော့ ဦးလှမောင်ရွှေ ဦးဆောင်တဲ့ technical team နဲ့ ဆက်ဆွေးနွေးပါတယ်။ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ နိုင်ငံရေ တွေ့ဆုံပွဲတွေ ဖြစ်ပေါ်လာရေးအတွက်၊ တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေးအတွက် ကျနော်တို့ အကြိုညှိနှိုင်း ဆွေးနွေးပွဲပါ။”

ဗီအိုအေသတင်းဌာနတွင်ပါရှိသော “ABSDF နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေး” သတင်းမှ ABSDF အထွေထွေ အတွင်းရေးမှူး ဦးဆန်နီ ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“တိုင်းပြည်တစ်ပြည်မှာ အခြေခံဥပဒေရှိဖို့လိုပါတယ်။ ဒီထက်ပိုအရေးကြီးတာက အခြေခံဥပဒေသည် တရား မျှတရပါမယ်။ အရေးကြီးဆုံးကတော့ အခြေခံဥပဒေကိုလိုက်နာကျင့်သုံးဖို့ပါပဲ။ အခြေခံဥပဒေကို ဘယ်လိုပဲ ပြင်ပြင်၊ ဘယ်လောက်ပဲပြင်ပြင် အဲဒီအခြေခံဥပဒေကိ မလိုက်နာရင်တော့ အလကားပဲ။ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို ကိစ္စတော်တော်များများရှိနေပါတယ်။”

မေလ ၂၁ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အစိုးရသစ်တက်ပြီးနောက် တိုင်းပြည်ကို ပြုပြင်ပြောင်းလဲခဲ့သော်လည်း အောင်မြင်မှုမရခြင်းက အခြေခံဥပဒေကြောင့်ဟုဆို” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းညွှန့်လွင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive