Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ထိုင်းနိုင်ငံမှ SMEs များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်း

(24 May 2013  ရက်စွဲပါ Bangkok Post မှ SMEs urged to invest in Myanmar ကို ဘာသာပြန်ဆိုသည်။)

  1. ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းကက်ဘိနက် အတည်ပြု

(Bernama News မှ 23 May 2013 ရက်စွဲပါ “Thai Cabinet approves investment in Dawei deep Seaport Project” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအတွက်ပြန်လည် အစီရင်ခံစာတင်ပြရမည့် လိုအပ်ချက်အသေးစိတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အသေးစိတ်ထုတ်ပြန်

(23 May 2013 ရက်စွဲပါ Wall Street Journal မှ Samuel Rubenfeld ရေးသားသော State Department details Myanmar Investment reporting requirements ကို ဘာသာပြန်ဆိုပါသည်။)

  1.  တရုတ်သို့ဓာတ်ငွေ့တင်ပို့မှု Daewoo International စတင်တော့မည်

(The Korea Herald  23 May 2013 ရက်စွဲပါ “Daewoo International to start sales of gas to China” သတင်းကိုဘာသာပြန်ဆိုသည်)


ထိုင်းနိုင်ငံမှ SMEs များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်း

(24 May 2013  ရက်စွဲပါ Bangkok Post မှ SMEs urged to invest in Myanmar ကို ဘာသာပြန်ဆိုသည်။)

အာဆီယံစီးပွားရေးအသိုင်းအဝိုင်း (ACE) ထွက်ပေါ်လာခြင်းနှင့်အတူ စီးပွားရေးအခွင့်အရေးများစွာ  ရှိလာမည်

ဖြစ်သော်လည်း၊ မြန်မာနိုင်ငံတွင် ရှင်းရှင်းလင်းလင်းမရှိသော ရင်းနှီးမြှုပ်နှံမှုဥပဒေများမရှိသော်လည်း ထိုင်းစီးပွားရေး လုပ်ငန်းများအား အိမ်နီးချင်းနိုင်ငံများတွင် ခြေကုတ်ရရေးအတွက် စီးပွားရေးလုပ်ငန်းများ ထူထောင်ကြရန် တိုက်တွန်; လျက်ရှိပါ သည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံမှူး Prachuab Supinee ကအသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) အပါအဝင်ထိုင်းကုမ္ပဏီများအား ဈေးကွက်နားလည်ရေးနှင့် ပါတနာရှာဖွေရေးအတွက် မြန်မာနိုင်ငံသို့ သွားရောက်ကြရန် တိုက်တွန်းခဲ့ပါသည်။

“ဈေးကွက်ထဲမှာရှိနေမှသာ ဈေးတွက်၍ အလားအလာတွေကို သိနိုင်မှာဖြစ်ပါတယ်။ SMEs များအတွက်ကတော့ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ဘူးဆိုရင် ဘာတွေဖြစ်နေတယ်ဆိုတာ မသိနိုင်ပါဘူး” ဟု ၎င်းက KPMG ထိုင်းနိုင်ငံမှ ကြီးမှုးကျင်းပ သော ACE ဆွေးနွေးပွဲတွင် ကြာသာပတေးနေ့က ပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုဟာ လျှင်မြန်စွာဖြစ်ပေါ်နေပါတယ်။ မန္တလေးဝင်ပေါက်မှာ နိုင်ငံခြားသားတွေ ဝင်ခွင့် ပေးပြီးတဲ့နောက်၊ ထိုင်းနိုင်ငံကလည်း ကချာနာဘူရီမှာရှိတဲ့ Ban Phu Nam Ron အပါအဝင် စစ်ဆေးရေးစခန်းနှစ်ခုကို ပြီးခဲ့တဲ့လက ဖွင့်လှစ်ခဲ့ပါတယ်။” ဟု ၎င်းကဆိုပါသည်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်လုပ်မှုသည် ပြည်တွင်းဝယ်လိုအားကို ပြည့်မှီအောင် စွမ်းဆောင်နိုင်ပေး ခြင်းမရှိသဖြင့် ထိုင်းကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်ရေး သို့မဟုတ် ဖြန့်ချီရေးများပြုလုပ်ရန် အခွင့်အလမ်းများပေးနေပါ သည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၈၀% သည် သွင်းကုန်များ၊ အထူးသဖြင့် ထိုင်းနိုင်ငံ ထုတ်ကုန်အပေါ်တွင် ပိုမိုအားထား ကြရပါသည်။ အဘယ့်ကြောင့် ဆိုသော် သွင်းကုန်များသည် ပြည်တွင်းဖြစ် ထက်ပိုမိုကောင်းမွန် သည်ဟုယုံကြည် ကြခြင်း ကြောင့်ဖြစ်သည် ဟု Mr Prachuab ကပြောပါသည်။

“ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့အတွက် အဓိကအတားအဆီးတွေတစ်ခု မှမတွေ့ပါဘူး” ဟု ၎င်းကပြောပါသည်။

ရန်ကုန်ရှိ Kasikorn Bank ကိုယ်စားလှယ်ရုံးအကြီးအကဲ Nulttaphong Visitkichakarn ကမူ အချို့ကိစ္စရပ်များ မှာ ရှင်းရှင်းလင်းလင်းမရှိသေးကြောင်း ဆိုပါသည်။

ဥပမာအားဖြင့် မည်သည့်အချိန်တွင် နိုင်ငံခြားဘဏ်များအား ဘဏ်ခွဲဖွှင့်ခွင့်ပြုမည်ဆိုသည်မျိုးမှာ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်းဆိုပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံး (၃၀) ခန့် ဖွင့်ထားပြီး၊ လာမည့် နှစ်တွင်ပြည်တွင်းဘဏ်များနှင့် ဖက်စပ်ပြုခွင့်ပြုဖွယ်ရှိကြောင်း၊ အာမခံလုပ်ငန်းများ ထူထောင်ရန် နှစ်နှစ်ခန့် အချိန်ယူရဦး မည်ဖြစ်ကြောင်း Mr Nuttaphong ကပြောပါသည်။

“အခုလောလောဆယ် မြန်မာနိုင်ငံမှာ စက်ရုံထောင်ဖို့ပြီးရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်အာမခံချက် မပေးလို သေးပါဘူး။ ဒါပေမယ့် ရောင်းဝယ်ရေးလုပ်ငန်းစလုပ်ရင်တော့ စိုးရိမ်ဖွယ်မရှိပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြော ပါသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သတင်းထုတ်ပြန်ရာတွင် အာဆီယံသည် ထိုင်းနိုင်ငံအတွက် အကြီးဆုံး ပို့ကုန် ဈေးကွက် ဖြစ်ပြီး၊ အာဆီယံနိုင်ငံများသို့တင်ပို့သည့် ပမာဏသည် အမေရိကန်၊ ဂျပန်နှင့် အီးယူ တို့သို့တင်ပို့သော ပမာဏ၏ နှစ်ဆ ရှိပါသည်။ အာဆီယံနိုင်ငံများသို့ တင်ပို့သော ကုန်ပစ္စည်းတန်ဖိုးမှာနှစ်စဉ် အမေရိကန်ဒေါ်လာ (၅၆) ဘီလီယံရှိသည်ဟု ဆိုပါ သည်။


မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအတွက်ပြန်လည် အစီရင်ခံစာတင်ပြရမည့် လိုအပ်ချက် အသေးစိတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အသေးစိတ်ထုတ်ပြန်

(23 May 2013 ရက်စွဲပါ Wall Street Journal မှ Samuel Rubenfeld ရေးသားသော State Department details Myanmar Investment reporting requirements ကို ဘာသာပြန်ဆိုပါသည်။)

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အစီရင်ခံတင်ပြရမည့် လ်ုအပ်ချက်များနှင့် ပတ်သက်၍ နောက်ဆုံး အတည်ပြုချက်ကို လက်ခံရရှိခဲ့ပြီးဖြစ်ခြင်းကြောင့် ပထမဆုံးတင်ပြချက်များကိုဇူလိုင်ခ (၁) ရက်နေ့ မှစ၍ ပေးပို့နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးရာဌာနက ကြာသာပတေးနေ့က ပြောကြားခဲ့ပါသည်။

အဆိုပါ လိုအပ်ချက်များအရ တရားဝင် မည်သည့်အမေရိကန်တစ်ဦးချင်း ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မဆို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် စုစုပေါင်း ဒေါ်လာငါးသိန်းဖိုးထက်ကျော်လွန်၍ ရင်းနှီးမြှုပ်နှံခြင်း၌ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသို့နှစ်စဉ်အစီရင်ခံစာ တင်ပြရမည် ဖြစ်ပါသည်။

အစီရင်ခံစာတင်ရန်လိုအပ်ချက်များသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခွင့်အာဏာပေးခဲ့သော အမေရိကန်ဘဏ္ဍာရေးဌာန၏ ၂၀၁၂ ဇူလိုင်လက ထုတ်ပြန်သော အထွေထွေလိုင်စင်ကို အကောင်အထည် ဖော်ခြင်းဖြစ်ပါ သည်။ ထိုစဉ်က ဘဏ္ဍာရေးဌာနက ပြောကြားခဲ့ရာတွင် အစီရင်ခံစာတွင် မြန်မာအစိုးရအဖွဲ့အစည်းများသို့ ဒေါ်လာ (၁၀၀၀၀) ထက်ပို၍ ပေးချေသော ငွေများနှင့်ပက်သတ်၍ သတင်း အချက်အလက်များ ပါဝင်ရန်လိုအပ်သည်ဟု ဆိုပါသည်။

ရင်းနှီးမြှုပ်နှံသူများတင်ပြရမည့် အစီရင်ခံစာတွင် အစိုးရသို့ငွေပေးချေမှုများ၊ လူ့အခွင့်အရေးသေချာစေမှု၊ အလုပ် သမားရပိုင်ခွင့်များ၊ လူ့အဖွဲ့အစည်းများဖြင့် တိုင်ပင်ခြင်းနှင့် ပါဝင်ပတ်သက်သူများနှင့် ဆက်သွယ်မှုရှိခြင်း၊ ပတ်ဝန်းကျင်ဆိုင် ရာထိန်းသိမ်းစောင့်ရှောက်မှု၊ အဂတိလိုက်စားမှု ဆန့်ကျင်ရေး၊ စစ်တပ် သို့မဟုတ် အစိုးရမဟုတ်သော လက်နက်ကိုင် အုပ်စုများနှင့် ဆက်သွယ်မှုများ အပါအဝင် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ပါဝင်ဖော်ပြရမည် ဖြစ်သည်ဟု နိုင်ငံခြားရေးဌာန ၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။

နိုင်ငံခြားရေးဌာနသည် ၎င်းစုဆောင်းရရှိသော သတင်းအချက်အလက်များကို အသုံးပြု၍ အမေရိကန်စီးပွားရေး လုပ်ငန်းကြီးများနှင့် ညှိနှိုင်းကာပိုမိုကောင်းမွန်သော မူဝါဒများဖွံ့ဖြိုးလာစေရန် လုပ်ဆောင်မည် ဖြစ်ပါသည်။

“မိမိတို့အနေနဲ့ ပြည်သူတွေရဲ့ အစီရင်ခံစာတွေကတစ်ဆင့် အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်း လာပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို စောင့်ကြည့်ရာမှာတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့နဲ့ ကုမ္ပဏီများနဲ့ အတူလုပ်ဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အားဖြည့်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါသည်။


ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းကက်ဘိနက် အတည်ပြု

(Bernama News မှ 23 May 2013 ရက်စွဲပါ “Thai Cabinet approves investment in Dawei deep Seaport Project” သတင်းကို ဘာသာပြန်ဆိုပါသည်)

အိမ်နီးချင်းမြန်မာနိုင်ငံမှ ထားဝယ်ရေနက်ဆိပ်ကမ်းဖွံ့ဖြိုးရေးစီမံကိန်းတွင် ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမည့်အစီအစဉ် ကို ထိုင်းကက်ဘိနက်က အတည်ပြုလိုက်ပြီဟု ထိုင်း TNA သတင်းဌာနက သတင်းထုတ်ပြန် ကြေညာသည်။

ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို အင်္ဂါနေ့က အပတ်စဉ် ကက်ဘိနတ်အစည်းအဝေးအပြီးတွင် အစိုးရအဖွဲ့ လက် ထောက်ပြောရေးဆိုခွင့်ရှိသူ ချာလီထရတ်ချန်တာရူဘီဆာ ကထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

အတည်ပြုလိုက်သော အစီအစဉ်အရ Dawei SE2 Development Company ထူထောင်မှု ရင်းနှီးမြှုပ်နှံမှုတွင် ထိုင်း နိုင်ငံ၏ Neighbouring Countries Economic Development Cooperation Agency ပါဝင်စေရန်အတွက် တာဝန်ပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာနက တရားဝင်အခွင့်အာဏာရရှိသွားပြီ ဖြစ်သည်။

ထို့အပြင် တိုင်းပြည်သူများ၏ လူနေမှုစရိတ်မြင့်တက်လာခြင်းကို ဝန်ထုပ်ဝန်ပိုး ကူညီလျှော့ချပေးရန် အတွက် ၂၀၁၃ ဇွန်လ ၃၀ ရက်နေ့အထိ ဒီဇယ်တင်သွင်းခွန်လျှော့ချမှုကို နောက်တစ်လတိုးပေးရန် ထိုင်းကက်ဘိနတ်က အတည်ပြု ဆုံးဖြတ်ခဲ့သည်ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ထိုမျှသာမကပဲ ထိုင်းပို့ကုန်များကိုကူညီတိုးမြှင့်ရန်အတွက် ပင်လယ်ရပ်ခြားတွင် roadshows များစီစဉ်ကျင်းပနေ ကြသောထိုင်းစီးပွားရေးလုပ်ငန်းရှင်များအားအခွန်မက်လုံးပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာနက အဆိုပြုထားခြင်းကိုလည်း ကက်ဘိနတ် က ထောက်ခံပေးခဲ့သည်ဟု သိရှိရသည်။

သို့ရာတွင် အီတာလျံထိုင်းကုမ္ပဏီက မြိတ်မြို့နယ်အနီးတွင် အကောင်အထည်ဖော်မည့် ၈၀၀ မဂ္ဂဝပ် ရေလှောင်တမံ စီမံကိန်းကိုမူ သဘာဝပတ်ဝန်းကျင်ဆိုးကျိုးသက်ရောက်မှုများရှိနိုင်သောကြောင့် မြန်မာအစိုးရက ရပ်ဆိုင်းလိုက်သည်ဟု Nation သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။


 တရုတ်သို့ဓာတ်ငွေ့တင်ပို့မှု Daewoo International စတင်တော့မည်

(The Korea Herald  23 May 2013 ရက်စွဲပါ “Daewoo International to start sales of gas to China” သတင်းကိုဘာသာပြန်ဆိုသည်)

ကိုရီးယားနာမည်ကျော် poso ၏ ကုန်သွယ်ရေးလုပ်ငန်း Daewoo International က မြန်မာနိုင်ငံရှိ ၄င်း၏ဓာတ်ငွေ့ သိုက်နှစ်ခုမှ ဇွန်လတွင်ထွက်ရှိလာမည့် ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့မှုစတင်တော့မည်ဖြစ်ကြောင်း ကြာသာ ပတေးနေ့တွင်ပြောကြားလိုက်ပါသည်။ Daewoo International သည် မြန်မာနိုင်ငံကျောက်ဖြူကမ်းလွန်ရှိ A1နှင့် A3 လုပ် ကွက်များတွင် ဓာတ်ငွေ့ရှာဖွေခြင်းကို ၂၀၀၀ ခုနစ်ကတည်းက ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်မှုဖြင့် စတင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

ထွက်ရှိလာမည့်ဓာတ်ငွေ့များကို တရုတ် China National Petroleum Corporation သို့ရောင်းချသွားမည်ဖြစ်ပြီး ယခုလကုန်တွင်ပြီးစီးမည့် ကီလိုမီတာ ၈၀၀ ပိုက်လိုင်းမှတဆင့် မြန်မာနိုင်ငံကိုဖြတ်သန်းကာ တရုတ်ပြည်ကုန်းတွင်းပိုင်းသို့ ပို့ဆောင်မည်ဟု ကုမ္ပဏီက ပြောကြားသည်။

အဆိုပါ ဓာတ်ငွေ့သိုက်နှစ်ခုမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀၀နှုန်းဖြင့် နောက်ထပ်၂၅နှစ်မှ နှစ် ၃၀ ခန့်အထိ ထုတ်လုပ်သွားနိုင်ရန် Daewoo International ကမျှော်လင့်ထားသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံမှထွက်ရှိမည့် ဓာတ်ငွေ့များကို ရောင်းချခြင်းမှ နှစ်စဉ်အခွန်မဆောင်မီ ပျမ်းမျှအားဖြင့် ဝမ်ဘီလီ ယမ် ၄၀၀ (ဒေါ်လာ ၃၄၀ သန်း) ခန့် ဝင်ငွေရရှိမည်ဖြစ်ကြောင်းသိရသည်။

 


        


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive