Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အမေရိကန်က မြန်မာအား ခေတ်သစ်တစ်ခုသို့ ဝင်ရောက်ရန်တွန်းအားပေး

(25 may 2013 ရက်စွဲပါ Channel News Asia မှ US Push on Myanmar enters new phase ကို ဘာသာပြန်ဆိုသည်)

  1. ထားဝယ်နှင့်ရထားလမ်းစီမံကိန်းများအတွက် ဂျပန်ရင်းနှီးမြှုပ်နှံသူများကို  ယင်လပ်စည်းရုံး

(The Nation မှ 23 May 2013 ရက်စွဲပါ “Yingluck drums up Japanese Investment for Dawei, rail projects” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအပေါ်တွန်းအားပေးရန် ဂျပန်ကိုတိုက်တွန်း

(UPI သတင်းမှ 24 May 2013 ရက်စွဲပါ “Japan told to lean on Myanmar”  သတင်းကို ဘာသာပြန်ဆို သည်)


အမေရိကန်က မြန်မာအား ခေတ်သစ်တစ်ခုသို့ ဝင်ရောက်ရန်တွန်းအားပေး

(25 may 2013 ရက်စွဲပါ Channel News Asia မှ US Push on Myanmar enters new phase ကို ဘာသာပြန်ဆိုသည်)

Photo Credit By AFP/ Soe Than Win

မြန်မာခေါင်းဆောင်၏ သမိုင်းမှတ်တိုင်ဖြစ်မည့် ခရီးစဉ်အပြီးတွင် အမေရိကန်ပြည်ထောင်စု သည် ပြုပြင်ပြောင်းလဲရေးကို အားပေးရန် မြန်မာနိုင်ငံမှ ပိုမိုပူးပေါင်းဆောင်ရွက်ရေး အဆင့်သစ်တစ်ခုသို့ ရည်မှန်း လုပ်ဆောင်နေပါသည်။

ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ပြီး စောင့်ကြည့်နေသူများကို အံ့အားသင့်စေခဲ့သော သမ္မတဦးသိန်းစိန် သည်၎င်း၏ လေးရက်တာ အမေရိကန်ခရီးစဉ်အတွင်းသမ္မတ Barack Obama နှင့်တွေ့ဆုံခဲ့ရာ လွန်ခဲ့သည့်နှစ် အနည်းငယ်မအတွင်းက စိတ်ကူးယဉ်၍ပင် ရနိုင်လိမ့်မည် မဟုတ်ပေ။

ဆက်ဆံရေးပုံမှန်ဖြစ်သည့် လက္ခဏာများကြီးထွားလာချိန်တွင် ဆီးနိတ်ရီပတ်ဗလစ်ကင်ခေါင်းဆောင် Mitch Mc Connell က ၎င်းသည်အရေးယူမှုများကို ဆက်လက်ရှိနေရန် ခွင့်မပြုလိုတော့ကြောင်း အဘယ့်ကြောင့် ဆိုသော်အရေးယူမှုကို သက်တမ်းတိုးခြင်းသည် ပြုပြင်ပြောင်းလဲရေးလိုလားသူ၏မျက်နှာကို လက်နှင့်ရိုက်သည့်သဖွယ် ဖြစ်သောကြောင့်ဟု ဆိုပါ သည်။ ၎င်းသည်မြန်မာနိုင်ငံကို အရေးယူမှုများ ချမှတ်ရန် ဦးဆောင်လုပ်ကိုင် ခဲ့သူ ဖြစ်ပါသည်။

၂၀၀၉ ခုနှစ်မှစ၍ သံတမန်ဆက်ဆံရေးနည်းကျင့်သုံးခဲ့သော အိုဗားမားအစိုးရသည် ပြုပြင်ပြောင်းလဲ ရေးအတွက် ဆုလဒ်အဖြစ် လုပ်ဆောင်မှုအတိုင်းအတွက် ဆုပေးသည့် အစီအစဉ်အရ အရေးယူမှုအတော် များများကို ရုတ်သိမ်းပေးခဲ့ပြီး ဖြစ်ပါသည်။

“ကျွန်တော်တို့အစိုးရရဲ့ ထောက်ခံကူညီတဲ့လုပ်ဆောင်မှုတွေဟာ စီးပွားရေးအခွင့်အလမ်းတွေကို ပိုမိုဖန်တီးပေး ပြီး၊ ပြုပြင်ပြောင်းလဲမှုတွေဆက်လက် လုပ်ကိုင်ခြင်းရဲ့ အကျိုးအမြတ်တွေကို မြန်မာပြည်သူတွေအတွက် ပုံဖော်ပေးတဲ့ သဘောဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း အားကောင်းလာစေပါတယ်။” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrell က Mc Connell ၏ ကြေညာချက်အပြီးတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဥပဒေပြုအမတ်များရော၊ အစိုးရတာဝန်ရှိသူများကပါ ကျောက်မျက်ရတနာများကို ဆက်လက်ပိတ်ပင်ရန် ထောက်ခံ ကြပါသည်။ ၎င်းတို့က ကျောက်မျက်ရတနာများသည် စစ်တပ်အတွက် အဓိကငွေဝင်လာသည့် အရင်းအမြစ်ဟု ရှုမြင်ကြပါ သည်။

အမေရိကန်အစိုးရတာဝန်ရှိသူများက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာကဲ့သို့သော လူနည်းစု၏ ဆိုးရွားသော အခြေအနေ များတိုးတက်ရန် လုပ်ဆောင်ခြင်းအပါအဝင် လုပ်ဆောင်ရန်များစွာ လိုအပ်နေသေးကြောင်း သိရှိရပါသည်။ ရိုဟင်ဂျာများ အပေါ် မကြာသေးမီက အကြမ်းဖက်ခံရမှုများ၌ လုံခြုံရေးတပ်ဖွဲ့များက အားပေးအားမြှောက်မှုများ ရှိခဲ့သည်ဟု စွပ်စွဲမှုများ ရှိခဲ့ပါသည်။

လူ့အခွင့်အရေးလှုပ်ရှားသူအချို့ကမူ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းသည် ၂၀၁၅ မတိုင်မီအထိ စေလွန်းသေးကြောင်း၊ ၂၀၁၅ တွင် ရွေးကောက်ပွဲ ကျင်းပချိန်၌ စစ်တပ်က၎င်း၏အာဏာ အမှန်တကယ် ပြန်ယူ၊ မယူ စဉ်းစားလိမ့်မည် ဖြစ်သည်ဟု ဆိုပါသည်။

အမည်မဖော်လိုသူ အမေရိကန်အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဦးက အစိုးရအနေဖြင့်  လုပ်ဆောင်မှုတိုင်းကို တုန့်ပြန်သည့် ချဉ်းကပ်မှုနှင့် ပတ်သက်၍ အပြောကိုလျော့၍ မူဝါဒချမှတ်ကာ တိုင်းတာသည့် စနစ်ကို လုပ်စေလိုကြောင်း ပြောဆိုခဲ့ပါသည်။

“ကျွန်တော်တို့မှာ လုပ်ဆောင်မှုအတိုင်းအတွက် တုန့်ပြန်မှုနဲ့ပတ်သက်ပြီး သီးခြားလမ်းပြမြေပုံ မရှိပါဘူး။ ကျွန်တော် တို့ဖက်က လိုအပ်တယ်ဆိုတာ သဘောပေါက်ကြပါတယ်။ ဆက်ဆံရေး လုံးဝပုံမှန်မဖြစ် သေးမှီမှာနောက်ထပ်တိုးတက်မှုတွေ တွေရဖို့ အဲဒီလိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။” ဟု ၎င်းက AFP သို့ ပြောပါသည်။

ဆက်ဆံရေးနွေးထွေးလာခြင်းနှင့် နိုဝင်ဘာလက Obama ၏ သမိုင်းဝင်ခရီးစဉ်များရှိခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုအနေဖြင့် စစ်တပ်ချင်းပူးပေါင်းဆောင်ရွက်မှု အမှန်တကယ်တိုးချဲ့ရန် စိတ်အားထက်သန်မှု မရှိသေးဆိုသည်ကို မှတ်သားမိပါသည်။

“အရေးယူမှုများ ဖြေလျော့ပေးတဲ့ ကျွန်တော်တို့ရဲ့မူဝါဒဟာ ကျွန်တော်တို့မစ်ရှင်ပြီးမြောက်အောင်မြင်တယ်လို့ ဆိုလို တာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုပါသည်။

“မြန်မာနိုင်ငံအတွက် အလွန်ခက်ခဲပြီ၊ စိန်ခေါ်မှုတွေရှေ့မှာရှိနေပါတယ်။ အခုမှအစပဲရှိပါသေးတယ်။ ဒါပေမယ့် သူတို့ လုပ်ငန်းစဉ်ကို ကူညီဖို့ ကျွန်တော်တို့ပိုမိုကောင်းမွန်တဲ့ အနေအထားမှာရှိနေပါတယ်။ ပိုမိုပူးပေါင်းဆောင်ရွက်တဲ့ ချဉ်းကပ်မှု မျိုးနဲ့ပါ။” ဟု ၎င်း ကဆိုပါသည်။

အရေးယူမှုများ ဆက်လက်ထားရှိုခြင်းသည် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဥရောပသမဂ္ဂနှင့် သြစတြေးလျတို့ နောက်သို့ရောက်သွားနိုင်ကြောင်း၊ အီးယူနှင့် သြစတြေးလျသည် ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်မှုများကို ရပ်ဆိုင်းခဲ့ပြီး ဖြစ်ကြောင်း Mc Connell က စိုးရိမ်သည့်လေသံပစ်ခဲ့ပါသည်။ အာရှနိုင်ငံများသည် မြန်မာနိုင်ငံနှင့် ကာလရှည်ကြာကတည်း က ကုန်သွယ်မှုပြုလုပ်လျက် ရှိကြပါသည်။

မေလ (၂၃) ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် အဓိကရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့် အမေရိကန်ကုမ္ပဏီများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြားစံများနှင့် ကိုက်ညီမှုရှိမရှိ အစီရင်ခံစာတင်ပြရန်လိုအပ်ချက်များ အတည်ပြုချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

အမေရိကန်ကုမ္ပဏီများတွင် စက်မှုလုပ်ငန်းအစုအဖွဲ့ဖြစ်သော General Electric  မှသည် ဟော်တယ် အုပ်စု Best Western၊ အချိုရည် အုပ်စု ကိုကာကိုလာအထိ မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ရန် အစီအစဉ်များ ကို ကြေညာခဲ့ပါသည်။ ၎င်းတို့က မြန်မာနိုင်ငံကို ကြီးစွာသော အစိမ်းသက်သက်ရှိနေသေးသော ဈေးကွက် အဖြစ်ရှုမြင်ကြပါသည်။

Human Rights Watch မှ စီးပွားရေးလုပ်ငန်းများကို သတိထားကြရန်ပြောကြားရာတွင် အမေရိကန်တို့၏ အစီရင် ခံစာတင်သွင်းရာတွင် လိုအပ်ချက်များ၌ လွတ်လပ်သော တရားစီရင်ရေးစနစ် မရှိခြင်း နှင့် မြေယာအသုံးပြုမှုနှင့် ပတ်သက်၍ တင်းမာမှုများအပါအဝင် အရေးကြီးသော စိုးရိမ်ဖွယ်ရာများကို ထုတ်ဖော် ပြောကြားထားခြင်းမရှိဟု ပြောဆိုထားပါသည်။


ထားဝယ်နှင့်ရထားလမ်းစီမံကိန်းများအတွက် ဂျပန်ရင်းနှီးမြှုပ်နှံသူများကို  ယင်လပ်စည်းရုံး

(The Nation မှ 23 May 2013 ရက်စွဲပါ “Yingluck drums up Japanese Investment for Dawei, rail projects” သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန်ကုမ္ပဏီများက ထိုင်းနိုင်ငံ၏ ဂြိုလ်တုနှင့် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းများကို တင်ဒါဆွဲရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း ဝန်ကြီးချုပ်ယင်လပ်က ဂျပန်ရင်းနှီးမြှုပ်နှံသူများအား ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်၏ အထွေထွေ အတွင်းရေးမှူးက ကြာသာပတေးနေ့က ပြောကြားလိုက်ပါသည်။

ဝန်ကြီးချုပ်ယင်လပ်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံကာနှစ်နိုင်ငံ စီးပွားရေးပူုးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ဆူရာနန်ဗီရာဂျီဗား ကပြောကြားသည်။

“ဝန်ကြီးချုပ်ယင်လပ်က ရေစီမံခန့်ခွဲမှုနှင့် မြစ်ရေလျှံမှုတားဆီးရေး အစီအစဉ်များ၊ ဘတ်ငွေ ၂ ထရီလီယံတန် ပို့ဆောင်ရေး အခြေခံစနစ်စီမံကိန်းများ၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အလားအလာရှိသော ဂျပန်ရင်းနှီးမြှုပ်နှံသူများအား ရှင်းလင်းတင်ပြခဲ့သည်” ဟု ဆူရာနန် ကဆက်လက်ပြောကြားသည်။

ထို့အပြင် အထက်ပါ ဖွံ့ဖြိုးရေးစီမံကိန်းများကို အားပေးဖို့ဂျပန်အစိုးရက စဉ်းစားသုံးသပ်နိုင်စေရန် အတွက် စီမံ ကိန်းများနှင့် ပတ်သက်သည့် ကနဦးလေ့လာအကဲဖြတ်မှုအချက်အလက်များကို ယင်လပ်က ဂျပန်ဝန်ကြီးချုပ်ထံ တင်ပြ ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

ဘတ်ငွေ ဘီလီယံပေါင်းများစွာ ကုန်ကျမည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ကြီးကြီးမားမား အကောင်အထည်ဖော်ရန် ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ကြိုးပမ်း အားထုတ်ခဲ့သော်ငြားလည်း ယခုအခါ ခေတ်ပြောင်း စနစ်ပြောင်းနေသော မြန်မာနိုင်ငံသို့ ကိုယ်တိုင်ခြေချနေပြီ ဖြစ်သော ဂျပန်တို့က စိတ်ဝင်စားခြင်းမရှိတော့ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူ များက သုံးသပ်ပြောကြားသည်။


မြန်မာနိုင်ငံအပေါ်တွန်းအားပေးရန် ဂျပန်ကိုတိုက်တွန်း

(UPI သတင်းမှ 24 May 2013 ရက်စွဲပါ “Japan told to lean on Myanmar”  သတင်းကိုဘာသာပြန်ဆိုသည်)

ဂျပန်အစိုးရသည် လူ့အခွင့်အရေးကို ဦးစားပေးခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ပြန်လည် ရင်းနှီးမြှုပ်နှံနေမှုကို သေချာအောင် ပြုလုပ်ရန်လိုကြောင်း Human Right Watch ကပြောကြားလိုက်ပါသည်။

၃ ရက်ကြာခရီးစဉ်အဖြစ်သောကြာနေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာသော ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး သည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးရောက်ရှိလာသော အာဏာလက်ရှိ ဂျပန်ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်.။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင်စတင်ခဲ့သော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သည့် အနေဖြင့် နိုင်ငံတကာအစိုးရများစွာက ယခင်ချမှတ်ထားသော အရေယူပိတ်ဆို့မှုများကို စတင်ဖြေလျှော့ရုတ်သိမ်းပေးနေ သည့်အလျှောက် ယခုဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်ပေါ်ထွက်လာခြင်းဖြစ်သည်။ ဝန်ကြီးချုပ်အာဘေးနှင့်အတူ ကုမ္ပဏီကိုယ်စား လှယ် မြောက်များစွာ လိုက်ပါလာကြမည် ဖြစ်သည်။

မနှစ်က မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၅၀၀ ထည့်ဝင်ခြင်းဖြင့် အကြီးဆုံးနိုင်ငံခြားအလှူရှင်ဖြစ်နှင့်ပြီးသား ဂျပန်နိုင်ငံ သည် မြန်မာနိုင်ငံသို့ အကူအညီပေးမှုကို နှစ်ဆတိုးလိမ့်မည်ဟု မျှော်လင့်ရကြောင်း Human Right Watch က သတင်းထုတ် ပြန်သည်။

ဂျပန်နိုင်ငံ၏ လှူဒါန်းကူညီမှုများသည်မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းနှင့် ပတ်သက်၍ တွန်းအားရှိနေခြင်း ကို ရည်ညွှန်းသည်ဟု HRW ၏ အာရှရေးရာ အစီအစဉ်ဒါရိုက်တာ ဘရက်အဒမ်က ဆိုပါသည်။

“မြန်မာနိုင်ငံအပေါ် ထောက်ပံ့မှု၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာရေး၊ တာဝန်ယူရေး ကိစ္စတွေမှာ လိုအပ်နေတဲ့ပြုပြင်ပြောင်းလဲမှုတွေကို လစ်လျူမရှုသင့်ပါဘူး။” ဟု ၎င်း၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထား သည်။

စီးပွားရေးပိတ်ဆို့မှုဖိအားကို လျှော့ပေးလိုက်ခြင်းကြောင့် ပြုပြင်ပြောင်းလဲမှု အတော်များများမှာ အလားအလာသိပ် မကောင်းတော့ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားကြသည်။ အခြေခံကျသော ပြုပြင်ပြောင်းလဲမှုများကို တွန်းအား ပေးသည့် Sanction များကို လူ့အခွင့်အရေးအုပ်စုများက အားပေးထောက် ခံကြသည်။

မြန်မာအာဏာပိုင်များ၏ စိတ်ရင်းစေတနာအမှန်ကို မှန်းဆရခက်ခဲသောကြောင့် လူ့အခွင့်အရေးအုပ်စု များက မုံလာဥနှင့် ကြိမ်လုံးနှစ်မျိုးစလုံးကို လိုလားကြခြင်းဖြစ်သည်။

“မြန်မာနိုင်ငံက ဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ များသောအားဖြင့် အဓမ္မလုပ်သားသုံးစွဲမှု၊ မြေယာသိမ်းယူမှု၊ အခြေခံ လူ့အခွင့်အရေးပိတ်ပင်မှုတွေနဲ့ တစ်သားတည်းရောထွေးနေလေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီလိုညှင်းပန်းနှိပ်စက်မှုတွေအဆုံးသတ် သွားအောင် ဂျပန်နိုင်ငံအနေနဲ့ သူ့ရဲ့ဖိအားကို အသုံးပြုသင့်ပါတယ်” ဟု ဘရက်အဒမ်က သုံးသပ်ပြောဆိုသည်။


        


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive