Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခုကာကွယ်ရေးဦးစီးချုပ် ကျင့်သုံးနေတဲ့လမ်းစဉ်က ပိုပြီးပြည်သူနဲ့ ထိတွေ့တယ်။ ပွင့်လင်းမြင်သာတယ်။ အရင်တုန်းက တပ်မတော်ကသုံးတဲ့ ပစ္စည်းတွေကို ပြည်သူတွေကို ပြလေ့ပြထမရှိဘူး။ အခုကျတော့ ပြည်သူတွေပေးတဲ့ဘဏ္ဍာနဲ့ နိုင်ငံတော်ကို ကာကွယ်ဖို့ဝယ်ထားတဲ့ ပစ္စည်းတွေဆိုတော့ ဘာတွေဝယ်ထားတယ်။ ဘာစွမ်းအင်တွေ ရှိနေတယ်ဆိုတာကို ပြည်သူတွေသိနိုင်ဖို့ အခုလိုထုတ်ပြန်တယ်။ ရှေ့လျှောက်လည်း ပိုပြီးထိတွေ့သွားမှာပါ”

ဇွန်လ ၉ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ကာချုပ်ကိုယ်တိုင် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံလာ”သတင်းမှ အငြိမ်းစားဗိုလ်မှူးကြီးပောာင်း ဦးရဲထွဋ်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ကျွန်တော်မြင်တာကတော့ နိုင်ငံပိုင်မီဒီယာကို နာမည်တစ်မျိုးပြောင်းပြီးတော့ လုပ်တဲ့သဘောမျိုးပဲ သက်ရောက်တယ်လို့ ထင်တယ်ဗျာ။ နိုင်ငံပိုင်မီဒီယာဆိုတာကလည်း နိုင်ငံရဲ့ဘဏ္ဍာတွေနဲ့လုပ်တာပဲ။ အများပြည်သူဝန်ဆောင်မှုမီဒီယာဆိုလည်း အများပြည်သူရဲ့ဘဏ္ဍာနဲ့လုပ်မှာပဲ။ ကြီးကြပ်တာကလည်း အစိုးရပိုင်းက ပုဂ္ဂိုလ်တွေက ပေါ်လစီကို ညွှန်ကြားပေးပြီးတော့မှ အယ်ဒီတာက အဲဒီလိုအောက်မှာမှ သူဘယ်အထိ တိုင်းတာမှာလဲဆိုတာ တော်တော်စဉ်းစားရမယ့် အနေအထားနဲ့လုပ်ရမှာ ဆိုတော့ သိပ်တော့မထူးဘူးလို့ ထင်တာပဲ”

ဇွန်လ ၉ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အများပြည်သူဝန်ဆောင်မှုဆိုင်ရာ မီဒီယာဥပဒေကြမ်းအား မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က အချက်ကိုးချက်ဖြင့် ကန့်ကွက်ခဲ့ပြီး PSM သည်အစိုးရ၏ ဝါဒဖြန့်ချီရေး ယန္တရားအဖြစ် ဆက်ရှိနိုင်မည်ကို ဂျာနယ်လစ်များမေးခွန်းထုတ်”သတင်းမှ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်နှင့် ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိမူဝါဒကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအနေနဲ့ သိန်းတစ်ထောင်ရှိသူကို သိန်းငါးရာသာ လုပ်ငန်းလုပ်ခွင့်ပေး သလိုဖြစ်နေတယ်။ ဘယ်လုပ်ငန်းရှင်မှ ငွေမရဘဲ ပစ္စည်းပေးပို့ကြမှာ မပာုတ်တဲ့အတွက် အစိုးရကလုပ်ငန်းရှင် ငွေမရမည်ကို အကြောင်းပြပြီး အံမဝင်တဲ့မူဝါဒတွေကို ဆက်လက်မထားရှိသင့်ဘူး”

ဇွန်လ ၁၁ ရက်နေ့ထုတ် Flower News ဂျာနယ် အတွဲ (၉) အမှတ် (၂၂)တွင်ပါရှိသော “ကြိုတင်ငွေယူပြီးမှ ပစ္စည်း တင်ပို့ရသည့်စနစ်က ရေထွက်ပို့ကုန်လုပ်ငန်း တိုးတက်ရေးကို အပာန့်အတားဖြစ်နေပာုဆို”သတင်းမှ ငါးလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“Global Compact ဆိုတာ အဖွဲ့အစည်းတွေပဲ ဝင်ရတဲ့အဖွဲ့ဖြစ်တယ်။ ဒီအဖွဲ့ဝင်တဲ့ အဖွဲ့အစည်းက စည်းကမ်းရှိတယ်။ ကိုယ့်အဝန်းအဝိုင်းနဲ့ဖြစ်ဖြစ် ထုတ်လုပ်တဲ့အခါ အဆင်ပြေမယ်။ Global Compact ထဲဝင်လိုက်ရင် တစ်ကမ္ဘာလုံးက အဖွဲ့အစည်းတွေနဲ့ ပေါင်းချိတ်ဆက်လာနိုင်မယ်။ ဒါကြောင့် မကြာခင် Global Compact အဖွဲ့ဝင်တွေ အားလုံးတွေ့ဆုံ မယ့်ပွဲကို ရန်ကုန်မှာ နိုဝင်ဘာလလောက် ကျင်းပမယ်။ ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ ရာထူးမရယူခင်ပေါ့။ ဒါဆို Global Compact မှာပါတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအားလုံးက ပေါင်းသင်းဆက်ဆံနိုင်ပြီး မြန်မာမှ အဖွဲ့အစည်းတွေကလည်း ကုလသမဂ္ဂရဲ့ မိသားစုဝင်လိုဖြစ်သွားမှာပါ”

ဇွန်လ ၉ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ကုလသမဂ္ဂ၏ Global Compact အဖွဲ့တွင်ပါဝင်သည့် တစ်ကမ္ဘာလုံးမှ အဖွဲ့အစည်းများ မြန်မာနိုင်ငံ၌ တွေ့ဆုံမည်”သတင်းမှ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အစိုးရက လမ်းဖွင့်ပေးထားတယ်။ မူအားဖြင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ခွင့်ရှိတယ်။ သို့သော်လည်း တကယ်တမ်း ပါဝင်ခွင့်ရဖို့ အစိုးရအနေနဲ့ ဘယ်အချိန်မှာ လက်ခံမယ်ဆိုတဲ့ Framework မရှိဘူး။ အစိုးရအနေနဲ့ ဒါကို သတ်သတ် မှတ်မှတ်ဘယ်အချိန်မှာ ဘယ်လိုပါဝင်ရမယ်ဆိုတာ မူဘောင်ချမှတ်ပြီး လက်ခံသင့်တယ်”

ဇွန်လ ၉ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်လာနိုင်ပာုဆို”သတင်းမှ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

လှိုင်သာယာစက်မှုဇုန်စက်ရုံ ၃၀ကျော်မှ အလုပ်သမား၁၅၀၀ မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒဖော်ထုတ်ဟောပြော မည်

၂၀၁၂ ခုနှစ်အတွင်း ထွက်ပေါ်ခဲ့သော အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ပေးရေး အပါအ၀င် အလုပ်သမားများ၏  တစ်နေ့ လုပ်ခလစာ အနည်းဆုံး ကျပ် ၃၀၀၀ ရရှိရေးအတွက် လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံ ၃၀ ကျော်မှ အလုပ်သမား ၁၅၀၀ သည် ယနေ့ ဇွန်လ ၉ ရက်နေ့တွင် လှိုင်သာယာမြို့နယ် အတွင်း ဆန္ဒထုတ်ဖော်၍ ဟောပြောပွဲများကို ခွင့်ပြုချက်အရ ပြုလုပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးဌေး၏ ပြောဆိုချက်အရ သိရသည်။


ပည်တွင်းမိုဘိုင်းဖုန်းသုံးသူများအား ဈေးနှုန်းချိုသာ၍ ၀န်ဆောင်မှုကောင်းရမည်ဟု ကမ္ဘာ့စတုတ္ထအကြီးဆုံး Bharti Aritel ဥက္ကဋ္ဌ ပြောကြား

အိန္ဒိယနိုင်ငံ အခြေစိုက် ကမ္ဘာ့စတုတ္ထအကြီးဆုံး မိုဘိုင်းလ် ၀န်ဆောင်မှု လုပ်ငန်းဖြစ်သော Bharti Aritel ရုံးချုပ်မှ ဥက္ကဋ္ဌ Mr. Sunil Bharti Mittal က မြန်မာပြည်ရှိ လူတန်းစားမရွေး ဖုန်းခေါ်ဆိုခနှုန်းထား သက်သာစွာဖြင့် ကမ္ဘာ့အဆင့်မီ မိုဘိုင်းဝန်ဆောင်မှု များအား ရရှိစေမည်ဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ် တွင် ပြောကြားခဲ့သည်ဟု သိရသည်။

                အဆိုပါ မိုဘိုင်းလ်ဝန်ဆောင်မှုများအတွက် အိန္ဒိယ- မြန်မာ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုလုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ အထည်နှင့် စက်မှုလက်မှု ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ကြီး Mr.Anant Sharma တို့မှ တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေးတင်ဒါ နှစ်နေရာအတွက် လျှောက်ထားရာတွင် နောက်ဆုံးဆန်ခါတင် အဆင့် သို့ ရောက်ရှိနေပြီဖြစ်သော အဆိုပါ မိုဘိုင်းလ်ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ၌ 2G,3G,4G အစရှိသည့် မိုဘိုင်းလ် ၀န်ဆောင်မှုများ၊ တယ်လီဖုန်းလိုင်း ပြင်ဆင်ခြင်း၊ DSL Broad Band? DTH ၀န်ဆောင်မှုများနှင့် သုံးစွဲသူများ အတွက် မိုဘိုင်းလ် ကုန်သွယ်ရေး ၀န်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


Global Compact  အဖွဲ့တွင် ပါဝင်သည့် တစ်ကမ္ဘာလုံးမှ အဖွဲ့အစည်းများ မြန်မာနိုင်ငံ၌ တွေ့ဆုံမည်

ကုလသမဂ္ဂ၏ Global Compact အဖွဲ့တွင် ပါဝင်သည့် တစ်ကမ္ဘာလုံးမှ အဖွဲ့အစည်းများ ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ အထူးအကြံပေးပုဂ္ဂိုလ် ဖြစ်သူ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၏ ပြောကြားချက်အရ သိရသည်။

လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အကျင့်ပျက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စသည့် မူဝါဒလေးခု အပေါ်တွင် အခြေခံထားသော Global Compact အဖွဲ့သည် လက်ရှိတွင် နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှ အဖွဲ့ဝင်ပေါင်း တစ်သောင်းကျော် ၀င်ရောက်နေပြီး မြန်မာနိုင်ငံမှ အဖွဲ့ဝင် တစ်ရာခန့်သာ ၀င်ရောက်သေး ကြောင်း သိရှိရသည်။


မလေးရှားရောက် မြန်မာအလုပ်သမားများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ထိထိရောက်ရောက် ကာကွယ် ပေးရန် NNDP ပါတီတိုက်တွန်း

မလေးရှားရောက် မြန်မာအလုပ်သမားများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ထိထိရောက်ရောက် ကာကွယ်ပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)မှ အရေးပေါ်အစည်းအဝေး ကျင်းပကာ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဇွန်လ ၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တိုက်ခိုက်ခံ ခဲ့ရမှုကြောင့် ဒဏ်ရာရ သေဆုံးခဲ့မှုများအပေါ် ချက်ချင်းစုံစမ်းဖော်ထုတ်ပြီး ပြစ်မှုကျုးလွန်သူများကို ဥပဒေနှင့် အညီ အရေးယူ ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးက မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားသံအမတ်ကို ခေါ်ယူ၍ သတိပေးလွှာပေးအပ်ခြင်း အပေါ် မိမိတို့ပါတီအနေဖြင့် ထောက်ခံပါကြောင်း၊ ထို့ပြင် မလေးရှား ရဲတပ်ဖွဲ့ဝင်များက မလေးရှားရောက် မြန်မာနိုင်ငံသားများကို အပြင်းအထန် ဖမ်းဆီးခဲ့ပြီး အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားများကို ပြစ်ဒဏ်များချမှတ်မည် ဆိုသည့် သတင်းများ ကြားသိရသည့်အတွက် အလွန်စိုးရိမ်ကြောင်း ဖော်ပြပါရှိသည်ဟု သိရသည်။


ရတနာပုံတယ်လီပို့ ကုမဏီမှ အစုရှယ်ယာများ ရောင်းချမည်

                ပြည်တွင်း၌ ဆက်သွယ်ရေးနှင့် ပတ်သက်သည့် ၀န်ဆောင်မှုပေးလျက်ရှိသည့် ရတနာပုံ တယ်လီပို့ကုမ္ပဏီမှ မေ ၂၁ ရက်က အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီးနောက် အစုရှယ်ယာများကို သုံးလအတွင်း အစုရှယ်ယာတစ်စုလျှင် ကျပ်တစ် သောင်းနှုန်းဖြင့် အစုတစ်သိန်းအထိ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့စ်မှ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက ပြောကြားသည်။ ထိုသို့ ရောင်းချပေးမည်ဖြစ်သော်လည်း မည်သည့် ကုမ္ပဏီအဖွဲ့ အစည်းမဆို ရှယ်ယာပိုင်ဆိုင်ခွင့် ၅ ရာခိုင်နှုန်းထက် မပိုစေရန် သတ်မှတ်ထားကြောင်း သိရသည်။ လက်ရှိ အချိန်တွင် ရတနာပုံကုမ္ပဏီလီမီတက်၏ အစုရှယ်ယာများကို နိုင်ငံတော်ပိုင်းမှ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ပုဂ္ဂလိကပိုင်းမှ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း သိရသည်။


ချင်းတွင်းမြစ်ကြောင်းပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းနှစ်ခု ရပ်ဆိုင်း

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ချင်းတွင်းမြစ်ကြောင်းပေါ်ရှိ ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ်စီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် မြန်မာအစိုးရဘက်မှ တောင်းဆိုသော စီမံကိန်းဆိုင်ရာ အသုံးစရိတ်မြင့်မားမှုများကြောင့် နှစ်နိုင်ငံအစိုးရများ၏သဘောတူညီချက်အရ အဆိုပါ စီမံကိန်းနှစ်ခုအား ခေတ္တရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အိန္ဒိယသတင်းမီဒီယာများတွင် ဖော်ပြထားသည်။ အဆိုပါ စီမံကိန်းလုပ်ဆောင်ရန် ယင်းဒေသရှိ ရွာကြီးနှစ်ရွာကိုဖျက်သိမ်းရမည်ဖြစ်သည့်အပြင် အနီးအနားရှိ ရွာပေါင်း ၆၀ တွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့်အတွက် ဒေသခံများက သဘောမတူမှုကြောင့် ယခုကဲ့သို့ ဖျက်သိမ်းရခြင်းဖြစ်ကြောင်း သိရသည်။


 ပြည်သူ့ရေးရာသင်တန်းပို့ချမှု(iPACE)အတွက် အမေရိကန်မှ သုံးနှစ်ဘဏ္ဍာငွေထောက်ပံ့

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအုပ်ချုပ်မှုအသွင်ကူးပြောင်းမှု ပုံသဏ္ဍာန်ပီပြင်လာနိုင်စေရန် ရည်ရွယ်၍ ပြည်တွင်းရှိ နိုင်ငံရေးပါတီဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများအတွက် နိုင်ငံရေးနှင့် ပြည်သူ့ရေးရာသင်တန်းပို့ချမှု(iPACE)ကို ဇန်နဝါရီလမှစတင်၍ အမေရိကန်စင်တာ၌ သုံးနှစ်ဆက်တိုက် ဆောင်ရွက်နိုင်ရန် အမေရိကန်အစိုးရက ဘဏ္ဍာငွေထောက်ပံ့ပေးထားကြောင်း သိရသည်။ အဆိုပါသင်တန်းကာလမှ သုံးလကြာမြင့်မည်ဖြစ်ပြီး တစ်နှစ်လျှင် လေးကြိမ်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်ခဲ့သူများအနေဖြင့် ဒီမိုကရေစီအခြေခံစည်းမျဉ်းများကို သိရှိ၍ လက်တွေ့အသုံးချနိုင်မည်ဖြစ်ပြီး တာဝန်သိသော စီမံအုပ်ချုပ်ကောင်းများ ပေါ်ထွက်လာနိုင်စေမည်ဖြစ်ကြောင်း သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive