Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ရိုပာင်ဂျာများအတွက် ကလေးနှစ်ဦးမူဝါဒကို အစိုးရတာဝန်ရှိသူထောက်ခံ

(Reuters မှ 11 Jun 2013 ရက်စွဲပါ “Myanmar backs two-child policy for Rohingyas”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များအတွက် ဆုံးဖြတ်ချက်တစ်ရပ် အီးယူထုတ်ပြန်မည်

(Kuwait News Agency မှ 12 June 2013 ရက်စွဲပါ EU Parliament to issue resoulution on Rohinga Muslims of Myanmar ကိုဘာသာပြန်ဆိုသည်)


 

ရိုပာင်ဂျာများအတွက် ကလေးနှစ်ဦးမူဝါဒကို အစိုးရတာဝန်ရှိသူထောက်ခံ

(Reuters မှ 11 Jun 2013 ရက်စွဲပါ “Myanmar backs two-child policy for Rohingyas”သတင်းကို ဘာသာပြန်ဆိုသည်)

ရိုပာင်ဂျာများအပေါ် အငြင်းပွားဖွယ် ကလေးနှစ်ဦးကန့်သတ်မှုကို ထောက်ခံကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ယင်းအစီအစဉ်ကိုကုလသမဂ္ဂနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကလူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ကန့်ကွက်ထားကြပါသည်။

ဦးခင်ရီသည် ရခိုင်ပြည်နယ်မှ ရိုပာင်ဂျာများအား ကလေးနှစ်ဦးထက်ပိုမယူဖို့ ကန့်သတ်ရန် ဒေသအာဏာပိုင်များက စီစဉ်ဆောင်ရွက်နေခြင်းကို လူသိရှင်ကြား ထောက်ခံသော အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သည်။

“ဒီအစီအစဉ်က ဘင်္ဂါလီ အမျိုးသမီးတွေအတွက် အကျိုးရှိစေမယ့်ကိစ္စပါ”ပာု ဦးခင်ရီက Reuters နှင့်အင်တာဗျူး တွင် ပြောကြားသည်။ ဗုဒ္ဓဘာသာလူများစု တိုင်းပြည်တွင် ရိုပာင်ဂျာမွတ်ဆလင် လူနည်းစုအပေါ် ခွဲခြားဖိနှိပ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာစိုးရိမ်ပူပန်မှုများ ကြီးထွားနေချိန်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၏ အထက်ပါမှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ် သည်။

တပ်မတော်အစိုးရ အစားထိုးအရပ်ဖက် အစိုးရရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲတွင် လူမျိုးရေးတင်းမာမှုများ ဆက်လက် ဖြစ်ပွားနေမှုလည်း ပါဝင်နေသည်။ ယခုလိုကလေးနှစ်ဦး ကန့်သတ်မှုကြောင့် မြန်မာနိုင်ငံ၏အဆင်းရဲဆုံး ဒေသ တွင်ဘေးမကင်းသော ကိုယ်ဝန်ဖျက်ချမှုများ ဖြစ်ပွားအောင် အားပေးရာရောက်နေကြောင်း ကျန်းမာရေးလုပ်သားများက ပြောကြား သည်။

နောက်ထပ် မငြိမ်သက်မှုများကို တားဆီးရန်အတွက် ရိုပာင်ဂျာဘင်္ဂါလီများကို ထိန်းချုပ်ရန်လိုသည်ပာု ရခိုင်ဒေသ အာဏာပိုင်များက ဆိုပါသည်။ စစ်တွေတွင် ရခိုင်အသိုင်းအဝိုင်းနှင့် ရိုပာင်ဂျာအသိုင်းအဝိုင်းကို သီးခြားစီခွဲခြားထားပြီး ရိုပာင် ဂျာဒုက္ခသည်များမှာ အကျဉ်းစခန်းနှင့်တူသော ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်ကြရသည်ပာု ရိုပာင်ဂျာအခွင့်အရေး လှုပ်ရှားသူများက ပြောကြားသည်။

တပ်မတော်အစိုးရလက်ထက် ရိုပာင်ဂျာလူဦးရေထိန်းချုပ်ရန် ချမှတ်ထားခဲ့သော ကလေးနှစ်ဦးထက်ပိုမယူရ ကန့် သတ်ချက်ကို ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များတွင် ပြန်လည်ကျင့်သုံးမည်ပာု ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူ တစ်ဦးက ယခင်လက ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံမှ ရိုပာင်ဂျာပြဿနာကို နိုင်ငံတကာမွတ်ဆလင် အသိုင်းအဝိုင်းက ဝိုင်းဝန်းပြစ်တင်နေကြသော်လည်း လက်တွေ့တွင် ရိုပာင်ဂျာဒုက္ခသည်များကို ၎င်းအစ္စလာမ်ဘာသာ ကိုးကွယ်သောနိုင်ငံများက လိုလိုလားလားလက်ခံလိုခြင်း မရှိကြပာု သိရှိရသည်။


 

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များအတွက် ဆုံးဖြတ်ချက်တစ်ရပ် အီးယူထုတ်ပြန်မည်

(Kuwait News Agency မှ 12 June 2013 ရက်စွဲပါ EU Parliament to issue resoulution on Rohinga Muslims of Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင် လူနည်းစုများအပေါ် ခွဲခြားဆက်ဆံသည့်မူဝါဒများ အဆုံးသတ်ရန် မေတ္တာရပ် ခံချက်ပါဝင်သည့် ဥရောပပါလီမန် ဆုံးဖြတ်ချက်မူကြမ်း တစ်ရပ်ကို မိမိအနေဖြင့် ရေးဆွဲကာ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ဥရောပ ပါလီမန်၏ ဗြိတိန်နိုင်ငံဆိုင်ရာ အဖွဲ့ဝင် SajjadKarim က အင်္ဂါနေ့တွင် ထုတ်ဖော်ပြောဆိုသည်။

ယင်းဆုံးဖြတ်ချက်ကို ဇွန်လ ၁၃ ရက်နေ့(ကြသပတေးနေ့)တွင် မဲပေးအတည်ပြုရန် စီစဉ်ထားကြောင်း၊ မြန်မာ အိမ် နီးချင်း နိုင်ငံများအနေဖြင့် ဒုက္ခသည်တစ်သန်းခန့်အား အကူအညီပေးရန်နှင့် ရိုဟင်ဂျာမိသားစုများ ကလေး ၂ ဦးသာယူခွင့် ပြုသည့်မူဝါဒကဲ့သို့ ဖိနှိပ်ချုပ်ခြယ်သည့် မူဝါဒများ အဆုံးသတ်ရေးအတွက် မြန်မာအစိုးရအပေါ် ဖိအားပေးရန် ယင်းဆုံးဖြတ် ချက်က မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း ၎င်း၏ အဆိုအရသိရသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင် လူနည်းစုများသည် ကုလသမဂ္ဂအဆိုအရ ကမ္ဘာပေါ်တွင် ဖိနှိပ်မှုအများဆုံးခံရ သည့် လူမျိုးစုဖြစ်ပြီး ၁၉၆၂ ခုနှစ်၊ စစ်အစိုးရအာဏာ သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ မွတ်စလင်ဆန့်ကျင် တိုက်ခိုက်မှုများတွင် သားကောင်များ ဖြစ်ခဲ့ရကြောင်း SajjadKarim က ကြေညာချက်ထုတ်ပြန်သည်။

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဥပမာများကို ပြရမည်ဆိုလျှင် မြန်မာစစ်တပ်သည် ရိုဟင်ဂျာမွတ်စလင်များကို သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည့် ဥပမာများရှိနေသည်။

မြန်မာသမ္မတ ဦးသိန်းစိန် ၂၀၁၁ ခုနှစ်တွင် အာဏာရရှိလာသည့်အချိန်မှစ၍ ဘာသာရေးဂိုဏ်းဂဏဖွဲ့ အကြမ်းဖက် မှုများဖြစ်ပေါ်လာပြီး ရိုဟင်ဂျာမွတ်စလင်များအပေါ် ဖိနှိပ်မှုများပြုလုပ်လာကြောင်း၊ ယင်းဖြစ်ရပ်များသည် အခြေခံလူ့အခွင့် အရေးမရရှိမှုကြောင့် ပိုမိုဆိုးရွားလာပြီးအစိုးရကလည်းခွဲခြားဆက်ဆံသည့် ဥပဒေများထုတ်ပြန်ကာ ရိုဟင်ဂျာလူ့အဖွဲ့အစည်း ကို နှင်ထုတ်ရန် ကြိုးပမ်းသည်အထိ ဖြစ်လာကြောင်း ၎င်းကမှတ်ချက်ပေးသည်။

ရိုဟင်ဂျာ မွတ်စလင်များသည် မြန်မာအစိုးရက တိုင်းရင်းသားလူမျိုးစုအဖြစ် အသိအမှတ်ပြုလက်ခံရန် ငြင်းပယ်ခံ ရမှုကြောင့် နိုင်ငံမဲ့ပြည်သူများ အဖြစ်သတ်မှတ်ခံထားရသည်။

“ရိုဟင်ဂျာတွေရဲ့ ဘေးဒုက္ခကို မေ့ဖျောက်ပစ်မှာမဟုတ်ဘူး ဆိုတဲ့အချက်ကို အခိုင်အမာဖြစ်အောင်လုပ်ဖို့ ကျွန်တော် နည်းလမ်း ရှာဖွေနေပါတယ်။ အီးယူမှာရှိတဲ့ ကျွန်တော်နဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေလည်း ရိုဟင်ဂျာဒုက္ခသည် စခန်း တွေဆီကိုအကူအညီ အထောက်အပံ့တွေ အသေအချာ ရောက်ရှိနိုင်ရေးအတွက် မမောနိုင်မပန်းနိုင်ဘဲ လုပ်ကိုင်ကြိုးပမ်း နေပါတယ်” ဟု Karim ကပြောကြားသည်။

ခန့်မှန်းချက်များအရ ရိုဟင်ဂျာမွတ်စလင် တစ်သန်းခန့်မှာ မြန်မာနိုင်ငံကို စွန့်ခွာသွားပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် တစ် နိုင်ငံတည်းတွင် သုံးသိန်းခန့်ခိုလှုံနေထိုင်လျက်ရှိသည်။

“ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နဲ့ ထိုင်းနိုင်ငံလိုမျိုး မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သာတူညီမျှဖြစ်တဲ့ ဆုံးဖြတ်ချက် တစ်ရပ် ပေါ်ထွက်လာရေးအတွက် ဦးဆောင်လုပ်ကိုင် ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။ ယခုဖြစ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အခက်အခဲမျိုးဟာ ကျွန်တော်တို့ ကမ္ဘာကြီးမှာ ဖြစ်ရိုးထုံးစံ မရှိပါဘူး”ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

အီးယူသည် လတ်တလောအနေအထားတွင် မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းနေထိုင်ရသော ပြည်သူများအတွက် ယူရိုငွေ ၅ ဒသမ ၅ သန်းထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် အီးယူသည် ရိုဟင်ဂျာမွတ်စလင်များအား အစားအသောက်နှင့် အထောက်အပံ့များ ပေးအပ်နိုင်ရေးအတွက် ကုလသမဂ္ဂအေဂျင်စီများနှင့် အတူလက်တွဲလုပ်ကိုင်လျက်ရှိသည်။


 

                  

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. နောက်ဆုံးတွင် မြန်မာတို့၏အချိန်ရောက်ပြီလား?

(12 June 2013 ရက်စွဲပါ The Japan Times မှ Martin N.Baily နှင့် Richard Dobbs တို့ရေးသားသော Has Myanmar’s moment come at last? ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ တံခါးအဖွင့်တွင် စင်္ကာပူကုမ္ပဏီများကို ခိုစီး၍ဝင်ခြင်း

(Channel News Asia မှ 11 Jun 2013 ရက်စွဲပါ “Riding on Myanmar’s growth via s’pore Listed Companies”သတင်းကိုဘာသာပြန်ဆိုသည်)


နောက်ဆုံးတွင် မြန်မာတို့၏အချိန်ရောက်ပြီလား?

(12 June 2013 ရက်စွဲပါ The Japan Times မှ Martin N.Baily နှင့် Richard Dobbs တို့ရေးသားသော Has Myanmar’s moment come at last? ကိုဘာသာပြန်ဆိုသည်)

ရန်ကုန်သည်ကာလတိုအတွင်းလှုပ်ရှားမှုများ၊ အဖြစ်အပျက်များဖြင့်မြိုင်ဆိုင်နေပါသည်။ ပြီးခဲ့သည့်လက ဦးသိန်းစိန် သည် နှစ်ပေါင်းငါးဆယ်ခန့်အတွင်း အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်သော မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ဖြစ်လာပါ သည်။ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အိန္ဒိယဝန်ကြီးချုပ်မန်မိုပာန်ဆင်းအစ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးအထိ ခေါင်းဆောင်များ ရန်ကုန်သို့သွားရောက်ခဲ့ကြပါသည်။

အမှန်တကယ်ပင် နိုင်ငံခြားအစိုးရများမှသံရုံးများ မြန်မာနိုင်ငံတွင်ပြန်လည်ဖွင့်လှစ်ရန် အပြေးအလွှားပြန်လာနေကြ သည်။ ထို့အပြင်နိုင်ငံစုံအဖွဲ့အစည်းများနှင့် ကမ္ဘာအနှံ့မှဝန်ကြီးပောာင်းများသည် အာဏာပိုင်များအား ရည်မှန်းချက်ကြီးသော အစီအစဉ်များ တိုးတက်ရေးအတွက် အကူအညီပေးရန် ဝင်ရောက်လာကြပါသည်။

လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြည်းဆည်းရေးမှ အစပြု၍ အစိုးရအုပ်ချုပ်မှု စွမ်းရည် တည်ဆောက်ရေးများတွင် အကူ အညီ ပေးရမည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများကလည်း အခွင့်အလမ်းများကို တက်ကြွစွာရှာဖွေနေကြပါပြီ။

ထိုသို့ အာရုံပြုနေကြသည်မှာ အံ့သြဖွယ်တော့ မပာုတ်ပေ။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ စီးပွားရေးအရ အထီး ကျန်ဖြစ်ပြီး ဆိုးရွားစွာခံစားခဲ့ရပြီး၊ အာရှ၏မတို့မထိရသေးသော ကြီးမားသော ဈေးကွက်အဖြစ် ယခုထွက်ပေါ်လာနေပါသည်။ ယခုအခါတိုင်းပြည်သည် တံခါးဖွင့်နေပြီဖြစ်၍ ရင်းနှီးမြှုပ်နှံသူများသည် နှစ်ပေါင်းများစွာ ရေရှည်ခံမည့်တည်ဆောက်ပုံ ခိုင်မာ ရေး ထူထောင်နိုင်ရန် မျှော်မှန်းနေကြပါသည်။

သို့သော် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ မြင့်တက်နေသော မျှော်မှန်းချက်အတိုင်း အကျိုးအမြတ် ရှိနိုင်သလော။ အဓိကကျသော မသေချာ၊ မရေရာမှုနှင့် စွန့်စားရမည့် အန္တရာယ်များ ရှိနေသည်ဆိုသည် သံသယဖြစ်ဖွယ်မရှိပေ။ နိုင်ငံရေး အရ ပြုပြင်ပြောင်းလဲမှုများ မည်သို့တဖြည်းဖြည်း ဖြစ်ပေါ်တိုးတက်နိုင်မည်ဆိုသည့်အချက်ကို ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်နေ ကြပါသည်။ အစိုးရသည် တိုင်းရင်းသားအုပ်စုများနှင့် မခိုင်မာသေးသော ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းနိုင်မည်လား ဆိုသည်မှာ အချက်နှင့် ဥပဒေများနှင့် ပိုင်ဆိုင်ခွင့်ဆိုင်ရာ ရပိုင်ခွင့်များ မည်သို့တိုးတက်လာနိုင်သည် ဆိုသည့်အချက်များမှာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။ ထို့ပြင် စီးပွားရေး၏ အလားအလာများကို တွက်ချက်ရန်လည်း ခက်ခဲပါသည်။ အဘယ်ကြောင့် ဆို သော် စိတ်ချရသော အချက်အလက်နည်းပါးခြင်း၊ အခြေခံသိသင့်သည့် လူဦးရေပမာဏကိုပင် တိတိကျကျမသိရခြင်းနှင့် သမိုင်းမှ စီးပွားရေးတိုးတက်မှုများမှာလည်း လျှို့ဝှက်ထားခဲ့ခြင်းများကြောင့်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၎င်း၏ဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းကို အလွန်တရာအားနည်းချက်များရှိသော အခြေအနေမှ စတင် ခဲ့ရသည်ပာုဆိုလျှင် သံသယရှိလိမ့်မည်မပာုတ်ပာု McKinsey Global Institue(MGI)၏ အစီရင်ခံစာသစ်ကဆိုပါသည်။

မြန်မာနိုင်ငံသည် အမှန်တကယ်ပင် ၂၀ ရာစုအတွင်းက ကမ္ဘာ့စီးပွားရေးမြင့်မားစွာ တိုးတက်မှုနှင့် မထိတွေ့ခဲ့ရပေ။ ကမ္ဘာလုံးဆိုင်ရာ GDP သည် လေးဆခန့် မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံမှာ တိုးတက်မှုလုံးဝမရှိခဲ့ပေ။

ထို့အပြင် ထုတ်လုပ်မှု စွမ်းအားလည်း နိမ့်ပါသည်။ မြန်မာနိုင်ငံမှ အလုပ်သမားတစ်ဦးသည် ၂၀၁၀ ခုနှစ်တွင် ပျှမ်းမျှ အားဖြင့် စီးပွားရေးတန်ဖိုး ဒေါ်လာ(၁၅၀၀)ခန့်သာ ထည့်ဝင်နိုင်ရာ အာရှမှအလုပ်သမား(၈)ဦး၏ ပျှမ်းမျှထည့်ဝင်မှု၏ ၃၀ ရာခိုင်နှုန်းသာ ရှိပါသည်။ မြန်မာနိုင်ငံ၏ GDP သည် အာရှ၏ ၀.၂ ရာခိုင်နှုန်း ဝန်းကျင်တွင်ရှိပြီး၊ Bristol၊ ဒေလီနှင့် Seville မြို့များ၏ GDP နှုန်းလောက်တွင်သာ ရှိပါသည်။

မြန်မာနိုင်ငံသည် ထုတ်လုပ်မှုစွမ်းအား တိုးတက်ရန် ခြေလှမ်းပြောင်းလဲရန် လိုအပ်ပါသည်။ မျှော်မှန်းထားသော ပြောင်းလဲလာမည့် လမ်းကြောင်းများနှင့် သမိုင်းကြောင်းအရ အလုပ်သမားထုတ်လုပ်မှု စွမ်းရည်ကြီးထွားမှုကို ကြည့်မည် ဆိုပါက နှစ်စဉ် GDP သည် ၄ ရာခိုင်နှုန်းထက်ပင်နည်းနိုင်ပြီး၊ လက်ရှိအများမျှော်မှန်းထားမှုထက် လျှော့ပါလိမ့်မည်။ သို့သော် မြန်မာနိုင်ငံသည် နှစ်စဉ်အလုပ်သမား ထုတ်လုပ်မှုစွမ်းရည်ကို လက်ရှိခန့်မှန်းမှု ၂.၇ ရာခိုင်နှုန်းမှ တရုတ်နှင့် ထိုင်းအပါအဝင် မကြာသေးမီ ဆယ်စုနှစ်များက အခြားအာရှနိုင်ငံများ ရရှိခဲ့သော ၇ ရာခိုင်နှုန်းထိ မြှင့်တင်မည်ဆိုပါက နှစ်စဉ် GDP သည် ၈ ရာခိုင်နှုန်းထိပင် တိုးတက်နိုင်စွမ်းရှိပါသည်။ သို့မှသာ ၂၀၁၀ တွင်ရှိသော စီးပွားရေးတန်ဖိုးဒေါ်လာ ၄၅ ဘီလီယံမှ ဒေါ်လာ ၂၀၀ ဘီလီယံသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

သို့သော် မြန်မာနိုင်ငံသည် ထိုသို့သောတိုးတက်မှု အရှိန်အပာုန်ရရှိရန် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများမရှိဘဲ ဖြစ်နိုင် လိမ့်မည်မပာုတ်သည်မှာ အသေအချာဖြစ်ပါသည်။ MGI ၏ သုတေသနပြုချက်အရ ယခုမှစ၍ ၂၀၃၀ တွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ(၁၇၀) ဘီလီယံနှင့်အတူ စွမ်းဆောင်ရည်များနှင့် နည်းပညာများတွဲလျက် ဝင်ရောက်ရန် လိုအပ်သည်ပာုဆိုပါသည်။

လောလောဆယ်တွင် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံမှစွမ်းအင်နှင့် သတ္တုတွင်းကဏ္ဍ၊ ကမ္ဘာပေါ်တွင် ၄၀ ရာခိုင်နှုန်း ဝေစုရထားသည့် ကျောက်စိမ်းထုတ်လုပ်မှုနှင့် ပတ္တမြားနှင့် ကျောက်မျက်တူးဖော်ရေးများတွင် စွမ်းအင်နှင့် သတ္တု ကဏ္ဍတွင်ပင် မှီခို၍ မဖြစ်နိုင်ပေ။ ကဏ္ဍအားလုံးပာန်ချက်ညီစွာ တိုးတက်ရန် လိုအပ်ပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အတွက် အမျိုးမျိုးသောအခွင့်အလမ်းများ ပေးနိုင်ရန်လိုအပ်ပါသည်။

ကဏ္ဍငါးခုဖြစ်သည့် စွမ်းအင်နှင့် သတ္တုတွင်း၊ စိုက်ပျိုးရေး၊ စက်မှုထုတ်လုပ်မှု၊ ခရီးသွားကဏ္ဍနှင့် အခြေခံ အဆောက်အဦးတို့သည် မြန်မာနိုင်ငံ၏ စုစုပေါင်းတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့တွင် ၉၀ ရာခိုင်နှုန်းပါဝင်မှု ရှိပါသည်။ ထိုအထဲမှ စက်မှုထုတ်လုပ်မှု ကဏ္ဍသည် ကုမ္ပဏီအများအပြားအတွက် လုပ်အားခ ဈေးတက်လာသော တရုတ်နှင့် အခြားအာရှ စီးပွားရေးနိုင်ငံများမှ ပြောင်းရွှေ့နေရာချထားရန် တစ်ပန်းသာလျှက်ရှိရာ အရေးကြီးပါသည်။ MGI ၏အစီရင် ခံစာအရ ထုတ်လုပ်မှုကဏ္ဍသည် ၂၀၃၀ တွင် လူ ၇.၆ သန်းကို အလုပ်ပေးထားနိုင်ပြီး GDP တွင် ဒေါ်လာ ၇၀ ဘီလီယံထည့် ဝင်နိုင်မည်ပာုဆိုပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် လောလောဆယ် အကြီးဆုံးဖြစ်သည့် စိုက်ပျိုးကဏ္ဍ၏ သုံးဆကျော်ပါ သည်။

အကယ်၍ မြန်မာနိုင်ငံသည် MGI ယုံကြည်သည့်အတိုင်း တိုးတက်မှုနှင့် အလုပ်အကိုင်တိုးလာမှုကို လုပ်ဆောင် နိုင်မည်ဆိုပါက အလုပ်အကိုင် ရှိသူများအတွက် မရှိမဖြစ် သုံးစွဲမှုများအတွက် လုံလောက်သော ဝင်ငွေတိုးလာရေးကို အထောက်အကူပြုလာမည်ဖြစ်ပြီး ယခုအလုပ်အကိုင်ရှိသူ ၂.၅ သန်းမှ ၂၀၃၀ တွင် ၁၉ သန်းထိ တိုးလာနိုင်ပါသည်။ ထို အချိန်တွင် စားသုံးသူများ၏ သုံးစွဲမှုမှာလည်း ဒေါ်လာ ဘီလီယံ(၁၀၀)ခန့် ရှိနိုင်ပါသည်။ ထိုအချိန်တွင် ကုမ္ပဏီများ အနေဖြင့် ဆိုင်ကယ်၊ ကား၊ အီလက်ထရွန်းနစ် ပစ္စည်းမှအစ ငွေကြေးဝန်ဆောင်မှု အဆုံး ဈေးကွက်များ ချဲ့ထွင်နိုင်ပါမည်။

အိမ်ယာ၊ ပါဝါ၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်အခြေခံအဆောက်အဦး စသည်တို့တွင်လည်း စီးပွားရေးအခွင့် အလမ်းများ ရှိသင့်ပါသည်။ စီးပွားရေးတစ်ခုလုံးတွင် အခြေခံအဆောက်အဦးအတွက် အကြမ်းအားဖြင့် ဒေါ်လာဘီလီယံ (၃၀၀)ခန့် ရင်းနှီးမြှုပ်နှံရန်လိုအပ်ပါသည်။ ထိုအထဲမှ တစ်ဝက်ခန့်မှာ မြို့ကြီးများတွင် သုံးစွဲရန် လိုအပ်ပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံအဖြစ်မှ ခွဲထွက်ပါက မြို့ကြီးများချဲ့ရန်လိုလာပါမည်။

ယနေ့တွင် မြန်မာနိုင်ငံ၌ လူဦးရေ၏ ၁၃ ရာခိုင်နှုန်းကသာ မြို့ကြီးများတွင် နေထိုင်သည်ပာု ခန့်မှန်းရပြီး ၂၀၃၀ တွင် ၂၅ ရာခိုင်နှုန်းထိ တိုးလာနိုင်ပါသည်။ လူဆယ်သန်းခန့် တိုးလာနိုင်ပါသည်။

အကယ်၍ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုကိုအဆင့်ကျော်၍ ဒစ်ဂျစ်တယ်နည်းပညာကို အပြည့်အဝသုံးရန်၊ နောက်ထပ် ဒေါ်လာဘီလီယံ(၅၀)ကို တယ်လီကွန်း အခြေခံအဆောက်အဦးတွင် သုံးစွဲရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် ဘဏ်များ၊ ဆိုင်များ ထပ်ဆောက်ရန် ငွေမသုံးဘဲ မိုဘိုင်းဘဏ်စနစ်နှင့် e-commerce ကိုအသုံးပြုခြင်း၊ ဝေးလံသောရွာများ အတွက် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ချဲ့ခြင်းတို့ဖြစ်ပါသည်။ ယနေ့အချိန်တွင် ကမ္ဘာ့ဘဏ်၏ဖွံ့ဖြိုးမှု ညွှန်းကိန်း များအရ အင်တာနက်သုံးစွဲမှုအဆင့် ဒုတိယအနိမ့်ဆုံးနှင့် မိုဘိုင်းဖုန်းသုံးစွဲမှု အနိမ့်ဆုံးစာရင်းဝင်ပါသည်။

မြန်မာနိုင်ငံသည် စီးပွားရေး၏ သွင်ပြင်လက္ခဏာတိုင်းတွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုများ ကြုံနေရပါသည်။ သို့သော် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက်လည်း အကျယ်ပြန့်ဆုံးသော အခွင့်အလမ်းများလည်း ရှိနေပါသည်။ သို့သော် ၎င်းတို့သည် သတိနှင့် ရှေ့ဆက်လှမ်းသင့်ပါသည်။ အလားအလာကောင်းပြီး အကျိုးအမြတ်များ ရနိုင် သော ဈေးကွက်သစ်သို့ မျှော်လင့်ချက်များဖြင့် ချိတ်ဆက်ကြရတော့မည်ဖြစ်ပါသည်။

(Martin N.Baily သည် သမ္မတဘီလ်ကလင်တန်လက်ထက်က သမ္မတ၏ စီးပွားရေးအကြံပေးများကောင်စီဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ဘရွတ်ကလင်းအင်စတီကျုးရှင်း၌ စီးပွားရေးမူဝါဒဖွံ့ဖြိုးရေး Bernard L.Schwartz Chair ဖြစ်ပြီး Richard Dobbs သည် MGI ၏ဒါရိုက်တာ ဖြစ်ပါသည်)


မြန်မာနိုင်ငံ တံခါးအဖွင့်တွင် စင်္ကာပူကုမ္ပဏီများကို ခိုစီး၍ဝင်ခြင်း

(Channel News Asia မှ 11 Jun 2013 ရက်စွဲပါ “Riding on Myanmar’s growth via s’pore Listed Companies”သတင်းကိုဘာသာပြန်ဆိုသည်)

အရေအတွက် တိုးလာနေသော မြန်မာနိုင်ငံရောက် စင်္ကာပူစာရင်းဝင် ကုမ္ပဏီများထဲတွင် တယ်လီကွန်းကုမ္ပဏီ Sing Tel နှင့် အင်ဂျင်နီယာရင်းကုမ္ပဏီ Yangnam တို့ ပါဝင်လာပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ မြန်ဆန်သော ဖွံ့ဖြိုးမှုအရှိန်ကို ခိုစီးလိုသူများအတွက် ၎င်းကုမ္ပဏီများသည် အလွန်ကောင်းသော ကိုယ်စားလှယ်များဖြစ်သည်ပာု အကဲခတ်လေ့လာသူများ က ဆိုပါသည်။

မြန်မာနိုင်ငံ တံခါးပွင့်ဖွံ့ဖြိုးမှုမှ အကျိုးအမြတ်ရလိုသူများအတွက် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများမှာ အကန့်အသတ်ရှိနေပါသည်။ ထို့ကြောင့် နောက်ထပ်စဉ်းစားနေသော နည်းလမ်းတစ်ခုမှာ မြန်မာနိုင်ငံတွင် ခြေချပြီးသား စင်္ကာပူစာရင်းဝင် ကုမ္ပဏီများထံတွင် ရင်းနှီးမြှုပ်နှံရန်ဖြစ်ကြောင်း DBS Vickers Securities ကုမ္ပဏီက ပြောကြားသည်။

DBS Vickers ဒုတိယဥက္ကဋ္ဌ တန်အန်တိုင်က “မြန်မာဈေးကွက်မှာ ကောင်းကောင်းခြေချ ထားပြီးသာ စင်္ကာပူ ကုမ္ပဏီတွေကတစ်ဆင့် ဒီနိုင်ငံကိုဝင်ဖို့ ခင်ဗျားစဉ်းစား နိုင်ပါသေးတယ်။ ဒီနည်းအားဖြင့် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ သေချာမှုကိုခင်ဗျားရနိုင်မှာ ဖြစ်သလို၊ ဒီကုမ္ပဏီတွေတစ်ဆင့် အခွင့်အလမ်းတွေကိုလည်း သွယ်ဝိုက်ရရှိခံစား ရမှာ ဖြစ်ပါတယ်”ပာု ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်နှင့်နေသော စင်္ကာပူစာရင်းဝင်ကုမ္ပဏီများထဲတွင် အိမ်ယာစီမံကိန်းလုပ်ကိုင်သူ Yoma Strategic Holdings၊ စားသောက်ကုန်ကုမ္ပဏီ Super Group နှင့် Fraser and Neave၊ စွမ်းအင်ကုမ္ပဏီများဖြစ်သော Interra နှင့် Ezion စသောကုမ္ပဏီများပါဝင်ပါသည်။

ပြီးခဲ့သော နှစ်အတွင်း အဆိုပါကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ ပျှမ်းမျှအားဖြင့် နှစ်ဆတိုးခဲ့ပါသည်။

သို့သော် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သတိကို လက်ကိုင်ထားဖို့ လိုအပ်နေဆဲဖြစ်သည်။ ၎င်းကုမ္ပဏီ အများစုသည် ရှယ်ယာတန်ဖိုးများ မှတ်တမ်းတင်ရန် ရှယ်ယာအရောင်း ပိတ်ထားပြီး နောက်ထပ်ဈေးတက်ရန် အကန့်အသတ် ရှိနေသည် ပာု လေ့လာသူများက ပြောကြားကြသည်။

SIAS Research မှ ပညာရှင် နာကန်တက်က “တစ်ချို့ရှယ်ယာတွေက အခြေခံ ဈေးနှုန်းတွေထက် မြင့်နေပြီးသား ဖြစ်နေပါတယ်။ ဒီလို ရှယ်ယာတွေကို ဝယ်ယူမယ့် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သူတို့မျှော်လင့်ထားတဲ့ တက်ဈေးနဲ့အတူ ကြုံ တွေ့နိုင်တဲ့ အန္တရာယ်ကိုလည်း သတိရှိနေဖို့ လိုပါတယ်”ပာု ပြောကြားသည်။

စွန့်စားရန် အာသီသရှိသော ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာရောက် စင်္ကာပူကုမ္ပဏီများ၏ အစုရှယ်ယာများကို ၂၀ ရာခိုင်နှုန်းထက် ပိုမဝယ်ရန် SIAS Research က အကြံပြုထားသည်။ မြန်မာနိုင်ငံတွင် ဥပဒေပိုင်းဖွဲ့စည်းပုံ ချွတ်ယွင်း မှုများကြောင့် မြန်မာရောက် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် သိသိသာသာစွန့်စား လုပ်ကိုင်ရခြင်းနှင့် ကြုံတွေ့နေရသည်ပာု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive