Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

ကချင်ဒုက္ခသည်များအတွက် တစ်နှစ်နီးပါးကာလအတွင်း ပထမဆုံးကူညီထောက်ပံ့မှုပြုနိုင်ဟု ကုလပြောကြား

(UN ဝက်ဘ်ဆိုက်မှ 14 June 2013 ရက်စွဲပါ For the first time in nearly a year, UN reaches refugees in Myanmar’s Kachin State ကိုဘာသာပြန်ဆိုသည်)  

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်း ပြောင်းရွှေ့နေထိုင်သူ ဒုက္ခသည်များအတွက် အကူအညီ အထောက် အပံ့များကို တစ်နှစ်နီးပါးမျှကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပေးပို့ထောက်ပံ့နိုင်ပြီဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးဆိုင်ရာ အေဂျင်စီက ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။

ယခုအခါ ကုလသမဂ္ဂဦးဆောင်သော ယာဉ်တန်းသည် ကချင်ပြည်နယ်တွင်းရှိ အစိုးရထိန်းချုပ်မှုမရှိသော ဧရိယာထဲ သို့ ဝင်ရောက်သွားနိုင်ပြီ ဖြစ်ကြောင်း UNOCHA မှ ပြောရေးဆိုခွင့်ရှိသူက ဂျနီဗာမြို့တွင် သတင်းထောက်များကို ပြောကြား သည်။  

အဆိုပါ ယာဉ်တန်းသည် မိုင်ဂျာနှင့် ဘာမိုမြို့အကြားရှိ စခန်းများတွင် နေထိုင်လျက်ရှိသော ပြောင်းရွှေ့နေထိုင်ရသူ ဒုက္ခသည် ၅၁၀၀ ခန့်အတွက် အသက်ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်သွားခြင်းဖြစ်သည်။ ကယ်ဆယ်ရေး ပစ္စည်းများ တွင် အစားအသောက်၊ ကလေးများအတွက် အထူးအာဟာရများ၊ အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေးသန့်ရှင်းရေး ပစ္စည်းများ နှင့် ရေကောင်းရေသန့် ရရှိအောင် လုပ်ဆောင်နိုင်သည့် ပစ္စည်းများ အစရှိသည်တို့ပါဝင်သည်။  

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)နှင့် အစိုးရတပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက် မှုများကြောင့် ကချင်ပြည်နယ်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်းခန့်ရှိခဲ့သည်။ ထို ဒုက္ခသည်များအနက် ၆၀၀၀၀ ခန့်မှာ အစိုးရထိန်းချုပ်မှု မရှိသော နေရာများတွင် နေထိုင်လျက်ရှိသည်။ UNOCHA က အဆိုပါနယ်မြေဒေသထဲသို့ ယာဉ်တန်းများစွာ ကို ပထမဆုံးအကြိမ်အဖြစ် စေလွှတ်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ယခုလို ယာဉ်တန်းတွေ သွားလာခွင့်ရတာဟာ  ကချင်ပြည်နယ်မှ လိုအပ်ချက်ရှိသော ပြည်သူများကို အကူအညီ ပေးရေးအတွက် အစိုးရရဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုအဆင့်တစ်ခုပဲဖြစ်ပါတယ်”ဟုကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားသော အကူအညီဆိုင်ရာ ညှိနှိုင်းရေးမှူး Ashok Nigam ကပြောကြားသည်။

ယခင်အကြိမ်ကဆိုလျှင် UNOCHA အနေဖြင့် အဆိုပါပြည်သူများကို ထောက်ပံ့မှု မပြုလုပ်နိုင်ခဲ့ပေ။ အကြောင်းမှာ ကချင်ပြည်နယ်ရှိ အဆိုပါနယ်မြေဒေသထဲသို့ ဝင်ရောက်ခွင့် မရှိသောကြောင့်ဖြစ်သလို ရန်ပုံငွေ နည်းပါးနေခြင်းကြောင့် လည်း ဖြစ်သည်။ UNOCHA က ရန်ပုံငွေ အမေရိကန်ဒေါ်လာ  ၅၀ ဒဿမ ၉ သန်းတောင်းခံထားသော်လည်း ၄ ဒဿမ ၂ သန်းသာ လက်ခံရရှိသေးကြောင်း သိရသည်။



 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားတွေရဲ့အခွင့်အရေး အရမ်းနည်းတယ်။ ပြည်နယ်အစိုးရတွေမှာ ဘာမှလုပ် ပိုင်ခွင့်မရှိဘူး။ လုပ်ပိုင်ခွင့်တွေကိုဗပာိုကပဲထိန်းချုပ်ထားတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကား၊ စာပေနဲ့ယဉ်ကျေး မှုတွေနဲ့ပတ်သက်လို့လည်း တိတိကျကျဥပဒေ ပြဋ္ဌာန်းထားတာမတွေ့ရဘူး။ ကျွန်တော်တို့အနေနဲ့ အခြေခံဥပဒေမှာ တိတိ ကျကျ ပြဋ္ဌာန်းပေးစေချင်ပါတယ်”

ဇွန်လ ၁၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “တိုင်းပြည်ဆင်းရဲနိမ့်ကျနေသည်မှာ ပြည်တွင်းစစ်ကြောင့်ပာု မွန်ပြည်သစ်ပါတီ ဗပာိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီပြောကြား”သတင်းမှ မွန်ပြည်သစ်ပါတီ ဗပာိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံက ပင်လယ်ရေကြောင်းနဲ့ ကုန်သွယ်မှုပြုလုပ်တာများတယ်။ လေကြောင်းနဲ့က အရေးကြီးတဲ့ကုန်ပစ္စည်း လောက် ပဲတင်ပို့တာ၊ ပြီးတော့ သီလဝါကိုလည်း ကမ္ဘာ့အဆင့်မီ စီးပွားရေးဇုန်အဖြစ် လုပ်မှာဆိုတော့ Logistics က အရေးကြီး တာပေါ့”

ဇွန်လ ၂၄ ၁၈ ရက်နေ့ထုတ် Flower News Journal အတွဲ (၉) အမှတ် (၂၃) တွင်ပါရှိသော “ မြန်မာ့ကုန်သွယ်ရေး လုပ်ငန်း မြှင့်တင်နိုင်ရန် ပြင်ပကုန်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများပြုလုပ်ပြီ” သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။


“မှားနေတာက အဓိကဖွဲ့စည်းပုံပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၉၁ မှာ နိုင်ငံသားများနှင့် ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသော သူလို့ ဖော်ပြထားတယ်။ ဥပဒေအရ မဲပေးခွင့်ရှိသူကို ဖွဲ့စည်းပုံမှာညွှန်းထားတယ်။ ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံသားမပာုတ်ပေ မယ့်လည်း ညွှန်ကြားလို့ဆိုပြီး မဲပေးခွင့်ရကြတယ်။ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဥပဒေကို ပြင်ရပါမယ်”

ဇွန်လ ၁၆ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “နိုင်ငံသားမပာုတ်သူများကို မဲပေး၊ မဲရွေးခွင့် မပြု ရေးရခိုင်ပါတီနှင့် ပြည်သူများဥပဒေနှင့်အညီ တောင်းဆိုမည်”သတင်းမှ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “အလုပ်ရှင်၊ အလုပ်သမားပြဿနာတွေက ပြည်တွင်းမှာလည်း ဆက်တိုက်ဖြစ်ပေါ်နေပေမယ့် ပြည်ပမှာဖြစ်တဲ့ အလုပ်သမား ကိစ္စတွေကျတော့ ချက်ချင်းဖြေရှင်းဖို့ အဆင်မပြေတာပိုများတယ်။ အထူးသဖြင့် မြန်မာလုပ်သားတွေရဲ့ အခွင့်အရေးတွေ အားလုံးဆုံးရှုံးတယ်။ အခုဖြစ်နေတဲ့ မလေးကိစ္စဆိုရင် မြန်မာလုပ်သားတွေ ပြန်လာနိုင်ဖို့အတွက် အကူအညီပေးတဲ့ အဖွဲ့ အစည်းတွေ ရှိတာကြောင့် ပြန်လာလို့မရအောင် လုပ်ထားလို့ ဆက်နေရမယ့်သူတွေရှိတယ်”

ဇွန်လ ၁၈ ရက်နေ့ထုတ် Media One အပတ်စဉ်ထုတ်ဂျာနယ် အတွဲ(၁) အမှတ်(၄၃)တွင်ပါရှိသော “ပြည်ပရောက် မြန်မာ လုပ်သားများ၏ ဘဝလုံခြုံမှုအတွက် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများကို အားကိုး၍မရပာုဆို”သတင်းမှ အလုပ်သမား အရေးဆောင်ရွက်သူ ရှေ့နေတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “အခုလို ၂၄ နာရီ လျှပ်စစ်မီး ပြန်ရတဲ့အတွက် ဝမ်းသာပါတယ်။ မီးမှန်ရင် တစ်ယူနစ်ကို ၇၅ ကျပ်ပဲ ကုန်ကျစရိတ်ရှိပါတယ်။ မီးပျက်လို့ မီးစက်မောင်းရပြီဆိုရင် ကုန်ကျစရိတ်က တစ်ယူနစ်ကို ၃၀၀ ကျော် ၄၀၀ လောက်ရှိတယ်။။ ရေရှည်မှာ အဆင် မပြေနိုင်ဘူး။ မီးမှန်တဲ့အတွက် အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေကို လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ဆန္ဒပြတာတွေလည်း လျော့နည်းသွားမယ်လို့ ထင်ပါတယ်”

ဇွန်လ ၁၈ ရက်နေ့ထုတ် True News အပတ်စဉ်ထုတ်ဂျာနယ် အတွဲ(၅) အမှတ်(၃၅)ပါ “ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ ၂၄ နာရီ မီးပြန်လည်ရရှိ”သတင်းမှ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

  နိုင်ငံသားမပာုတ်ဘဲ ရွေးကောက်ပွဲမဲပေးခွင့်ရှိနေသည့်ကိစ္စအား ကန့်ကွက်မည်

မြန်မာနိုင်ငံတွင် နိုင်ငံသားမဟုတ်ဘဲရွေးကောက်ပွဲတွင်မဲပေးခွင့်ရရှိနေသောကိစ္စကိုတရားဥပဒေနှင့်အညီ ကန့်ကွက် သွားမည် ဖြစ်ကြောင်း ရခိုင်ပါတီများမှ ရခိုင်တိုင်းရင်းသားများက ဇွန်လ ၁၅ ရက်နေ့တွင် ပြုလုပ်ကျင်းပသော ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် မြန်မာနိုင်ငံသို့ လာရောက်ကြောင်း အသိအမှတ်ပြုထားသည့်ကတ်(White Card) ကိုင်ဆောင်ထားသည့် နိုင်ငံသားမဟုတ်သူ ဘင်္ဂါလီ ငါးသိန်းဝန်းကျင်ခန့်သည် ပြည်တွင်း၌် လက်ရှိနေထိုင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ White Card ကိုင်ဆောင် ထားသူ များသည် မြန်မာနိုင်ငံ သား အဖြစ် သတ်မှတ်၍ မရသကဲ့သို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေတွင်လည်း White Card နှင့်ပက်သတ်၍ မပါဝင်ကြောင်း သိရသည်။ သို့သော် ၂၀၁၀ လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲများတွင် White Card ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခဲ့သည့်အတွက် ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။


ဖယ်ဒရယ်မူစနစ် လွှတ်တော်တွင်းထည့်သွင်းဆွေးနွေးစေလိုကြောင်း ပြောကြား

အစိုးရအနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျ မဲပေးစနစ်ကို ကျင့်သုံးရေး၊ မသုံးရေးကို လွှတ်တော် အတွင်း ဆွေးနွေးသွားမည် ဖြစ်သလို ဖက်ဒရယ်မူစနစ်ကျင့်သုံးရေးကိုလည်း ထည့်သွင်းဆွေးနွေး သွားစေလိုကြောင်း ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပညာပေးဆွေးနွေးပွဲ တွင် မွန်ပြည်သစ်ပါတီမှ အမှုဆောင် အဖွဲ့ဝင် ဦးနိုင်တလညီမှ ပြောကြားခဲ့သည်။ ထို့ပြင် အချိုးကျစနစ်ကို မိမိတို့ပါတီ အနေ ဖြင့် လက်မခံခြင်းမှာ အဆိုပါစနစ်ကို ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားလူမျိုးစုများမှာ လူနည်းစုဖြစ်သည့်အတွက် မဲပေးရာ တွင် အခက်အခဲရှိနိုင်ကြောင်းနှင့် လွှတ်တော်အတွင်း၌ ပါဝင်ခွင့်ရှိမည့် တိုင်းရင်းသားကိုယ်စားလှယ်များ နည်းပါးသွားနိုင် သဖြင့် ကန်ကွက်လိုခြင်း ဖြစ်ကြောင်း သိရသည်။


ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KNU အဖွဲ့တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် အဖွဲ့တို့သည် ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး စင်တာ MPC ၌ တွေ့ဆုံ၍ နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပက်သတ်၌ အလွတ် သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် မြန်မာစစ်တပ် မြေမြှုပ်နိုင်းများထောင်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်စွပ်စွဲ

မြန်မာစစ်တပ်သည် နိုင်ငံတကာ သဘောတူညီချက်များကို ချိုးဖောက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ် လျှောက်တွင် မြေမြှုပ်မိုင်းများထောင်နေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက စွပ်စွဲလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများ၌ ဖော်ပြထားချက်မှ သိရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၃၇ နှင့် ၃၈ အကြားတွင် နယ်စပ် မျဉ်းမှ ကိုက် ၇၀ အတွင်း၊ မိုင်တိုင်အမှတ် ၃၇ နှင့် ၃၈ အကြားတွင် နယ်စပ်မျဉ်းမှ ကိုက် ၁၀၀ အတွင်း မြေမြှုပ်မိုင်းများကို မြန်မာအစိုးရမှ ချထားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကဆိုသည်။


သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းတွင်ပါဝင်သော အိမ်နှင့်မြေကွက်များမှ ပိုင်ရှင်များအား ဂရုဏာကြေးပေးအပ်မည်

သီလဝါ အထူးစီးပွားရေးဇုန် ပထမအပိုင်း စီမံကိန်းများတွင် ပါဝင်နေသော အိမ်နှင့်မြေကွက်များမှ ပိုင်ရှင်များ အတွက် ဂရုဏာကြေးကို ဇွန်လအတွင်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဧရိယာမှာ ၁၉၉၈ ခုနှစ်က နိုင်ငံ တော်မှ တရားဝင်သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက (လန-၃၉) ချထားပေးပြီးဖြစ်သည့် အတွက် ယခုပေးသော လျော်ကြေးမှာ မြေတန်ဖိုးအတွက် နစ်နာကြေးပေးခြင်းမဟုတ်ဘဲ ပြောင်းရွှေ့ကြေးနှင့် ဂရုဏာကြေးပေးခြင်း သာဖြစ်ကြောင်း သိရသည်။ သီလဝါအထူးစီးပွားရေး ဇုန်စီမံကိန်းနယ်မြေအတွင်းရှိ သာသနာ့နယ်မြေများအား သိမ်းယူခြင်း မပြုဘဲ ကင်းလွတ်ခွင့်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။


ဗပာိုဘဏ်ဥပဒေကြမ်းအား လာမည့်လွှတ်တော်အစည်းအဝေးမပြီးဆုံးမီ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိ

မြန်မာနိုင်ငံတွင် သီးခြားလွတ်လပ်ရေး ဗဟိုဘဏ်ဖြစ်ပေါ်လာရေးအတွက် ဥပဒေသစ်တစ်ရပ်ကို ရေးဆွဲနေပြီဖြစ်ပြီး အဆိုပါဥပဒေကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ လာမည့်လွှတ်တော်အစည်းအဝေး မပြီးဆုံးမီ လက်မှတ်ရေးထိုး နိုင်လိမ့် မည် ဖြစ်ကြောင်း ဗဟိုဘဏ်၏ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်စောဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံဗဟိုဘဏ်သည် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်နေသဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေကြေးမူဝါဒပေါ်တွင် သြဇာလွှမ်းမိုးထားနိုင်ပြီး ယင်း၏ ကြွေးမြီစာရင်းရှင်းရန်အတွက် ငွေစက္ကူရိုက်နှိပ်ရန် ညွှန်ကြားပိုင်ခွင့် ရှိကြောင်း သိရသည်။ ယခုရေးဆွဲနေသော ဗဟိုဘဏ်ဥပဒေသစ် ထွက်ပေါ်လာပါက အဆိုပါကိစ္စရပ်များအားလုံး ရပ်ဆိုင်း သွားဖွယ် အလားအလာ ရှိနေကြောင်းနှင့် အစိုးရ၏ ဘတ်ဂျတ်လိုငွေပြမှု ပံ့ပိုးခြင်း အချိုးအစားကိုလည်း တစ်ဖြည်းဖြည်းခြင်း လျှော့ချသွား နိုင်မည် ဖြစ်ကြောင်း ဗဟိုဘဏ်မှ အရာရှိတစ်ဦးမှ ပြေကြားခဲ့သည်။


၂၀၁၄ ခုနှစ်တွင် မြန်မာဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့များ ထိုင်းသို့တင်ပို့မည်

မြန်မာနိုင်ငံ ဇောတိက စီမံကိန်းမှ ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့များ စတင်တင်ပို့ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းပြီးစီးပါက ထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့ ကုဗမီတာ သန်း ၂၆၀ ကျော်ကို တင်ပို့ နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဓါတ်ငွေ့တင်ပို့ရာတွင် ရဲတံခွန်နှင့် ရတနာ သဘာဝဓါတ်ငွေ့စီမံကိန်းများမှာ လက်ရှိတင်ပို့လျှက်ရှိသော စီမံကိန်းများဖြစ်ပြီး ယခုဇောတိက သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ တတိယမြောက် ဖြစ်ကြောင်း သိရသည်။


ကျောက်ဖြူရွှေဂစ်ပိုက်လိုင်းရှိ သဘာဝဓာတ်ငွေ့များအား ဇူလိုင်လအတွင်း တရုတ်နိုင်ငံသို့တင်ပို့မည်

မြန်မာနိုင်ငံ ကျောက်ဖြူရွှေဂက်စ်ပိုက်လိုင်းမှ တရုတ်နိုင်ငံရှိ ယူနန်ဒေသသို့ သဘာဝဓါတ်ငွေ့ကို ယခုလနှင့် ဇူလိုင်လ အကြား စတင်ပို့လွှတ်မည် ဖြစ်ကြောင်း စွမ်းအင်နှင့်ဝန်ကြီးဌာနမှ သတင်းရရှိသည်။ အဆိုပါစီမံကိန်းမှ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် သဘာဝဓါတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံခန့် တင်ပို့နိုင်မည်ဖြစ်ပြီး ကနဦးနေဖြင့် တစ်နှစ်လျှင် ၅ ဒဿမ ၂ ဘီလီယံ တင်ပို့နိုင်မည့် Process Station ခြောက်ခုကိုလည်း မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးနေပြီးဖြစ်ကြောင်း သိရ သည်။

 


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive