Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ရန်ကုန်မြို့ ဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားတင်ဒါများခေါ်မည်

(16 June 2013 ရက်စွဲပါ Bangkok Post မှ Myanmar to take foreign tenders ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့ရေနံလုပ်ကွက်သစ်များအတွက် အိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီများ တင်ဒါဝင်ဆွဲကြမည်

(Natural Gas Asia မှ 14 Jun 2013 ရက်စွဲပါ “Indian State firms to bid for Myanmar oil, gas blocks”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မကြာမီ တရုတ်သို့ ရေနံနှင့် ဓာတ်ငွေ့များ မြန်မာစတင်ပို့လွှတ်ဖွယ်ရှိ

(The Gulf Today မှ 17 Jun 2013 ရက်စွဲပါ “Myanmar may start pumping oil,gas to China”သတင်းကို ဘာသာပြန်ဆိုသည်)


ရန်ကုန်မြို့ ဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားတင်ဒါများခေါ်မည်

(16 June 2013 ရက်စွဲပါ Bangkok Post မှ Myanmar to take foreign tenders ကိုဘာသာပြန်ဆိုသည်)

ရန်ကုန်မြောက်ပိုင်းတွင် မြို့ကြီးတစ်မြို့ဖြစ်ရန် ရည်ရွယ်သော ပရောဂျက်အတွက် နိုင်ငံခြားကုမ္ပဏီများကို တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

“ပြည်တွင်းကုမ္ပဏီတွေဆီကရော နိုင်ငံခြားကုမ္ပဏီတွေဆီကပါ တင်ဒါတွေမကြာခင် ခေါ်ယူသွားမှာဖြစ်ပါတယ်”ပာု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အဲဒီတင်ဒါတွေဆီမှာ ပာိုတယ်၊ ဈေးဝယ်စင်တာနဲ့ နေအိမ်တွေအပါအဝင် အဆောက်အဦးဆောက်လုပ်မှုတွေ ပါဝင် ပါမယ်။ မရမ်းကုန်းမြို့နယ်မှာ သုံးနှစ်အတွင်းဆောက်ရပါမယ်”ပာု အမည်မဖော်လိုသူ အဆိုပါတာဝန်ရှိသူကဆိုပါသည်။

မရမ်းကုန်းမြို့နယ်တွင်(၁၆၂)ပာက်တာ အကျယ်အဝန်းရှိ ဖွံ့ဖြိုးမှုစီမံကိန်းသည် မြန်မာအစိုးရ၏ မပာာရန်ကုန်ဖွံ့ဖြိုး တိုးတက်မှု မပာာဗျူပာာစီမံကိန်း၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်းအေဂျင်စီထံမှနည်းပညာကူညီ မှုများ ရယူလျက်ရှိပါသည်။

စီမံကိန်းတွင် လမ်းသစ်များ၊ ရထားလမ်းများ၊ လေယာဉ်ကွင်းများနှင့် စိမ်းလန်းရေးဇုန်နှင့် အိမ်ယာစီမံကိန်းကြီးများ ပါဝင်ပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေယာဌာနက ပြီးခဲ့သည့်လက ကြေညာခဲ့ရာတွင် ရန်ကုန် သည် ၂၀၄၀ တွင် မြို့တော်ကြီးတစ်ခုဖြစ်ပြီး လူဦးရေ(၁၀)သန်းကျော် နေထိုင်နိုင်ရန် ဖြစ်လာမည်ဖြစ်ပြီး၊ ယခုလက်ရှိ (၅.၁၄) သန်း နေထိုင်နေသည်ပာုဆိုပါသည်။


မြန်မာ့ရေနံလုပ်ကွက်သစ်များအတွက် အိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီများ တင်ဒါဝင်ဆွဲကြမည်

(Natural Gas Asia မှ 14 Jun 2013 ရက်စွဲပါ “Indian State firms to bid for Myanmar oil, gas blocks”သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံပိုင် ရေနံကုမ္ပဏီများဖြစ်ကြသော ONGC Videsh Ltd. Indian Oil Corp နှင့် GAIL တို့သည် မြန်မာ နိုင်ငံမှ ရေနံဓာတ်ငွေ့လုပ်ကွက်(၈)ခုကို တင်ဒါဆွဲကြလိမ့်မည်ပာု Dow Jones Newswire က ရေနံဝန်ကြီး ဗီရာပါမွိုင်လီ၏ စကားကို ကိုးကား၍သတင်းထုတ်ပြန်သည်။

ကုမ္ပဏီသုံးခုသည် ကုမ္ပဏီတစ်ခုတည်းဖြစ်စေ၊ ပူးတွဲဖြစ်စေ တင်ဒါဆွဲကြလိမ့်မည်ပာု ဝန်ကြီးမွိုင်လီက ဆိုပါသည်။

မြန်မာကမ်းလွန်ရှိ ရေနံနှင့် ဓာတ်ငွေ့လုပ်ကွက်သစ် ၃၀ ကိုလုပ်ကိုင်ရန်တင်ဒါခေါ်ခြင်းကို သောကြာနေ့က ပိတ်သွား ပြီးနောက် မွိုင်လီက မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်ပာု Dow Jones News wire ကဆိုပါသည်။

ရေနက်ပိုင်းလုပ်ကွက် ၁၉ ခုအတွက်တင်ဒါအောင်သော ကုမ္ပဏီများသည်နိုင်ငံပိုင် မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း MOGE နှင့် ထုတ်လုပ်ခွဲဝေရေးဆိုင်ရာ စာချုပ်များချုပ်ဆိုရမည်ဖြစ်ပြီး၊ ကမ်းလွန်ရေတိမ်ပိုင်းလုပ်ကွက်(၁၁)ကွက်အတွက် တင်ဒါအောင်သော ကုမ္ပဏီများမှာမူ ပြည်တွင်းကုမ္ပဏီများ(မြန်မာကုမ္ပဏီများ)နှင့် ဖက်စပ်လုပ်ကိုင်ကြရမည်ပာု Dow Jones သတင်းတွင် ပါရှိသည်။

ရေနံဓာတ်ငွေ့ နယ်ပယ်တွင် ပြည်ပကုမ္ပဏီနှင့် မြန်မာနိုင်ငံပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်ခြင်းမှာ သဘာဝကျသော် လည်း၊အရင်းအနှီးနှင့် နည်းပညာနှစ်မျိုးစလုံးချို့တဲ့သည့် ပြည်တွင်းကုမ္ပဏီများကအကျိုးအမြတ်ဝင်ယူသည့် ကိစ္စမှာမူအငြင်း ပွားစရာ မူဝါဒတစ်ခုဖြစ်နေကြောင်း ပြည်တွင်းမှ အကဲခတ်လေ့လာသူများက သုံးသပ်ပြောကြားသည်။


 

မကြာမီ တရုတ်သို့ ရေနံနှင့် ဓာတ်ငွေ့များ မြန်မာစတင်ပို့လွှတ်ဖွယ်ရှိ

(The Gulf Today မှ 17 Jun 2013 ရက်စွဲပါ “Myanmar may start pumping oil,gas to China”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည်တစ်ရက်လျှင်အကြမ်းဖျင်း ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိသောရေနံနှင့်ဓာတ်ငွေ့များကို တရုတ်နိုင်ငံ သို့ပိုက်လိုင်းဖြင့်လာမည့်လအနည်းငယ်အတွင်း စတင်ပို့လွှတ်ရန်စီစဉ်နေပါသည်။ တရုတ်နိုင်ငံ၏ကြီးထွားနေသောစီးပွားရေး ကဏ္ဍအတွက်အသက် သွေးကြောသဖွယ် အရေးပါသော စွမ်းအင်ရင်းမြစ်များသည် ရေကြောင်းကြပ်ညှပ် ပိတ်ဆို့နေသော မလက္ကာရေလက်ကြားနှင့် စင်္ကာပူတို့ကို ရှောင်ကွင်းနိုင်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံကမ်းလွန်မှ ရေနံနှင့်ဓာတ်ငွေ့များကို ရှာဖွေတူးဖော်ရန် စိတ်ဝင်စားနေသော ပြည်ပနိုင်ငံများသည် စီးပွား ဖက်အဖြစ် ဆွေးနွေးရမည့်အစား ဝယ်ယူမည့်ဖောက်သည်အဖြစ် မြန်မာနိုင်ငံနှင့် ညှိနှိုင်းကြရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ ၏ ဖောက်သည်ပောာင်းများဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့မှာမူ ယခင်လက်မှတ်ရေးထိုးပြီးသား အရောင်းအဝယ် သဘော တူစာချုပ်ပောာင်းများကို ပြန်လည်ပြင်ဆင်ချုပ်ဆိုထားကြပြီဖြစ်သည်။

တပ်မတော်အစိုးရ လက်ထက်တွင် ဘက်ပေါင်းစုံ ယိုယွင်းပြိုလဲသွားခဲ့သော မြန်မာနိုင်ငံသည် သယံဇာတ ရင်းမြစ် များကြွယ်ဝသော်ငြားလည် နိုင်ငံဖွံ့ဖြိုးရေးအတွက် သယံဇာတများကိုအသုံးချနိုင်စွမ်း အနည်းငယ်သာရှိသည်။ တပ်မတော် အစိုးရ ခေါင်းဆောင်များသည် ပြည်တွင်းထွက်သဘာဝဓာတ်ငွေ့ကို နိုင်ငံစီးပွားရေးဖွံ့ဖြိုးအောင် အသုံးချရမည့်အစား ၎င်းတို့ မက်မောသော နိုင်ငံခြားငွေရရှိအောင် ရောင်းချခဲ့ကြသည်။

အာဏာရှင်အကြီးအကဲ၏ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် ဒေသတွင်းနိုင်ငံများအကြား ဆိုးဆိုးဝါးဝါးနိမ့်ကျ ကျန် ရစ်ခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၃ ဆီးဂိမ်းအိမ်ရှင်တာဝန်နှင့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌတာဝန်တို့ကို လက်ခံထားသော်လည်း လူဦးရေသန်း ၆၀ ၏လေးပုံတစ်ပုံ(သို့) နိုင်ငံသားလေးဦးလျှင် တစ်ဦးသာ လျှပ်စစ်မီးသုံးစွဲနိုင်သည့် အဆင့်တွင်ရှိသည်။

နိုင်ငံတကာရေနံကုမ္ပဏီများအနေဖြင့် ကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်များတွင် ပြည်တွင်းကုမ္ပဏီနှင့် လက်တွဲရန် မလိုသော်လည်း ရေတိမ်ပိုင်းနှင့် ကုန်းတွင်းလုပ်ကွက်များ၌ ပြည်တွင်းကုမ္ပဏီ(မြန်မာကုမ္ပဏီ)နှင့် လက်တွဲရန် အစိုးရက စည်းကမ်းသတ်မှတ်ထားခြင်းကို ယခုအခါပြန်လည်သုံးသပ်ပြင်ဆင်ရန်လိုကြောင်းနှင့် အရင်းအနှီးကော၊ နည်းပညာပါ နှစ်မျိုး လုံးချို့တဲ့သည့် ပြည်တွင်းကုမ္ပဏီများအားရေနံဓာတ်ငွေ့ကဏ္ဍ၌ အခွင့်ထူးပေးထားခြင်းသည် နောက်ထပ်ခရိုနီနယ်ပယ်သစ် တစ်ခုကို ဖန်တီးရာရောက်ကြောင်း ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးထားသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပြုပြင်ပြောင်းလဲရေးလမ်းကို စနေပြီဆိုရင် ကျောင်းသားကမဂ္ဂ မြန်မာနိုင်ငံမှာ တရားဝင် ဖွဲ့စည်းခွင့်ရှိရမယ်။ ရအောင်လည်း လုပ်မယ်။ ကျောင်းသားတွေရဲ့သွေးပေခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ပြည်သူတွေနဲ့ တစ်သားတည်း တည်ဆောက်ပါမယ်”

ဇွန်လ ၁၇ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာတွင်ပါရှိသော “ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်းမည်” သတင်းမှ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“RCSS အနေနဲ့ငြိမ်းချမ်းရေးရရင် တပ်မတော်ထဲဝင်မှာပါ။ တပ်မတော်က တစ်နိုင်ငံမှာ တစ်ခုပဲရှိရမယ်။ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ဖို့တော့လိုပါတယ်။ နောက်မတရားအသင်း ဥပဒေပုဒ်မ ၁၇၊ ၁၈ ကိစ္စတွေကိုအရင်ဆုံး ဖြေရှင်းပေးဖို့လိုပါ တယ်။ ကျွန်တော်က ငြိမ်းချမ်းရေးအတွက် ယုံကြည်ဖို့လိုပါတယ်။ နောက်တစ်ခုက “၀”လူမျိုးတွေက ရှမ်းပြည်နယ်က ခွဲထွက် ပြီး ပြည်နယ်တောင်းတဲ့ကိစ္စက သူတို့နဲ့ ပက်သတ်ပါတယ်။ သူတို့ဆန္ဒပါ”

ဇွန်လ၂၀ ရက်နေ့ထုတ် Envoy Journal အတွဲ(၄) အမှတ် (၃) တွင်ပါရှိသော “တပ်မတော်အနေနဲ့ တစ်ခုပဲရှိရမယ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ကတော့လိုပါတယ်ဟု ဦးရွက်ဆစ်ပြောကြား”သတင်းမှ RCSS ဥက္ကဋ္ဌ ဦးရွက်ဆစ်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ဦးအောင်မင်းက ဒုက္ဒသည်တွေကို အိမ်ပြန်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး မျှော်လင့်ချက်ပေးသွားတယ်၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ရွာထဲမှာ တပ်ဆွဲထားတဲ့တပ်တွေမပြန်ဘဲ ပြန်လို့မရဘူးပေါ့နော်၊ အဲ့တော့နံပါတ်တစ်အချက်က တပ်နဲ့ ရွာသားနဲ့က အတူတူထားလို့မရဘူး၊ နံပါတ်နှစ်ကျတော့ အခုရွာသားတွေက သူတို့ အိမ်မှာမနေတာ နှစ်နှစ်တောင်ရှိပြီ”

ဇွန်လ၂၀ ရက်နေ့ထုတ် Envoy Journal အတွဲ(၄) အမှတ် (၃) တွင်ပါရှိသော “ကချင်ဒုက္ခသည်စခန်းနှင့် ပက်သတ်၍ သူတို့ အမြင်” သတင်းမှ ဒေါ်ဂွန်ဂျာ(ကချင်ငြိမ်းချမ်းရေး ကွန်ရက်) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဓိက အရေးကြီးတာ ဘဏ္ဍာရေးနဲ့ ပက်သတ်ပြီး အစိုးရအနေနဲ့ ကူညီရမယ်။ SME တွေက ကိုယ်ပိုင်ငွေကြေး နဲ့ ရပ်တည်ဖို့က ခက်ခဲတယ်။ အခုလက်ရှိ SME တွေအတွက် ဘဏ်အတိုးနှုန်းတွေလျှော့ပေးတာတော့ရှိတယ်။ တကယ်တော့ ဘဏ်တွေမှာ လွယ်လွယ်ကူကူငွေချေးလို့ ရနိုင်အောင်။ အခက်အခဲတွေ မရှိအောင်လည်း လုပ်ပေးသင့်တယ်။ နောက်ပြီးတော့ မားကတ်ပေါ့။ ထုတ်တဲ့ပစ္စည်းက မားကတ်မရှိရင် ဘယ်လိုမှမရဘူး။ ဒါကြောင့် ဈေးကွက်ရှိအောင်လုပ်ပေးရမယ်။ စီမံစီးပွား ကတော့ နိုင်ငံခြားဈေးကွက်သစ်တွေ ရှာပေးနေတာတော့ တွေ့ရတယ်။ နိုင်ငံတော်အနေနဲ့ SMEတွေရဲ့ ဈေးကွက်ကို ရှာပေး ရမယ် “

ဇွန်လ ၁၈ ရက်နေ့ထုတ် Flower News Journal အတွဲ (၉) အမှတ် (၂၃) တွင်ပါရှိသော “SME တွေအနေနဲ့ တကိုယ်တည်း ရုန်းလို့မရဘူး။ SME အချင်းချင်းချိတ်ဆက်ပြီး ရုန်းတာပိုအဆင်ပြေမယ်”သတင်းမှ နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ အဂတိလိုက်စားမှုတွေကို အရင်အတိုင်းပဲ လုပ်မြဲလုပ်နေပြီး ပြုပြင် ပြောင်းလဲရေး မဖော်ဆောင်လိုသူတွေ ပါဝင်လာအောင် အစိုးရ၊ ပြည်သူနဲ့ လူမှုအဖွဲ့အစည်း ဘယ်သူတွေက အဓိက တွန်းအားပေး ဆောင်ရွက်မှုတွေ လုပ်ပေးသင့်တယ်လို့ ထင်ပါသလဲ။ လူတိုင်းလုပ်သင့်ပါတယ်။ အစိုးရရော၊ ပြည်သူရော အရပ်ဘက်လူ့အဖွဲ့အစည်းရော ပါဝင်လုပ်ဆောင်သင့်တယ်။ ကိုယ့်ရဲ့ အရင်တုန်းကအပြုအမူတွေကိုလည်း ပြောင်းလဲ ဆောင်ရွက်သင့်ပြီ ထင်ပါတယ်။ ဒါက တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်သင့်တာပေါ့။ ပြုပြင်ပြောင်းလဲရေးအတွက် အဓိကဆောင်ရွက်သင့်တာကတော့ ပြောင်းချင်တဲ့ သူတွေဘယ်သူတွေရှိလဲ၊ မရှိဘူးလဲဆိုတာကို ခွဲခြားသိသင့် ပြီး ဘယ်လို လက်တွဲ လုပ်သင့်တယ်ဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ တစ်စားပွဲတည်းမှာ အားလုံးတိုင်ပင် ဆွေးနွေးနိုင်အောင် အဓိကထားလုပ်သင့်တယ်။ ကွဲလွဲမှုကတော့ ရှိနေမှာပဲ။ ပြုပြင်ပြောင်းလဲလိုစိတ် လုံးဝမရှိဘူးဆိုရင်တော့ ပြောင်းလဲရတာ နည်းနည်း ခက်လိမ့်မယ်။ အားလုံးတူတူစုပြီး ဆွေးနွေးတာကို လုပ်ယူပြီး ဆောင်ရွက်သင့်တယ်”

ဇွန်လ ၁၇ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာတွင်ပါရှိသော “အမေရိကန်ငြိမ်းချမ်းရေး အဖွဲ့အစည်း(USIP) မှ တရား ဥပဒေ စိုးမိုးရေးဆိုင်ရာ ကျွမ်းကျင်သူ Mrs.Leanne Mckayနှင့်တွေ့ဆုံခြင်း” သတင်းမှ Mrs.Leanne Mckay ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

ဖက်ဒရယ်စနစ်အား ဒေါ်အောင်ဆန်းစုကြည်လက်ခံကြောင်း ဒု-ဗိုလ်ချုပ်ကြီးရွက်ဆစ်ပြောကြား

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရွက်ဆစ် က ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးကြီးသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်လည်း  ဖယ်ဒရယ် ပြည်ထောင်စုကို လက်ခံထားသူ တစ်ဦးဖြစ်ကြောင်း၊ ၂၀၁၅ တွင် သမ္မတဖြစ်ရေး၊ မဖြစ် ရေးသည် ပြည်သူအပေါ်တွင် မူတည်နေပြီး ၎င်းကိုယ်တိုင် သမ္မတ ဖြစ်လာပါက ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် ယုံ ကြည်ဖွယ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်လားဆိုသည်ကို စောင့်ကြည့် သွားရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်ဟု သိရှိရ သည်။


ရခိုင်ပါတီနှစ်ခုပူးပေါင်းပြီ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)တို့သည် နိုင်ငံရေးကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းသည့်ဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ပြုလုပ်ခဲ့ပြီး နောက် နှစ်ပါတီပူးပေါင်းရေးကိစ္စများ အောင်မြင်ခဲ့ပြီဖြစ်သဖြင့် ရခိုင်အမျိုးသားပါတီ (Arakan National Party)ဟုပြောင်း ခေါ်ဆိုရန် သဘောတူခဲ့ကြောင်း  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ ပြော ကြားချက်မှသိရသည်။ ပါတီနှစ်ခု ပူးပေါင်းခြင်းကို ဇွန်လ ၁၇ ရက်နေ့တွင် တရားဝင်လက်မှတ် ရေးထိုးမည်ဖြစ်ပြီး ပါတီသစ် ဖွဲ့စည်းပုံကို ဇွန်လအတွင်း အပြီးသတ်ရေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။


တရုတ်သံအမတ် လက်ပံတောင်းတောင် စီမံကိန်းဒေသသို့ သွားရောက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သည် လက်ပံတောင်းတောင်စီမံကိန်းအနီးရှိ ၀က်မှေးနှင့် ကံကော်ကျေးရွာများ သို့ ယခုလ ၁၃ ရက်နေ့တွင် သွားရောက်၍ ရွာသူ၊ ရွာသားများ၊ ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။ တရုတ် သံအမတ်သည် အဆိုပါကျေးရွာများသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများအတွက် ထောက်ပံ့မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များ ပြီးမြောက်မှု အခြေအနေကိုလည်းလေ့လာခဲ့ကြောင်း ကြေးနီစီမံကိန်းသည် အပြန်အလှန် အကျိုးဖြစ်စေသော ပူးပေါင်းဆောင်ရွက်မှုဖြစ်ကာ ဒေသခံလူမှုအဖွဲ့အစည်း၏ နေထိုင်မှုဘ၀ကိုမြှင့်တင်မှု ဖြစ်စေမည် ဖြစ် ကြောင်း တရုတ်သံအမတ်က ပြောဆိုသွားခဲ့သည်ဟု တရုတ်သံရုံး ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရှိရ သည်။


အာဆီယံလူထုညီလာခံ ကျင်းပရန် အစိုးရကူညီပံ့ပိုးမည်

၂၀၁၄ ခုနှစ်တွင် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဦးဆောင်ကျင်းပမည့် အာဆီယံလူထုညီလာခံ (ASEAN People Forum / ASEAN Civil Society Conference)ကို ကျင်းပနိုင်ရန်အတွက် အစိုးရမှပံ့ပိုးကူညီမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးအောင်ထူးက Myanmar People Forum လုပ်ငန်း အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရ သည်။


လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားစေရန် ဖန်တီးသူများအား အရေးယူနိုင်ရေး ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရန် တောင်းဆို

မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပွားစေရန် ဖန်တီးသူများကိုအရေးယူနိုင်မည့် ဥပဒေတရပ် အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းပေးရန် သံဃာတော်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ရှေ့နေများ၊ စာရေးဆရာများ အပါ အ၀င် နယ်ပယ်အသီးသီးမှ ငြိမ်းချမ်းရေးချစ်မြတ်နိုးသူများနှင့် ဖွဲ့စည်းချိတ်ဆက်ထားသော ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်ကထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ပြီး တောင်းဆိုခဲ့ကြောင်းသိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အမုန်းတရား ဝါဒဖြန့်ချိမှုမှန်သမျှကို ထိရောက်စွာအရေးယူပေးရန်၊ အကြမ်းဖက်မှုများ ဖြစ်ပွားလာပါကလည်း လုံခြုံရေး တာဝန်ရှိသူများက လိုအပ်သလို ပစ်မိန့်ပေးခြင်းဖြင့် အပြစ်မဲ့၊ လက်နက်မဲ့ပြည်သူများကို ကာကွယ်ပေးရန်၊ အကြမ်းဖက်မှု ဖြစ်ပွားပြီးလျှင်လည်း တရားခံများကိုဖော်ထုတ်ပြီး ထိရောက်စွာအပြစ်ပေး အရေးယူပေးရန်၊အကြမ်းဖက်ခံရသူတို့၏ ခုခံပိုင်ခွင့်ကိုဥပဒေအရအကျိုး ခံစားခွင့်ပေးရန် တောင်းဆိုကြောင်း အဆိုပါငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်၏ ထုတ်ပြန်ချက်များ တွင် ဖော်ပြထား သည်။


ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လူမျိုးခြားများနှင့် လက်ထပ်နိုင်ရေး ဥပဒေမူကြမ်းတင်သွင်း

ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကိုလက်ထပ်မည့် ဘာသာခြားများ၊ လူမျိုးခြားအမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို နိုင်ငံတော်သြဝါဒ ဓမ္မစရိယဆရာတော်ကြီးများ ဦးဆောင် ပါဝင်သော သံဃာအစည်းအဝေးတခုတွင် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဦးဝီရသူဦးစီးသည့် အမျိုးဘာသာသာသနာ စောင့် ရှောက်ရေးအဖွဲ့က တင်သွင်းခဲ့ရာတွင်အဆိုပါ မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ထောက်ခံမှုမရှိကြောင်း ဗုဒ္ဓသာသနာတော် ဆိုင်ရာသြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ တာဝန်ခံဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မပိယကပြန်လည် မိန့်ကြားခဲ့ကြောင်း သိရသည်။


ကောလပာာလတိုက်ဖျက်ရေးနှင့် ပဋိပက္ခကြိုတင် တားဆီးရေးကွန်ရက်အား မြို့နယ်ပေါင်း ၂၂ မြို့တွင် ဖွဲ့စည်းမည်

ကောလဟာလ တိုက်ဖျက်ရေးနှင့် ပဋိပက္ခကြိုတင် တားဆီးရေးကွန်ရက်အား ရန်ကုန်မြို့တွင်းရှိမြို့နယ်ပေါင်း ၂၂ မြို့နယ်တွင် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယခုအခါတွင် မြို့နယ်ငါးမြို့နယ်တွင် ဖွဲ့စည်းပြီးသွားပြီဖြစ်ကြောင်း ရွှေဝါရောင် ပညာဒါန ကျောင်းဆရာ ဦးပဏ္ဍ၀ံသမှမိန့်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါကွန်ရက်အား ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်ကာ ရပ်ကွက်၊ မြို့နယ်၊ လမ်းအသီးသီးမှ လက်လုပ်လက်စားဈေးသည်များ အပါအ၀င် ပြည်သူလူထုများနှင့် ဖွဲ့စည်းထားကြောင်း သိရသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive