Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1.  ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်ရေး ရည်မှန်းချက်ကို  အခြေခံဥပဒေက  နှောင့်ယှက်ဖွယ်ရှိ

( Reuters မှ 21 June 2013 ရက်စွဲပါ “ Constitution  may desh Suu  Kyi ‘s Presidential  hopes”      သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာတို့၏ ကဏ္ဍ

( The Daily Star မှ 21 June 2013 ရက်စွဲပါ “ Rohingya row” ကိုဘာသာပြန် ဆိုသည်။)

  1.  အီရန်နှင့် မြန်မာအတွက် ငွေလွှဲပြောင်းမှုများပြုလုပ်ခဲ့သော ဂျပန်ဘဏ်ဒဏ်ငွေချမှတ်ခံရ

(Radio Australia မှ 21 June 2013 ရက်စွဲပါ Japanese bank fined for violating US sanctions on Iran and Myanmar ကိုဘာသာပြန်ဆိုသည်)


 ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်ရေး ရည်မှန်းချက်ကို  အခြေခံဥပဒေက  နှောင့်ယှက်ဖွယ်ရှိ

 ( Reuters မှ  21 June 2013 ရက်စွဲပါ “ Constitution  may desh Suu  Kyi ‘s Presidential  hopes” သတင်းကို ဘာ သာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ နောက်လာမည့် သမ္မတဖြစ်လာရန် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရည်မှန်းထား ခြင်းကို သူမအပေါ် ချစ်ခင်လေးစားသော ပြည်သူများက ယုံကြည်ကြသော်လည်း သေချာပေါက်ပြော၍ မရပါ။

နိုဘယ်ဆုရှင်သည် ပြီးခဲ့သောနှစ်  ဧပြီလကြားဖြတ်ရွေးကောက်ပွဲများတွင် သူမ၏ ပါတီအောင်ပွဲရကာ လွှတ်တော် သို့ ဝင်ရောက်လာမှုကြောင့် ပြည်တွင်းပြည်ပ အားပေးထောက်ခံမှုများကို ရရှိခဲ့သည်။

တပ်မတော်အကြီးအကဲဟောင်း စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေက သူမအားအမြင့်ဆုံး အာဏာမရ အောင် တားဆီးနေသည့်တိုင်အောင် ယခုအခါ ကျော်လွှားနိုင်မည့် အခက်အခဲဟု ရှုမြင်နေကြသည်။

ယခုအခါ နိုင်ငံရေးအကျဉ်းသားဘဝမှ သမ္မတဖြစ်လာရေး ရည်မှန်းချက်သည် ယခင်ကထက် ပိုမိုရှင်းလင်းလာသည့် တိုင်အောင် မသေချာမှုများ ကြီးမားနေသည့်လက္ခဏာရှိသည်။

 “ကျွန်မ သမ္မတဖြစ်ချင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပါပဲ။”ဟု နေပြည်တော် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် သူမကသတင်းထောက်များအား ပြောကြားခဲ့သည်။ သို့သော်သူမအနေဖြင့်  ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတဖြစ် လာရန်အတွက် စိမ်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားရပါလိမ့်မည်။

တပ်မတော်ကြီးစိုးထားသော လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်ရေးကို လက်ခံလာအောင် သူမ စည်းရုံး ရလိမ့်မည်။

အကယ်၍ ဤကိစ္စကို လုပ်ဆောင်နိုင်ပြီး အခြေခံဥပဒေကို အချိန်မှီ ပြင်ဆင်နိုင်ခဲ့သည့်တိုင်အောင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်သည့်သဘောထားကြောင့်  ဆန္ဒရှင်များ၏ တုန့်ပြန်မှုကို ရင်ဆိုင်ရဖွယ်ရှိနေသည်။

ဗုဒ္ဓဘာသာ လူများစုနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင် ကိစ္စအပေါ် နှုတ်ဆိတ်နေသည့် သူမအား လူထုထောက်ခံမှု လျော့ကျအောင် ပြိုင်ဘက်ကွန်ဆားဗေးရှင်းတစ်အုပ်စုများက အသုံးချနေကြသည်ဟု အချို့က မှတ်ချက်ပေးသည်။

သူမအနေဖြင့် အာဏာရရန်အတွက် ဗိုလ်ချုပ်ကြီးဟောင်းနှစ်ဦးဖြစ်သူ အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် လက်ရှိ သမ္မတ ဦးသိန်းစိန်တို့ကို ယှဉ်ပြိုင်အနိုင်ယူရမည်ဖြစ်သည်။ ဦးသိန်းစိန်သည် ကျန်းမားရေးပြဿနာများ ရှိနေသော် ငြားလည်း သမ္မတသက်တမ်းကို ကြိုးစားဖွယ်ရှိနေသည်။

သူမ၏ချက်ခြင်းလက်ငင်းပြဿနာမှာ အခြေခံဥပဒေပြင်ဆင်ရေး ပင်ဖြစ်သည်။ သူမသည် ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုခဲ့ပြီး သားနှစ်ဦးမှာလည်း ဗြိတိန်နိုင်ငံသားခံယူထားသောကြောင့် အခြေခံဥပဒေပါ တားမြစ် မှု နှင့် ညှိစွန်းနေသည်။

မြန်မာအခြေခံဥပဒေ ဆိုင်ရာပြင်ဆင်ရေး စီမံချက် ဒုတိယဒါရိုက်တာ  Sydney Law School  ပါမောက္ခ အင်ဒရှုး မတ်ကလွိုက်က “ ဒီလိုရေးဆွဲထားရတဲ့အကြောင်းရင်းအားလုံးဟာ သူမကိုရည်ရွယ်တာဖြစ်ပါတယ်”ဟု ပြောကြားသည်။ အခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော်တွင်  ၇၅ ရာခိုင်နှုန်း ထောက်ခံမှု ရရန် လိုအပ်ပြီး၊ တပ်မတော်က လွှတ်တော်တွင်  ၂၅ ရာခိုင်နှုန်းနေရာ ယူထားသောကြောင့် ယင်းကိစ္စသည် လွယ်ကူသောအလုပ်မဟုတ်ပါ။

အကယ်၍ လွှတ်တော်က အတည်ပြုခဲ့တိုင်အောင်၊ ဆန္ဒပြခံယူပွဲတွင် ထောက်ခံမဲထက်ဝက်ကျော် ရရှိဖို့ လိုပါသည်။ ယင်းလုပ်ငန်းအားလုံး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီပြီးစီးရန် အချိန်မလုံလောက်နိုင်ဟု အချို့အကဲခတ်လေ့လာသူများက မှတ်ချက်ပေးကြသည်။

ထို့အပြင် သူမသည် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင်များ ခွဲခြားဖိနှိပ်ခံနေရခြင်းကိုကာကွယ်ပေးရန် နိုင်ငံတကာလူအခွင့်အရေးအုပ်စုများ၏ ဖိအားပေးမှုကိုလည်း ရင်ဆိုင်နေရသည်။


 

ရိုဟင်ဂျာတို့၏ ကဏ္ဍ

( The Daily Star မှ 21 June 2013 ရက်စွဲပါ “ Rohingya row” ကိုဘာသာပြန် ဆိုသည်။)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၊ အနောက်အုပ်စုနှင့် ကုန်သွယ်ရေး၊ သံတမန်ရေး ပြန်လည်ထူထောင်မှုများ၊ အရေးပါသော အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်ကို လက်ခံ ကျင်းပမှုများနှင့်အတူ အပြိုင်အဆိုင်ထွက်ပေါ်လာနေသော ရိုဟင်ဂျာပြဿနာများ အတွက် ပဓာနကျသော အကြောင်းရင်းမှာ နေထိုင်မှုကာလ ဆယ်စုနှစ်ချီ ကြာမြှင့်နေ သော်လည်း ဘင်္ဂါလီဟု သတ်မှတ်ခံရထားရသူ ရိုဟင်ဂျာမွတ်စလင်များ အပေါ် အာဃာတထားရှိသော အမုန်းတရားခံစားချက်ပင် ဖြစ် သည်။

ရိုဟင်ဂျာမွတ်ဆလင်များ ဖိနှိပ်ခံရခြင်းကို တစ်ကမ္ဘာလုံးက ပူပန်နေသည့်ကြားမှပင် အကြမ်းဖက်မှုနှင့် လူမှုရေးပစ် ပယ်မှုများ လျှော့ပါးသွားခြင်းမရှိသေးပေ။ ပြီးခဲ့သော အပတ်ကပင် ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းတစ်ခုတွင် လုံခြုံရေး တပ်ဖွဲ့ များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် ရိုဟင်ဂျာအမျိုးသမီးသုံးဦး သေနတ်ထိမှန် သေဆုံးသွား ခဲ့သည်။ ထို့အပြင် လွတ် မြောက်ရာလမ်းရှာဖွေသူ ရိုဟင်ဂျာများကို တင်ဆောင်လာ သည့် စက်လှေများ ကြမ်းတမ်းသော ပင်လယ်ပြင်တွင် နစ်မြှုပ် သွားသော သတင်းများကိုလည်း မကြာခဏ ကြားသိနေရပါသည်။

ထိုထက်ပိုမိုတုန်လှုပ်စရာကောင်းသော ကိစ္စမှာ ကုလသမဂ္ဂနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့က ကန့်ကွက်နေသည့်ကြားမှပင် ရိုဟင်ဂျာများ ကလေးနှစ်ဦး ထက်ပိုမယူရ စီမံချက်ကို ဆက်လက်ဆောင်ရွက် မည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြီးခဲ့သောအပတ်တွင် ထပ်မံ ပြောကြားခဲ့ခြင်းဖြစ်သည်။ မငြိမ်သက် မှုကို လျှော့ပါးစေမည်ဟု အစိုးရယုံကြည်ထားသော ယင်းစီမံချက်သည် ခေတ်နောက် ပြန်ဆွဲရုံသာမကပဲ နိုင်ငံ၏ပြုပြင်ပြောင်းလဲမှု ဂုဏ်သတင်းနှင့် သာတူညီမျှ မူဝါဒများကိုပါ ညှိုးနွမ်းစေပါသည်။

ဘာသာရေး၊ လူမျိုးရေးတင်းမာမှုများ ကြီးထွားနေမှုနှင့် ပတ်သက်သည့် နှစ်ရက်ကြာ ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် သံဃာတော်များ စည်းဝေးကျင်းပခဲ့ရာတွင် မီဒီယာတို့၏ လူမျိုးရေးလှုံ့ဆော်မှုများကို အပြစ်တင်ခဲ့ကြပြီး ငြိမ်းချမ်းရေးကို မေတ္တာရပ်ခံကြသော် လည်း မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချခြင်းမပြုဘဲ ရှောင်ရှားခဲ့သည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး တံဆိပ်ကပ်ထားသော်လည်း လူ့အခွင့်ရေး မှတ်တမ်းများ ဆိုးဝါးနေခြင်းမှာမူ ထင်ရှား လျှက်ရှိသည်။ လူ့အခွင့်ရေးလှုပ်ရှားသူများက လည်း နေပြည်တော်ကို စီးပွားရေးအခွင့်ရေးသစ်များ ထပ်မပေးရန် သမ္မတ အိုဘားမား ကိုတိုက်တွန်းထားကြသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အဖွဲ့အစည်းအစိတ်အပိုင်းအားလုံး ညီညွတ်စွာအတူယှဉ်တွဲ နေထိုင်နိုင်မည့် အစီအမံများ ကို မြန်မြန်ဆန်ဆန် ပြင်ဆင်ပြောင်းလဲရမည့်အချိန်သို့ ကျ ရောက်နေပြီ ဖြစ်ပါသည်။


 

 အီရန်နှင့် မြန်မာအတွက် ငွေလွှဲပြောင်းမှုများပြုလုပ်ခဲ့သော ဂျပန်ဘဏ်ဒဏ်ငွေချမှတ်ခံရ

 (Radio Australia မှ 21 June 2013 ရက်စွဲပါ Japanese bank fined for violating US sanctions on Iran and Myanm ar ကိုဘာသာပြန်ဆိုသည်)

Photo Credit by Reuters

အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်လုပ်ကိုင်လျက်ရှိသော ဂျပန်ဘဏ်လုပ်ငန်းကြီးတစ်ခုသည် အမည်မည်း စာရင်း သွင်းထားသည့် နိုင်ငံများကိုယ်စား ငွေကြေးလွှဲပြောင်းမှုများပြုလုပ်ပေးခဲ့ခြင်းကြောင့် ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ဒေါ်လာ သန်း ၂၅၀ ချမှတ်ခံလိုက်ရကြောင်းသိရသည်။

ယင်းသို့ ငွေကြေးလွှဲပြောင်းမှုများပြုလုပ်ပေးခဲ့သည့် ဘဏ်မှာ Tokyo Mitsubishi-UFJ ဘဏ်ဖြစ်ပြီး ယင်းဘဏ် သည် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားသော အီရန်၊ ဆူဒန် နှင့် မြန်မာနိုင်ငံတို့ အတွက်လုပ်ကိုင် ပေးခဲ့ခြင်း ကြောင့် နယူးယောက်ပြည်နယ်က ပြစ်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။

အမေရိကန်အစိုးရ အာဏာပိုင်များအဆိုအရ အဆိုပါ ဂျပန်ဘဏ်သည် အမေရိကန်ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်သည့် လုပ်ရပ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဖယ်ရှားပေးရန် ဘဏ်ဝန်ထမ်းများအား ညွှန်ကြားချက်ပေးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ယင်းဘဏ်က တရားမဝင် ငွေကြေးလွှဲပြောင်း မှုပြုလုပ်ခဲ့သည့် တန်ဖိုးမှာ ဒေါ်လာ ၁၀၀ ဘီလီယံခန့်ရှိသည်။

ပိတ်ဆို့အရေးယူခံထားရသော နိုင်ငံသုံးနိုင်ငံအတွက် တရားမဝင်ငွေကြေးလွှဲပြောင်းပေးမှု အကြိမ် ၂၈၀၀၀ နီးပါးပြုလုပ်ခဲ့ပြီး ယင်းသို့လုပ်ဆောင်ခဲ့သည့် သတင်းအချက်အလက်များကို ဂျပန်ဘဏ်ဝန်ထမ်းများက စနစ်တကျပယ်ဖျက် ပစ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

နယူးယောက်ပြည်နယ် ဘဏ္ဍာရေးဝန်ဆောင်မှု ကြီးကြပ်ရေးဌာနမှ ဘန်ဂျာမင်လောစကိုင်းက ၎င်းတို့အနေဖြင့် ဘဏ်လုပ်ငန်းများအပေါ် တင်းမာသည့် ဆောင်ရွက်ချက်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပြောကြားသည်။

“ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဆိုးဆိုးရွားရွား လွဲမှားစွာလုပ်ကိုင်နေတာကို တွေ့ရတာနဲ့ ခိုင်မာပြတ် သားမှုရှိတဲ့လုပ်ဆောင်ချက်တွေနဲ့ ကျွန်တော်တို့အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံကို အသုံးပြုပြီး ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနဲ့ တခြားအန္တရာယ်ပြုမှုတွေကို ကာကွယ် ဟန့်တားသွားမှာဖြစ်ပါတယ်” ၎င်းက ပြောကြားသည်။

အဆိုပါ ဂျပန်ဘဏ်က ၎င်း၏ အမှုကို နယူးယောက်ပြည်နယ်တွင် ရင်ဆိုင်ဖြေရှင်းလျက်ရှိပြီး ဒဏ်ငွေပေးဆောင် ရန်လည်း သဘောတူညီထားပြီဖြစ်သည်။

နယူးယောက်မြို့တော်ဝန် အင်ဒရူး ကူမိုက ယခုဖြစ်ရပ်သည် Wall Street ငွေကြေးလုပ်ငန်းကြီးတစ်ခုလုံး အတွက် သတိပေးချက်တစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

“ယနေ့ရရှိလိုက်တဲ့ သဘောတူညီမှုက ကျွန်တော်တို့အနေနဲ့ Wall Street နဲ့ပတ်သက်တဲ့တာဝန်ယူမှုတွေကို ပြင်းပြင်းထန်ထန်လုပ်ကိုင်နေတယ်ဆိုတာ ကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ထုတ်ဖော်ပေး လိုက်တာပဲဖြစ်ပါတယ်။ တရား ဥပဒေကိုမလှိမ့်တပတ်လုပ်ဖို့ ကြိုးစားနေတဲ့သူတွေကိုလည်း သတိပေးလိုက်ရာရောက်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းဂျပန်ဘဏ်က ကြေညာချက်ထုတ်ပြန်ရာတွင် မိမိတို့အနေဖြင့် ၂၀၀၇ ခုနှစ်တွင် အမေရိကန်ပိတ်ဆို့ အရေးယူ မှုများကို ချိုးဖောက်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင် ရွက်ကာယင်းသို့ လုပ်ကိုင် ဆောင်ရွက်မှုများကို ချက်ချင်းပင်ရပ်ဆိုင်းပစ်ခဲ့ကြောင်းဖော်ပြထားသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

 

“၁၃ ရက်နေ့က အမေရိကန်၊ အေပီ သတင်းဌာနမှာ ပြောတဲ့အခါ ပေါင်းတော့ပေါင်းမယ်၏။ အခုတော့ စောသေးတယ်။ အတိအကျတော့ မသိသေးဘူးဆိုတော့ ဦးရွှေမန်းပြောတဲ့စကား ကျွန်တော်ပြန်ဖတ်တယ်။ နောက်ကျတော့မှ သူ တကယ် ပြောတာပဲ။ ကျွန်တော်တို့ပါတီရဲ့ တစ်ယောက်ချင်း သဘောထားတွေဖြစ်တော့ ကျွန်တော်လည်း မသိဘူးဗျာ ဒီကိစ္စကို။ ကျွန်တော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့် မရှိဘူး။ ဒီကိစ္စက ဗဟို ကော်မတီတွေ ဘာတွေဆုံးဖြတ်ပြီးမှ၊ ညီလာခံ တွေမှာ ဆုံးဖြတ်ပြီးမှ ဒါပြောရမယ့် စကားပဲလေ။ ကျွန်တော်တို့ အဲလို နားလည်တယ်။ ဒါပေမဲ့ ဘယ်လိုပြောလိုက်သလဲတော့ မသိဘူး။ ပြောနိုင်တာက ဘာလဲ ဆိုတော့ ကျွန်တော်တို့နဲ့ ဒေါ်စုကြည်နဲ့ ရင်းနှီးတာကို၊ NLD ကိုယ်စားလှယ်တစ်ချို့နဲ့ ကျွန်တော်တို့ ရင်းနှီးတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိတယ်။ အရင်တုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက် ပြင်းပြင်းထန်ထန် ဝေဖန်ကြ၊ တိုက်ခိုက်ကြတာတွေ၊ ဝေဖန်တာတွေ ပြောဆိုတာတွေရှိတယ်။ ဒါတွေက မတွေ့ခင် အခြေအ နေပေါ့။

၂၀၁၃ ဇွန်လ ၂၂ ရက်နေ့ထုတ် မြန်မာ သံတော်ဆင့်ဂျာနယ် အတွဲ (၂) အမှတ် (၁၅) တွင် ပါရှိသော “NLD နှင့် ပေါင်းမည်ဟု ပြောကြားခဲ့သော ပြည်ခိုင်ဖြိုးဥက္ကဋ္ဌသူရဦးရွှေမန်း ပြန်လာလျှင် ဗဟိုကော်မတီသို့ ရှင်းရမည်” သတင်းမှ ပြည်ခိုင်ဖြိုး ပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သဘောတူညီချက် ရထားတဲ့ဟာတွေကို ကျွန်တော်တို့အနေနဲ့ ပါတီလည်း မဖွဲ့ထားတော့ ကျွန်တော်တို့ရဲ့ စကားသံတွေကို စာနဲ့ ပေနဲ့ ပြည်သူ့လွှတ်တော်ကို ပေးမယ်။ လွှတ်တော်ကနေ တစ်ဆင့် ဒါလေးပြောပေးပါ”

၂၀၁၃ ဇွန်လ ၂၁ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေး သဘောတူညီ ချက်များကို လွှတ်တော်တင်မည်ဟု ဒီကေဘီအေဆို” သတင်းမှ ဒီကေဘီအေ (ကလိုထူးဘော) မှ ဒုတိယစစ်ဦးစီး ချုပ် ဗိုလ်ချုပ် စောမိုရှေး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဓိက ကတော့ အပစ်အခတ်ရပ်စဲရေး လတ်မှတ်ရေးထိုးဖို့အတွက် အကြိုဆွေးနွေးပွဲပါ။ တွေ့ဆုံမှုမှာ ဆုံးဖြတ်မှာ မဟုတ် ဘူး။ ပြဿနာ အားလုံးကို သိတဲ့၊ နှစ်ဖက်စလုံးရဲ့ ပေါ်လစီကို နားလည်တဲ့ (Technical Team) တွေ တွေ့ဆုံပြီး နောက်လာ မယ့် ဆွေးနွေးပွဲအတွက် ပြင်ဆင်ပေးတဲ့ သဘောပေါ့။ ဆွေးနွေးချက် တွေကို ယူသွားပြီး နှစ်ဖက်လုံးကို တင်ပြလို့ အဆင်ပြေ ရင် အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ နောက်တစ်ကြိမ် တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ဖြစ်နိုင်တာပေါ့”

၂၀၁၃ ဇွန်လ ၂၁ ရက်နေ့ Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လာမည့် အပတ်အတွင်း ကေအိုင်အိုနှင့် အလုပ်အဖွဲ့အချင်းချင်း တွေ့ဆုံရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ မျှော်မှန်း” သတင်းမှ Myanmar Peace Center မှ ဦးအောင်နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အရင် ရေးဆွဲဖူးတဲ့ ဥပဒေတွေမှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ အနေနဲ့ စီးပွားရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်သွင်းပေးထားပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ဆိုရင်လည်း လုပ်ပိုင်ခွင့်တွေ ပေးထား ပါတယ်။ အခုထွက်လာမယ့် ဥပဒေကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ တွေအတွက် လုပ်ပိုင်ခွင့် ပိုပါလာပါတယ်။ ဒေသဆိုင်ရာ အစိုးရအဖွဲ့တွေ အနေနဲ့ ဥပဒေတစ်ခု ထွက်လာရင် သေချာ လေ့လာပြီး ကိုယ့်အနေနဲ့ ဘာတွေလုပ်နိုင်မလဲ ဆိုတာ သေချာလေ့လာသင့်ပါတယ်”

၂၀၁၃ ဇွန်လ ၂၁ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစားတွင် ပါရှိသော “ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၏ လုပ်ပိုင်ခွင့် အများဆုံးပါဝင်သော အထူးစီးပွားရေးဇုန် ဥပဒေအား လာမည့် လွှတ်တော် အစည်းအ ဝေးတွင် အတည်ပြုနိုင် ရန် တင်သွင်းမည်” သတင်းမှ ပြည်သူ့လွှတ်တော် ဥပဒေနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဓိက ကတော့ ကျွန်တော်တို့ လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲနေတာဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ မဟုတ်ဘဲ စစ်မှန် တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ပြီးတော့ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့တွေ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာလည်း လက်နက်ကိုင် တွေကော၊ ပါတီတွေကော၊ အားလုံးအတူပြည်သူ တွေနဲ့ ပူးပေါင်းပါဝင်ဖို့ ကျွန်တော်တို့ ပြောဖြစ်ပါတယ်"

၂၀၁၃ ဇွန်လ ၂၁ ရက်နေ့ Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တိုင်းရင်းသားများ လက်နက်ကိုင်နေ ခြင်းသည် ပြည်ထောင်စုမှ ခွဲထွက်ရန်မဟုတ်ဟု ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဆို” သတင်းမှ ရှမ်းပြည်တပ်မတော် RCSS/SSA ၏ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံရေး

အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများတွင် ရရှိထားသော သဘောတူညီချက်များကို ပြည်သူအများ သိရှိနိုင် ရေးအတွက် လွှတ်တော်သို့ တင်ပြရန် အစီအစဉ်ရှိကြောင်း ဒီကေဘီအေ ( ကလို့ထူးဘော စစ်ဌာနချုပ်) မှ ပြောကြား ချက်အရ သိရှိရသည်။ ထို့အပြင် သဘောတူညီချက်များကို နိုင်ငံတော်သမ္မတ သိရှိနိုင်စေရေးအတွက်လည်း နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။


ပဋိပက္ခစီမံခန့်ခွဲမှု

အပစ်အခတ် ရပ်စဲပြီးနောက် အစိုးရနှင့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သော ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် တိုက်ပွဲများ ဆက်လက် မဖြစ်ပွား စေရေး၊ ပဋိပက္ခ ပူးပေါင်းစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ၏ ပြောကြား ချက်အရ သိရှိရသည်။ ဇွန်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KNPP တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေး အချက်အပါအ၀င် အခြားအချက် ရှစ်ချက်ကို လက်မှတ် ရေး ထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဇွန်လ ၂၁ ရက်တွင် ကျရောက်မည့် (၁၃၈) ကြိမ်မြောက် ကရင်နီ အမျိုးသားနေ့အား အစိုးရ မှ ပထမဆုံး အသိအမှတ်ပြုသည့် အနေဖြင့် အဆိုပါအမျိုးသားနေ့သို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ၏ ဆက်လက်ပြောကြားချက်အရ သိရသည်။

              မျိုးစောင့်ဥပဒေဟု လူသိများသော ရေးဆွဲနေဆဲ မြန်မာဗုဒ္ဓ`ဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေမူကြမ်းတွင် ပါရှိသော ဘာသာခြား ယောက်ျားတစ်ဦးအနေဖြင့် မြန်မာ ဗုဒ္ဓ`ဘာသာဝင် အဖြစ် ပြောင်းလဲ ရမည် ဟု သံဃာတော်အချို့က မိန့်ကြားနေခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုပင် ဖြစ်ကြောင်း လွတ်လပ်သော အာရှ (RFA) ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသွားခဲ့သည်ဟု သိရသည်။


နိုင်ငံတကာဆက်ဆံရေး

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် Hyun-Oh-Seok သည် ဇွန်လ ၁၉ ရက်နေ့က အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒေါက်တာ ကံဇော်နှင့် တွေ့ဆုံခဲ့ပြီးနောက်တွင် မြန်မာ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား အစိုးရ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာ တစ်ပြည်လုံးရှိ အကူအညီ လိုအပ်နေသူများထံသို့ ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသည့် အေဂျင်စီများ၊ လိုအပ်သော ပစ္စည်းများ အဟန့်အတား မရှိ ပေးပို့ခွင့်ရရန် ပါဝင်ပတ်သက်နေသူများ အားလုံးကို တိုက်တွန်းလိုက်ကြောင်း အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်ခဲ့သည် ဟု သိရှိရသည်။ အဆိုပါ ထုတ်ပြန် ချက်တွင် ကချင်ပြည်နယ်တွင်း နှင့် တိုင်းပြည်တစ်ဝန်းရှိ အကူအညီလိုအပ်နေသူ များအတွက် လိုအပ်သော ပစ္စည်းများကို ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသည့် အေဂျင်စီများက ပုံမှန်နှင့် အဟန့်အတား မရှိစွာ ပေးပို့နိုင်ခွင့် ပေးရန် အားလုံးသော ပါဝင်ပတ်သက်နေသူများအား တိုက်တွန်းထားပြီး ဇွန် ၁၂ ရက်က ကုလသမဂ္ဂမှ လူသား ချင်းစာနာထောက်ထားမှု အကူအညီပေးသည့် ယာဉ်တန်းသည် ကချင်ပြည်နယ်အတွင်း အစိုးရ ထိန်းချုပ်သည့် နယ်မြေ ပြင်ပဒေသများရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ဒုက္ခသည်ထောင်ပေါင်းများစွာထံ သို့ လိုအပ်သည့် စားနပ်ရိက္ခာနှင့် အခြား ပစ္စည်းများ အောင်မြင်စွာ ပို့ဆောင်ပြီးဖြစ်ကြောင်း ကြားသိရသည့်အတွက်လည်း ၀မ်းမြောက်ကြောင်း ဖော်ပြထား ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗီ၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် လေးနှစ်စာ တိုးမြှင့် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ကို ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global –Fund) က ထောက်ပံ့လိုက်ကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေ ၃၁၅ သန်းတွင် ရောဂါသုံးမျိုးထဲမှ အိတ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေးလုပ်ငန်းများ အတွက် အမေရိ ကန် ဒေါ်လာ သန်း ၁၆၀ ကျော် ရရှိမည်ဖြစ်ကြောင်း UNAIDS ၏ ဇွန်လ  ၁၉ ရက် ထုတ်ပြန်ချက်အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော မြန်မာလုပ်သားများကို မလေးရှား လုပ်ငန်းရှင်များ၏ ခေါင်းပုံ ဖြတ် အမြတ်ထုတ်မှုများ မရှိစေရေးအတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ် Dr. Faisal Muhamad က ကတိပေးခဲ့ကြောင်း ၎င်းနှင့် သွားရောက် တွေ့ဆုံခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ၏ ပြောကြားချက်အရ သိရသည်။


စွမ်းအင်

မြန်မာ့စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Myanmar Energy Investment Summit 2013- MEIS 2013) ကို ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်မြို့တွင် စက်တင်ဘာလ၌  ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ထိပ်သီး အစည်အဝေး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရှိရသည်။ အဆိုပါ ထိပ်သီး အစည်းအဝေးကို စွမ်းအင် ၀န်ကြီးဌာန ရေအားလျှပ်စစ်ဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုရှင်များ အသင်း (UMFCCI) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး စက်တင်ဘာလ ၃ ရက် နှင့် ၄ ရက်နေ့တို့တွင် နှစ်ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ MEIS 2013 ထိပ်သီး အစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံ ၂၅ နိုင်ငံရှိ စွမ်းအင်ကဏ္ဍ အသီးသီးမှ ခေါင်းဆောင်များ အပါအ၀င် ပရိသတ် ၃၀၀ ခန့် တက်ရောက်မည်ဟု သိရပြီး ရေအားလျှပ်စစ်၊ ရေအရင်းအမြစ်၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ကဏ္ဍတို့တွင် လုပ်ငန်းလုပ်ကိုင်ရန်နှင့် ကမ်းလှမ်းမှုများလည်း ရှိရန် မျှော်လင့်ထားကြောင်း အဆိုပါ အစည်းအဝေး၏ အစီအစဉ်များအရ သိရသည်။

                       


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive