Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မန်မာသို့သုတ်ခြေတင်ရာ လမ်းပေါ်မှာ အရှိန်လျှော့မီးဝါ

(Bangkok Post မှ 22 Jun 2013 ရက်စွဲပါ “Yellow Light Myanmar gold rush”သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဘာသာမတူ ထိမ်းမြားမှု ချုပ်ချယ်မည့် ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ပြစ်တင်ဝေဖန်

(AFP မှ 21 Jun 2013 ရက်စွဲပါ “ Suu Kyi Slams Marriage Law”သတင်းကို ဘာသာပြန်ဆိုသည် )


မြန်မာသို့သုတ်ခြေတင်ရာ လမ်းပေါ်မှာ အရှိန်လျှော့မီးဝါ

(Bangkok Post မှ 22 Jun 2013 ရက်စွဲပါ “Yellow Light Myanmar gold rush”သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်ပြည့်စုံသောဥပဒေနှင့် အခြေခံအဆောက်အဦးစနစ်မရှိခြင်းကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ အနေ ဖြင့် ဒုတိယအကြံအစည်ရှိဖို့လိုသည်ပာု UN Conference on Trade and Development မှ အထွေထွေအတွင်းရေး မှူးချုပ် ဆူပါချိုင်းပန်နစ်ပတ်ဒီက ပြောကြားလိုက်ပါသည်။

ယခုအခါ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုများသည် သယံဇာတကြွယ်ဝသော သုံးနိုင်ငံဖြစ်သည့် မြန်မာ Myanmar၊ မိုဂိုလီးယား Mongolia၊ မိုဇစ်ဘစ် Mozambique အပေါ်အာရုံကျနေကြပြီး M3 ပာု ရည်ညွှန်းကြသည်။

သို့သော် မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အဆင်သင့်မဖြစ်သေးသောကြောင့် ငွေပုံမအောမှီ သတိထားကြရန် ဆူပါချိုင်းက တိုက်တွန်းသည်။

“ထိုင်းနိုင်ငံရှေ့ရေး(သို့) အာဆီယံ နယ်မြေသစ်များတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မည်သို့ဦးဆောင်မလဲ”ပာု ခေါင်းစဉ် ပေးထားသော ထိုင်းကုန်သည်ကြီးများအသင်းဖိုရမ်တွင် ဆူပါချိုင်းက “မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကျွန်တော့်ကိုမေး လာရင် သံသယရှိတယ်လို့ ဖြေမှာပါ။ မြန်မာနိုင်ငံပာာ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ၊ အခြေခံအဆောက်အဦး စနစ် တွေမှာ တိုးတက်ဖို့အများကြီး လိုအပ်နေသေးတဲ့အတွက် ကုမ္ပဏီတွေ သတိထားကြဖို့လိုပါတယ်”ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယတို့နှင့်လည်း၊ ပထဝီနိုင်ငံရေးကိစ္စရပ်များ ရှိနေသည်ပာု ၎င်းကဆိုသည်။ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းမပြုမီ ဂရုတစိုက်လေ့လာကြရန် ၎င်းကအကြံပြုသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှ သယံဇာတထုတ်၊ အစိုးရနဲ့ ပိုက်ဆံခွဲယူ၊ ပြီးတော့ ထားပစ်ခဲ့တာမျိုး မလုပ်ပဲနဲ့ စဉ်ဆက် မပြတ် ရင်းနှီးမြှုပ်နှံမှုများကို ဖြည်းဆည်းပေးဖို့လိုပါတယ်။ သယံဇာတတွေ ကုန်သွားရင်တောင် ရင်းနှီးမြှုပ်နှံထား နည်းပညာ လွှဲပြောင်းပေးထားစွမ်းရည်မြှင့်ပေးတာတွေ လုပ်ပေးဖို့လိုပါတယ်”ပာု ဆူပါချိုင်းက ပြောကြားသည်။

ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ဆူပါချိုင်းက လောလောဆယ်ဂျပန်နှင့် အခြားနိုင်ငံများပါဝင်ရန် မရေရာသော်ငြားလည်း ထိုင်းနိုင်ငံအတွက် ကြီးမားစွာအကျိုးဖြစ်ထွန်းစေလိမ့်မည်ပာုဆိုပါသည်။

မိုဇစ်ဘစ်မှာမူ ဘရာဇီးမှ ရင်းနှီးမြှုပ်နှံမှုများကိုဆွဲယူနေသည့် စိတ်ဝင်စားဖွယ်ရွေးချယ်စရာ နိုင်ငံတစ်ခုဖြစ်ပြီးနှစ် နိုင်ငံစလုံး ပေါ်တူဂီစကားကို သုံးစွဲကြသည်ပာု ၎င်းကဆိုသည်။

မစ္စတာဆူပါချိုင်းကအာဆီယံနိုင်ငံများအား တိုင်းပြည်အုပ်ချုပ်ရာတွင် နိုင်ငံရေးနှင့် စီးပွားရေးကိုခွဲခြားထားရန် အကြံ ပြုသည်။ သို့မပာုတ်ပါက စီးပွားရေးခန့်ခွဲမှုအပေါ် မမှန်ကန်သော နိုင်ငံရေးစွက်ဖက်မှုများ ရှိလာလိမ့်မည်ပာု သတိပေးသည်။


 ဘာသာမတူ ထိမ်းမြားမှု ချုပ်ချယ်မည့် ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ပြစ်တင်ဝေဖန်

(AFP မှ 21 Jun 2013 ရက်စွဲပါ “ Suu Kyi Slams Marriage Law”သတင်းကို ဘာသာပြန်ဆိုသည် )

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့် အခြားဘာသာဝင် အမျိုးသားများအကြား လက်ထပ်ထိမ်းမြားမှုကို ချုပ်ချယ်တင်း ကြပ်ရန် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများက အဆိုပြုနေခြင်းကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြစ်တင်ဝေဖန်လိုက်ပြီး လူအခွင့်အရေး ချိုးဖောက်မှုတစ်ခု ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း သတင်းများက ဆို ပါသည်။

ဒါက တစ်ဖက်သတ်ဆန်လွန်းပါတယ်။ ဘာကြောင့်အမျိုးသမီးတွေကိုပဲ ချုပ်ချယ်ရသလဲ။အမျိုးသမီးတွေကို မမျှမတ ဆက်ဆံလို့မရပါဘူး” ဟု အင်တာဗျူးတွင် သူမပြောကြားသည့်အတိုင်း  Radio Free Asia  ကသတင်းဖော်ပြသည်။

“ဒီကိစ္စက မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ကိုယ်ညီမှုမရှိဘူးလို့ ကျွန်မနားလည်ထားပါတယ်။အထူးသဖြင့် ဗုဒ္ဓဘာသာမှာ ဒီလိုတားမြစ်မှုတွေ မရှိပါဘူး။ဒါဟာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ”ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။

ဘာသာရေးအမျိုးသားရေး အစွန်းရောက်အယူအဆများကြောင့် လူသိများနေသော မန္တလေးမှဘုန်းတော်ကြီး ဦးဝီရ သူစည်းရုံးလှုပ်ရှားနေသော အဆိုပြုချက်အရ ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်လို့သည် အခြားဘာသာဝင် အမျိုးသား သည် လက်မထပ်မှီဘာသာပြောင်းခြင်း၊ မိဘများနှင့်ဒေသအာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခြင်းတို့  ပြုလုပ်ရန်လိုအပ် ပြီး၊ ၄င်းစည်းကမ်းကို ချိုးဖောက်ပါက ထောင်ဒဏ် ၁၀ နှစ်အထိနှင့် ပစ္စည်းဥစ္စာ သိမ်းယူခြင်း ခံရဖွယ်ရှိသည်ဟု ဆိုသည်။

ယခင်စစ်ဖက်က အုပ်ချုပ်ခဲ့သောနိုင်ငံတွင် ဗုဒ္ဓဘာသာမွတ်ဆလင် အဓိကရုဏ်း ထကြွလာမှုနှင့်ပတ်သက်၍ သံဃာ တော် ၂၀၀ ကျော်မကြာသေးမှီက တွေဆုံစည်းဝေးကြစဉ် ဦးဝီရသူက ၄င်းအယူအဆကိုတင်ပြခဲ့ခြင်းဖြစ်သည်။

“ဗုဒ္ဓဘာသာဝငအမျိုးသမီးတွေက မွတ်ဆလင်အမျိုးသားတွေကို လက်ထပ်တဲ့အခါ သူတို့ရဲ့လွတ်လပ်စွာ ကိုးကွယ် ခွင့် ဆုံးရှုံးနေတဲ့ အတွက်ကြောင့် ဒီလိုဥပဒေမျိုး လိုအပ်ပါတယ်”ဟု ဦးဝီရသူက ရှင်းလင်းပြောကြားသည်။

ဝါရင့်အကြီးတန်းဘုန်းတော်ကြီးများက ၄င်းအဆိုပြုချက်ကိုဆွေးနွေးရန် ငြင်းပယ်ခဲ့ကြပြီး၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသော အုပ်စုများလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

လွန့်ခဲ့သောနှစ်နှစ်က စစ်အုပ်ချုပ်ရေး ပြည်ဖုံးကားချခဲ့သော မြန်မာနိုင်ငံတွင် ကုလားဗမာ အဓိကရုဏ်းများ၊ တရုတ် - ဗမာအဓိကရုဏ်းများ၊ ယခင်ကတည်းက ဖြစ်ပွားခဲ့ဘူးပြီး၊ ယခုနှစ်ပိုင်းတွင် ရခိုင် - ရိုဟင်ဂျာအဓိကရုဏ်းနှင့် ဗုဒ္ဓဘာသာ မွတ်ဆလင်အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားလျှက် ရှိသည်။ အဆိုပါဖြစ်စဉ်များတွင် နိုင်ငံရေးပယောဂဆရာများ၏ ကြိုး ကိုင်မှုများ၊ လူမျိုးရေးဘာသာရေး အစွန်းရောက်များ၏ အမျှော်အမြင်မဲ့ လုပ်ရပ်များ၊ ပြည်ပ အစ္စလာမ်အဖွဲ့အစည်း အချို့၏ ပတ်သက်မှုများ ရောယှက်ရှုပ်ထွေးနေသည့်ဟု အကဲခတ်လေ့လာမှုများက သုံးသပ်ကြသည်။ ထို့အပြင် မြန်မာ့ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် နောက်ပြန်လှည့်စရာ အကြောင်းမရှိဟူသောပြောကြားချက်မှာမှန်ကန်ဖွယ်ရှိသော်လည်း၊ အရှိန် မမြန်ပဲနှေးကွေးအောင် အကွက်ချကြံစည်သူများရှိနေသည်ဟု ပြည်တွင်းမှစောင့်ကြည့်သူအချို့က မှတ်ချက်ပေးကြ သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒုက္ခသည်ဆိုတဲ့ စကားလုံးကို အရင်ကလက်မခံဘူး။ အခုမှလက်ခံတာ သူတို့တစ်တွေပြန်လာရင် မိုင်းရှင်းပေးရမယ်၊ အိမ် ဆောက်ပေးရမယ်။ စိုက်ပျိုးတဲ့သီးနှံတွေ မထွက်ခင်ထိ စားဖို့ရိက္ခာတွေပေးရမယ်”

ဇွန်လ ၂၂ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ် သတင်းစာတွင်ပါရှိသော “ ဒုက္ခသည်ဆိုသော စကားကို ယခုမှသာလက်ခံပြီး ၎င်း တို့ ပြန်လာပါက အချက်သုံးချက် လုပ်ဆောင်ပေးရန်လိုအပ်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား”သတင်းမှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုက ငြိမ်းချမ်းရေးဖော်ဆောင်တာ မဟုတ်သေးဘူး။ အပစ်အခတ် ရပ်ထားတာပဲရှိသေးတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အဆင့်က တော်တော်လိုသေးတယ်။ သူတို့က ငြိမ်းချမ်းရေး ဖော်ဆောင်တယ်ဆိုတာထက် အပစ်ရပ်ရေး လက်မှတ်တစ်ခု ယူပြီးတော့ နိုင်ငံတကာကို လှည့်စားနေတာပဲလို့ ယူဆတယ်”

ဇွန်လ ၂၄ ရက်နေ့ထုတ်  The Street View Journal အတွဲ (၂) အမှတ် (၂၃) တွင်ပါရှိသော ”အပစ်ရပ်တာပဲ ရှိသေး တယ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အဆင့်က တော်တော်လေးဝေးသေးတယ်”သတင်းမှ BAB ဒုတိယဥက္ကဋ္ဌ ဦးအေးဆောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပါတီဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လို့ မရတဲ့ကိစ္စပါ၊ ဒီထက်ပိုပြီး နိုင်ငံရေးအရ မြင့်မြင့်မားမား လုပ်ဆောင် နိုင်မယ်။ ပါတီအများစုအင်အား ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ၂၀၁၅ နီးသည်ဖြစ်စေ၊ မနီးသည်ဖြစ်စေ လုပ်ဆောင် နေဖို့ပဲ လိုပါတယ်။ ပါတီတွေအများစုမှာ လုပ်နိုင်တဲ့အခြေအနေကို ပိုလုပ်ရပါမယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကြည့်မယ်ဆိုရင် ပါတီဝင်အားလုံး၊ အစိုးရဝန်ထမ်းတွေအားလုံး၊ လွှတ်တော်ဝင်တွေအားလုံး၊ ဥပဒေဝန်ထမ်းအားလုံးဟာ ရန်ဖြစ်ဖို့ မဟုတ်ပါ ဘူး။ (ပူးပေါင်းဆောင်ရွက်ဖို့ပါ)”

ဇွန်လ ၂၄ ရက်နေ့ထုတ်  The Street View Journal အတွဲ (၂) အမှတ် (၂၃) တွင်ပါရှိသော ”သမ္မတလုပ်ကြလို့ လစ်လပ် နေတဲ့နေရာမှာ ကျွန်တော်တာဝန်ယူပေးမှာပါဟု ဦးဌေးဦးပြော”သတင်းမှ လက်ရှိအာဏာရပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တကယ်တမ်း ကျွန်တော်တို့ အခြေခံဥပဒေပြင်မယ်ဆိုရင် အရင်ဆုံးလုပ်ရမယ့်ကိစ္စက နိုင်ငံရေးအင်အားစုနဲ့ တိုင်းရင်းသား လူနဲစုတွေကြားမှာ ဘုံသဘောတူညီချက်  Common ground ကို အရင်ရှာရမယ်။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေ အကုန်လုံး၊ တိုင်းရင်းသားတွေအကုန်လုံး ဘာဖြစ်ချင်တာလဲဆိုတာကို Common ground ရှာပြီးတဲ့အချိန်ကျမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့အတွက် ဘုံသဘောတူညီချက်ကို ကောင်အထည်ဖော်ပေးနိုင်မယ့် ဖွဲ့စည်းပုံဆိုင်ရာ ညှိနှိုင်းမှုတွေ၊ အာဏာခွဲဝေမှုတွေ လုပ်ရမှာ။ အခုလုပ်နေတဲ့ဟာတွေက ပုံစံမကျဘူး”

ဇွန်လ ၂၂ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၆၂)တွင်ပါရှိသော “အားလုံးညီမှဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်နိုင်မည်” သတင်းမှ နိုင်ငံရေးနှင့်အခြေခံဥပဒေရေးရာ ကျွမ်းကျင်သူ ဦးနိုင်လင်းထွန်း (Myanmar Egress)၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။


“တပ်မတော်သား ကိုယ်စားလှယ်တွေရှိမှ ဖြစ်ပေမယ့် (လောလောဆယ် အနေအထားအရ) တဖြည်းဖြည်းနဲ့ လွှတ်တော်ကနေ ဆုတ်ခွာဖို့ လိုအပ်တယ်။ တကယ်လို့များ ပြည်တွင်းငြိမ်းချမ်းရေး မရသေးဘဲ တပ်မတော်ရဲ့ ကိုယ်စားလှယ်တွေ လွှတ်တော် ထဲမှာမရှိခဲ့ရင် တပ်မတော်ရဲ့ အစိတ်အပိုင်းဟာ အမျိုးသားကာကွယ်ရေးအပိုင်းမှာလည်း လစ်ဟာသွားလိမ့်မယ်။ အဲ့ဒီလို အနေအထားမှာ တပ်မတော်သား ကိုယ်စားလှယ်တွေကို လွှတ်တော်ကနေ ချက်ချင်းကြီး ထွက်သွားခိုင်းလိုက်လို့ပြောတဲ့ အပြုအမူဟာ အပယ်ခံဖြစ်သွားနိုင်တယ်။ တပ်မတော်ကို အခြေခံဥပဒေထဲမှာ ရှိနေစေချင်တာဟာ ဒီမိုကရက်တစ် အခြေခံ ဥပဒေနဲ့ သိပ်အဆင်မပြေနိုင်ဘူး။ အဲ့ဒါတွေကိုလည်း အားလုံးကိုက်ညီအောင် ပြင်ဆင်ရမယ်”

ဇွန်လ ၂၂ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၆၂) တွင်ပါရှိသော “တပ်မတော်သား ကိုယ်စားလှယ် များ တဖြည်းဖြည်းချင်း ဆုတ်ခွာရန်လို”သတင်းမှ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြောကြား ချက်မှ ကောက်နှုတ်ချက်။


သတင်းတိုများ

ပဋိပက္ခစီမံခန့်ခွဲမှု

တစ်လအတွင်းနှစ်ကြိမ်တိုင် လေယာဉ်မတော်တဆမှု ဖြစ်ခဲ့ရသည့် တရုတ်နိုင်ငံလုပ် MA 60 လေယာဉ်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိများ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ဇွန်လ ၂၃ ရက်နေ့တွင်သွားရောက်မည် ဖြစ်ကြောင်း သိရသည်။အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာနမှ ဒုတိယညွှန် ကြားရေးရေးမှူးချုပ် ဦးဝင်းဆွေထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့် မြန်မာ့လေကြောင်းလိုင်းမှ ဦးညီညီ တို့ ပါဝင် ကြောင်းသိရပြီး စူးစမ်းစစ်ဆေးမှုအတွက် တရုတ်နိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်များကလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်တွင် ပြည်တွင်းစစ်ပွဲများကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိခဲ့ရသော Refugee များရှိသည်ကို ဝန်မခံ ခဲ့သော်လည်း ယခုအစိုးရသစ်လက်ထက်တွင် ဒုက္ခသည်များရှိသည်ကို အသိအမှတ်ပြုလက်ခံ၍ အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် လိုအပ်သော ထောက်ပံ့မှုများကို အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဇွန်လ ၂၁ ရက်နေ့ Myanmar Peace Center တွင်ပြုလုပ်ခဲ့သော ကမ္ဘာ့ဒုက္ခသည်နေ့ အမှတ်တရအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရ သည်။ လက်ရှိမြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစု နှစ်သိန်း၊ IDP လေးသိန်းလေးသောင်းခြောက်ထောင်နှင့် Refugee သုံးသိန်းခွဲခန့် ရှိကြောင်း သိရသည်။

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများတွင် ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းသည့် ငြိမ်းချမ်းရေးဆိုင်ရာ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် တင်သွင်းသွားမည်ဖြစ် ကြောင်းပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူးဒေါ်ဒွဲဘူ၏ပြောကြား ချက်မှသိရသည်။ အဆိုပါ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဖိတ်ခေါ် ဆွေးနွေးခြင်း၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း နည်းလမ်းများဖြင့်ဆောင်ရွက်နိုင်ရန် လွှတ် တော်သို့ တင်ပြဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ ၂၀/၂၀၁၂ တွင်ဖော်ပြထား သည်။

အုပ်ချုပ်ရေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအား ပုဂ္ဂလိကမှ စတင်ဆောင်ရွက်နိုင်ပြီ ဖြစ် ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့မှ သတင်းရရှိသည်။ ပုဂ္ဂလိက ကုမ္ပဏီများ၏ လုပ်ကိုင်ခွင့်ကာလကို အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်အထိ သတ်မှတ်ပေးထားပြီး ရန်ကုန်မြို့ လျှပ်စစ်ဓါတ်အားပေးအဖွဲ့အနေဖြင့် မြို့နယ် တစ်ခုချင်းစီအလိုက် ပုဂ္ဂလိကကို လုပ်ကိုင် ခွင့် ပေးထားကြောင်းနှင့် မြို့နယ်အလိုက် နှစ်စဉ်ရရှိငွေအတိုင်း ပုဂ္ဂလိကအနေဖြင့် မိမိတို့ဌာနကို ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အလုပ်ရှင်နှင့် အလုပ်သမားများအကြား စုံစမ်းမေးမြန်းတိုင်ကြားနိုင်မည့် ဆက်သွယ်ရေးစင်တာကို ဇွန်လအကုန်တွင် စတင် ဖွင့် လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် မှ သတင်းရရှိသည်။ အဆိုပါဆက်သွယ်ရေးစင်တာပြီးစီးပါက မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အလုပ်ရှင်အလုပ်သမား ပြဿနာ များကို အလုပ်ရှင်ဘက်မှဖြစ်စေ၊ အလုပ်သမားဘက်မှ ဖြစ်စေ ဆက်သွယ်မေးမြန်း အကြံပြုချက်များ တောင်းယူနိုင်မည်ဖြစ်ကြောင်း သိရ သည်။ စင်တာကို ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ကနဦးကာလအနေဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု က်ာမရှင်က ရာနှုန်းပြည့် နုင်ငံခြားရင်းနှီးမြှုပ်နှံမှု လေးခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုတို့ကို ထပ်မခွင့်ပြုခဲ့ကြောင်း သိရသည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ နေပြည်တော်၊ ဇွန်လ ၁၂ ရက်နေ့၌ ပြုလုပ်သော(၁၆/၂၀၁၃) အစည်း အဝေးအရ သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်း၊ အပျော်စီးသင်္ဘောဖြင့် မြစ်ကြောင်းခရီးသွားလာရေးလုပ်ငန်း၊ အိမ်တွင်း စီးဖိနပ်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းနှင့် လက်ခစားစနစ်ဖြင့် အထည်ထုတ်လုပ်ခြင်း (cutting , making and packing – CMP)တို့ ပါဝင်ပြီး ယခင်အထည်များထုတ်လုပ်ခြင်းကိုသာ အများဆုံးရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုခြင်းဖြစ် ကြောင်း သိရ သည်။

နိုင်ငံတကာဆက်ဆံရေး

နိုင်ငံတကာ လွှတ်တော်များနှင့် ပိုမိုထိတွေ့ဆက်ဆံနိုင်ရန်အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် ချစ်ကြည်ရေးအသင်းများကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံတကာလွှတ်တော်များဖြင့် လွှတ်တော်ချင်း ဆက်ဆံနိုင်ရန်အတွက် ချစ်ကြည်ရေးအသင်းများဖွဲ့စည်းထားရှိပြီးသော်လည်း သီးသန့်ဖွဲ့စည်းထားခြင်းမရှိသေးသဖြင့် ဖွဲ့စည်း ရခြင်းဖြစ် ကြောင်း ပြည်သူ့လွှတ်တော်နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၏ ပြောကြားချက်မှ သိရသည်။

ဥပဒေပြုရေးရာကိစ္စရပ်များကို မြန်မာနှင့် ထိုင်းလွှတ်တော်နှစ်ရပ် အပြန်အလှန်လေ့လာမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။ နှစ်နိုင်ငံ ဥပဒေရေးရာကိစ္စရပ်များတွင် အားနည်းချက်၊ အားသာချက်များကိုဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီမှ သိရသည်။ ထို့ပြင် နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအတွက် ဆွေးနွေးပွဲကို ဇွန်လ ၂၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် ထိုင်းပါလီမန် ဥက္ကဋ္ဌ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E.Mr.Somsak Kiatsuranont တို့ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံရေး

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားတိုင်ပြည်တစ်ခုခု၏ အထောက်အပံ့များရယူခြင်းကို လက်ခံရန်သင့်၊ မသင့် ပြန်လည် သုံးသပ်နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီများထံ အကြံပြုစာများ တောင်းခံထားကြောင်း သိရသည်။ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအရ နိုင်ငံရေးပါတီများသည် နိုင်ငံခြားတိုင်းပြည်တစ်ပြည်မှ အစိုးရ(သို့) ဘာသာရေး အဖွဲ့အစည်း (သို့) အခြားအဖွဲ့ အစည်း တစ်ခုခုမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲပါက နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိကြောင်း သိရသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive