Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

 

  1. သံသယရှိ မူးယစ်ဆေးဝါးတရားခံကို မြန်မာနိုင်ငံသို့ ထိုင်းပြန်ပို့

(The National News မှ 21 Jun 2013 ရက်စွဲပါ “Thailand deports Suspected drug trafficker to Myanmar ”သတင်းကို ဘာသာပြန်ဆိုသည်)

  1.  Aircel  ဖုန်းကဒ်သုံးစွဲသူများကို မြန်မာနိုင်ငံတွင်  International Roaming Services ပေး

(The Economic Times မှ 20 Jun 2013 ရက်စွဲပါ  “Aircel offers International roaming Services for Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)

  1. သဘောတူလက်မှတ်ရေးထိုးမှုများရှိသော်လည်း မြန်မာစစ်တပ်နှင့် ကေအိုင်အေအကြား ရင်ဆိုင်တိုက်ခိုက်မှုများ ရှိနေဆဲ

(AP သတင်းဌာနမှ 23 June 2013 ရက်စွဲပါ Clashes between troops, ethnic army continue despite agreement to scale back fighting ကိုဘာသာပြန်ဆိုသည်)


သံသယရှိ မူးယစ်ဆေးဝါးတရားခံကို မြန်မာနိုင်ငံသို့ ထိုင်းပြန်ပို့

(The National News မှ 21 Jun 2013 ရက်စွဲပါ “Thailand deports Suspected drug trafficker to Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းအာဏာပိုင်များသည် ရှားရှားပါးပါး နယ်စပ်ဖြတ်ကူး ရဲတပ်ဖွဲ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံသို့ ရောက်လျှင် ဖမ်းဆီးခံရမည့် သံသယရှိ မူးယစ်ဆေးဝါးကုန်သည်တစ်ဦးကို သောကြာနေ့က မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပါ သည်။

မြန်မာ့မူးယစ်ရဲတပ်ဖွဲ့၏တောင်းဆိုမှုကြောင့် ဇွန် ၂ ရက်က ဘန်ကောက်တွင် ဖမ်းဆီးခံရသူ ရွှေနု(၄၆ နှစ်)သည် ယခင်နှစ်က ရှမ်းပြည်နယ်ရှိ ၎င်း၏နေအိမ်တွင် မီသိုင်းအင်ဖက်တာမင်း ဆေးပြား(၁၇၁,၀၀၀)ကို ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်း ရမိပြီးနောက် ၎င်းအားဖမ်းဆီးရန် ဝရမ်းထုတ်ပြန်ခြင်း ခံရသူဖြစ်သည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးဘုတ်အဖွဲ့ အကြီးအကဲရဲချုပ် ပေါင်ဆာပတ်ပေါင်ချာရွန်က “ရွှေနုပာာ ထိုင်းနိုင်ငံ က မြန်မာအလုပ်သမားတွေအတွက် မီသိုင်းအင်ဖက်တာမင်း ဆေးပြားတွေ အဓိကဖြန့်ချီပေးနေသူဖြစ်တယ်လို့ ယုံကြည်ရပါ တယ်”ပာု ပြောကြားသည်။

ရွှေနုသည် လတ်တလောနှစ်များအတွင်း ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ၁၉ ကြိမ်ဝင်ရောက်ခဲ့သည်ပာု လူဝင်မှု စစ်ဆေးရေး မှတ်တမ်းများတွင် တွေ့ရှိရသည်။

ရွှေနုသည် ထိုင်းနိုင်ငံတွင် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်းခံရမည်ဖြစ်သော်လည်း ပထမဦးစွာမြန်မာနိုင်ငံ၌ အမှုရင် ဆိုင်ရန်အတွက် ၎င်းအားပြန်ပို့ရန် ထိုင်းရဲတပ်ဖွဲ့က သဘောတူခဲ့ခြင်းဖြစ်သည်။

“တကယ်လို့ သူ့ကိုထောင်ဒဏ် အနှစ် ၂၀ ပဲချမှတ်မယ်ဆိုရင် နောက်ထပ်တရားစွဲဆိုဖို့အတွက် ထိုင်းနိုင်ငံကိုပို့ဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျသွားတယ်ဆိုရင်တော့ ဒီကိစ္စကို ကျွန်တော် တို့ မေ့ထားလိုက်တော့မှာပေါ့”ပာု ရဲချုပ် ပေါင်ဆာပတ်ကပြောကြားသည်။


 Aircel  ဖုန်းကဒ်သုံးစွဲသူများကို မြန်မာနိုင်ငံတွင်  International Roaming Services ပေး

(The Economic Times မှ 20 Jun 2013 ရက်စွဲပါ  “Aircel offers International roaming Services for Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယ တယ်လီကွန်းအော်ပရာတာ  Aircel  က မြန်မာနိုင်ငံသို့ခရီးသွားသော ၄င်းတို့၏ ဖုန်းကဒ်သုံးစွဲသူ ဖောက် သည်များအတွက် International Roarning Services ဝန်ဆောင်မှုပေးရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  MPT  နှင့် ပူးပေါင်း လုပ်ဆောင်ထားသည်ဟု ယနေ့ပြောကြားသည်။

“မြန်မာနိုင်ငံကို လုပ်ငန်းနဲ့ အလည်အပတ်အတွက် ခရီးသွားကြတဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို  နေရာတွေ အားလုံးကို Roaming ဝန်ဆောင်မှုတွေကို ကျွန်တော်တို့ ဖောက်သည်တွေ ရရှိသုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်”ဟု Aircel ၏ ဈေးကွက်ဌာန အကြီးအကဲ အာနူပန်ဗာဆူဒက်က ကြေငြာချက်ထုတ်ပြန်သည်။

ယခုပူးပေါင်းမှုကြောင့် Aircel သည် မြန်မာနိုင်ငံရောက် ဖောက်သည်များအား roaming ဝန်ဆောင်မှုပေးနိုင်သည့် ပထမဦးဆုံး အိန္ဒိယတယ်လီဖုန်း အော်ပရာတာ ကုမ္ပဏီဖြစ်လာပါသည်။

မြန်မာ့ဆက်သွယ်ရေး MPTသည် မြန်မာနိုင်ငံမှ အစိုးရပိုင် တယ်လီဖုန်းအော်ပရာတာလုပ်ငန်းဖြစ်သည်။

မြန်မာနိုင်ငံရောက် Aircel ဖောက်သည်များသည် မြန်မာနိုင်ငံတွင်း အထွက်ဖုန်းတစ်မိနစ်လျှင် ၅၅ ရူပီး၊ မြန်မာနိုင်ငံ တွင်းမှ အိန္ဒိယနှင့် နိုင်ငံတကာသို့ အထွက်ဖုန်းတစ်မိနစ်လျှင် ၈၀ ရူပီး၊ အဝင်ဖုန်းတစ်မိနစ်လျှင် ၆၀ ရူပီး အသီးသီးပေး ချေရ မည်ဟုသိရှိ ရသည်။

Aircel သည် အိန္ဒိယတစ်လွှား မိုဘိုင်းဝန်ဆောင်မှုများ ပေးနေသော ကုမ္ပဏီဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်း 3G ဝန်ဆောင် မှု ပေးသော ဧရိယာ ၁၃ ခုနှင့် ဝါယာလက်  Broadband ဝန်ဆောင်မှုပေးသော ဧရိယာ ၈ ခုအတွက် ခွင့်ပြုချက် ရရှိထား သည်။


သဘောတူလက်မှတ်ရေးထိုးမှုများရှိသော်လည်း မြန်မာစစ်တပ်နှင့် ကေအိုင်အေအကြား ရင်ဆိုင်တိုက်ခိုက်မှုများ ရှိနေဆဲ

(AP သတင်းဌာနမှ 23 June 2013 ရက်စွဲပါ Clashes between troops, ethnic army continue despite agreement to scale back fighting ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရနှင့် ကေအိုင်အေ အကြား တိုက်ခိုက်မှုများလျှော့ချရန် ပြီးခဲ့သည့် မေလအတွင်း သဘောတူ လက်မှတ် ရေးထိုး မှုပြုလုပ်ပြီးနောက် ကချင်လက်နက်ကိုင်များနှင့်မြန်မာစစ်တပ်အကြား ရင်ဆိုင်တိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ဖြစ်ပွား ခဲ့ကြောင်းကချင်လက်နက်ကိုင်တပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့တွင်ထုတ်ဖော်ပြောဆိုပြီး ငြိမ်းချမ်းရေးဖော်ဆောင် ပါမည်ဟူသော မြန်မာအစိုးရ၏ကတိကဝတ်နှင့် ပတ်သက်၍ မေးခွန်းထုတ်လိုက်သည်။

“ဆွေးနွေးပွဲ ကျင်းပရုံလောက်နဲ့ ကျွန်တော်တို့ ယုံကြည်မှု မတည်ဆောက်နိုင်ပါဘူး။ နိုင်ငံရေးအရ ဒိုင်ယာလော့ခ်တွေ လုပ်ပြီး ဖြေရှင်းနိုင်ဖို့အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိထားဖို့ လိုအပ်ပါတယ်” ဟု ကေအိုင်အေအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် La Nan က AP သတင်းဌာန၏ မေးမြန်းချက်ကို အီးမေးလ်မှတစ်ဆင့်ပြန်လည်ဖြေကြားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာ အစိုးရဘက်က လောလောဆယ် တုံ့ပြန်မှုမရှိသေးပေ။ မြန်မာအစိုးရသည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရယူရန်ကြိုးပမ်းလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများ၏ပုန်ကန်ထကြွမှုများကို ရင်ဆိုင်ခဲ့ရသည်။ သမ္မတဦး သိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်သူပုန်တပ်ဖွဲ့ အများစုနှင့်အပစ်အခတ်ရပ်စဲရေး သဘော တူညီ ချက်ရရှိခဲ့သော်လည်း ကေအိုင်အေတို့နှင့်ရယူနိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် မေလအတွင်း နောက်ဆုံးပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ကချင်လက်နက်ကိုင်များနှင့် မြန်မာအစိုးရတို့သည် ငြိမ်းချမ်းရေးဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် အချက် ၇ ချက်ပါ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေး ထိုးခဲ့ကြ သည်။ယခု ဇွန်လတစ်လတည်းအတွင်း၌ပင် အစိုးရစစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်မှု ၂၁ ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟု La Nan က ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချရေးသဘောတူညီချက်ကြောင့် အစိုးရစစ်တပ်အနေဖြင့် ကေအိုင်အေစခန်းများနှင့် ပိုမိုနီးကပ်လာအောင်ပြုလုပ်နိုင်သလိုတပ်များပြန်လည်ဖြန့်ကြက်ထားနိုင်ကြောင်း ၎င်းကဆိုသည်။ “နောက်ထပ် တိုက်ခိုက်မှုပြု လုပ်နိုင်ရေးအတွက် အစိုးရကယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အခွင့်အလမ်းတစ်ရပ်အနေနဲ့ အသုံးပြုနိုင်အောင် တိုက်ခိုက် မှုလျှော့ချရေးသဘောတူညီချက်က ဖန်တီးပေးလိုက်တယ်လို့ ပြောရင်မှန်ပါလိမ့်မယ်” ဟု La Nan ကဆိုသည်။

မြန်မာအစိုးရနှင့် ကေအိုင်အေအကြား ဆွေးနွေးပွဲပြုလုပ်ခဲ့သည်မှာ ၁၅ကြိမ်ရှိသွားပြီဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တကယ် မြန်မြန်ငြိမ်းချမ်းချင်တယ်ဆိုရင် တပ်ပိုင်းဆိုင်ရာတွေက အများကြီး ဆွေးနွေးဖို့လိုတယ်။ တပ်မတော်ဆိုတာ ကိုယ့် နိုင်ငံကို တစ်ခြားနိုင်ငံက မကျူးကျော်နိုင်အောင် ကာကွယ်ဖို့ပဲ၊ အခုကျတော့ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်နေတာ ဆိုတော့ ကုန်ကျစရိတ်တွေလည်း များတယ်။ နိုင်ငံတည်ဆောက် ရေးမှာလည်း အနှောင့်အယှက်ဖြစ်တယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကိုလည်း ပျက်ပြားစေတယ်။ အဲဒီလို မဖြစ်ချင်ရင်တော့ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်နေတာကို အမြန်ဆုံး ရပ်သင့်တယ်။”

၂၀၁၃ ဇွန်လ ၂၄ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူနှင့် အင်တာဗျူး” မှ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၏ အတွင်းရေးမှူး ဒေါ်ဒွဲဘူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခမ်းအနားကို တက်ရောက်ဖို့ ပြည်တွင်းကို ပြန်ဝင်ရောက်တဲ့ နေရာမှာ အခက်အခဲ ရှိနိုင်တဲ့သူအတွက် သမ္မတရုံးဝန်ကြီးရုံး နဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ လက်ရှိမှာတော့ ပြည်ပက လူတွေက ဖိတ်စာတွေ အမြန်ရောက်ဖို့ ပြောနေကြတယ်။ ဒါမှ သူတို့လာဖို့ စီစဉ်နိုင်မယ်။ ကျွန်တော်တို့လည်း အမြန်ဆုံး ဖိတ်စာတွေ ပို့နိုင်အောင် စီစဉ်နေပါတယ်”

၂၀၁၃ ဇွန်လ ၂၄ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ရှစ်လေးလုံး ငွေရတု တက်ရောက်မည့် ပြည်ပမှ ပုဂ္ဂိုလ်များ ပြည်တွင်း ၀င်ရောက်ရန် သမ္မတရုံးနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်” သတင်းမှ ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုတိုးကျော်လှိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ တာဝန်အရှိဆုံးပါ။ ပြီးတဲ့အခါ ပြည်သူအားလုံးမှာလည်း တာဝန်ရှိတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်ဖော်ဆောင်မှုတွေကအရင် အစိုးရ ဒီပါတီက ထောက်ခံမှုနဲ့ လုပ်ခဲ့တာ။ အဲဒါကို ပြည်သူတွေက သဘောကျတယ်။ ထောက်ခံတယ်။ နောက်ကြောင်းပြန်အောင် ပြောတဲ့သူ လုပ်တဲ့လူ သူတို့မှာ တာဝန်ရှိတယ်။ အဲဒီလူကို ချေမှုန်းရမယ်”

၂၀၁၃ ဇွန်လ ၂၄ ရက်နေ့ အမှတ် (၃၇) အတွဲ (၈) Weekly Eleven ဂျာနယ် တွင် ပါရှိသော “မြန်မာ့နိုင်ငံရေး နောက် ကြောင်းပြန် မလှည့်ရန် ပြည်ခိုင်ဖြိုးပါတီတွင် တာဝန်အရှိဆုံး ဖြစ်ကြောင်းနှင့် နောက်ကြောင်းပြန်အောင် ပြောသည့် ၊ လုပ်သည့်သူများ ကို ချေမှုန်းရမည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား” သတင်းမှ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦး ရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံမှာ လမ်း၊ တံတား နဲ့ ပတ်သက်ပြီး နည်းပညာ အကူအညီပေးဖို့ USAID က အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ပေးထားတယ်။ သူတို့က technical assistant ပေးမှာဖြစ်တဲ့အတွက် သူတို့ဆီက ပါမောက္ခတွေ လာသင်ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာဆို သုဝဏ္ဏ သင်တန်းကျောင်းလိုမျိုးမှာ သင်တန်းပေးသွားဖို့လည်း ရှိတယ်။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ကလေးတွေ တက်ချင်တယ်ဆိုရင်လည်း စီစဉ်ပေးပါ့မယ်”

၂၀၁၃ ဇွန်လ ၂၄ ရက်နေ့ အမှတ် (၃၇) အတွဲ (၈) Weekly Eleven ဂျာနယ် တွင် ပါရှိသော “မြန်မာနိုင်ငံတွင် လမ်း၊ တံတားဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးရန် အမေရိကန် USAID အဖွဲ့မှ ဒေါ်လာ တစ်သန်းခွဲ ကူညီမည်” သတင်းမှ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကချင်ဘက်က နိုင်ငံရေးနဲ့  ပတ်သက်လို့ တောင်းဆိုတာတွေ နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်။ ဆွေးနွေးမှုအပိုင်းမှာ လည်း တစ်ဦးနဲ့ တစ်ဦး ရိုးသားမှုရှိရမယ်။ တစ်ဘက်နဲ့ တစ်ဘက် ညှိနှိုင်းပြီတော့ အလျှော့အတင်း လုပ်ဖို့ လိုအပ်တယ်။”

၂၀၁၃ ဇွန်လ ၂၄ ရက်နေ့ Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “RCSS/SSA ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် နှင့် အင်တာဗျူး” မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

နှစ်ဖက်ပြန်လည်သင့်မြတ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးကို  UNDP က ကြိုးပမ်း မည်

ဇွန်လ ၂၂ ရက်နေ့ နံနက်  စစ်တွေမြို့၊ မင်းဘာကြီးလမ်းရှိ UNDP ရုံး၌ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်  ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခပြဿနာများကြောင့် နှစ်ဦးနှစ်ဖက်ရှိ လူ့အဖွဲ့အစည်းများအတွင်း ကူးလူးဆက် ဆံမှု ပြန်လည်ကောင်းမွန်လာစေရန် အောက်ခြေအဆင့်အထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို  အတူတကွ ပူးတွဲလုပ်ကိုင် စေသော နည်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည့်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၏ ပရိုဂရမ်မန်နေဂျာ ဦးသင်းခိုင်က  ပြောကြားခဲ့ကြောင်း သိရသည်။

UNDP ၏ ဒေသဖွံ့ဖြိုးရေးအစီအစဉ်များကို ၂၀၁၃ ခုနှစ် မှစတင်၍ ရခိုင်ပြည်နယ်၊ မောင်းတော၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တောစသည့်မြို့နယ်တချို့တွင် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းများကို  ဂျပန်  NGO တစ်ခု၏ အကူအညီဖြင့် စတင်လုပ်ကိုင်နေပြီဖြစ်ရာ နှစ်ဦးလူမျိုးများ ရှိသည့် ရွာများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြန်လည်သင့်မြတ်ရေးကို ဖန်တီးလျှက်ရှိကြောင်း သိရသည်။


မန်မာရှိသည့်နိုင်ငံတိုင်း မြန်မာနိုင်ငံသားကောင်းကောင်စီ ဖွဲ့စည်းရန် အစိုးရအား ၈၈ တိုက်တွန်း

ကမ္ဘာ့နိုင်ငံအသီးသီးသို့ အကြာင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား အားလုံး၏ အရေးကိစ္စများကို  ထိရောက်မြန်ဆန်စွာ ဖြေရှင်းပေးနိုင်ရန်  မြန်မာနိုင်ငံသားကောင်းကောင်စီကို  မြန်မာနိုင်ငံသားများနေထိုင်သည့် နိုင်ငံတိုင်း တွင်  ဖွဲ့စည်းသွားရန် သက်ဆိုင်ရာအစိုးရသို့  ၈၈ ကျောင်းသားမျိုးဆက်အဖွဲ့က တိုက်တွန်းထားကြောင်း သိရသည်။အဆိုပါ ကောင်စီများ ထားရှိရေးအတွက်လည်း အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံပြီး ၄င်းတို့ဘက်ကလည်း သဘောတူ ညီ လက်ခံထားကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောဆိုခဲ့သည်။

 


မြစ်ဆုံဒေသ၌ တရားမဝင် ရွှေတူးဖော်မှုနှင့် သစ်ခိုးထုတ်မှုများ ပိုမို ဆိုးရွားစွာ ဖြစ်ပေါ်လာ

ကချင်ပြည်နယ် ၊ မြစ်ဆုံဒေသအတွင်း တရားမဝင်ရွှေတူးဖော်မှုနှင့် သစ်ခိုးထုတ်မှု များပိုမို ဆိုးရွားလာခြင်းကြောင်း မြစ်ဆုံစီမံကိန်း နှင့် ယုဇနကုမ္ပဏီ၏ ပီလောပီနံစိုက်ပျိုးရေး စီမံကိန်း များကြောင့် ပြောင်းရွှေ့ပေးထားရသည် ဒေသခံများက ဖွဲ့စည်းထားသော Mungchying Rawtjat ( MRJ)  အဖွဲ့မှ ဒေါ်ဂျာခေါန် မှပြောကြားခဲ့သည်။ ယင်း တရားမဝင် ရွှေ ခိုးတူးနေ မှုများကြောင့် ဒေသခံများ၏ လယ်ယာမြေများ ပျက်စီးနေသည့်အပြင် ဓာတုဆေးများ အလွန်အကျွံ သုံးစွဲနေခြင်းကြောင့်လည်း  ဒေသခံများ မွေးမြူထားသည့် ကျွဲ၊ နွားများသေဆုံးရပြီး ရေသဃံဇာတများပါ ဆုံးရှုံးပျက်စီးနေသည့်အပြင် ညစဉ်ကားအစီး ပေါင်းများစွာနှင့် တရားမဝင် သစ်ခိုးထုတ်မှုများလုပ်ကိုင်နေကြောင်းကိုလည်း  သိရသည်။


 ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ချစ်ကြည်ရေးခရီး သွားရောက်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရင်း ကာကွယ်ရေး ၀န်ကြီး General Of The Army Sergey K. SHOIGI ၏ ဖိတ်ကြားချက်အရ ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာသွား ခဲ့ကြောင်း သိရှိရသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိ ကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပြီး အဆိုပါ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်သည် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေး သွားမည်ဖြစ်ပြီး မော်စကိုမြို့နှင့် စိန့်ပီတာစဘတ်မြို့များရှိ မြန်မာ့တပ်မတော်မှ ပညာသင်များအား တွေ့ဆုံအားပေး စကား ပြောကြားမည်ဖြစ်ကြောင်း သိရသည်။


 သတင်းလွတ်လပ်ခွင့် ဆွေးနွေးနိုင်ရန် နိုင်ငံတကာမီဒီယာ ညီလာခံ ကျင်းပမည်

နိုင်ငံအသီးသီးတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်သော စိန်ခေါ်မှုများနှင့် သတင်းရယူနေ မှုများကို ဆွေးနွေးဖလှယ်ရန် အမေရိကန် အပါအ၀င် အာရှ၊ ပစိဖိတ်ဒေသများမှ ဂျာနယ်လစ် ၃၀၀ တို့ ပါဝင်သော နိုင်ငံတကာ မီဒီယာ ညီလာခံကို ၂၀၁၄ ခုနှစ် မတ်လတွင် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၂၅ နိုင်ငံမှ မီဒီယာကျွမ်းကျင် သူများနှင့် လုပ်ငန်းရှင်များ တက်ရောက်မည်ဖြစ်ပြီး ၂၀၁၄ မတ်လ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်တာကြာ ပြုလုပ်မည့် အဆိုပါညီလာခံ ကို အမေရိကန်နိုင်ငံ ဟာဝိုင်အီ ပြည်နယ် ဟိုနိုလူလူမြို့ အခြေစိုက် East-West-Centre က ဦးစီးကျင်းပခြင်း ဖြစ်သည်။ အဆိုပါ ညီလာခံအခမ်းအနားတွင်  မြန်မာဘာသာစကားဖြင့် ဆွေးနွေးဖလှယ်နိုင်ရန် စီစဉ်ထားပြီး   နိုင်ငံပေါင်း ၂၅ နိုင်ငံမှ မီဒီယာကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များက တက်ရောက်ကြမည်ဖြစ်သည်။

ယင်းညီလာခံအား တက်ရောက်ရန် မှတ်ပုံတင်ကြေး အမေရိကန်ဒေါ်လာ  ၂၇၅ ပေးသွင်းရမည်ဖြစ်ပြီး လာမည့် ဇူလိုင်လအတွင်း  အွန်လိုင်းမှ စာရင်းပေးသွင်းမှုကို စတင်တော့မည်ဖြစ်သည်။


 ဦးဝီရသူနှင့် ပတ်သက်၍ TIME မဂ္ဂဇင်း၏ ဖော်ပြမှု နိုင်ငံတော်သမ္မတရုံး ကန့်ကွက်

Time မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် “THE FACE OF BUDDHIST TERROR” ဗုဒ္ဓဘာသာ၏ အကြမ်းဖက်မှု မျက်နှာစာဟု အမည်ပေးထားသော ဆောင်းပါးနှင့် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူတို့ ယှဉ်တွဲဖော်ပြမှုကို နိုင်ငံတော်သမ္မတရုံးမှ ကန့်ကွက်လိုက်ကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံး ၏ အင်တာနက်စာမျက်နှာတွင် ဇွန်လ ၂၃ ရက်နေ့က ကန့်ကွက်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်း ထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံ သား အများစုကိုးကွယ်ရာ ဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိဆောင်ရွက် နေသည့် ဘာသာပေါင်းစုံတို့ အကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက် နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရ သည်ဟု ဖော်ပြထားပြီး မြန်မာနိုင်ငံသည် ဘာသာရေး ခွဲခြားမှုမရှိဘဲ လွတ်လပ်စွ ကိုးကွယ်ခွင့်ပြုထားသော နိုင်ငံဖြစ်ပြီး ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ် ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာနှင့် နတ် ကိုးကွယ်သော ဘာသာတို့ကို ကိုးကွယ်ရာဘာသာများ အဖြစ် အသိအမှတ်ပြုထားကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြ ပါရှိသည်။

 


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ အမေရိကန်ခရီးစဉ်အတွင်း ပြောကြားချက်များသည် ပါတီသဘောထား အတိုင်းသာ ဖြစ်ကြောင်း ဦးဌေးဦး ပြောကြား

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ အမေရိကန်ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညွှန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း ပြောကြားချက် အပါအ၀င် အခြားပြောကြားချက်များအပေါ် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် များအကြား  သဘောထားကွဲလွဲမှုများ ရှိနေခြင်းကို ပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ငြင်းဆိုလိုက်ပြီး မိမိတို့ အနေဖြင့် ဘာမှ ပြောစရာမရှိကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ သည် နိုင်ငံ တိုးတက်ရန်အတွက် ဆောင်ရွက်ရာတွင် အားလုံးပေါင်း၍ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်ဟု သိရ သည်။

 


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive