Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အော်ပရေတာလိုင်စင် တင်ဒါကို  ပြည်သူ့လွှတ်တော် ဟန့်တား

(Reuters မှ 26 Jun 2013  ရက်စွဲပါ  “Myanmar Parliament defers telecom licence  award –lawmaker” သတင်းကို ဘာသာပြန်ဆိုသည်)

  1.  “ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု

( IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ  “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

  1. ဝီရသူ မျက်နှာဖုံးပါ  TIME  မဂ္ဂဇင်းအား မြန်မာအစိုးရက  ပိတ်ပင်

( 27 June 2013  ရက်စွဲပါ Wall Street Journal မှ  Shibani Mahtani ရေးသားသော  Myanmar bans TIME Magazine Issue over ‘ Buddhist Terror’ Cover  ကို ဘာသာပြန်ပါသည် )


အော်ပရေတာလိုင်စင် တင်ဒါကို  ပြည်သူ့လွှတ်တော် ဟန့်တား

(Reuters မှ 26 Jun 2013  ရက်စွဲပါ  “Myanmar Parliament defers telecom licence  award –lawmaker” သတင်းကို ဘာသာပြန်ဆိုသည်)

ဆက်သွယ်ရေးဥပဒေသစ် အတည်ပြုပြဋ္ဌာန်းပြီးချိန်အထိ တယ်လီဖုန်းအော်ပရေတာ လိုင်စင်နှစ်ခု တင်ဒါချပေးမှုကို ဆိုင်းငံ့ထားရန် မြန်မာအောက်လွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ကြသည်ဟု လွှတ်တော်အမတ်တစ်ဦးက ဆိုပါ သည်။

အော်ပရေတာလိုင်စင် တင်ဒါအောင်သော ကုမ္ပဏီများကို ဇွန် ၂၇  ကြာသာပတေးနေ့တွင် ကြေညာရန် အစိုးရက စီစဉ်ထားခြင်းဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ မူကြမ်းမှာမူ လွှတ်တော်တွင် ဆွေးနွေးဆဲအဆင့်၌သာ ရှိနေသေးသည်။

မြန်မာအစိုးရ၏ တယ်လီဖုန်း ဆက်သွယ်ရေး အော်ပရေတာတင်ဒါ အကဲဖြတ် ရွေးချယ်ရေး ကော်မတီက ကြီးမှူး ဆောင်ရွက်နေသော အဆိုပါလုပ်ငန်းကို နှောင့်နှေးစေမည့် လုပ်ပိုင်ခွင့်အာဏာ အောက်လွှတ်တော်တွင် ရှိသလားဆိုသည့် အချက်မှာ သဲကွဲခြင်း မရှိပါ။

 “ဆက်သွယ်ရေး ဥပဒေပြဋ္ဌာန်းပြီးချိန်အထိ တယ်လီဖုန်းအော်ပရေတာ တင်ဒါကို  ဆိုင်းငံ့ထားဖို့ အောက်လွှတ်တော် အမတ်တွေက  အဆိုတင်သွင်းခဲ့ကြပါတယ်။ ဒီအဆိုကို လွှတ်တော်မှာ ကန့်ကွက်သူ မရှိပါဘူး” ဟု အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ အမျိုးသား ဒီမိုကရေစီသစ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွှန့်က  Reuters သို့ပြောကြားသည်။

၎င်းကိစ္စအပေါ် တင်ဒါရွေးချယ်ရေးကော်မတီက လတ်တလော မှတ်ချက်ပေးခြင်း မပြုသေးပါ။ NLD ပါတီမှ ဦးဖြိုး မင်းသိန်းက “ အချို့ကိစ္စတွေမှာ အမျိုးသားအကျိုးစီးပွားကို  ဦးစားပေးဖို့ လိုအပ်ပါ တယ်” ဟု ပြောကြားခဲ့သည်။

အခြား NLD အမတ်များကမူ ၄င်းအရေးပေါ် အဆိုပြုချက်ကို အံ့အားသင့်ခဲ့ရပြီး  စဉ်းစားသုံး သပ်ရန် လုံလောက် သော အချိန်မရခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။

နိုင်ငံတကာက အနီးကပ်စောင့်ကြည့်နေပြီး  မြန်မာပြည်သူများကလည်း အထူးပင် စိတ်အား ထက်သန်နေကြသော  နိုင်ငံခြားအော်ပရေတာ တင်ဒါရွေးချယ်မှုကို နှောင့်နှေးအောင် လွှတ်တော်က ကြိုးစားခဲ့ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်း မှာ စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူ အချို့က ပြောကြားသည်။ ထို့အပြင် အဆင့်မြင့် နည်းပညာနှင့် ဆက်နွယ်သော ယခုလိုကိစ္စမျိုးတွင် ဦးစားပေးရမည်။ အမျိုးသားအကျိုးစီးပွားဆိုသည်မှာ ပြည်သူလူထု၏ အကျိုးစီးပွား သာဖြစ်သင့်ပြီး ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီများ၏ အကျိုးစီးပွား မဖြစ်သင့်ဟု အကဲဖြတ်လေ့လာသူ များက မှတ်ချက်ပေးထားသည်။


  “ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု

( IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ  “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သော အကြီးဆုံးလက်နက်ကိုင်အဖွဲ့ UWSA ( ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မ တော်) က တရုတ်နိုင်ငံထံမှ ပို့ဆောင်ရေးရဟတ်ယာဉ်များအား လက်ခံထားရှိကြောင်း ဖော်ပြခဲ့သည့် IHS Jame’s Defence Weekely၏ အစီရင်ခံစာကို မြန်မာနိုင်ငံအရှေ့မြောက်ဒေသ ရှမ်းပြည်နယ်မှ လွပ်လပ်သော ဒေသခံသတင်းအရင်း အမြစ်များ က အတည်ပြုလိုက်ပါသည်။

 နိုင်ငံတကာ အသိအမှတ်ပြု မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဘာတစ်လ် လင့်တနာ၏ ဇွန် ၂၅ရက်စွဲပါ Asiam Times online မှ သတင်းဆောင်းပါးတွင် Mil Mi – 17 Hip အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စင်းသည် တရုတ် နယ်စပ် နှင့်မဝေးသော အရှေ့မြောက် ဝတောင်တန်းပေါ်ရှိ ပန်းဝါမြို့အနီးမှ မန်နမ်ဆိုင်တွင် လတ်တလော အခြေစိုက်ထားပြီး စူးစမ်းထောက်လှမ်းသော မျက်လုံးများ၏ ရန်မှ ဖုံးကွယ်ထားသည်ဟု ၎င်းနယ်မြေနှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားဖော်ပြထားသည်။


ဦးဝီရသူ မျက်နှာဖုံးပါ  TIME  မဂ္ဂဇင်းအား မြန်မာအစိုးရက  ပိတ်ပင်

( 27 June 2013  ရက်စွဲပါ Wall Street Journal မှ  Shibani Mahtani ရေးသားသော  Myanmar bans TIME Magazine Issue over ‘ Buddhist Terror’ Cover  ကို ဘာသာပြန်ပါသည် )

မြန်မာအစိုးရသည် ယခုအပတ် နိုင်ငံတကာသုံး ဖြန့်ဝေသော TIME  မဂ္ဂဇင်းကို ပိတ်ပင်ခဲ့ပါသည်။ယခုအပတ်တွင် မျက်နှာဖုံးဆောင်ပါးတွင် ဦးဝီသူရ အမည်ရ ဘုန်းတော်ကြီးနှင့် ပတ်သက်၍ ‘ The Face of Buddhist Terror’ အကြောင်း ရေးသားထားပါသည်။

သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ၄င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် အင်္ဂါနေ့ညနေက ပြောကြားရာတွင် အဆိုပါမဂ္ဂဇင်း ဖြန့်ဝေခြင်း ၊ ရောင်းချခြင်းကို လူမျိုးရေးအရလည်းကောင်း၊ ဘာသာရေးအရလည်းကောင်း ၊ ပဋိပက္ခများပြန်လည်မပေါ်ပေါက်ရန် ကာကွယ်သောအားဖြင့် ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါသည်။

TIME တွင် ဦးဝီသူရ အကြောင်း ဖော်ပြထားပြီး ၊ ၄င်းသည်တိုင်းပြည်၏ လူနည်းစုဖြစ်သော မွတ်ဆလင် လူနည်းစု အပေါ် လူမူရေးအရ ကျဉ်ထားရန် လုပ်ဆောင်သော ဗုဒ္ဓဘာသာ ၉၆၉  လှုပ်ရှားမှုကို ခေါင်းဆောင်သူ ဖြစ်ပါသည်။အဆိုပါ လှုပ်ရှားမှုသည် လွန်ခဲ့သည့်နှစ်ကတည်းက နိုင်ငံတစ်လွှားတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များကြား အသက်အန္ထရာယ် ထိခိုက်နိုင်သည် ရန်ပွဲများကို လှုံဆော်သည်ဟု စွပ်စွဲမှုများ ရှိပြီး၊ ယင်းကြောင့် လူပေါင်း ၂၀၀ ကျော်သေဆုံးပြီး ( ၁၄၀၀၀၀ )ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။ခံစားကြရသူအများစုမှာ မွတ်ဆလင်များ ဖြစ်ကြပါသည်။ဗုဒ္ဓဘာသာ လူအုပ်ကြီးသည် ဗလီများနှင့် မွတ်ဆလင်များ၏ စီးပွားရေးလုပ်ငန်းများကို  တိုတ်ခိုက်ခဲ့ကြပြီး၊ ၉၆၉ လှုပ်ရှားမှုနှင့် ပက်သတ်သော စတစ်ကာများ ၊ လက်ကမ်းစာစောင်များကို အကြမ်းဖက်မှု ဖြစ်နေစဉ်နှင့် ဖြစ်ပွားအပြီးတွင် ပလူပျံနေခဲ့ပါသည်။

အဆိုပါ ဘုန်းတော်ကြီးကမူ အကြမ်းဖက်မှုအတွက် တာဝန်ရှိသည်ဟု စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပါသည်။သို့သော် မြန်မာနိုင်ငံမှ မီဒီယာများနှင့်အင်တာဗျူးများတွင် ၄င်းသည်ရက်ဒီကယ် ဗုဒ္ဓဘာသာဖြစ်ရခြင်းကို ဂုဏ်ယူကြောင်းပြောခဲ့ပြီး ၊ မွတ်ဆလင်များပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် လှုံဆော်ခဲ့ပါသည်။ယခုကြာသပတေ့နေ့တွင် ၄င်း၏ ဗုဒ္ဓဘာသာအမျိုးသမီးများကို မိမိတို့ဘာသာအပြင်ဘက်မှ အမျိုးသားများနှင့် လက်ထပ်ခြင်းကို တားမြစ်ရန် အဆိုပြုမှုကို ထောက်ခံသည့် ဖိုရမ်ကျင်းပရန်ရှိပြီး၊ ဖောက်ဖျက်ပါက ထောင်ဒဏ်( ၁၀ )နှစ် အထိ ချမှတ်ရေး ပါဝင်နိုင်ရန် မျှော်လင့်လျှက် ရှိပါသည်။

အဂါင်္နေ့က TIME အား ပိတ်ပင်ခဲ့ခြင်းသည် မြန်မာအစိုးရသည် လွန့်ခဲ့သည့် နှစ်နှစ်ပြုပြင်ပြောင်းလဲရေးများ စတင်လုပ်ဆောင်ပြီးကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် အနောက်တိုင်းမီဒီယာများအပေါ် ဗြောင်ကျကျကန့်သတ်ခြင်းတစ် ခု ဖြစ်ပါသည်။အဆိုပါ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အစိုးရက နိုင်ငံပိုင်ရုပ်မြင်သံကြားမှ အဂါင်္နေ့ ညနေက  ရှင်းလင်းပြော ကြားရာတွင် အဆိုပါ ဆောင်းပါးသည် အုပ်စုနှစ်ခုကြားတွင် ပြန်လည်ရင်ကြားစေ့ရေးအတွက် ထိခိုက်နိုင်သောကြောင့် ဖြစ် သည်ဟု ဆိုပါသည်။သို့သော် မြန်မာအစိုးရသည် အဆိုပါ ဆောင်းပါးကိုအွန်လိုင်းမှ ပါဝင်မှုအပေါ် မည်သို့ပိတ်ဆိုမည် ဆို သည်ကိုမူ ရှင်းလင်းခြင်းမရှိသေးပေ။

တနင်္ဂနွေနေ့က သမ္မတရုံးသည် ရှားရှားပါးပါး ကြေငြာချက်တစ်ခု ထုတ်ပြန်ရာ မဂ္ဂဇင်းပါဆောင်းပါးကို ရှုတ်ချခဲ့ပြီး ၉၆၉  လှုပ်ရှားမှုကို ငြိမ်းချမ်းသော လှုပ်ရှားမှုဖြစ်ကြောင်း တံဆိပ်ကပ်ခဲ့ပါသည်။အဆိုပါ ကြေငြာချက်တွင် ဦးဝီသူရအား ဘုရား၏ သားတော်အဖြစ် ခေါ်ဆို၍ ၄င်းဘက်မှ ကာကွယ်ပြောကြားခဲ့ပြီး ၊ အဆိုပါဆောင်းပါးသည် တိုင်းပြည်အတွင်းရှိ ဗုဒ္ဓဘာသာအပေါ် ခံယုချက်များအတွက် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ဖြစ်နိုင်ကြောင်း ဖော်ပြထား ပါသည်။အဆိုပါ ကြေငြာချက်တွင် TIME မဂ္ဂဇင်းအား ဖေ့စ်ဘုတ်၊ တွမ်တာကဲ့သို့သော လူမှုကွန်ရက်များမှ သပိတ်မှောက် ကြရန်နှင့် စိတ်ဆိုးနေသော ဗုဒ္ဓဘာသာာဝင်များမှ အနောက်တိုင်း မီဒီယာနှင့် စာရေးသူအပေါ် ရှင်းရှင်းလင်းလင်း ကန့်ကွက် သော ဖော်ပြချက်များ ထုတ်ဖော်ကြရန် တောင်းဆိုခဲ့ပါသည်။

သုံးသပ်သူများက ယခုမြန်မာအစိုးရ၏ ရှားရှားပါးပါး ကန့်ကွက်မှုသည် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွင်း ရက်ဒီ ကယ်အစိတ်အပိုင်းများကို ပိုမိုတောက်ပအောင် ပုံဖော်ပေးပြီး ၊ လူနည်းစု မွတ်ဆလင်များအပေါ် တိုတ်ခိုက်မှုများအတွက် အားပေးသလို ဖြစ်ရပါသည်ဟု ဆိုပါသည်။အချို့ကလည်း TIME မဂ္ဂဇင်းအပေါ် မွတ်ဆလင်များအား အကြမ်းဖက်သော ပုဂ္ဂိုလ်များအပေါ် တိတိကျကျ ဖော်ပြခြင်းမရှိပဲ ဗုဒ္ဓဘာသာအပေါ် အကြမ်းဖက်မှုတွင် ပါဝင်ပက်သက်သယောင် ချဲ့ကားရေး သားထားမှုအား ဝေဖန်ခဲ့ပါသည်။

အစိုးရ၏ တုန်ပြန်မှုနှင့် ဦးဝီသူရနှင့် ၉၆၉ လှုပ်ရှားမှုတို့အပေါ် စကားလုံးနှင့် မဟုတ်သော်လည်း ထောက်ခံခြင်း ပြသခဲ့မှုများသည် မြန်မာမွတ်ဆလင်များအပေါ်  ကျရောက်တော့မည် ဆိုးရွားသော လက္ခဏာများပင်ဖြစ်သည်ဟု London School of Economics  မှ မြန်မာပညာရှင် ဒေါက်တာမောင်ဇာနည်မှ ပြောကြားခဲ့ပါသည်။အဘယ်ကြောင့် ဆိုသော် ၄င်းမှာ မြန်မာ့အသိုင်းအဝိုင်းအတွင်း ရက်ဒီကယ်များ၏ အရေးယူမှု မခံရပဲ ကျူးလွန်မှုများကို ခွင့်ပြုလာဖွယ်ရှိသောကြောင့် ဟုဆိုပါ သည်။မောင်ဇာနည်က TIME မဂ္ဂဇင်းအပေါ်လည်း အသိုင်းအဝိုင်းနှစ်ခုအကြား တင်းမာမှုများ ဖြစ်ပေါ်စေရန် ရေးသားထား သောကြောင့် မြန်မာအသိုင်းအဝိုင်းအပေါ် လူမှုရေးအရ တန်ဖိုးကြီးစွာ ပေးဆပ်ရနိုင်ကြောင်း ဝေဖန်ထားပါသည်။

ဦးဝီသူရကမူ TIME မဂ္ဂဇင်းကို တရားစွဲမဟုတ်ပဲ လက်ခံရမည် ဗုဒ္ဓဘာသာ စည်းမျဉ်းများကို အမှန်တရားပျောက် မသွားရေး ထိန်းသိမ်းခြင်းသာ ဖြစ်ကြောင်း ယုံကြည်သည်ဟု ဆိုပါသည်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အရေးပေါ်အဆို ဆိုပြီး တင်တာဖြစ်ပါတယ်။ မနက်ဖြန် ဆက်သွယ်ရေးကုမ္ပဏီ ရွေးချယ်ရေးအတွက် အထ မမြောက်ချင်လို့ လွှတ်တော်က အရေးပေါ်လုပ်လိုက်တာလို့ နားလည်ပါတယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး နားလည် လိုက်တာကတော့ ခရိုနီတွေကို ကာကွယ်ပေးတဲ့ အဆိုလို့ပဲ သတ်မှတ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ မမျှော်လင့်ဘဲ တင်သွင်းတဲ့အဆို ဖြစ်နေတယ်။ ကျွန်မတို့ အားလုံး ထောက်ခံပါတယ်၊ ကန့်ကွက်ပါတယ်လို့ ပြောခွင့်မရှိဘဲ အရေးကြီး အဆိုအဖြစ် တစ်ဦးက တင်သွင်းပြီး နောက်တစ်ယောက်က ထောက်ခံလိုက်ပါတယ်။ ပြည်တွင်း ပြည်ပ ဖက်စပ်ကုမ္ပဏီ တွေ ကိုပဲ ပေးရမယ်ဆိုတာ ကိုလည်း သဘောမတူပါဘူး။ ပြည်ပ ကုမ္ပဏီတွေကို ပေးရင်လည်း ဆွေးနွေးသွားသလို လက်ဝါးကြီး အုပ်တွေ ဖြစ်လာနိုင်စရာ မရှိပါဘူး။ ဥပဒေတွေနဲ့ ထိန်းချုပ်လို့ ရပါတယ်။”

၂၀၁၃ ဇွန်လ ၂၇ ရက်နေ့ Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးမှ မိုဘိုင်း အော်ပရေတာ ရွေးချယ်ရန် လွှတ်တော်အတည်ပြု” သတင်းမှ မန္တလေးတိုင်းဒေသကြီး ဇမ္ဗူသီရိ မဲဆန္ဒနယ် ပြည်သူ့ကိုယ် စားလှယ် ဒေါ်စန္ဒာမင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူကိုယ်စား လုပ်ဆောင်ပေးရတာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းမှာ ရွေးကောက်တင်မြှောက်ပိုင်ခွင့်နဲ့ ရွေးကောက်တင်မြှောက်ခွင့် ရှိတယ်။ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်ခွင့် မရှိတော့ ဘူး။ လွှတ်တော်ကိုယ်စားလှယ် မရှိရင် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးတာပါ။ ဒါကြောင့် ဒီမေးခွန်းကို မေးဖြစ်တာပါ”

၂၀၁၃ ဇွန်လ ၂၇ ရက်နေ့ ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ် သဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်မရှိဟု ပြောကြား” သတင်းမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခု ကျွန်တော်တို့ အစိုးရ လက်ထက်မှာ Refugee ကို လက်ခံပါတယ်။ IDP ကို လက်ခံပါတယ်။ Migrant Worker ကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေပဲ ဖြစ်တယ်။ ကျွန်တော်တို့ သားသမီးတွေပဲဖြစ် တယ်။ ဒါတွေအတွက် လုပ်ရမယ့် တာဝန်က နိုင်ငံတော်အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အခုလည်း ခင်ဗျားတို့ မြင်လိမ့် မယ်။ လုပ်ကိုင်နေတာ။ မလေးရှားမှာလည်း ပြဿနာဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့ဆီက ဒု-၀န်ကြီး ဦးဇင်ယော်တို့ သွားပြီး ဆောင်ရွက်တာတွေကို ခင်ဗျားတို့ မြင်တွေ့ရမှာဖြစ်တယ်။ ကျွန်တော်ပြောချင်တာတော့ စနစ်တွေ ပြောင်းပါပြီ။ ခေတ် တွေ ပြောင်းပါပြီ။ အမှန်ကို အမှန်အတိုင်းပဲ လက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဆက်လက်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”

၂၀၁၃ ဇွန်လ ၂၈ ရက်နေ့ထုတ် First Weekly ဂျာနယ် အတွဲ (၂) အမှတ် (၈၅) တွင် ပါရှိသော “ဒုက္ခသည်အများဆုံး ရှိတဲ့ ကမ္ဘာ့နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် ၇ တွင် ရှိ၊ လက်ရှိ အိမ်နီးချင်း ဒုက္ခသည်စခန်းများမှာ မြန်မာ ဒုက္ခသည်အရေအတွက် သုံးသိန်းခွဲကျော်ရှိကြောင်း သိရ” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“ညွှန့်ပေါင်းသွားမယ်လို့ ဆိုနေကြတာဟာ မိမိကိုယ်မိမိ ယုံကြည်မှု မရှိလို့ဘဲ။ ဘာလို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ အနိုင်ရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ဘာလို့ ညွှန့်ပေါင်း မဖွဲ့သလဲ။ သူ အကုန်နိုင်တာပဲ။ လက်ရှိ အစိုးရအဖွဲ့ထဲ မှာလည်း အပြင်လူ ဆိုလို့ ဒုဝန်ကြီး ဒေါက်တာတင်ရွှေ တစ်ယောက်ပဲ ရှိတာ။ ၂၀၁၅ မှာ ပါတီတွေပြိုင်လို့ သုံးချိုးတစ်ချိုးသာ နိုင်ရင်တော့ ညွှန့် ပေါင်းဖွဲ့ပေါ့။ ဒီဟာကလည်း အစိုးရက ပြန်ပြီးရွေးရမှာ။ ဘာလို့ဆိုတော့ အစိုးရက အမတ်ရွေးခွင့်ရှိတာ မဟုတ်ဘူး။ ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ အမတ်တွေထဲကနေ အစိုးရအဖွဲ့ဝင်အဖြစ် ပြန်ရွေးရမှာ။ ပြည်သူရွေးချယ်လိုက်တဲ့ထဲက ကိုယ့် လူက အမတ်နေရာ နည်းနေမယ်ဆိုရင်တော့ ညွှန့်ပေါင်းသွားရမယ်ပေါ့နော်။ ကိုယ်ကသာ အင်အားအကြီးဆုံး ဖြစ်သွားရင် တော့ အချိုးပြောင်းရမှာပေါ့ဗျာ”

၂၀၁၃ ဇွန်လ ၂၈ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ (၃) အမှတ် (၁၄၆)တွင် ပါရှိသော “၂၀၁၅ အတွက် ကိုယ့်ကိုယ် ကို ယုံကြည်မှုရှိပါက ညွှန့်ပေါင်းဖွဲ့မည် အသံထွက်လာစရာ မရှိဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံ (၇)ခု နှင့် လွှတ်တော်ချစ်ကြည်ရင်းနှီးရေးအသင်းဖွဲ့စည်းရန် လွှတ်တော်တွင်အတည်ပြု

မြန်မာနိုင်ငံရှိ လွှတ်တော်နှစ်ရပ်နှင့် ဥရောပအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံ၏ လွှတ်တော် အပါအဝင် အာရှတိုက်ရှိ သြစတြေးလျ၊ ဗီယက်နမ်၊ ဂျပန်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများရှိ လွှတ်တော်များနှင့် လွှတ်တော် အချင်း ချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ချစ်ကြည်ရင်းနှီးရေး အသင်းဖွဲ့စည်းရန် ဇွန်လ ၂၆ ရက်နေ့ တွင် ကျင်းပ ခဲ့သည့် ပထမအကြိမ် အမျိုးသား လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။


အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်း၍ ပညာရေးအဆင့်မြှင့်တင်မှုဆိုင်ရာမူဝါဒများ ဆွေးနွေးမည်

အစိုးရဝန်ကြီးဌာနများ၊ ပြင်ပ ပညာရေး အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အဖွဲ့အ စည်းများမှ ပူးပေါင်း၍ အဆင့်မြင့် ပညာရေး မြှင့်တင်မှုဆိုင်ရာ မူဝါဒများအကြောင်း ဆွေးနွေး တိုင်ပင်မည် ဖြစ်ကြောင်း ဗြိတိ သျှကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ အဆိုပါ အဆင့်မြင့်ပညာရေး မူဝါဒများရေးဆွဲရေးကို အဆင့်မြင့် ပညာ ရေးဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီ၊  ရန်ကုန်တက္ကသိုလ် ပြန်လည်အဆင့်မြှင့်တင်ရေးနှင့် မွမ်းမံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်၊ လွှတ်တော်ပညာရေးဆိုင်ရာ ကော်မတီဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်မှ အဖွဲ့ဝင်များ နှင့် နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းတို့မှ ပူးပေါင်း၍ ဆွေးနွေးကြမည်ဖြစ်သည်။


တမူးမြို့တွင် မူးယစ် အထူးတပ်ဖွဲ့ ဆက်ဆံရေးရုံးဖွင့်မည်

အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ကလေး-တမူး နယ်စပ် ဝင်ပေါက်မှ မြန်မာနိုင်ငံ အတွင်းသို့ စိတ်ကြွရူးသွပ် ဆေးဝါးများ တရားမဝင် ဝင်ရောက်မှု များပြားလျက်ရှိသည့်အတွက် တမူးမြို့တွင် နှစ်နိုင်ငံ မူးယစ်အထူးတပ်ဖွဲ့ ဆက်ဆံရေးရုံးကို ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုတပ်ဖွဲ့၏ ပြောကြားချက်အရ သိရှိရသည်။ လက်ရှိအချိန် တွင် မြန်မာနိုင်ငံ နယ်စပ်တွင် မူးယစ်ဆေးဝါး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းလုပ် ဆောင်ရန် တာချီလိတ်နှင့် မြဝတီမြို့တို့တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။


 

ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရိက္ခာဖြတ်တောက်မည်ဟု သတင်းများထွက်ပေါ်နေ

ထိုင်း - မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်   ဒုက္ခသည်များအတွက်  အထောက်အပံ့ပေးထားသော ရိက္ခာများ ကို ထပ်မံဖြတ်တောက်သွားမည်ဖြစ်ကြောင်း KIC (Karen Information Center)၌ ဖော်ပြချက်အရ  သိရသည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုကို အထောက်အပံ့ပေးနေသည့် နိုင်ငံတကာ အလှူရှင်များမှ အထောက်အပံ့များ လျှော့ချလိုက် ခြင်းကြောင့် The Border Consortium (TBC)၏ စားနပ်ရိက္ခာထောက်ပံ့ပေးမှုကို လျှော့ချရခြင်း ဖြစ်သည်။ TBC ၏ တာဝန်ရှိ သူများကလည်း စားနပ်ရိက္ခာများကို လျှော့ချသည်မှာ မှန်သော်လည်း စခန်းများအတွင်းရှိ လူတို့အား ကြည့်ရူ၍  လိုတိုးပို လျှော့ လုပ်မည်ဖြစ်ကြောင်း သိရသည်။ TBC ၏ အလုပ်အမှုဆောင် ဒါရိုက်တာမစ္စဆယ်လီသွန်မဆင်က ၄င်းတို့အနေဖြင့် အခက်အခဲ ရှိသည်မှာ မှန်ကန်သော်လည်း ဒုက္ခသည်များအား ဆက်လက်အကူအညီပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။


 ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ရေးဆွဲရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးရန်ရှိ

ဇွန်လ ၁၅ ရက်နေ့တွင် မြဝတီမြို့ DKBA ဌာနချုပ်၌ပြုလုပ်ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းတွေ့ဆုံသော ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထား အမြင်များ ဖလှယ်ပွဲတွင် တိုင်းရင်းသားလက်နက် ကိုင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၈၄ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေး ဆွဲရေးအတွက် အမျိုးသားညီလာခံတစ်ရပ် ခေါ်ယူနိုင်ရေးကို  သဘောတူခဲ့ကြောင်း သိရသည်။

ထိုသို့ အမျိုးသားညီလာခံတစ်ရပ် ကျင်းပရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင်  အဖွဲ့အစည်း  ၃၉ ခုကလည်း ဇွန်လ ၁၇ ရက်နေ့က သဘောတူညီခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တိုင်းရင်းသားကိုယ်စားလှယ် အားလုံး ပါဝင်သော အမျိုးသားညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍ ကျင်းပနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှမ်းတပ်ပေါင်းစုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ကြောင်း သိရသည်။


 

ဒေါ်လာ ပြင်ပဈေး ကျပ်တစ်ထောင်ရောက်

ဗဟိုဘဏ်က ဇွန်လ ၂၆ ရက်နေ့က  အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ပေါက်ဈေး ၉၆၉ သတ်မှတ်ချိန်တွင်  ပြင်ပဈေးကွက်၌ ငွေလဲနှုန်းပမာဏမှာ တစ်ဒေါ်လာလျှင်  ကျပ် ၁၀၀၀ အထိ ပေါက်ဈေး မြင့်တက်လျက်ရှိ ကြောင်း သိရသည်။ ဒေါ်လာထပ်တက်လာမည်ကိုစိုးရိမ်၍  ပိုမိုဝယ်ယူလာသောကြောင့် ဝယ်လိုအား မြင့်တက်လာပြီး ဈေးတက်လာခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် တရားဝင် ငွေလဲကောင်တာများတွင်လည်း ဇွန်လ ၂၆ ရက်နေ့၌ တစ်ဒေါ် လာလျှင် ၉၆၃ ကျပ်ဝန်းကျင် အထိ ဖြစ်လာခဲ့ကြောင်း ပြင်ပရှိ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ကိုင်သူများနှင့် ပုဂ္ဂလိက ဘဏ် လုပ်ငန်းရှင်များက ထံ  မှ သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေလဲနှုန်းမှာ နေ့စဉ်မြင့်တက်လျှက်ရှိပြီး ငွေလဲကောင်တာမျာ၌ သတ်မှတ်ထားသော ငွေလဲနှုန်းမှာလည်း ပြင်ပရှိ ငွေလဲနှုန်းထက် နိမ့်သည့် အတွက် ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာတွင် ခက်ခဲသောကြောင့် နိုင်ငံခြားငွေလဲလှယ်ရာတွင်လည်း လိုအပ်သ လောက် လဲလှယ်ပေးနိုင်ခြင်း မရှိကြောင်း သိရသည်။


 အခြေခံဥပဒေပါ ပုဒ်မ ၉၀ ခန့်သည် ပြင်မရနိုင်ဟုဆို

လက်ရှိပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပတွင် ပုဒ်မ ၉၀ ခုခန့်သည် ပြင်၍မရနိုင်စေရန် ရေးဆွဲထားသော ဥပဒေများဖြစ်ကြောင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့်  ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။ တပ်မတော် အစိုးရမှ နိုင်ငံတော်အာဏာ ရယူထားချိန်တွင် အမျိုးသားညီလာခံခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၏  ပုဒ်မပေါင်း ၄၅၇ ခုကို ၁၄ နှစ်ခန့် အချိန်ယူ၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း ပြည်သူများ ထောက်ခံပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မည်ဟု ပြောကြားခဲ့လေသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည်ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်ခဲဆုံး ဥပဒေတစ်ခုဖြစ် ကြောင်း ဥပဒေပညာရှင်များကလည်း သုံးသပ်ပြောဆိုခဲ့ကြောင်း သိရသည်။

 


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive