Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာမွတ်စလင်များကို ဗုဒ္ဓဘာသာဝင်များအကြမ်းဖက်မှုအပေါ် ပြစ်တင်ဝေဖန်မှုမပြုလုပ်သည့် မြန်မာသမ္မတ ၏ အန္တရာယ် ကြီးသောလုပ်ရပ်
(Foreign Policy in Focus မှ 7 July 2013 ရက်စွဲပါ Burma President’s Dangerous Refusal to Condemn Buddhists for Violence Against Rakhine Muslims ကိုဘာသာပြန်ဆိုသည်)
  1. လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်ငွေ့ဝယ်ယူတင်သွင်းတော့မည်

(Natural Gas Asia မှ 5 July 2013 ရက်စွဲပါ “Myanmar power ministry to import gas” သတင်းကို ဘာသာ ပြန်ဆို သည်)

  1. ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုသည် မြန်မာနှင့်  သီရိလင်္ကာမှ မွတ်ဆလင်  -  ဗုဒ္ဓဘာသာရန်ပွဲများ၏ ဆိုးရွားသောရ လဒ်ဖြစ်

(  7  July 2013  ရက်စွဲပါ PUNJAB NEWSLINE  မှ Bodh Gaya Blarts Fallout of rising Muslim – Buddhist Hostilities  in  Burma , Lanka ကို ဘာသာပြန်ဆိုသည် )

  1. ရုရှားအိမ်ခြံမြေ အကျိုးဆောင်ကုမ္မဏီ၏ မြန်မာရုံးခွဲ ဖွင့်လှစ်

(Opp Connect News  မှ 5 July 2013 ရက်စွဲပါ  “ Russian agent opens Myanmar office” သတင်းကို ဘာသာပြန် ဆိုသည် )


ရိုဟင်ဂျာမွတ်စလင်များကို ဗုဒ္ဓဘာသာဝင်များအကြမ်းဖက်မှုအပေါ် ပြစ်တင်ဝေဖန်မှုမပြုလုပ်သည့် မြန်မာ သမ္မတ၏ အန္တရာယ်ကြီးသော လုပ်ရပ်
(Foreign Policy in Focus မှ 7 July 2013 ရက်စွဲပါ Burma President’s Dangerous Refusal to Condemn Buddhist s for Violence Against Rakhine Muslims ကိုဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံအနောက်ဘက်ဒေသမှ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ဂိုဏ်းဂနဖွဲ့ ဆူပူအကြမ်းဖက်မှုများ ဖုံးလွှမ်းနေခဲ့သည်။ ထိုသို့ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် အပြင်ဗုဒ္ဓဘာသာနှင့်မွတ်စလင်အသိုင်းအဝိုင်းနှစ်ရပ်စလုံးသည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာများ၏ ရေးသား ချက်များကိုလည်း ရင်ဆိုင်တိုက်ခိုက်နေကြရပြီး မြန်မာအစိုးရကလည်း ဆူပူအကြမ်းဖက်မှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ရှုမြင်ခံစားမှုများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်းတွင်ဖော်ပြပါရှိသော မျက်နှာဖုံးဆောင်းပါးက ယင်းဆူပူ အကြမ်း ဖက်မှုများနှင့်ပတ်သက်၍ လွန်စွာအငြင်းပွားစရာဖြစ်စေသည့် ရေးသားချက်မျိုးဖြင့်ဖော်ပြခဲ့သည်။
ထိုဆောင်းပါးတွင် မြန်မာနိုင်ငံတွင်း ၉၆၉ ဟုအမည်ရသည့် ဗုဒ္ဓဘာသာအမျိုးသားရေးလှုပ်ရှားမှုကြီးကို ဦးဆောင်လျက်ရှိသူဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူကို ပြစ်တင်ဝေဖန်ပြီး “ဗုဒ္ဓဘာသာအကြမ်းဖက်သမား၏ မျက်နှာ” ဟု ဖော်ပြခဲ့သည်။ ယင်းမျက်နှာဖုံးဆောင်းပါး ပါရှိသော TIME မဂ္ဂဇင်းကို မြန်မာသမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်တွင်း အခြေအနေများနှင့်မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်များနှင့်ပတ်သက်၍ အထင်အမြင်လွဲမှားအောင်ရေးသားသည်ဟူသည့် အကြောင်းပြချက်ဖြင့် ပိတ်ပင်ရန် ညွှန်ကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင်း ဆူပူအကြမ်းဖက်မှုများကို အနီးကပ် ဆန်းစစ်လေ့ လာကြည့်မည်ဆိုပါက အဆိုပါအရေးကိစ္စသည် TIME မဂ္ဂဇင်းနှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ ရှင်းလင်းဖော်ပြသည်ထက်ပင် ပို၍ရှုပ်ထွေး နက်နဲနေသည်ကိုတွေ့ရသည်။
လတ်တလော ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာမွတ်စလင်များအကြား ပဋိပက္ခသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပေါ်ခဲ့သော ရိုဟင်ဂျာအမျိုးသားသုံးဦးက ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှုမှ စတင်ခဲ့ ခြင်းဖြစ် သည်။ ထိုသို့ မုဒိမ်းကျင့်သတ်ဖြတ်မှုကြောင့် ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းမှ လူများက တန်ပြန်လက်စားချေသည့် သဘောဖြင့် ဆူပူအကြမ်းဖက်ရာမှစတင်ခဲ့သည်ဟု ဆိုလျှင်လည်းရသည်။ ထို့နောက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင်း ဆူပူ အကြမ်းဖက်များ ပျံ့နှံ့ဖြစ်ပေါ်ခဲ့ကာ လူပေါင်း ၂၅၀ ကျော်သေဆုံးခဲ့သည်။ ထောင်ပေါင်းများစွာမှာ အိုးပစ်အိမ်ပစ်ထွက် ပြေးခဲ့ ကြရပြီး အများစုမှာ မွတ်စလင်များဖြစ်ကြသည်။ အဆိုပါဖြစ်ရပ်ကို လွန်စွာကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခု အဖြစ် လူတိုင်းကသတ်မှတ်လက်ခံထားခဲ့ကြသည်။ သမ္မတဦးသိန်းစိန်က ယခုနှစ်၊ မတ်လတွင် ရခိုင်ပြည်နယ်၌ အရေးပေါ် အခြေအနေထပ်မံကြေညာခဲ့သည်။ သို့သော် ယခုအထိ တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားနေကြသည်မှာ ဆူပူအကြမ်း ဖက်မှု များအတွက် မည်သူ့ထံတွင် တာဝန်ရှိသနည်းဟူသော မေးခွန်းအတွက်ဖြစ်သည်။ မည်သူက မည်သူ့ကို တိုက်ခိုက် နေခြင်း ဖြစ်သနည်း ဟူသောမေးခွန်းများပင်ဖြစ်သည်။
TIME မဂ္ဂဇင်းအပါအဝင် အများစုကတော့ ၉၆၉ အမည်ရ မွတ်စလင်ဆန့်ကျင်ရေးလှုံ့ဆော်မှုများကို ဦးဆောင်လုပ် ကိုင် နေသူ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူကို လက်ညှိုးထိုးကြသည်။ ဦးဝီရသူ၏ မွတ်စလင်ဆန့်ကျင်ရေးလှုံ့ ဆော်မှုများ တွင် ပိုစတာများဖြန့်ဝေခြင်း၊ နံရံဆေးရေးပန်းချီများရေးဆွဲခြင်း၊ စီဒီခွေများဖြန့်ဝေခြင်းတို့ပါဝင်သည်။
ဦးဝီရသူ၏ အိပ်မက်မှာ ဘာသာရေးခွဲခြားသော မြန်မာနိုင်ငံဖြစ်ပေါ်ရေးဖြစ်သည်။ ၎င်းက ဘာသာမတူသူများ လက်ထပ်ထိမ်းမြားမှုကို တားမြစ်သည့် ဥပဒေကြမ်းတစ်စောင်ပင် ရေးဆွဲခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် မွတ်စလင်ဦးရေမှာ ၅ ရာခိုင်နှုန်းမျှသာရှိသည်။ သို့သော် ၉၆၉ လှုပ်ရှားမှု၏အမြင်အရ အဆိုပါမွတ်စလင်လူနည်းစုသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သလို မြန်မာဗုဒ္ဓဘာသာဝင်များအတွက် ခြိမ်းခြောက်မှုတစ်ရပ်လည်းဖြစ်သည်။ ဦးဝီရသူ၏ နောက်လိုက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးရေမှာလည်း တိုးပွားလျက်ရှိသည်။ ၉၆၉ လှုပ်ရှားမှုသည် အကြမ်းမဖက်ရေး အတွက် ဦးတည်သည်ဟု ဆိုကြသော်လည်း သူ၏ လှုံ့ဆော်မှုများက အမုန်းတရားများနှင့် ဆူပူအကြမ်းဖက်လိုမှုများကိုဖြစ်ထွန်းစေလျက်ရှိသည်။
Muslim Face group ကဲ့သို့သော အခြားအုပ်စုများကမူ ယခုကိစ္စသည် အကြမ်းဖက်မှုများပြုလုပ်နေသည့် ဗုဒ္ဓဘာ သာဝင်များကြောင့် မဟုတ်ကြောင်းထုတ်ဖော်ပြောဆိုကြသည်။ သို့သော် ၉၆၉ လှုပ်ရှားမှုအရွယ်အစား နှင့်သြဇာလွှမ်းမိုးမှု ကြီးမားလာမှုနှင့် မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများ များပြားလာမှုတို့ အပြန်အလှန် ဆက်နွှယ် နေခြင်းမှာ ငြင်းဆန် ရန်ခက်ခဲလှပါသည်။ မြန်မာနိုင်ငံတွင် နေထိုင်သော မွတ်စလင်တစ်ဦးက “၉၆၉ တံဆိပ်တွေ ကျွန်တော်တို့ပိုမို မြင်တွေ့ရလေ၊ လုံခြုံမှုမရှိတော့သလိုပိုမိုခံစားရလေပါပဲ” ဟု ပြောကြားသည်။ အခြားတစ်ဖက်ကို ကြည့်မည်ဆိုပါက ဦးဝီရသူကိုယ်တိုင် ၎င်း၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်လျက်ရှိသည်။ Irrawaddy မဂ္ဂဇင်းနှင့် တွေ့ ဆုံမေးမြန်းရာတွင် “မွတ်စလင်များသည် ၎င်းအဖမ်း ခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းကို ဖြစ်စေချင်ကြကြောင်း၊ သို့အတွက်ကြောင့် ၎င်းကို TIME မဂ္ဂဇင်း အဖုံးတွင်တင်ခြင်း ဖြစ်ကြောင်း၊ အစွန်းရောက်များက မြန်မာနိုင်ငံကို အစ္စလာမစ်နိုင်ငံအဖြစ်ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိကြောင်း” ပြောကြား သည်။
ထိုသို့ တစ်ဖက်နှင့်တစ်ဖက် ပြစ်တင်ရှုတ်ချမှုကစားပွဲကြီးပြုလုပ်နေကြချိန်တွင် သမ္မတဦးသိန်းစိန်က မည်သည့် ဘက်မှ ရပ်သည်ဟူသော အချက်ကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုရန် ငြင်းပယ်လျက်ရှိသည်။ ABC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရခိုင်ပြည်နယ်၌ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မှုများသည် ဘာသာရေး၊ လူမျိုးရေး သို့မဟုတ် အသားအရောင်ခွဲခြားမှုကြောင့်ဖြစ်သည်ဟူသည်မှာ ဟုတ်မှန်ခြင်းမရှိကြောင်း ငြင်းပယ် သည်။ ဆူပူအကြမ်းဖက်မှုများကို ပုံဖော်ပြောဆိုနေမှုများကသာ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများကို ပိုမိုထက်ခြမ်းကွဲစေလိမ့်မည်ဟု ဆိုသည်။ ဦးဝီရသူကို လည်း မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ်သတ်မှတ်ပြောဆိုသည်။ အမှန်ဆိုရလျှင် ယခုလို ပြောဆိုမှုက အစိုးရ၏ ဘက်လိုက် မှုနှင့် မွတ်စလင်ဆန့်ကျင်ရေးပြောဆိုမှုများအပေါ် ခွင့်ပြုထားမှုတို့ကို ထုတ်ဖော်ပြရာရောက်သည်။ ဆူပူအကြမ်းဖက်မှုများကို တိုက်ရိုက်အားပေးအားမြှောက်မပြုသည့်တိုင် ယခုလိုပြောဆိုမှုများကလူ့အဖွဲ့အစည်းတွင်း ခွဲခြားမှုများနှင့်ဖိနှိပ်မှုများ ထပ်မံ ပြုလုပ်လာစေရန်အားပေးအားမြှောက်ပြုသကဲ့သို့ရှိသည်။
လူမျိုးရေးနှင့် ဘာသာရေးပြဿနာမဟုတ်ဟု ငြင်းဆိုနေသော ဦးသိန်းစိန်၏ နည်းဗျူဟာသည် အခြေအနေ အရပ်ရပ်ကို အလွယ်တကူဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးမှု ပြန်လည်မရရှိသေးသလို ဆူပူအကြမ်းဖက်မှုများ တိုးမြင့်လာခြင်းကြောင့် အုပ်စုနှစ်စုအကြား ပြန်လည်သင့်မြတ်ရေးအတွက်လည်း လုပ်ဆောင်နိုင် ခြင်းမရှိပေ။ အကယ်၍ ဦးသိန်းစိန်ကထိုသို့ မွတ်စလင်မုန်းတီးရေးဟောပြောလှုံ့ဆော်မှုများကို ထောက်ပံ့နေမည်ဆိုပါက ၎င်းအနေဖြင့် တိုင်းပြည်၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် မတူညီသောတိုင်းရင်းသား များအကြားညီညွတ်ရေးအတွက် ကြိုးပမ်းရာ၌ များစွာထိခိုက်နစ်နာရလိမ့်မည်ဖြစ်သည်။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်ငွေ့ဝယ်ယူတင်သွင်းတော့မည်

(Natural Gas Asia မှ 5 July 2013 ရက်စွဲပါ “Myanmar power ministry to import gas” သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ပြည့်မှီစေရန်အတွက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများထံမှ သဘာဝဓာတ်ငွေ့ ၀ယ်ယူရန် တင်ဒါ ခေါ်လိုက်ပြီဖြစ်သည်။

ဝန်ကြီးဌာနသည် ဓာတ်အားပေးစက်ရုံများ လည်ပတ်ရန်အတွက် ၂၀၁၄ မတ်လအထိ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသည် ၁၅၀ မှ ၂၀၀ အထိ ၀ယ်ယူစီစဉ်နေပါသည်။ ၂၀၁၄ နောက်ပိုင်းတွင် နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသည် ၅၀၀ မှ ၆၀၀ အထိ တိုးမြှင့် ၀ယ်ယူသွားမည်ဟုလည်း သိရှိရသည်။

တင်ဒါအောင်သော ကုမ္ပဏီသည် LNG ဓာတ်ငွေ့ရည်မှ ဓာတ်ငွေ့ ပြောင်းသောယူနစ်နှင့် ရေပေါ် သိုလှောင်ကန် အဖြစ် သင်္ဘောများကို အသုံးပြု၍ ဓာတ်ငွေ့ပေးပို့ရလိမ့်မည်ဟု သိရှိရသည်။ တင်ဒါ အဆိုပြုလွှာနှင့် ဈေးနှုန်းများ တင်သွင်း ရန် နောက်ဆုံးရက်မှာ ဇူလိုင် ၃၁ ဖြစ်သည်။

မြန်မာအစိုးရသည် မြန်မြန်ဆန်ဆန် ကြီးထွားလာသော ပြည်တွင်း စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ရေနံနှင့် ဓာတ်ငွေ့ ပြည်ပသို့ ထုတ်ရောင်းမှုကို လျှော့ချရန်နှင့် အခြား လောင်စာဆီ ရင်းမြစ်များကိုလည်း အသုံးပြု သွားရန် မကြာသေးမီက မူဝါဒ ချမှတ်ခဲ့သည်။

တပ်မတော်အစိုးရ အာဏာလွှဲပြောင်း ကာနီးတွင် ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီ နှစ်ခုကို ဓာတ်ငွေ့လိုင်စင် ချပေးခဲ့ သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ထိုအချိန်က ပွင့်လင်းမြင်သာမှု မရှိသောကြောင်း အသေးစိတ် ထုတ်ပြန် ကြေညာခြင်း မရှိခဲ့ပါ။


ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုသည် မြန်မာနှင့်  သီရိလင်္ကာမှ မွတ်ဆလင်  -  ဗုဒ္ဓဘာသာ ရန်ပွဲများ၏ ဆိုးရွားသော ရလဒ်ဖြစ်

(  7  July 2013  ရက်စွဲပါ PUNJAB NEWSLINE  မှ Bodh Gaya Blarts Fallout of rising Muslim – Buddhist Hostilities  in  Burma , Lanka ကို ဘာသာပြန်ဆိုသည် )

တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးနှစ်ပါး ဒဏ်ရာရစေခဲ့သော ဗုဒ္ဓဂါယာတွင် ဗုံးကွဲမှုနှင့် ပတ်သက်၍ အယ်ကိုင်ဒါများ ပါဝင်ခြင်းမရှိဟု အိန္ဒိယအစိုးရ၏ ယူဆချက်မှာ မှန်ကောင်းမှန်နိုင်ပါသည်။ သို့သော် ဖယ်ထုတ် စဉ်းစား၍ မရနိုင်သော အချက်များမှာ ပြင်ပမှ အချက်အလက်များ ဖြစ်ပြီး၊ ၄င်းပြင်ပမှ သက်ရောက်မှုများကို အိန္ဒိယအစိုးရက သော်လည်းကောင်း၊ အိန္ဒိယမှ မည်သည့်ပုဂ္ဂလိကမဆို ထိန်းချုပ်နိုင်ခြင်းမရှိပေ။

ဗုဒ္ဓဂါယာကို တိုက်ခိုက်ခြင်းမှ  မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံကဲ့သို့သော အချိုသော ဗုဒ္ဓဘာသာနိုင်ငံများတွင်  မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများအပေါ် လက်တုန့်ပြန်ခြင်း ဖြစ်ပုံရပါသည်။ အဆိုပါ ဗုံးကွဲမှုများသည် ပြင်ပနှင့် အချိတ်အဆက်ရှိသည်ဟုပြောဆိုရန် စောလွန်းနေသေးသော်လည်း ပြင်ပမှ သက်ရောက်မှုများ ရှိသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ဤ နေရာတွင် အိန္ဒိယနိုင်ငံ၏ အားနည်းချက်ကို ထင်ဟပ်ပြန်ပါသည်။

အချို့နိုင်ငံခြား တိုင်းပြည်မှ အဖြစ်အပျက်များသည် အိန္ဒိယ၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ သက်ရောက် မှုများ အတွက် ပစ်မှတ်ထားလာပါသည်။

ပြီးခဲ့သည်လ အနည်းငယ်အတွင်း အိန္ဒိယ၏ အရှေ့ဖက် အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် အစွန်းရောက် ဗုဒ္ဓဘာသာများ နိုးထလာပြီး၊ မွတ်ဆလင်ဆန့်ကျင်ရေး အခွင့်အလမ်းများ အဆိုးဆုံးပုံစံဖြင့် အရှင်းဆုံးထွက်ပေါ် လာပါသည်။  မြန်မာနိုင်ငံမှ အရပ်သားတစ်ပိုင်းအစိုးရသည် ရိုဟင်ဂျာ မွတ်ဆလင်များ အပေါ် အကြမ်းဖက်မှုများအား အကာအကွယ်ပေးမှု၊ ထိန်းသိမ်းမှု လုံးဝမလုပ်ခဲ့ပေ။ ရယ်ဒီကယ် ဗုဒ္ဓဘာသာများက လူနည်းစုမွတ်ဆလင်ကို ခြိမ်းခြောက်မှုများကို အစိုးရက ကြိုတင်ကာကွယ်မှုမလုပ်ပေးဟူသော ခံစားချက်ကို ဖြစ်ပေါ်စေပါသည်။

နိုဘယ်ဆုရှင်နှင့် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါ အဓိကရုဏ်းများအပေါ် မည် သို့မျှ ပြောကြားခြင်းမရှိခဲ့ပေ။ ပြင်းထန်းစွာ ဝေဖန်နေသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်သည် တစ်ခွန်းမျှ မဟခဲ့ခြင်း သည် ပြည်တွင်းနိုင်ငံရေး၏ ဖိအားပေးမှု များကို ထင်ဟပ်နေပါသည်။

ထိုနည်းတူပင် သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင်လည်း မွတ်ဆလင်များအပေါ် အကြမ်းဖက်မှုမှာ အချက်ပေးခေါင်း ဆောင်ထိုးသည် အဆင့်ရောက်နေပါသည်။ အဆိုပါ တိုင်းပြည်များမှ မွတ်ဆလင်များ ပစ်မှတ်ထားခံနေရသဖြင့် အာရပ်ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် မကျေနပ်ခြင်းများ ဖြစ်ပေါ်လျှက် ရှိပါသည်။ ထို့ကြောင့် ထင်ရှားသည့် အချက်မှာ မွတ်ဆလင်များကြားမှ ရယ်ဒီကယ် အစိတ်အပိုင်းများသည် အိန္ဒိယရှိ ဗုဒ္ဓဘုရားရှင် ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို ပစ်မှတ်ထား လာကြသည်ဆိုသည့် အချက်ဖြစ်ပါသည်။

ဗုံးခွဲရန် စီစဉ်သူများ၏ ရည်ရွယ်ချက်မှာ နှစ်မျိုးမရှိနိုင်ပဲ ရှင်းရှင်းလင်းလင်းရှိနေသည် ဟု ယူဆရပါသည်။ ယခုထိခိုက်မှု ထက်ပို၍ ၄င်းတို့စိတ်အားထက်သန်စွာ လုပ်ဆောင်သော ပြုမှုချက်မှာ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင် ဖြစ်ပျက်ခဲ့မှုများအတွက် ဗုဒ္ဓဘာသာဝင်များ အပေါ် လက်စားချေလိုခြင်း ဖြစ်ပါသည်။ သို့သော် ကျုးလွန်သုများအနေဖြင့် ကြီးကြီးမားမား ထိခိုက်စေလိုသော်လည်း မစွမ်းဆောင်နိုင်ခြင်းလော့ (သို့မဟုတ် )ရည်ရွယ်ချက်အထမြောက်ယုံမျှလော ဟူသောကိစ္စကိုမူ ရှင်းပြရန်မလွယ်ပေ။ မည်သို့ဆိုစေ ကျုးလွန်သူများအနေဖြင့် ၄င်းတို့ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ပြသလိုက်နိုင်ပါသည်။

စိတ်ဝင်စားဖွယ် အချက်တစ်ခုမှာ ဒေလီရဲတပ်ဖွဲ့က ဗုဒ္ဓဂါယာအား အကြမ်းဖက်သူများပစ်မှတ်ထားနေပြီဟု သတင်း များပေးနေသည့်ကြားမှ ဘီဟာအစိုးရ၏ မသိကျိုးကျွန် ပြုနေမှုဖြစ်ပါသည်။ ၄င်းမှာ အချို့ အိန္ဒိယမူဂျာဟီဒင်စစ်သွေးကြွများက ဗုဒ္ဓဂါယာမှာ စစ်သွေးကြွများ၏ ထိပ်တန်းပစ်မှတ်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့မှု နောက်ပိုင်းဖြစ်ပါသည် ။ယခုဖြစ်ရပ် သည် အချို့ပြည်နယ်များတွင် ဖြစ်လေ့ရှိသောရာဇဝတ်မှုများကို ထင်ဟပ်နေပြီး လုံခြုံရေးအေဂျင်စီများအနေဖြင့် ၄င်းတို့ထံ အချိန်နှင့် အမျှပေးပို့နေသော ထောက်လှမ်းရေးသတင်းများအပေါ် မည့်သို့တုန့်ပြန်သည်ဆိုသည့် အချက်ကိုလည်း ထင်ဟပ် နေပါသည်။


 

ရုရှားအိမ်ခြံမြေ အကျိုးဆောင်ကုမ္မဏီ၏ မြန်မာရုံးခွဲ ဖွင့်လှစ်

(Opp Connect News  မှ 5 July 2013 ရက်စွဲပါ  “ Russian agent opens Myanmar office” သတင်းကို ဘာသာပြန်ဆို သည် )

နာမည်ကျော် ရုရှား အိမ်ခြံမြေ အကျိုးဆောင် ကုမ္မဏီ၏ ရုံးခွဲသစ်ကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

မြို့တွင်းမြို့ပြင် ရှားပါးနေရာများ ရောင်းချခြင်း၊ ဌားရမ်းခြင်းကိစ္စရပ်များတွင် ကျွမ်းကျင်သော London Dom.Com ကုမ္မဏီ သည် လန်ဒန်မြို့ လယ်တွင် အခြေစိုက်ထားသော အတိုင်ပင်ခံ ကုမ္မဏီ ဖြစ်သည်။

မော်စကိုနှင့် ပဲရစ်တွင်လည်း ရုံးခွဲဖွင့်လှစ်ထားသည့် ရုရှားကုမ္မဏီ၏ နိုင်ငံတကာ ဖောက်သည်အများစုမှာ ရုရှား၊ ယူကရိန်းနှင့် ကာဇက်စတန်တို့မှ ဖြစ်သည်ဟု သိရှိရသည်။

ယခုအခါ ယင်းကုမ္မဏီ၏ ရုံးခွဲကို လမ်းမတော်မြို့ နယ်၊ ၃ လမ်း ၊ အမှတ် ၅၂  မြေညီထပ်တွင် ဖွင့်လှစ်လိုက် ပြီဖြစ်သည်။

ကုမ္မဏီ မန်နေဂျင်း ဒါရိုတ်တာ ဂျော့ရှီရှကော့စကီးသည် အလားအလာရှိသော ဖောက်သည်များနှင့် တွေ့ဆုံရန် ယခုလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

“၁၉၅၀ခုနှစ်တွေ တုန်းကတော့ မြန်မာနိုင်ငံဟာ အာရှမှ စီးပွားရေး အလားအလာ အကောင်းဆုံးနိုင်ငံပါ။ ဒီနောက် တော့  တပ်မတော်အစိုးရ လက်ထက်မှ စီးပွားရေး လှောင်ပိတ်မိပြီး ပြိုလဲသွားပါတယ်။ အခုတော့ နိုင်ငံတကာ  Sanctions  တွေလည်း ရုတ်သိမ်းနေပြီး၊ အနောက်အုပ်စုနဲ့ ဆက်ဆံရေး ကောင်းလာပြီဆိုတော့ အံ့မခန်းအခွင့်အလမ်းတွေ ပွင့်လန်းလာပြီ ပေါ့။ မြန်မာနိုင်ငံဟာ သယံဇာတကြွယ်ဝပြီး၊ မဟာဗျုဟာ မြောက်နေရာကောင်းမှာ တည်ရှိတယ်။ ပြင်သစ်ထက် နဲနဲပိုကြီးပြီး လူဦးရေ က သန်း ၆၀ ရှိတယ်။ မကြာသေးမီ အချိန်အထိ တရုတ်၊ အိန္ဒိယတို့နဲ့ပဲ စီးပွားရေးဆက်ဆံမှု ရှိခဲ့ပေမယ့် ဒါတွေအခု ပြောင်းလဲသွားပြီ”ဟု ရှီရှကော့စကီးက ဆိုပါသည်။

အာရှဖွံ့ဖြိုးရေးဘဏ် ADB ကလည်း မြန်မာစီးပွားရေးသည် လာမည့်အနှစ်  ၂၀ အတွင်း ၈ % ကြီးထွား လာနိုင်ကြောင်း ခန့်မှန်းထားသည်။

တန်ဖိုးကြီး ဈေးကွက်ကျွမ်းကျင်သူ  Wealth . X က မြန်မာနိုင်ငံသည် ကြေးရေတက်ပုဂ္ဂိုလ် ၄၀ ခန့် ရှိရာမှ ၂၀၂၂ တွင်  ၃၀၀ ခန့်အထိ ရောက်ရှိကာ၊ နိုင်ငံကို ဂျီဒီပီအလယ်အလတ်တန်းစား နိုင်ငံအဖြစ်သို့ မောင်းနှင် သွားလိမ့်မည်ဟု ခန့်မှန်းထားသည်။

 Rangoon  ဟုလည်းခေါ်ဝေါ်ကြသော ရန်ကုန်မြို့တော်၏ ကွန်ဒိုမီနီယံ ဈေးကွက်သည် ယခင်နှစ်က ထက် ၅၀% မြင့်တက်သွားကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေကုမ္မဏီက ပြောကြားသည်။

နိုင်ငံခြားသားဖောက်သည်တွေရဲ့ဝယ်လိုအား မြင့်လာတဲ့အတွက် ဌါးရမ်းခကော၊ ရောင်းဈေးကော တက်ကုန် ပါတယ်ဟု ဦးစိုင်းခွန်နောင်က ဆိုပါသည်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive