Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. အိန္ဒိယ-မြန်မာ နယ်စပ်တွင် သူပုန်အုပ်စုကွဲများအကြားတိုက်ပွဲဖြစ်

(The Indian Express မှ 16 July 2013 ရက်စွဲပါ “Gunfight between militant factions in Indo-Myanmar border”သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည် ခက်ခဲသော အခြေအနေကို မလွတ်မြောက်သေး

(16 July 2013 ရက်စွဲပါ UPI မှ Myanmar not yet off the hook  ကို ဘာသာပြန်ဆိုသည်)


အိန္ဒိယ-မြန်မာ နယ်စပ်တွင် သူပုန်အုပ်စုကွဲများအကြားတိုက်ပွဲဖြစ်

(The Indian Express မှ 16 July 2013 ရက်စွဲပါ “Gunfight between militant factions in Indo-Myanmar border”သတင်းကိုဘာသာပြန်ဆိုသည်)

Photo Credit By Online

အိန္ဒိယ-မြန်မာနယ်စပ် အဏိပူရပြည်နယ် အူကရူးခရိုင်တွင် ပြိုင်ဖက်အုပ်စုနှင့်ဖြစ်ပွားသော တိုက်ပွဲအတွင်း နာဂါ လန်အမျိုးသား ဆိုရှယ်လစ်ကောင်စီ အိုင်ဇက်မူမားအုပ်စု(NSCN-IM)မှ တပ်ဖွဲ့ဝင်ပာု ယူဆရသူတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ဒေသခံသတင်းများ၏အဆိုအရ NSCN-IM တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ ပြိုင်ဖက်အုပ်စုတပ်ဖွဲ့များ တည်းခိုနေ သော ဝမ်လီကျေးရွာစုဝေး ခန်းမဆောင်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နာရီပေါင်းများစွာကြာသော တိုက်ပွဲအတွင်း(NSCN-IM) တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားပြီး ပြိုင်ဖက်အုပ်စုမှ ဒဏ်ရာ ရသူနှစ်ဦးကို(NSCN-IM)တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားကြသည်ပာု သတင်းများကဆိုပါသည်။

တိုက်ပွဲအပြီးတွင် အနီးအနားမှ တောအုပ်အတွင်းသို့ နှစ်ဖွဲ့စလုံးဝင်ရောက် တိမ်းရှောင်သွားခဲ့ကြသည်။ ၎င်းသူပုန် အဖွဲ့များသည် မြန်မာနိုင်ငံဖက်မှာ လတ်တလော ဝင်ရောက်လာခြင်းပာုတ်မပာုတ်ကို မိမိတို့စုံစမ်းစစ်ဆေး သွားမည်ပာု ဝမ်လီ ရွာ နှင့် ၁၁၂ ကီလိုမီတာဝေးသော ကာဆွန်ခူလန် ခရိုင်ခွဲမှ ရဲတပ်ဖွဲ့ဝင်က ပြောကြားသည်။

မဏိပူပြည်နယ်အတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ်ဒေသများဖြစ်သော ယူကရူးနှင့်ချန်ဒါးခရိုင်များတွင် သူပုန်အုပ်စု များစွာမှ တပ်ဖွဲ့ဝင်များ ပေါ်ပေါ်ထင်ထင် လှုပ်ရှားလျက်ရှိသည်ပာု ရဲတပ်ဖွဲ့ကဆိုပါသည်။


မြန်မာနိုင်ငံသည် ခက်ခဲသော အခြေအနေကို မလွတ်မြောက်သေး

(16 July 2013 ရက်စွဲပါ UPI မှ Myanmar not yet off the hook  ကို ဘာသာပြန်ဆိုသည်)

Photo Credit By Telegrapg

မြန်မာနိုင်ငံအနေဖြင့် အငြင်းပွားဖွယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့သော်လည်း ကျူးလွန်မှုများကို အရေး ယူခြင်းမရှိသော ယဉ်ကျေးမှုကို ကိုင်တွယ်သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တစ်ဦးက အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။

မြန်မာသမ္မတဦးသိန်းစိန်သည် ယခုအပတ်တွင် ဗြိတိန်နိုင်ငံသို့ လာရောက်လျက်ရှိရာ  ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများအတွက်  ချီးကျူးခဲ့ပါသည်။  သို့သော် ၄င်းကရခိုင်ပြည်နယ်မှ လူနည်းစု မူဆလင်များ အပေါ်ပစ်မှတ်ထား အကြမ်းဖက်မှုများ အပေါ်  စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်  Tomas Ojea Quintana က မြန်မာအစိုးရ၏ နစကနယ်စပ် လုံခြုံ ရေးတပ်ဖွဲ့ ဖျက်သိမ်းရန်ဆုံးဖြတ်ခြင်းကို ကြိုဆိုကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်တွင် လူ့အခွင့် အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟု သံသယရှိကြောင်း ၄င်းက ပြောခဲ့ဘူးကြောင်း ပြောပါသည်။

ကျူးလွန်မှုတွေအတွက် အရေးယူမှုမရှိခြင်းဟာ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု အားနည်းစေတယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။အသိုင်းအဝိုင်းတွေကြားမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခြင်းကိုလည်း ကြီးမားစွာ အကျိုး ဆက်တွေ ဖြစ်စေပါတယ်ဟု ၄င်းက ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် မတ်လက အဆိုပါနကစ စစ်ဆင်ရေးများကိုရုတ်သိမ်းရန် အကြံပြုတင်ပြ ခဲ့ပါသည်။ နေရာချထားခြင်းခံရသည့် မည်သည့်လုံခြုံရေးတပ်ဖွဲ့မဆို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများကို လိုက်နာသင့် ကြောင်း Quintana ကပြောပါသည်။

“အသစ်ရောက်လာမယ့် လုံခြုံရေးတပ်ဖွဲ့ဟာလည်း သူလုပ်ဆောင်ရတဲ့အပေါ် တာဝန်ယူမှုမရှိရင်၊ အစိုးရအနေနဲ့ နောက်ကွယ်က ပြဿနာကို  ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး”ဟု  ၄င်းကပြောပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ရရှိထားတဲ့ သတင်းများအရ လွှတ်တော်ကိုယ်စားလှယ် အချို့ဟာ အုပ်ချုပ်ရေးက လူတွေကိုသွားပြီးတော့ လွှမ်းမိုးစွက်ဖက် တာတွေ ကြားနေရပါတယ်။ သြဇာပေးတာ အမိန့်အာဏာ ပေးတာ၊ မိမိလက်အောက်သဖွယ် ဆောင်ရွက်တာတွေကြောင့် အောက်ခြေမှာ ရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ မိမိအထက်ကိုလည်း ကြောက်ရ၊ လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ကြောက်ရ ဆိုတဲ့ အဖြစ်မျိုးတွေ ကျွန်တော်တို့ တွေ့နေပါတယ်။ ဒါဟာ ဆောင်ရွက်ဖို့မသင့်တဲ့ကိစ္စများဖြစ်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၁၂ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာပါ “အုပ်ချုပ်ရေးယန္တရားအပေါ် လွှတ်တော်ကိုယ်စား လှယ် မလွှမ်းမိုးသင့်” သတင်းမှ ဇလွန်မဲဆန္ဒနယ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ မကြာခင် မှတ်တိုင်တစ်ခုကို ရောက်မှာပါ။ ကျွန်တော်တို့ဟာ နှစ် ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်မြန်မာတစ်ပြည်လုံး သေနတ်သံတွေတိတ်ပြီး တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး ရလာမှာပါ။ ဒါဟာ လာမယ့် သီတင်းပတ်တွေမှာတောင် ဖြစ်နိုင်ပါတယ်။”

၂၀၁၃ ဇူလိုင်လ ၁၇ ရက်နေ့ 7 Day Daily ဂျာနယ် အတွဲ(၁၂)၊ အမှတ် (၁၉) တွင် ပါရှိသော “နိုင်ငံရေးအကျဉ်းသားအားလုံး နှစ်မကုန်ခင်ပြန်လွှတ်ပေးမည်ဟု ဦးသိန်းစိန်ကတိပြု” သတင်းမှ ပြည်တွင်းလက်နက်ကိုင် တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေးကိစ္စများ နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တကယ်လို့ဒီကိစ္စကို အရေးမယူဘူးဆိုရင် နိုင်ငံတကာမှာ UMFCCI နဲ့ ချိတ်ဆက်နေတဲ့ ညီအစ်ကိုအသင်းတွေ ရှိတယ်။ MOU ထိုးထားတဲ့ ကုန်သည်ကြီးများအသင်းချုပ်ရှိတဲ့ နိုင်ငံ ၅၀ ကျော်ရှိတယ်။ အဲဒီနိုင်ငံတွေကိုစာပို့ပြီး UMFCCI အသင်းချုပ် ရွေးကောက်ပွဲကြီးဟာ လူတစ်စု အုပ်စုဖွဲ့ပြီးတော့ မသမာနဲ့ နည်းတွေနဲ့ လုပ်ခဲ့တယ်ဆိုတာ အကြောင်းကြားမယ်”

၂၀၁၃ ဇူလိုင်လ ၁၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာပါ “UMFCCI အသင်းချုပ်၏ ရွေးကောက်ပွဲ မှန်ကန် မှုမရှိကြောင်း ကန့်ကွက်သူပိုမိုများပြားလာ”သတင်းမှ UMFCCI အသင်းဝင် Capital Hill Ltd ဒါရိုက်တာ ဦးတင်မောင်ဆန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တပ်မတော်ဆိုတာ လက်နက်ကိုင်ပြီးနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရတဲ့တာဝန်ဟာ ကျွန်တော်တို့ရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ခံ ယူတာကလက်နက်ကိုင်ပြီး ကာကွယ်စောင့်ရှောက်ရသလို အခုလိုပြည်သူလူထုရဲ့ ဘ၀ရပ်တည်မှု၊ ခိုင်မာမှုရှိအောင် တောင်သူလယ်သမားတွေရဲ့ ဘ၀ရပ်တည်မှုမရအောင် မြေတွေ ပြန်လည်စွန့်လွှတ်ပေးခြင်းဟာ ပြည်သူလူထုရဲ့ အသက် အိုး အိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းလို့ မှတ်ယူပြီးခံယူပါတယ်။ ကျန်ရှိနေသေးတဲ့ အမှုတွဲတွေကိုလဲ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပြီး ဖြေရှင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၁၇ ရက်နေ့ Yangon Times နေ့စဉ်ထုတ်သတင်းစာပါ “တပ်မတော်က မြေများပြန်လည် စွန့်လွှတ်ပေး ခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်းဟု ကာကွယ်ရေးဝန်ကြီးပြော”သတင်းမှ ကာ ကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်ပြောချင်တာက ဖွဲ့စည်းပုံမှာဘာမှ သိပ်မပြောင်းလဲပါဘူး၊ လူနာမည်နေရာကို ရာထူးနဲ့ရေးတာ၊ ထွက်သွားတဲ့ ၀န် ကြီးတွေနေရာကို တခြားလူတွေ ပြောင်းထည့်တာ ဒါပဲရှိတာပါ၊ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးကိစ္စကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်မှာပါ၊ အားလုံးကလည်း ဖြစ်စေချင်မှာပဲလေ၊ အဲတော့အားလုံးက ပိုကောင်းမယ်ထင်တာကို လုပ်ကြ တာပါ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်တွေကတော့ အရင်အတိုင်းပါပဲ”

၂၀၁၃ ဇူလိုင်လ ၁၈ ရက်နေ့ထုတ် Venus ဂျာနယ်အတွဲ (၄) ၊ အမှတ် (၅၁)တွင်ပါရှိသော “ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော် မတီ ပြင်ဆင်ခြင်းမှာ လူအစားထိုးခြင်းသာ ဖြစ်ဟုဆို”သတင်းမှ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. တပ်သိမ်းလယ်မြေဧက ၁၉၃၆၀ ကျော်မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်မည်
  2. ဗြိတိန်က ယူရိုသန်း ၃၀ မြန်မာနိုင်ငံကို ထောက်ပံ့မည်
  3. ထွက်ပေါ်လာတော့မည့် ငွေကြေးဈေးကွက်များအား စီမံခန့်ခွဲရန် ငွေရေးကြေးရေး အဖွဲ့အစည်း ကြီးကြပ်မှု ဌာနသစ်တစ်ခု ဖွဲ့စည်း မည်

 

တပ်သိမ်းလယ်မြေဧက ၁၉၃၆၀ ကျော်မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်မည်

လက်ရှိတပ်မတော်မှ သိမ်းယူထားသည့် တပ်သိမ်းလယ်မြေဧက ၁၈၃၆၀ ကျော်ကို မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဇူလိုင်လ ၁၆ ရက်နေ့၌ ကျင်းပ ခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဆဋ္ဌမမြောက်နေ့တွင် ပြောကြားခဲ့သည်။

သို့သော် တပ်မှသိမ်းယူခဲ့သည့် လယ်ယာမြေအကျယ်အဝန်း ၅၁၅၀၆ ဒဿမ ၇၃ ဧကတွင်မူ တပ်၊ ဌာနချုပ်နယ်မြေအတွင်း ပါရှိနေပြီး တပ်မတော်အဆောက်အအုံများနှင့်မလွင်ကင်းသည့်အပြင် အဆိုပါမြေနေရာများပေါ်တွင် တပ်အဆောက်အဦးများ ဆောက် လုပ်ပြီးစီးနေပြီဖြစ်သည့်အတွက် ယင်းလယ်ယာမြေများကို တပ်မတော်အနေဖြင့် ပြန်ပေးမည်မပာုတ်ကြောင်း ၎င်းကဆက်လက် ပြော ကြားသည်။

တပ်မတော်အနေဖြင့် လယ်သမားများထံမှ လယ်မြေများသိမ်းယူရာတွင် ကာကွယ်ရေးနှင့် လုံခြုံရေးအကြောင်းပြ၍ သိမ်းယူ ခြင်းမျိုး မဖြစ်စေချင်သည့်အတွက် တစ်ဖက်တွင် တောင်သူများအဆင်ပြေနိုင်စေရန်နှင့် ဘဝအာမခံချက်ရရှိနိုင်စေရန် လယ်မြေများ ပြန်လည်ပေးအပ်ကာ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း တပ်မတော်၏အနာဂါတ်လုပ်ငန်းများ စီမံကိန်းများ တပ်၏ ကာကွယ်ရေးတာဝန်များကို မထိခိုက်စေရန်မျှမျှတတ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ပြောကြားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် မြေများပြန်လည်စွန့်လွှတ်ပေးခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ခြင်းပာု ခံယူကြောင်းနှင့် ကျန်ရှိနေသေးသည့် အမှုတွဲများအတွက်လည်း ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ဦးထိပ် ထား၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အစိုးရသစ်လက်ထက်တွင် တပ်မတော်မှ မြေယာသိမ်းဆည်းခဲ့သည့်အတွက် တိုင်ကြားထားသည့် တိုင်ကြားစာပေါင်း ၄၈၈ စောင်ကို စုံစမ်းရေးကော်မရှင်မှ ကာကွယ်ရေးဝန်ကြီးဌာနသို့ပေးပို့ထားပြီး အဆိုပါတပ်မတော်မှ မြေယာသိမ်းဆည်းမှုများ ဖြေရှင်းနိုင် ရန်မှာ တိုင်ကြားစာ ၉၈ စောင်ပါ မြေဧက ၉၄၃၆ ဒဿမ ၀၉ အတွက်ကာကွယ်ရေးဝန်ကြီးဌာနမှ တိုက်ရိုက်လည်းကောင်း၊ အုပ်ချုပ် ရေးနည်းလမ်းဖြင့် လည်းကောင်း၊ အခြားဝန်ကြီးဌာနများနှင့်လည်းကောင်း ဆက်စပ်ဖြေရှင်းပေးရန် လိုအပ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လယ်ယာမြေသိမ်းဆည်းမှုများနှင့်ပတ်သက်၍ ယနေ့အထိ ကော်မရှင်မှပေးပို့သည့် အမှုတွဲပေါင်း ၆၅၅ မှု ရှိပြီး ဖြေရှင်းဆောင်ရွက်ပြီးသော အမှုတွဲပေါင်း ၃၈၂ မှုရှိပြီးဖြစ်သည့်အတွက် ကျန်အမှုတွဲပေါင်း ၂၇၃ မှုပြန်လည်ဖြေရှင်းနိုင်ရန် လို အပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လယ်ယာမြေအများအပြားသိမ်းဆည်းမှုများပြုလုပ်ခဲ့သည့်အတွက် လယ်လုပ်သူတောင်သူများမှာအခက် အခဲအကြပ်အတည်းနှင့် ဘဝနေထိုင်စားသောက်ရန် ခက်ခဲလာသည့်အတွက် မြန်မာနိုင်ငံအနှံ့အပြားတွင် လယ်ယာမြေ ပြန်ပေးရေး ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


ဗြိတိန်က ယူရိုသန်း ၃၀ မြန်မာနိုင်ငံကို ထောက်ပံ့မည်

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဗြိတိန်နိုင်ငံမှ ယူရိုသန်း ၃၀ ထောက်ပံ့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန် ခရီးစဉ်အတွင်း ဗြိတိန်အစိုးရက ဇူလိုင်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်းထောက်ပံ့မှုများကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပဋိပက္ခဒဏ်သင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေးများ၊ စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်ရရှိရေးများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ဒေသရှိ စစ်ဘေးဒုက္ခသည်များအတွက် အစားအစာ၊ ရေ၊ ရွက်ဖျင်တဲများနှင့် လုံလောက်သော အညစ်အကြေးစွန့် စနစ်များ ဖန်တီးပေးရန်အတွက် ယူရို ၁၃ ဒဿမ ၅ သန်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးပြုလုပ်မည့် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် ယူရို ၁၀ သန်း၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယူရို ၅ ဒဿမ ၆၅ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးကဆိုခြင်းဖြစ်သည်။

ထို့ပြင် ဗြိတိန်အစိုးရက မြန်မာနိုင်ငံအစိုးရ အကောင်အထည် ဖော်နေသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပွင့်လင်း မြင်သာမှုရှိစေရန်၊ တန်းတူညီမျှမှုရှိစေရန်၊ အကျင့်ပျက်ခြစားမှုများ မရှိစေရန်အတွက် ယူရိုလေးသိန်းငါးသောင်း ထောက်ပံ့မည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ကြောင်း ယင်းထုတ်ပြန်ချက် တွင် ပါရှိသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Philip Hammond ကလည်းမြန်မာတပ်မတော်ကို ပြုပြင်ပြောင်းလဲခြင်းနှင့်ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးသည် မြန်မာနိုင်ငံ ကြွယ်ဝချမ်းသာလာရေးနှင့် တည်ငြိမ်မှုရရှိလာစေရေးအတွက် အဓိက သော့ချက်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွင် အပြည့်အဝတာဝန်ယူနိုင်သော တပ်မတော်ဖြစ်လာစေရန်အတွက် ဗြိတိန်တပ်မတော်က မြန်မာ့ တပ်မတောfနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများ၊ စစ်ရေးလေ့ကျင့်ပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နှင့် သြစတေးလျ အစိုးရတို့က မြန်မာနိုင်ငံရှိ ကလေးနှစ်သိန်းကျော် မူလတန်းပညာ တတ်မြောက်ရေးအတွက် ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၁ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း မတ်လအတွင်းက ထုတ်ပြန်ကြေညာထားသကဲ့သို့ ဗြိတိန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ၂၀၁၅ ဘဏ္ဍာနှစ်အထိ စတာလင်ပေါင် ၁၈၇ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ယင်းအေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံသို့ လာရောက်စဉ်က ထုတ်ပြန် ကြေညာခဲ့သည်။


ထွက်ပေါ်လာတော့မည့် ငွေကြေးဈေးကွက်များအား စီမံခန့်ခွဲရန် ငွေရေးကြေးရေး အဖွဲ့အစည်း ကြီးကြပ်မှု ဌာနသစ်တစ်ခု ဖွဲ့စည်း မည်

အာရှတိုက်တွင်ဖွံ့ဖြိုးတိုးတက်လာတော့မည့် မြန်မာနိုင်ငံ၏ ငွေကြေးဈေးကွက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနမှတာဝန်ယူ၍တိုက် ရိုက်စီမံကွပ်ကဲရန် ငွေရေးကြေးရေးအဖွဲ့အစည်း ကြီးကြပ်မှုဌာနအသစ်တစ်ခုကို တိုးချဲ့ဖွဲ့စည်းထားပြီဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် ယခုရက်သတ္တပတ်အတွင်း လွှတ်တော်မှအတည်ပြု၍ ပေါ်ထွက်လာတော့မည့် အသေးစား၊ အလတ်စား ငွေ ချေး လုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင်စေမည့် စတာ့အိတ်ချိန်း ဥပေဒနှင့် အဆိုပါဥပဒေအရ ပေါ်ပေါက်လာမည့် စတော့အိတ် ချိန်း ဈေးကွက်များ၊ ပုဂ္ဂလိကအာမခံလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများကို ထိန်းချုပ်ရန်အတွက် ယခုကဲ့သို့ ဌာနသစ် တစ်ခုအား ဘဏ္ဍာရေးဝန်ကြီး ဌာနလက်အောက်တွင် တိုးချဲ့ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ဒု-ဝန်ကြီးက ပြောသည်။

“သီးခြားဌာန တစ်ခုအနေနဲ့ ခွဲထွက်မယ်။ ညွှန်ချုပ်တွေကို တိုက်ရိုက်ခန့်ထားမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဌာနသစ်တိုးချဲ့ ဖွဲ့စည်းသည့်ကိစ္စနှင့်ပတ်သက်၍ “နောက်ပိုင်းပုဂ္ဂလိက အာမခံကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာနိုင်တယ်။ ဒါတွေကို ရည်ရွယ်တယ်ဆိုတော့ ပွင့်ပွင့်လင်းလင်းနဲ့ မျှမျှတတရှိတဲ့ အဖွဲ့အစည်းမျိုးတော့ဖြစ်သင့်တယ်”ဟု စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ယခုလက်ရှိတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာနဟူ၍ ဇူလိုင်လ ၈ ရက်နေ့မှစ၍ အမည်ပြောင်းလဲ ခဲ့ခြင်းနိုင်ခြင်းနှင့်ပတ်သက်၍ ထိုသို့ပြောင်းလဲခဲ့ခြင်းသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြောင်းလဲခဲ့ခြင်းဖြစ်သော်လည်း အခွန် ဆိုင်ရာကိစ္စရပ်များကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဒု-ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဆက်လက်ပြောကြားသွားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမည်နာမပြောင်းလဲခဲ့ပြီး ရက်ပိုင်းမှာပင် အိမ်၊ ခြံ၊ မြေ အဂတိလိုက်စားမှုများနှင့် ပတ်သက်၍  အခွန်ကိစ္စရပ်များနှင့် သက်ဆိုင်သော အဆင့်မြင့်အရာရှိ ၃၁ ယောက်ကို အရေးယူမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ အရေးယူမှုများမှ တစ်ဆင့် နိုင်ငံတော်သို့ ကျပ်သိန်း ၆၀၀၀ ကျော် ပြန်လည်ပေးအပ်ခဲ့ရကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရ တက်လာခဲ့ပြီးသည့်နောက်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ အကောက်ခွန် အရာ ရှိ ၃၃ ယောက် အပါအဝင် အမှုထမ်း အရာထမ်း ၄၆ ယောက် ကို အရေးယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဘဏ္ဍာရေးဝန်ကြီးဌာနသည် အရပ်သား အစိုးရတက်လာခဲ့သည့် ကာလ ၂ နှစ်အတွင်း နိုင်ငံခြားငွေလဲလှယ်မှုကို ဗဟိုချုပ်ကိုင်မှုစနစ်မှဖြေလျှော့ပြီး နှုန်းရှင်အဖြစ် ပြောင်းလဲသတ်မှတ်ခြင်း၊ နှစ်ပေါင်း ၆၀ အတွင်း ပုဂ္ဂလိကအာမခံကုမ္ပဏီများကို ခွင့်ပြု ခဲ့ခြင်းနှင့် ဗဟိုဘဏ်ကို ၀န်ကြီးဌာနလက်အောက်မှ ခွဲထွက်ပြီးလွတ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ရန် ဆောင်ရွက် ခြင်း၊ ဗဟိုဘဏ်ဥပဒေကို ယခုလအတွင်း ပြဋ္ဌာန်းပေးနိုင်ခြင်းတို့ကို အဓိကထား၍ ဆောင်ရွက်နိုင်ခဲ့သည်။

ယခုကဲ့သို့ ဖွဲ့စည်းလိုက်သည့် ဌာနအသစ်သည် ငွေရေးကြေးရေး အဖွဲ့အစည်းများ အချင်းချင်း အပြိုင်အဆိုင် မဖြစ်ပေါ်စေ ရေးနှင့် မျှတသောယှဉ်ပြိုင်မှုများ ဖြစ်ပေါ်စေရန် စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ပြီးဖြစ်ဿ တိုက်ရိုက်စီမံခန့်ခွဲမှုများဖြင့် အုပ်ချုပ် သွားနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ် နေကြသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive