Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. တရုတ်နှင့် ဆက်ဆံရေးခိုင်မာစေမည်ပာု မြန်မာခေါင်းဆောင်ကတိပေး

(Xinhua မှ 27 July 2013 ရက်စွဲပါ “Myanmar Leader vows to strengthen ties China”သတင်းကို ဘာသာပြန်ဆို သည်)

  1. မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းကို ကုလအကြီးအကဲကြိုဆို

(UN News Centre မှ 25 July 2013 ရက်စွဲပါ “Myanmar : UN Chief welcome of dozens of political prisoners” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာလူနည်းစုကိစ္စ အမြန်ဆုံးဖြေရှင်းရန် မြန်မာကို အီးယူတိုက်တွန်း

(KUNA သတင်းဌာန၏ 22 July 2013 ရက်စွဲပါ EU urges Myanmar to resolve Rohingya minority issue ကို ဘာသာပြန်ဆိုသည်)


တရုတ်နှင့် ဆက်ဆံရေးခိုင်မာစေမည်ပာု မြန်မာခေါင်းဆောင်ကတိပေး

(Xinhua မှ 27 July 2013 ရက်စွဲပါ “Myanmar Leader vows to strengthen ties China”သတင်းကို ဘာသာပြန်ဆို သည်)

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို တိုးမြှင့်မည်ဖြစ်ကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်က အင်္ဂါနေ့တွင် ကတိပြုလိုက်ပါသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးရေးမူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားမည်ပာု သမ္မတဦးသိန်းစိန်က နေပြည်တော်ရောက် တရုတ်ဗပာိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ် မပာာဗျူပာာမြောက် ကျယ်ကျယ်ပြန့်ပြန် ပူးပေါင်းဆောင်ရွက်လက်တွဲမှုကို တွန်းအားပေးမည့် မလျှော့သော ကြိုးပမ်းမှုများကို မြန်မာနိုင်ငံက လုပ်ဆောင်သွားမည်ပာု မြန်မာအစိုးရအကြီးအကဲက ဆိုပါသည်။

မြန်မာနှင့် တရုတ်အကြား လက်တွဲခိုင်မြဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံကျသော အကျိုးစီးပွားဖြစ်ပြီး၊ နှစ်နိုင်ငံစလုံးနှင့် ဒေသတစ်ခုလုံး၏ ဖွံ့ဖြိုးမှုနှင့် တည်ငြိမ်မှုကို အထောက်အကူ ဖြစ်စေသည်ပာု မြန်မာခေါင်းဆောင်က ချစ်ကြည်ရေးစကား ဆိုပါသည်။

တရုတ်ဗပာိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ဖန်ချန်လောင်ကလည်း “တရုတ်နှင့် မြန်မာသည် မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း လက်တွဲဖော်များဖြစ်ကြောင်း နှစ်ပေါင်းများစွာအတွင်း နှစ်နိုင်ငံစလုံးသည် အကြီးတန်းခေါင်းဆောင်များ မကြာခဏ အပြန်အလှန်လည်ပတ်မှု အစဉ်အလာကို ထိန်းသိမ်းခဲ့ကြပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု စသော နယ်ပယ်များတွင် အရေးပါသော တိုးတက်မှုများ ရရှိခဲ့ကြကြောင်း၊ နှစ်နိုင်ငံ စစ်ဖက်ဆက်ဆံရေးသည်လည်း အလားတူတိုးတက်မှု အရှိန်အပာုန်ကို ရရှိခဲ့ကြောင်း”သံတမန်စကား တုန့်ပြန်ပြောဆိုပါသည်။

မြန်မာတို့နှင့် နှစ်နိုင်ငံအကြားဆက်ဆံရေး၊ နှစ်ဖက် တပ်မတော်များအကြား ဆက်ဆံရေးတို့ကို မြှင့်တင်လုပ်ဆောင်ရန် တရုတ်နိုင်ငံဖက်မှ လိုလားနေသည်ပာုလည်း ဗိုလ်ချုပ်ကြီးဖန်ချန်လောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။


မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းကို ကုလအကြီးအကဲကြိုဆို

(UN News Centre မှ 25 July 2013 ရက်စွဲပါ “Myanmar : UN Chief welcome of dozens of political prisoners” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကို မနေ့က လွှတ်ပေးလိုက်ခြင်းနှင့် ကျန်နိုင်ငံရေး အကျဉ်းသား များကို ယခု နှစ်မကုန်မီ လွှတ်ပေးမည်ဟု နိုင်ငံအကြီးအကဲက ပြောကြားခဲ့ခြင်းတို့ကို ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကာလအလွန် သမ္မတဦးသိန်းစိန် အစိုးရသစ် အာဏာရလာပြီးနောက် ပြုပြင် ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည့် ၂ နှစ်တာ အတောအတွင်း ၂၀၁၂ ဇန်နဝါရီလက နိုင်ငံရေးအကျဉ်းသား ၆၅၀ လွှတ်ပေးခြင်း အပါအဝင်  နိုင်ငံရေးအကျဉ်းသား အရေအတွက် မြောက်မြားစွာကို အကြိမ်ကြိမ် လွှတ်ပေးခဲ့ပြီးဖြစ်သည်။

ယုံကြည်ချက်အကျဉ်းသားဟု နာမည်ပြောင်းထားသော ကျန်ရှိနိုင်ငံရေးအကျဉ်းသား အားလုံးကို ယခုနှစ်မကုန်မီ လွှတ်ပေးသွားမည်ဟု မြန်မာအစိုးရ ခေါင်းဆောင်က မကြာသေးမီက လန်ဒန်၊ ပါရီ ခရီးစဉ်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

ဘန်ကီမွန်း၏ ကြိုဆိုမှုကို ၎င်း၏ပြောရေး ဆိုခွင့်ရှိသူက ထုတ်ပြန်ကြေညာရာတွင် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုဖြစ်စဉ်တွင် လက်ရှိပြုလုပ်နေသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း အပါအဝင် အခြား ဆောင်ရွက်ချက်များသည် နိုင်ငံလုံးအနှံ့ အပစ်ရပ်စဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ ဦးတည်သော ကြိုးပမ်းမှုများကို ပိုမိုခိုင်မာ အားကောင်းစေလိမ့်မည်ဟု အထွေထွေအတွင်းအရေးမှူးချုပ်က ယုံကြည်မျှော်လင့်ကြောင်း” ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် အိုးအိမ်မဲ့ ဒုက္ခသည်များအား နေရာပြန်လည်ချထားခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း စသောကိစ္စများ အကောင်အထည်ဖော်ရေး အပါအဝင် အမျိုးသားပြန်လည်သင့်မြတ်မှုနှင့် ဒီမိုကရေစီ ကူးပြောင်းမှုတို့ကို တိုးတက်စေမည့် အချက် ၄ ချက်ပါ အာဂျင်ဒါ အစီအစဉ်ကို မနှစ်ကဧပြီလ မြန်မာခရီးစဉ်တွင် မစ္စတာဘန်ကီမွန်းက အဆိုပြု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၎င်း အာဂျင်ဒါတွင် ဒီမိုကရေစီကူးပြောင်းမှု၏ အကျိုးကျေးဇူးများကို ပြည်သူတို့၏ နေ့စဉ်ဘဝတွင် မြန်မြန်ဆန်ဆန် ရရှိခံစားနိုင်စေမည့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေး၊ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီများ တိုးမြှင့်ရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာပြောဆိုခွင့်တို့ကို လေးစားသည့် ကျယ်ကျယ်ပြန့်ပြန့် ဒီမိုကရေစီ ယဉ်ကျေးမှုကို အားပေးမြှင့်တင်ရေး စသည်တို့လည်း ပါဝင်သည်ဟု သိရှိရသည်။


မြန်မာနိုင်ငံသည် ထားဝယ်စီမံကိန်းတွင် ပိုင်ရှင်နေရာမှ နေရမည်

(24 July  2013 ရက်စွဲပါ  Bangkok Post မှ Myanmar must take Ownership of Dawei  ကို ဘာသာပြန်ပါသည်)

ငွေကြေးအရင်းအနှီးများစွာ လိုအပ်သော ထားဝယ်ဆိပ်ကမ်းနှင့် စက်မှုဇုန်၏ အောင်မြင်မှုသည် မြန်မာအစိုးရ၏ စိတ်အားထက်သန်မှု၊ မြန်မာ၏ ငွေကြေးဆိုင်ရာ ဖြေလျော့မှုများနှင့် လုပ်သားအင်အားစု၏ စိတ်အားသန်မှု အပေါ်တွင် လုံးလုံးတည်မှီနေသည်ဟု ထိုင်းအစိုးရစီမံကိန်း ယူနစ်က ပြောကြားခဲ့ပါသည်။

အမျိုးသားစီးပွားရေးနှင့်  လူမှုဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့( NESDB)၏ အထွေထွေအတွင်းရေးမှူးချုပ် Arkhom Term-Piltayapaisith က မကြာမီက ကျင်းပသော ဖိုရမ်တွင် ပြောကြားခဲ့ရာ၌ ဂျပန်သည် အဆိုပါပရောဂျက်ကို စိတ်အားထက်သန်မှု မရှိဖြစ်နေသေးကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကို ပထမဦးစွာ လေ့လာရန်အချိန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံအား ဖိတ်ခေါ်မှုမှာ ထိုင်းနိုင်ငံ၌ နောက်ဆုံးကျင်းပခဲ့သော အဆိုပါစီမံကိန်းနှင့် ဆက်စပ်နယ်ပယ်များ၏ ပူးတွဲအဆင့်မြင့်ကော်မတီ အစည်းအဝေးတွင်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

“ထားဝယ်စီမံကိန်းကို ထိုင်းက ပိုင်တာလား။ မြန်မာက ပိုင်တာလား။ ဆိုတဲ့ မေးခွန်းကို ဂျပန်ကမေးနေတုန်းပါပဲ။ မြန်မာအနေနဲ့ သူ့နယ်နမိတ်ထဲမှာ ရှိတဲ့ အများစုကို သူပိုင်တယ်ဆိုတာ ပြသင့်ပါတယ်” ဟု ၄င်းက ပြောပါသည်။

“ငွေကြေးဆိုင်ရာ ဖြေလျော့မှုကလည်း အလွန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒီစီမံကိန်းဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်း အမျိုးမျိုးထဲက ငွေကြေးဆိုင်ရာ ပံ့ပိုးမှုတွေ လိုအပ်မှာ ဖြစ်လို့ပါပဲ” ဟု ၄င်းကပင် ဆိုပါသည်။

နောက်ထပ်တွေ့ရှိနေရသော အခက်အခဲတစ်ခုမှာ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုဇုန်၏ (၂၀၄) စတုရန်းမီတာအတွင်းရှိ ဒေသခံအသိုင်းအဝိုင်းများနှင့် လက်ရှိအငြင်းပွားမှုများဖြစ်ပြီး၊ ၄င်းတို့က နေထိုင်နေသောနေရာများတွင် မပြောင်းလဲလိုသည့် ဆန္ဒရှိနေပါသည်။

၎င်းက ပြောကြားရာတွင် မြန်မာအစိုးရသည် အခြားဧရိယာများတွင် ပြင်ဆင်ရန် အရှိန်မြှင့်သင့်ပြီး၊ ထိုဒေသများမှ လူများရွေ့ပေးရေးကို နားလည်အောင်လုပ်ဆောင်ရန် လိုအပ်ပြီး၊ တချိန်တည်းမှာပင် စီမံကိန်းအတွက် လူ့စွမ်းအားအရင်းအမြစ်နှင့်လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ရန်လည်း လုပ်ဆောင်သင့်သည်ဟု ဆိုပါသည်။

“ထိုင်းအစိုးရအနေနဲ့ကတော့ စီမံကိန်း ညှိနှိုင်းပေးသူနဲ့ အထောက်အကူပြုသူအနေနဲ့ စီမံကိန်းရှေ့ဆက်နိုင်အောင် တွန်းအားပေးလျက်ရှိပါတယ်”ဟု ၄င်းကပင် ဆိုပါသည်။

“ထိုင်းနိုင်ငံဟာ အကောက်ခွန်လုပ်ငန်း အဆင့်ဆင့်နဲ့ နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့အောင် လုပ်ပေးဖို့ အဆင့်သင့်ပါပဲ”ဟု ပြောပါသည်။

ထိုင်းကက်ဘိနက်သည်  Bang Yai မှ ကချာနာဘူရီသို့ ဆက်သွယ်သော ၉၆ ကီလိုမီတာ ကားလမ်းကို အတည်ပြုခဲ့ပြီးဖြစ်ကာ ကချာနာဘူရီမှ မြန်မာနယ်စပ်သို့ ဆက်သွယ်သော အဝေးပြေးလမ်းကို လေ့လာနေဆဲဖြစ်ပါသည်။

ထိုင်း၊ မြန်မာနှင့် ဂျပန်နိုင်ငံတို့ပါဝင်သော ပထမဦးဆုံးသုံးပွင့်ဆိုင် အစည်းအဝေးကို လာမည့်လတွင် ကျင်းပရန် မျှော်လင့်လျက်ရှိပါသည်။

အီတာလျံ- ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ( ITD ) ၏ လက်အောက်ခံ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ  မန်နေဂျင်းဒါရိုက်တာ  Somchet Thinaphone က ပြောကြားရာတွင် မြန်မာအစိုးရသည် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး ချေးငွေများနဲ့ ရင်းနှီုးမြှုပ်နှံမှု အကာအကွယ်ပေးရေးကို လွယ်ကူချောမွေ့အောင်လုပ်ဆောင်ပေးရန် လိုအပ်ပါသည် ဟု ဆိုပါသည်။

ယခုအခါ ITD သည် ဆိပ်ကမ်းအသေးတစ်ခုကို နှစ်နှစ်ခန့်အတွင်း ပြီးအောင် တည်ဆောက်လျက်ရှိပြီး ထိုင်းနယ်စပ်မှ ထားဝယ်စီမံကိန်းသို့ ဆက်သွယ်သည့် ၂ ဘီလီယံဘတ်ကုန်ကျမည့် နှစ်လမ်းသွားလမ်းကို ဖောက်လုပ်လျက်ရှိပါသည်။


ရိုဟင်ဂျာလူနည်းစုကိစ္စ အမြန်ဆုံးဖြေရှင်းရန် မြန်မာကို အီးယူတိုက်တွန်း

(KUNA သတင်းဌာန၏ 22 July 2013 ရက်စွဲပါ EU urges Myanmar to resolve Rohingya minority issue ကိုဘာသာပြန်ဆိုသည်)

ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံခြားရေးကောင်စီသည် အီးယူ၏မူဝါဒအတွက် ပြည်စုံကျယ်ပြန့်သော မူဘောင်တစ်ရပ်ကို ပြဋ္ဌာန်းလိုက်ပြီး လာမည့် သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံကိုထောက်ပံ့မှုပြု လုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

“ယခုထွက်ပေါ်လာသည့် မူဘောင်သည် အီးယူ၏ ပန်းတိုင်များကို ရှေ့ဆက်အကောင်အထည်ဖော်မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နီးကပ်သော စေ့စပ်ဆွေးနွေးမှုများမြှင့်တင်နိုင်ရေး၊ မဟာမိတ်ဖွဲ့ရေးအတွက် ဦးစားပေးမှုများကိုလည်း ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်သည်” ဟု နိုင်ငံခြားရေးကောင်စီ၏ ကြေညာချက်ကဆိုသည်။

အီးယူသည် ကချင်ပြည်နယ်ပဋိပက္ခအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း ရန်ငြှိုးဖွဲ့အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်ရေးအတွက် အားပေးအားမြှောက်ပြုထားသည်။ ထို့ပြင် ထာဝရငြိမ်းချမ်းရေးပေါ်ထွန်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများစတင်ပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားလျက်ရှိသော တင်းမာမှုများ၏ အကြောင်းအရင်းဇာစ်မြစ်များအတွက် ခိုင်မာသောအဖြေတစ်ခုထုတ်ဖော်ရန် မြန်မာအစိုးရကို အီးယူက ပြောဆိုထားသည်။

“ရိုဟင်ဂျာလူနည်းစုတွေရဲ့ အခြေအနေအရပ်ရပ်နဲ့ လူမှုဖူလုံရေးလိုအပ်ချက်တွေကိုပါ ထည့်သွင်းဖြေရှင်းသင့်ပါတယ်။ အရေးတကြီးလုပ်ကိုင်ရမှာကတော့ ရွှေ့ပြောင်းနေထိုင်နေကြရသူတွေရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြေရှင်းဖို့ပဲဖြစ်ပါတယ်” ဟု အီးယူကဆိုသည်။

“လွတ်လပ်စွာလှုပ်ရှားသွားလာမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရရှိဘဲဖြစ်နေတာမျိုးကို ရှေ့ဆက်ပြီး ရပ်ကြည့်မနေသင့်ပါဘူး။ နယ်ပယ်အားလုံးက အလုပ်သမားတွေဖွံ့ဖြိုးမှုနဲ့ လူသားချင်းစာနာတဲ့အထောက်အကူတွေရရှိဖို့ အစိုးရက အခိုင်အမာလုပ်ဆောင်ပေးသင့်ပါတယ်”

သတင်းမီဒီယာများ၏ ရေးသားချက်အရ ရိုဟင်ဂျာမွတ်စလင်ထောင်ပေါင်းများစွာသည် ဖိအားပေး မောင်းထုတ်မှု များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဒါဇင်ပေါင်းများစွာမှာ ဗုဒ္ဓဘာသာဝင်အများစု ဦးဆောင်သော ဆူပူအကြမ်းဖက်မှုများ ကြောင့် သေဆုံးခဲ့ကြရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တစ်ဖက်မှာ ဥပဒေကြမ်းကော်မတီက ၀န်ကြီးဌာနနဲ့ သူတို့က ပလဲနံပသင့်စွာနဲ့ လုပ်သွားတာတွေ ၊ သူတို့ချင်း သူတို့ချင်း တိုင်ပင်ထားတာတွေရှိတယ်။ သူုတို့လည်း ပြောတယ်။ ပြစ်မှု ၊ ပြစ်ဒဏ် တော်တော်ပြောထားပြီးပါပြီ။ ညှိထားပါပြီတဲ့။ ဘယ်တုန်းက ညှိထားတာလဲတော့ မသိဘူး။ ကျွန်တော်တို့ လုပ်ပိုင်ခွင့်စာမျက်နှာက စလိုက်တာ တတိယ စာမျက်နှာကို ရောက်နေပြီ။ ရှေ့က ပြန်ပြင်ချင်တယ်ဆိုတာကို ပြင်လို့ မရဘူးတဲ့”

၂၀၁၃ ဇူလိုင်လ ၂၄ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာပါ “ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းအပေါ် ပြင်ဆင်လိုသည့် အချက်များအားလုံးကို ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ခွင့်မပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“အခုလို နည်းနည်းချင်း လွှတ်ပေးနေတာက မဖြစ်သင့်ပါဘူး။ သမ္မတ အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို မြန်မြန်စိစစ်ပြီး လွှတ်ပေးသင့်ပါတယ်။ အခုလို ဟိုတစ်ယောက်၊ ဒီတစ်ယောက် လွှတ်နေတာက ထောင်ထဲမှာ ကျန်နေတဲ့ လူတွေကိုရော၊ သူတို့ရဲ့ မိသားစုတွေကိုရော စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်စေပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံတော် အနေနဲ့ ဒီလူတွေကို ခပ်မြန်မြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

၂၀၁၃ ဇူလိုင်လ ၂၄ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာပါ “သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဒသမ အကြိမ်မြောက် အဖြစ် နိုင်ငံရေးအကျဉ်းသား ၇၃ ဦး လွှတ်ပေး”သတင်းမှ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့မှ ဦးရဲအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဆွေးနွေးတာ အရင်ထက် ပိုအောင်မြင်မယ်လို့ ယုံကြည်တယ်။ အပစ်အခတ် ရပ်စဲတာထက် ပြဿနာအရင်းခံ နိုင်ငံရေးကို အစိုးရနဲ့ ဆွေးနွေးဖို့ လိုလားတယ်။ ဒါကိုလည်း တင်ပြပြီးဖြစ်တယ်။ ယနေ့အချိန်မှာ အခြား တိုင်းရင်းသားတွေလည်း အပစ်အခတ် ရပ်စဲထားပေမယ့် တိုက်ပွဲတွေ မရပ်စဲသေးတာကို ပြည်သူတွေ မျက်မြင်ပဲ ဖြစ်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၂၄ ရက်နေ့ 7 Day News ဂျာနယ် အတွဲ (၁၂) ၊ အမှတ် (၂၀) ပါ “ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ရုံး ဖွင့်လှစ်” သတင်းမှ KIO/KIA ဗဟိုဌာနချုပ်မှ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဆွတ်လွတ်ဂမ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီလည်းပါမှပဲ ရမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ နယ်မြေဒေသတွေထဲမှာ တရားဥပဒေစိုးမိုးမှု ရှိမှလဲ ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးကလည်း ပိုပြီး ခိုင်မာလာမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ပါမှာပဲလေ။ ပါအောင်လည်း ဒီနေ့တောင် အစည်းအဝေး လာတက်ပြီးပဲ၊ နောက်ပိုင်း ကာလတွေမှာ ဒီလိုပဲ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၃) ၊ အမှတ် (၁၅၅) ပါ “ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်မည်” သတင်းမှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဓိကအားဖြင့် ဆက်သွယ်ရေးဥပဒေကြမ်းမှာ ပြည်သူတွေကို ထိန်းချုပ်ဖို့ ၊ နှိပ်ကွပ်ဖို့ ၊ ဖိနှိပ်ဖို့မရှိပါဘူး။ နိုင်ငံတကာစံနှုန်းနဲ့ အညီ တတ်နိုင်သမျှ ပြစ်မှု ၊ ပြစ်ဒဏ်ရော ခွင့်ပြုချက်တွေ ပါအောင် ဆောင်ရွက် ထားပါတယ်။ ဥပဒေအဖြစ် ထွက်လာရင် နိုင်ငံတော်လုံခြုံရေး၊ ပြည်သူများနဲ့ ပြည်တွင်းကုမ္ပဏီများအတွက် ခိုင်မာတဲ့ အာမခံချက်တွေ ရရှိမှာဖြစ်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၂၄ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာပါ “နိုင်ငံလုံခြုံရေး ၊ ပြည်သူများနှင့် ပြည်တွင်း ကုမ္ပဏီများအတွက် ဆက်သွယ်ရေးဥပဒေကြမ်းတွင် ခိုင်မာသည့် အာမခံချက်များ ပါရှိဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. နေပြည်တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌတို့   တွေဆုံမည်
  2. မြန်မာ - ဗီယက်နမ် လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မည်
  3. မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကဏ္ဍတွင် ၉ လအတွင်း ကန်ဒေါ်လာသန်း ၁၀၀၀ ရှိနေ

နေပြည်တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌတို့   တွေဆုံမည်

တရုတ် - မြန်မာ ပြည်ဝခြုံငုံသော မဟာဗျုဟာပူးပေါင်းဆောင်ရွက်မှု လက်တွဲမိတ်’ အစီအစဉ်ကို ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍  တရုတ်နိုင်ငံ ဗဟိုစစ်ရေး ကော်မရှင် ဒုဥက္ကဋ္ဌ  Mr. Fan Changlong သည် ဇူလိုင်လ ၂၂ ရက်၊ မြန်မာနိုင်ငံ သို့  တရားဝင် အလည်အပတ်ခရီး လာရောက်ခဲ့ကြောင်း သိရသည်။

၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း  ဇူလိုင်လ ၂၃ ရက်နေ့တွင် နေပြည်တော်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနှင့် တရုတ်တပ်မတော်ကြား နှစ်နိုင်ငံပူးတွဲဆောင်ရွက်မှု ကဏ္ဍမြှင့်တင်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရေးအတွက်  အပြန်အလည်နားလည်မှုတိုးမြှင့်ရေးကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဖန်ချန်လုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားကြောင်း သိရသည်။

မကြာသေးမီကလည်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို မွေးမြူ၍ အပြန်အလှန်ကူညီမှုများကို ကမ်းလှမ်းကာ နှစ်ပြည်ထောင်အကြားနှင့် တပ်မတော်နှစ်ရပ်အကြား သင့်တင့်သောကဏ္ဍများတွင် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် ပြည်သူနှစ်ရပ်၏ အခြေခံအကျိုးစီးပွားညီညွှတ်မျှတရုံမျှမက ကမ္ဘာနှင့် ဒေသကြီး၏ အေးချမ်းရေးနှင့် တည်ငြိမ်ရေးကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဖန်ချန်လုံသည် ပြီးခဲ့သည် ၂၀၁၀ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုလာရောက်သည့် ခရီးစဉ်တွင် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌနှင့် အတူ တရုတ်ပြည်သူ့လွှတ်မြောက်ရေး တပ်မတော်ရေတပ်၊ လေတပ်တို့မှ အကြီးတန်းအရာရှိတို့ လိုက်ပါလာခဲ့ကြောင်း သိရသည်။

မစ္စတာ ဖန်ချန်လုံသည် မြန်မာနိုင်ငံအပြင် ကာဇက်စတန်နှင့် ထိုင်းနိုင်ငံသို့လည်း အလည်အပတ်ခရီး သွားရောက်ခဲ့ကြောင်း သိရသည်။

YC


 

မြန်မာ - ဗီယက်နမ် လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်နှင့် ဗီယက်နမ်နိုင်ငံရှိ အမျိုးသားလွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် နားလည်မှုစာချွန်လွှာကို ဇူလိုင်လ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ပြောကြားသည်။

ထိုသို့လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးရာ သဘောတူညီမှုရရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက၏ ဖိတ်ကြား ချက်အရ ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Nguyen Sinh Hung ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Nguyen Sinh Hung ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံတို့၏ အမျိုးသား လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာတွင် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ရေး၊ နှစ်ဘက်စလုံးမှ အဓိပ္ပါယ် ပြည့်ဝစွာဖြင့် လွှတ်တော်ချင်း ထိရောက်စွာဆောင်ရွက်နိုင်ရေးတို့အတွက် အပုဒ် ၉ ပုဒ်ပါ အချက်အလက်များ ပါဝင်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများရှိ လွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားလွှတ်တော်တွင် ချစ်ကြည်ရေး အသင်းများကို ဇွန်လ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းပေးခဲ့သည်။ ယခု ဗီယက်နမ်နိုင်ငံနှင့် လွှတ်တော်ချစ်ကြည်ရေး အသင်းတွင် ဥက္ကဋ္ဌအဖြစ် ဦးနေဝင်းထွန်းနှင့် အတွင်းရေးမှူးအဖြစ် ဦးဇုံလှယ်ထန်းတို့က တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

YC


 

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကဏ္ဍတွင် ၉ လအတွင်း ကန်ဒေါ်လာသန်း ၁၀၀၀ ရှိနေ

မြန်မာနိုင်ငံ၏ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရရှိနိုင်မည့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၉ လအတွင်း အမေရိကန် ဒေါ်လာသန်း ၁၀၀၀ နီးပါးခန့် ရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ထုတ်ပြန်ကြေညာသည်။

MIC ၏ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ လုက်ငန်း ပေါင်း ၉၄ ခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ ၂၀၁၃ ခုနှစ်ဇွန်လ ၃၀ ရက်နေ့အထိ လုပ်ငန်း ၁၅၅ ခုမှ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ နီးပါး ရှိခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် အသစ်စတင်ဖွဲ့စည်းပြီးတဲ့ စက်တင်ဘာကနေ အခု ဇွန်လ ၃၀ ရက်နေ့အထိ ယှဉ်ကြည့်မယ်ဆိုရင် ဂက်စ်ကဏ္ဍက နည်းနည်းလျော့သွားတာ တွေ့ရပါလိမ့်မယ်။ နောက်တစ်ခုက အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်မယ့် Manufacturing ကဏ္ဍတွေမှာတော့ နှစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းအထိ တက်လာတာ တွေ့ရလိမ့်မယ်။ Project အနေနဲ့ဆိုရင် ၉၄ ခုကနေ ၁၅၅ ခုအထိ တက်လာပါတယ်။ ဒါဟာအလုပ်အကိုင် အခွင့်အလမ်းတွေ အတွက် ကောင်းတဲ့အလားအလာလို့ မြင်ပါတယ်”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) အဖွဲ့ ဝင် ဒေါ်ခိုင်ခိုင်နွယ်မှ ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ အတွင်း နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ဝင်ရောက်လုပ်ကိုင်လျှက်ရှိပြီး တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ထိုင်းနိုင်ငံမှ ဒုတိယ၊ ပောာင်ကောင်မှ တတိယ၊ တောင်ကိုရီးယားနိုင်ငံမှ တတိယနှင့် ဗြိတိန်နိုင်ငံမှ အဆင့် ၅ နေရာတွင်ရပ်တည်လျှက်ရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ဆောင်ရွက်နိုင်ရန် အမေရိကန်၊ အီးယူနှင့် ဂျပန်နိုင်ငံတို့မှ ကမ်းလှမ်းထားပြီး ၎င်းတို့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ဆိပ်ကမ်းတည်ဆောက်မှုတို့တွင် အဓိကထား ဝင်ရောက် ရင်းနှီးမြှုပ်နှံလိုခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းနိုင်ငံများမှ မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်း(SMEs)ကဏ္ဍများတွင်လည်း ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စားလျှက်ရှိသည်။

YC


 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive