Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်တွင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်ရှိသည်ဟု ဆိုရမလား

(25 July 2013 ရက်စွဲပါ The Diplomat မှ Mong Palatino ရေးသားသော Are Myanmar and the Philippines guility of genocide? ကိုဘာသာပြန်သည်)

မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်တွင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်ရှိသည်ဟု ဆိုရမလား

ပေါ်ပြူလာမဖြစ်သောအစိုးရများကို ၄င်းတို့၏ရန်သူများက လူသတ်ခြင်း၊ ပြန်ပေးဆွဲခြင်းကဲ့သို့သော စိုးရိမ်ရခြင်း သော လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ကြောင်း စွပ်စွဲမှုများမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါသည်။ သို့သော် ထိုသို့သောစွပ်စွဲ မှုများတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုသည့် စွပ်စွဲချက်မှာ ပါဝင်လေ့မရှိပါ။ လူသားချင်းစာနာမှုမရှိသည့ှ်ဆိုးရွားလှသည့် ရာဇဝတ်မှုများကျူးလွန်သည်ဟုယူဆရသည့် နာမည်ဆိုးဖြင့်ကျော်ကြားသော အာဏာရှင်များသည်ပင်လျှင် လူမျိုးတုံးသတ် ဖြတ်သည်ဟု စွတ်စွဲခဲလှပါသည်။

အစိုးရတစ်ရပ်၏ လုပ်ရပ်သို့မဟုတ်အစီအစဉ်သည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဆက်နွယ်နေသည်ဟု အမျိုးမျိုးသော အုပ်စုများက ကန့်ကွတ်ရှုတ်ချမှုများဖြစ်လာပါက၊ တစ်ကမ္ဘာလုံးနှင့်မီဒီယာများ၏ချက်ခြင်း စိတ်ဝင်စားစွာစောင့်ကြည့်မှု ဖြစ်လာ တတ်ပါသည်။ လူမျိုးတုံးသတ်ဖြတ်သည်ဟူသော စကားလုံးသုံးလုံးရလောက်အောင် ဆိုးဆိုးရွားရွား တစ်ခုခုဖြစ် နိုင်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။

အရှေ့တောင်အာရှမှနိုင်ငံနှစ်ခုသည် အဆိုပါစွပ်စွဲမှူမျိုးကိုယခုလကရှိ ရင်ဆိုင်နေရပါသည်။ မြန်ုမာနိုင်ငံသည် တိုင်းရင်းသားမူဆလင်ရိုဟင်ဂျာလူနည်းစုကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည်ဟု စွပ်စွဲခံနေရပါသည်။ တချိန်တည်း မှာပင် ဖိလစ်ပိုင်နိုင်ငံတွင်လည်း ကတ်သလစ်ဘုရားကျောင်းမှ သြဇာရှိသူနှင့်ဆီနှိပ်တာတစ်ဦးက အစိုးရအားအငြင်းပွားဖွယ် ကလေးမွေးဖွားသည့် ကျန်းမာရေးဥပဒေအား အကောင်အထည်ဖော်ခဲ့ပါက လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိမည် ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။ ဤစွတ်စွဲချက်များ အမှန်တကယ်လော။

ကံကောင်းထောက်မစွာပင် လူမျိုးတုံးသတ်ဖြတ်သည့်လုပ်ရပ်များကို စီစစ်နိုင်ရာတွင် အထောက်အကူပြုမည့် နိုင်ငံတကာကွန်ဗင်းရှင်းများရှိနေပါသည်။ ကွန်ဗင်းရှင်းတွင်ဖော်ပြထားသည်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွင် နိုင်ငံတစ်ခု၊ လူမျိုးသို့မဟုတ်ဘာသာရေးအုပ်စုတစ်ခု၏ တစ်ခုလုံးသို့မဟုတ် အစိတ်အပိုင်းကို ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးကျူးလွန် သည့်လုပ်ရပ် ပါဝင်သည်ဟု ဆိုပါသည်။ ထိုသို့လုပ်ဆောက်ရာတွင်

(၁) အုပ်စုအဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း

(၂) အုပ်စု၏အဖွဲ့ဝင်များကို ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာကို ဆိုးဆိုးရွားရွား အန္တရာယ်ပြုခြင်း

(၃)  အုပ်စု၏ဘဝအခြေအနေများကို တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရုပ်ပိုင်းဆိုင်ရာပျက်စီးစေရန် တွက်ချက်၍ ရည်ရွယ်ချက်ရှိရှိ ခံစားစေခြင်း

(၄) အုပ်စုတွင်းကလေးမွေးဖွားမှုကို ရည်ရွယ်ချက်ဖြင့် တားဆီးခြင်း

(၅) အုပ်စုတစ်ခုမှ ကလေးငယ်များကို အခြားအုပ်စုသို့ အဓမ္မလွှဲပြောင်းခြင်းများမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဖော်ပြထား ပါသည်။

ထို့ကြောင့် အဆိုပါဖော်ပြချက်ကိုအသုံးပြု၍ မြန်မာနိုင်ငံမှကိစ္စရပ်ကို သုံးသပ်ကြည့်ပါက လူမျိုးတုံးသတ်ဖြတ် သည်ဟု စွတ်စွဲချက်များသည် ခိုင်မာနေသည်ကိုတွေ့ရပါသည်။ ရိုဟင်ဂျာများသည် နိုင်ငံသားရပိုင်ခွင့်များမရှိပေ။ အဘယ့်ကြောင့်ဆိုသော် အစိုးရသည် တိုင်းရင်းသားဖြစ်သည်ဆိုသည်ကို အသိအမှတ်ပြုရန်ငြင်းဆန် နေဆဲကြောင့်ဖြစ်ပါ သည်။ ရိုဟင်ဂျာများတွင် မှတ်ပုံတင်ကဒ်ပြားမရှိပဲ၊ ၄င်းတို့သည် မြေလည်းမပိုင်ဆိုင်ပဲ၊ အစိုးရထံမှ အလုပ်အကိုင်ရရှိရေးကို တားမြစ်ခံထားရပါသည်။

မကြာသေးမီနှစ်များအတွင်း ရခိုင်ပြည်နယ်တွင် အခြားတိုင်းရင်းသားအုပ်စုများနှင့် ရိုဟင်ဂျာများကြား အဓိကရုဏ်း များဖြစ်ပွားခဲ့ရာ ထောင်ပေါင်းများစွာသော ရွာများပြောင်းရွေ့ခဲ့ရပြီး အထူးသဖြင့် မူဆလင်ရိုဟင်ဂျာများမှာ ၄င်းတို့၏ ဘာသာ ကြောင့်ခွဲခြားဆက်ဆံခံရပါသည်။ အစိုးရတပ်များမှလည်း လူအုပ်ကြီးက ရိုဟင်ဂျာနေအိမ်များကို တိုက်ခိုက်စဉ် မည်သို့မျှလုပ်ဆောင်ပေးခြင်း မရှိဟုစွပ်စွဲပါသည်။ ရိုဟင်ဂျာ(၁၂၅၀၀၀) ခန့်သည် ဒုက္ခသည်စခန်းများတွင် လိုအပ်ချက် များစွာနှင့် နေထိုင်ကြရပါသည်။

မကြာသေးမီက အစိုးရသည် တင်းမာမှုလျော့ချရန် ရည်ရွယ်၍ ရိုဟင်ဂျာအပေါ် ကလေးနှစ်ဦးမူဝါဒချမှတ်ခဲ့ရာ အဆိုပါ အငြင်းပွားဖွယ်ကိစ္စကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ တုန့်ပြန်မှုပြုရသည်အထိ ရှိခဲ့ပါသည်။ ထိုကိစ္စမတိုင်မီက ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာများအပေါ် နှိပ်ကွပ်နေခြင်းနှင့်ပတ်သတ်၍ မည်သို့မျှပြောဆိုခြင်း မရှိပါဟု လူ့အခွင့်အရေးအုပ်စုများ၏ ဝေဖန်မှုကိုခံရပါသည်။

ကမ္ဘာပေါ်ရှိ အဓိကလူ့အခွင့်ရေးအုပ်စုအားလုံးသည် ရိုဟင်ဂျားများအပေါ်တိုး၍ ဖိနှိပ်မှုများနှင့်ပတ်သတ်၍ အချက်ပေးခေါင်းလောင်းထိုးခဲ့ကြပါသည်။ ၄င်းတို့သည် မြန်မာအစိုးရအား ၄င်း၏ဥပဒေများနှင့် ရိုဟင်ဂျာတို့၏ အခြေခံရပိုင် ခွင့်များကို ကန့်သတ်နေခြင်းတို့ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းခဲ့ပါသည်။

အစိုးရအနေဖြင့် ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံရေးနှင့် ဖိနှိပ်သည့်မူဝါဒများကို ပြောင်းလဲခြင်းမရှိပါက မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားတင်းမာမှုများနှင့် လူမျိုးရေးအဓိကရုဏ်းများကို ပွင့်လင်းမြင်သာစွာ နှင့် တရားမျှတစွာဖြေရှင်းနေခြင်းဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းကို ယုံကြည်အောင်ရှင်းပြရန် ခတ်ခဲလာလိမ့်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ၏ ဆိုးရွားသောအခြေအနေများသည် လူမျိုးတုံးသတ်ဖြတ်ခြင်းဟု ဆိုနိုင်သော်လည်း ဖိလစ်ပိုင်နိုင်ငံမှ စွပ်စွဲချက်မှာမူ ခိုင်မာခြင်းမရှိလှပေ။ ယခုလအစောပိုင်းက ဆီနိတ်တာဟောင်း Franciso Tatad သည် တရားရုံးချုပ် ကလေးမွေးဖွားသည့် ကျန်းမာရေးဥပဒေကို ပယ်ဖျက်ပေးရန် လက်မှတ်ရေးထိုးမှုများပါသော စာအားတင်ပြ ခဲ့ပါသည်။ ၄င်းက အဆိုပါဥပဒေသည် ဘုရားသခင်နှင့်မိသားစုအား အခြေခံဥပဒေနှင့် မညီသောတိုက်ခိုက်မှုတစ်ရပ်ဖြစ်၍ လက်မခံကြောင်းဆိုပါသည်။ ၄င်းက အစိုးရသည် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်မည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့် ဆိုသော် ဥပဒေက တိုင်းပြည်၏အခွင့်အာဏာဖြင့် မွေးဖွားခြင်းကိုထိန်းချုပ်ရာ ယင်းမှာ သန့်ရှင်းသောဝိဥာဉ်ကို သတ်ဖြတ်ရာ ရောက်သည်ဟု ငြင်းချက်ထုတ်ထားပါသည်။

အဆိုပါဥပဒေသည် မူအားဖြင့် ကိုယ်ဝန်ဆောင်သေဆုံးမှုကိုကာကွယ်ရန်ဖြစ်ပြီး တိုင်းပြည်တွင် အလုံးစုံပါဝင်သော ကလေးမွေးဖွားခြင်းနှင့်ဆိုင်သော ကျန်းမာရေးစောင့်ရှောက်မှုအတွက် မူဘောင်များချမှတ်ပေးပါသည်။ ၄င်းကို အမျိုးသမီး အုပ်စုများနှင့် ကျန်းမာရေးဆိုင်ရာလှုပ်ရှားသူများက မှတ်တိုင်ဖြစ်မည့်ဥပဒေအဖြစ် ချီးကျူးကြပါသည်။ ဥပဒေအရ ရပ်ရွာကျန်း မာရေးစင်တာများသည် ကလေးမွေးဖွားမှုထိန်းချုပ်မည့် ဝန်ဆောင်မှုပေးရန် ခွင့်ပြုခဲ့သဖြင့် ကတ်သိုလိပ်ဘုရားကျောင်း၏ ပြင်းထန်သော ဆန့်ကျင်မှုကို ကြုံတွေ့ခဲ့ရပါသည်။ ဖိလစ်ပိုင်သည် အရှေ့တောင်အာရှတွင် ကတ်သိုလိပ်လွှမ်းမိုးသော တစ်ခု တည်းသော တိုင်းပြည်ဖြစ်သည်။

“ဒါဟာ လွတ်လပ်စွာရွေးချယ်ခွင့်မရှိတာပဲ။ မိသားစုတွေကို တိုင်းပြည်တစ်ခုရဲ့ အုတ်မြစ်အဖြစ်မှတ်ယူပြီး ကာကွယ် မှု မပေးတာပါပဲ“ ဟု Tatad က ဥပဒေမှ မွေးဖွားခြင်း ကန့်သတ်မှုဖော်ပြချက်ကို ပြောဆိုပါသည်။

၎င်းက ဆက်လက်ပြောကြားရာတွင် “ဒါဟာ အမေတွေရဲ့ရပိုင်ခွင့်နဲ့ မမွေးသေးတဲ့ကလေးရဲ့ရပိုင်ခွင့်တွေကို ညီတူညီမျှ အကာအကွယ်မပေးခြင်း ဖြစ်ပါတယ်။ အစိုးရရဲ့ကြီးကြပ်မှုနဲ့ ထိန်းချုပ်မှုအောက်ကို မိသားစုတွေကို သွတ်သွင်းနေ တာသာဖြစ်ပါတယ်။ အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ထိန်းချုပ်မှုထားပြီး သွားနေတဲ့ ဒီမိုကရေစီလား။“ ဟုဆိုပါသည်။

သို့သော် Tatad အလွယ်တကူဖော်ပြရန်မေ့သွားသည့်အချက်မှာ ဥပဒေတွင်တစ်ဦးချင်းနှင့် စုံတွဲများကို မွေးဖွားမှု ထိန်းချုပ်ရန် အတုများနည်းလမ်းများသုံးစွဲရန် အတင်းလုပ်ဆောင်စေခြင်းမရှိဟူသော အချက်ဖြစ်ပါသည်။ ဖိလစ်ပိုင် ကတ်သိုလိတ်များသည် သဘဝအတိုင်းမွေးဖွားမှုထိန်းချုပ်ရန်နည်းလမ်းနှင့် ဗာတီကန်မှ အတည်ပြုထားသော နည်းလမ်း များကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ပါသည်။ ဥပဒေက ရိုးရိုးလေး လွတ်လပ်စွာရွေးချယ်ခွင့်နှင့် လုပ်ဆောင်ခွင့်ပေး ထားပါသည်။

အစိုးရ၏လူဦးရေထိန်းချုပ်သည့် အစီအစဉ်ကို အာရုံပြုကြည့်မည်ဆိုပါက Tatad ၏ဝေဖန်မှုကို လေ့လာကြည့်ရန် သင့်ပါသည်။ သို့သော် ဥပဒေသည် လူမျိုးတုံးသတ်ဖြတ်သည့် ကိရိယာမဟုတ်ဟု လက်ခံမည်ဆိုပါက Tatad ၏ ကန့်ကွက်မှု ကို တစ်ခါတည်းလစ်လျူရှုသင့်ပါသည်။

Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာဈေးကွက်ထဲသို့ နိုင်ငံတကာအိမ်ခြံမြေလုပ်ငန်းကြီးတစ်ခု ဝင်ရောက်မည်

 (The Manila Times မှ 24 July 2013 ရက်စွဲပါ Colliers Intl opens office in Myanmar ကိုဘာသာပြန်ဆိုသည်)

  1. အိန္ဒိယစစ်တပ်က မြန်မာအာဏာပိုင်များထံ ဘေလီတံတားများလွှဲပြောင်းပေးအပ်

( Inphal Fres မှ 24.7.2013 ရက်စွဲပါ “Army hand over bailey bridges to Myanmar counterparts” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ရှိဦးမှာလား(သို့) ကျန်သေးသလား

(Chirstian Science Mointor မှ 24 July 2013 ရက်စွဲပါ “No more political primers in Myanmar သတင်းဆောင်းပါး ကိုဘာသာပြန်ပါသည်)

  1. မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်တွင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်ရှိသည်ဟု ဆိုရမလား

(25 July 2013 ရက်စွဲပါ The Diplomat မှ Mong Palatino ရေးသားသော Are Myanmar and the Philippines guility of genocide? ကိုဘာသာပြန်သည်)

မြန်မာဈေးကွက်ထဲသို့ နိုင်ငံတကာအိမ်ခြံမြေလုပ်ငန်းကြီးတစ်ခု ဝင်ရောက်မည်

 (The Manila Times မှ 24 July 2013 ရက်စွဲပါ Colliers Intl opens office in Myanmar ကိုဘာသာပြန်ဆိုသည်)

နိုင်ငံတကာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Colliers Internationalသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ရုံးခန်းသစ်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

Colliers International က မြန်မာနိုင်ငံ၏ တိုးတက်မှုအလားအလာကိုကောင်းစွာသဘောပေါက်နားလည်ခဲ့ပြီး နောက် ထိုသို့ရုံးခွဲသစ်ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်သည်။

Colliers International ၏အဆိုအရ ထိုသို့ရုံးခန်းဖွင့်လှစ်ခြင်းသည် ၎င်း၏လုပ်ငန်းတိုးချဲ့ရေးအစီအစဉ် တစ်စိတ် တစ်ပိုင်းဖြစ်သည်ဟု သိရသည်။

“မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ထဲကို ပထမဆုံးဝင်ရောက်တဲ့နိုင်ငံတကာအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဟာ Colliers Internationalပဲဖြစ်ပါတယ်” ဟု အဆိုပါလုပ်ငန်း၏ အာရှဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ်Piers Brunner ကပြောသည်။

 “မြန်မာနိုင်ငံမှာ အလားအလာတွေအများကြီးရှိနေတာကို ကျွန်တော်တို့မြင်နေရပါတယ်။ အာရှဒေသရဲ့ နောက်ဆုံး ပေါ်စီးပွားရေးနယ်ပယ်သစ်လို့ ပြောနေကြတဲ့ မြန်မာနိုင်ငံမှာ အခွင့်အလမ်းသစ်တွေရှာဖွေချင်ကြတဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေအများကြီးရှိပါတယ်။ အဲဒီဖောက်သည်တွေကို ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လုပ်ငန်းလည်ပတ် နိုင်ဖို့ဆို တာ ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်ရာ၌ ဒေသတွင်းမှ ကျွမ်းကျင်သူ ၂၅၀၀ နှင့်အတူ ပြည်တွင်းလုပ်ငန်းအဖွဲ့ တစ်ဖွဲ့ကရှေ့သွားနောက်လိုက်ညီစွာလုပ်ကိုင်သွားမည်ဖြစ်သည်ဟု Colliers International ကဆိုထားသည်။

“မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုဇာတ်လမ်းကြီးထဲမှာ တစ်စိတ်တစ်ပိုင်းပါဝင်ချင်ကြသူတွေအတွက် အလားအလာနဲ့ ပတ်သက်လို့ကျွန်တော်တို့က ယုံကြည်မှုအပြည့်အဝရှိထားပါတယ်” ဟု Piers Brunner ကပြောကြားသည်။

Colliers International အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးမှုနှင့် ပြည်တွင်းလူ့အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာရန် ဆန္ဒရှိသည်ဟု ဆိုသည်။ Colliers Internationalသည် အာရှဒေသရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ရုံးခွဲပေါင်း ၃၉ ခုဖွင့်လှစ် ထားသည်။

အိန္ဒိယစစ်တပ်က မြန်မာအာဏာပိုင်များထံ ဘေလီတံတားများလွှဲပြောင်းပေးအပ်

( Inphal Fres မှ 24.7.2013 ရက်စွဲပါ “Army hand over bailey bridges to Myanmar counterparts” သတင်းကို ဘာသာပြန်ဆိုသည်)

လိုင်မာခေါင်တွင်ကျင်းပသည့် အိန္ဒိယ-မြန်မာဒေသန္တရနယ်စပ်ကော်မတီ ၃ရက်ကြာအစည်းအဝေးတွင် အိန္ဒိယ စစ်တပ်မှ General Officer Commanding ဒုတိယဗိုလ်ချုပ်ကြီး အေကေရှာနီက မြန်မာဖက်မှ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလွင်ထံသို့ ဘေလီတံတား ၇စင်း လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

တံတားများလွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး အေကေရှာနီက အိန္ဒိယ-မြန်မာဒေသန္တရ နယ်စပ် ကော်မတီအစည်းအဝေးသည် နယ်စပ်စီမံခန့်ခွဲရေး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်ဝါဒနှိမ်နှင်း ရေးတို့နှင့်သက်ဆိုင်သော အရေးကြီးကိစ္စရပ်များကို ဆွေးနွေးရန်၊ ဖြေရှင်းရန်အတွက် နှစ်နိုင်ငံစလုံးမှ လုံခြုံရေးတပ်ဖွဲ့ ကိုယ်စားလှယ်များ၊ အစိုးရတာဝန်ရှိသူများ အခွင့်အလမ်းထုတ်ဖော်ပေးသည့် အရေးပါသောဆွေးနွေးပွဲ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်ချစ်ကြည်ရင်းနှီးမှုတို့ကို ဆက်လက်အားကောင်းအောင် အထောက်အကူဖြစ်စေသည့်အမြင်များ  ဖလှယ်နိုင်ကြမည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်သည်ဟု ၄င်းကဆိုသည်။

ဇူလိုင်၂၅ရက်အထိ ကျင်းပသော ၃ရက်ကြာအစည်းအဝေးသို့ နှစ်နိုင်ငံစလုံးမှ အကြီးတန်းတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ဆီနာမတီဇာတီဖွား မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဝိုင်ကေဆေလပ်သန်ဂါလည်း အဆိုပါအစည်းအဝေးသို့ တက်ရောက်သည်ဟုသိရိရသည်။

နယ်စပ်ဆိုက်ရောက်ဗီဇာကိစ္စနှင့်ပတ်သတ်၍ မီဒီယာများ၏မေးမြန်းမှုကို အိန္ဒိယသံအမတ်ကြီးက ဖြေကြားရာတွင် ယခင်နှစ်နိုဝင်ဘာလမှစ၍ စီစဉ်နေခြင်းဖြစ်သော်လည်း မလွှဲမရှောင်သာကိစ္စရပ်များကြောင့် အချိန်ကြန့်ကြာခဲ့ကြောင်း၊ ယခုနှစ်နိုဝင်ဘာလတွင် လုပ်ငန်းစဉ်အပြီးသတ်ကာ စတင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ရှင်းလင်းပြောကြားသည်။

နယ်စပ်ဆိုက်ရောက်ဗီဇာအစီအစဉ် စတင်မှုနှင့် လမ်းပိုင်းအခြေအနေ တိုးတက်မှုတို့ရှိလာပါက အင်ဖားမှရန်ကုန်သို့ သွားလာရာတွင် ၁၄နာရီ၊၁၅နာရီခန့်သာကြာလိမ့်မည်ဟု သံအမတ်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးမည့် ဘေလီတံတားအစိတ်အပိုင်းများ တင်ဆောင်လာသော ယာဉ်တန်းကို ဒုတိယ ဗိုလ်ချုပ်ကြီးအေကေရှာနီနှင့် ဗိုလ်မှူးချုပ်စိုးလွင်တို့ကကြိုဆိုခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ရှိဦးမှာလား(သို့) ကျန်သေးသလား

(Chirstian Science Mointor မှ 24 July 2013 ရက်စွဲပါ “No more political primers in Myanmar သတင်းဆောင်းပါး ကိုဘာသာပြန်ပါသည်)

ယခုနှစ်ကုန်မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားရှိတော့မည်မဟုတ်ဟူသောစကားမှာ သမ္မတဦးသိန်းစိန်က ကမ္ဘာသို့ပေးထားသောကတိဖြစ်သည်။

မြန်မာအစိုးရကလည်း ဦးသိန်းစိန်၏ လန်ဒန်၊ ပါရီခရီးစဉ်အပြီး အင်္ဂါနေ့တွင် နိုင်ငံရေးအကျဉ်းသား ၇၃ဦးလွှတ် ပေးခြင်းဖြင့် သမ္မတ၏ ကတိကဝတ်ကို စတင်အကောင်အထည်ဖော်လိုက်သည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအပါအဝင် ဝေဖန်ဆန်းစစ်သူများက သံသယဖြစ်ဖွယ်အကြောင်း အရင်းများရှိနေသည်ဟု စောဒကတက်ကြသည်။ သာဓကအနေဖြင့် လက်ပံတောင်းတောင် တရုတ်ကြေးနီမိုင်းစီမံကိန်းကို ကန့်ကွက်ဆန္ဒပြခြင်းကဲ့သို နိုင်ငံရေးဟုသတ်မှတ်ဖွယ်ကိစ္စရပ်များတွင်ပါဝင်သူများ ဖမ်းဆီးခံနေရခြင်းပင်ဖြစ်သည်။

၂၀၁၁နောက်ပိုင်း အရပ်ဖက်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများကို  မကြာခဏ အကြိမ်ရေခွဲ၍ အသုတ်လိုက်လွှတ်ပေးနေခြင်းသည် နိုင်ငံရေးအရ အချိန်ကိုက်စီစဉ်သည့်လက္ခဏာရှိပြီး၊ အနောက်အုပ်စုခေါင်းဆောင်များ နှင့် အကြီးစားတွေ့ဆုံမှုမတိုင်မှီ (သို့) အပြီးတွင် အမြဲတမ်းထွက်ပေါ်လာလေ့ရှိ သည်ဟု အကဲခတ်များကသုံးသပ်ကြသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ သီဟဝင်းတင်က “ ဒါဟာ သတင်းကောင်းပါပဲ၊ ဒါပေမယ့် သံသယ ဖြစ်စရာတွေရှိနေတယ်၊ တခါတရံနိုင်ငံတကာပုံရိပ်ကောင်းအောင် နိုင်ငံရေးလှည့်ကွက်တစ်ခုလို အသုံးပြုကြတယ်” ဟု ပြောကြားသည်။

သို့သော်နိုင်ငံရေးအကျဉ်းသားမရှိဟု ငြင်းကွယ်ခဲ့ကြသော လွန်ခဲ့သည့်နှစ်နှစ်ခန့်ကထက် များစွာပိုမိုတိုးတက်မှုရှိ လာပြီဟု အများစုကမှတ်ချက်ပေးကြသည်။

ဗုဒ္ဓဟူးနေ့ထုတ် အစိုးရပိုင်အိင်္ဂလိပ်ဘာသာသတင်းစာများတွင် “နိုင်ငံတော်၏စေတနာကို နားလည်လာကာ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းနိုင်ကြအောင် အားပေးရန်နှင့် လူသားခြင်းစာနာထောက်ထားမူအရ နိုင်ငံရေးအကျဉ်း သားအချို့ကို လွတ်ငြိမ်းချမ်းသားခွင့်ပေးလိုက်သည်“ ဟုဖော်ပြထားသည်။

ယခုလိုလွတ်ပေးခြင်းဖြင့် လတ်တလောကျဆင်းနေသော နိုင်ငံပုံရိပ်ကိုလည်း ကူညီပြောင်းလဲပေးနိုင်ခဲ့သည်။ မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို ထိရောက်စွာကိုင်တွယ်ခြင်းမရှိဟု အစောပိုင်းက ပြစ်တင်ဝေဖန်ခဲ့သူ ကုလအ ထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာအာဏာပိုင်များ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက်ကို ချီးကျူး ထောပနာပြုလိုက်သည်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်အပါအဝင် ဒီမိုကရေစီကူပြောင်းရေး ဆောက်ရွက်ချက်များသည် နိုင်အနှံ့အပစ်ရပ်စဲရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းအားထုတ်နေမှုများကို ဆက်လက်ခိုင်မာစေလိမ့်မည်ဟု ယုံကြည်မျှော် လင့်ကြောင်း ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက ကြေငြာချက်ထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသားကိစ္စသည် အမေရိကန်နှင့်မြန်မာအကြား ဆက်ဆံရေးတွင် အတားအဆီးတစ်ခုဖြစ်နေသည်။ ယခင်အာဏာရှင်နိုင်ငံအပေါ် အီးယူက sanctions အများစုကို ရုတ်သိမ်းပေးနေပြီဖြစ်သော်လည်း အမေရိကန်ပြည် ထောင်စုအနေဖြင့် ၄င်း sanctions များအားလုံးကို ရုတ်သိမ်းပေးရာတွင် နိုင်ငံရေးအကျဉ်းသားများရှိနေခြင်းကိစ္စက အတား အဆီးတစ်ခု ဖြစ်နေပါသည်။

မြန်မာအစိုးရ၏ ဖုံးကွယ်တတ်သော အကျင့်ဟောင်းကြောင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားရေအတွက်ကို ဆုံးဖြတ်ရန် လွန်စွာခတ်ခဲနေသည်။ ခန့်မှန်းမှုများမှာ တစ်ရာကျော်နှင့်ရာဂဏန်း တော်များများအကြား ကွဲပြားလျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားဟူသော စကားလုံးအစား ငြိမ်းချမ်းသောနိုင်ငံရေးလှုပ်ရှားမှုများအတွက် အကျဉ်းကျခံရသူ ယုံကြည်ချက်အကျဉ်းသားများဟု ခေါ်ဝေါ်သင့်သည်ဟုလည်း အစိုးရနှင့်သဘောထားတိုက်ဆိုင်သူများက ဆိုကြပြန်ပါသည်။ အချို့ကလည်း အကျဉ်းကျနေသူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် နိုင်ငံရေးပြဿနာများတွင် နားမလည် ပါးမလည် ကြားညှပ်ကာ အဖမ်းခံနေရသူ တောသူတောင်သားများကိုလည်း လွှတ်ပေးသင့်ကြောင်း ထောက်ပြပြောဆို ထားကြသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိအစိုးရအနေဖြင့် အယူအဆ၊ စိတ်နေသဘောထား၊ အပြုအမူ၊ ကြံစည်တွေးတောမှု ဆိုင်ရာ တို့တွင် ယခင်အာဏာရှင်အစိုးရဟောင်း၏ပုံစံနှင့် ပြတ်ပြတ်သားသား လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်းကို နိုင်ငံတကာနှင့် မြန်မာပြည်သူတို့ အမှန်တကယ် ယုံကြည်လာအောင် ဆောက်ရွက်ပြသရန် အရေးကြီးသည်ဟု ရန်ကုန်မြို့မှ အကဲခတ် လေ့လာသူများက ထောက်ပြပြောဆိုကြပါသည်။

မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်တွင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်ရှိသည်ဟု ဆိုရမလား

(25 July 2013 ရက်စွဲပါ The Diplomat မှ Mong Palatino ရေးသားသော Are Myanmar and the Philippines guility of genocide? ကိုဘာသာပြန်သည်)၏