Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. တရုတ် ကုမ္ပဏီနှင့်ချုပ်ဆိုသော ကြေးနီမိုင်းသဘောတူညီချက်ကို မြန်မာပြင်ဆင်

(APP မှ 25 July 2013 ရက်စွဲပါ “Myanmar revises mine deal with Chinese firm”သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာခွင့် ရှိအောင် အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်ကော်မတီ ဖွဲ့စည်း၍ သုံးသပ်မည်

(The Associated Pressမှ 25 July 2013 ရက်စွဲပါ “ Myanmar Parliament Panel considers Changing Constitution, Could allow Suu Kyi to be President” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့ ပဲမျိုးစုံကဏ္ဍ အပြောင်းအလဲကို အမိဖမ်းဖို့လို

( 25 July 2013 ရက်စွဲပါ Bangkok Post မှ Harvest of Change ကို ဘာသာပြန်ပါသည်)


တရုတ် ကုမ္ပဏီနှင့်ချုပ်ဆိုသော ကြေးနီမိုင်းသဘောတူညီချက်ကို မြန်မာပြင်ဆင်

(APP မှ 25 July 2013 ရက်စွဲပါ “Myanmar revises mine deal with Chinese firm”သတင်းကိုဘာသာပြန်ဆိုသည်)

ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နှင်းခဲ့ရသော ဆန္ဒပြမှုများ တစ်သီတစ်တန်း ဖြစ်ပွားခဲ့ပြီးနောက်တွင် အငြင်းပွားဖွယ် တရုတ် ကုမ္ပဏီနှင့် ကြေးနီမိုင်းသဘောတူညီချက်ကို မြန်မာနိုင်ငံက ပြင်ဆင်ချုပ်ဆိုခဲ့သည်ပာု တာဝန်ရှိသူတစ်ဦးက မနေ့က ပြောကြားသည်။

စာချုပ်သစ်အရ ဝင်ငွေ၏ ၅၁ ရာခိုင်နှုန်းကို မြန်မာအစိုးရ ရရှိမည်ပာု သတ္တုတွင်းဝန်ကြီးဦးမြင့်အောင်က လွှတ်တော် တွင်ပြောကြားခဲ့ရာ အကျိုးအမြတ်ကို နိုင်ငံက ပိုမိုရရှိစေခြင်းဖြင့် လူထု၏ဒေါသကို နှစ်သိမ့်ရန် အစိုးရက ကြိုးပမ်းခဲ့သည့် လက္ခဏာရှိပါသည်။

အဆိုပါ လက်ပံတောင်းတောင် ကြေးနီမိုင်းမှဝင်ငွေ ၃၀ ရာခိုင်နှုန်းကို တရုတ်ဝမ်ပေါင် ကုမ္ပဏီက ရရှိမည်ဖြစ်ပြီး၊ တပ်မတော်(မြန်မာစစ်တပ်)ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်က ၁၉ ရာခိုင်နှုန်း ရယူမည်ပာု သိရှိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာဒေသမှ အဆိုပါကြေးနီမိုင်းကို တရုတ်နိုင်ငံပိုင် လက်နက် ကုမ္ပဏီ၏ လက်အောက် ခံလုပ်ငန်းခွဲ ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့တပ်မတော်ပိုင် စီးပွားရေးဦးပိုင်လီမီတက်တို့ ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်သည်။

ထို့အပြင် ဝမ်ပေါင် ကုမ္ပဏီက လူမှုဆိုင်ရာတုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများနှင့် မိုင်းလုပ်ငန်းနေရာ ပြန်လည် ပြုပြင်ခြင်းတို့ အတွက် နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ထည့်ဝင်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်အောင်က ရှင်းလင်း ပြောကြားသည်။

မနှစ်က နိုဝင်ဘာလတွင် လက်ပံတောင်းတောင်ကြေးနီမိုင်း ဆန္ဒပြ သပိတ်စခန်းများကို ရဲတပ်ဖွဲ့က စီးနင်းခဲ့ခြင်း သည် စစ်အုပ်ချုပ်ရေးကာလအလွန် အကြမ်းတမ်းဆုံး နှိပ်ကွပ်မှုတစ်ခုဖြစ်ပြီး မီးလောင်စေသော ဖော့စပရပ်ဗုံးများ သုံးစွဲမှု ကြောင့် လူထု၏ ဒေါသကိုလှုံဆော်သလိုဖြစ်ခဲ့သည်။

အရပ်ဖက်အစိုးရသစ်လက်ထက် လွတ်လပ်ခွင့်အတိုင်းအတာ ကို စမ်းသပ်မှုတစ်ခုအဖြစ် ပေါ်ထွက်လာသော ယင်းဆန္ဒပြမှုများအား လုံခြုံရေးတပ်များက အကြမ်းဖက်နှိမ်နင်းမှုကြောင့် သံဃာတော်များနှင့် ကျေးလက်ဒေသခံများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းကဲ့သို့ အာဏာရှင်စနစ်၏ အကျင့်ပောာင်းမပျောက်သော နှိပ်ကွပ်မှုပုံစံနှင့်ပတ်သက်၍ ဒေသဆိုင် ရာ အာဏာပိုင်များတွင် အထူးသဖြင့် တာဝန်ရှိသည်ပာု ပြည်တွင်းသတင်းရင်းမြစ်များက ဆိုသည်။

စီမံကိန်းနယ်မြေတစ်ဝိုက်နေထိုင်ကြသော ကျေးလက်ဒေသခံရွာသားများက စီမံကိန်းကို ဆက်လက်ဆန့်ကျင်ကန့် ကွက် သွားမည်ပာု မနေ့ကပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာခွင့် ရှိအောင် အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်ကော်မတီ ဖွဲ့စည်း၍ သုံးသပ်မည်

(The Associated Pressမှ 25 July 2013 ရက်စွဲပါ “ Myanmar Parliament Panel considers Changing Constitution, Could allow Suu Kyi to be President” သတင်းကို ဘာသာပြန်ဆိုသည်)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာစေမည့် အခြေခံဥပဒေပြောင်းလဲပြင်ဆင်ရေးကို သုံးသပ်ရန်အတွက် မြန်မာလွှတ်တော်က ကြာသပတေးနေ့တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါသည်။ ယင်းသို့ ပြောင်းလဲမှုတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရလာဖွယ် ရှိသည်ဟုလည်း သိရှိရသည်။

၎င်း ၁၀၉ ဦးပါ ကော်မတီတွင် NLD နှင့်ပြည်ခိုင်ဖြိုးအပါအဝင် ပါတီအားလုံးမှ ကိုယ်စားလှယ်အမတ်များနှင့် တပ်မတော် ကိုယ်စားလှယ်များ ပါဝင်သည်။

လက်ရှိ အခြေခံဥပဒေသည် တပ်မတော်သားကိုယ်စားလှယ်များကို လွှတ်တော်တွင် နေရာများစွာ ပေးထားခြင်း၊ သမ္မတလောင်းစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အကျုံးမဝင်အောင် ကန့်သတ်ပိတ်ပင်ထားခြင်း တို့ကြောင့်ဒီမိုကရေစီနှင့် မကိုက်ညီဟု  NLD ပါတီက သတ်မှတ်ထားသည်။တိုင်းရင်းသားပါတီများကလည်း ၄င်းတို့၏ ပြည်နယ်များတွင် ဝန်ကြီးချုပ် နေရာများကို ဗဟိုအစိုးရက ခန့်အပ်ခြင်းထက် ၄င်းတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်နိုင်ရန် ကြိုးစားလျက် ရှိသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုသော တိုင်းရင်းသား အုပ်စုများနှင့် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လက်နက်ကိုင်တော်လှန်မှုများ ထွက်ပေါ်လာကာ ဒီမိုကရေစီအစိုးရနှင့် စစ်အစိုးရအဆက်ဆက် လက်ထက်ကာလများတွင် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ လက်ရှိ ဦးသိန်းစိန် အစိုးရသည် နိုင်ငံအနှံ အပစ်ရပ်စဲရေးနှင့် တိုင်းရင်းသား အုပ်စုအားလုံးနှင့် နိုင်ငံရေး သဘောတူမှု ရရှိရေးတို့ကို ကြိုးပမ်းအား ထုတ်လျက်ရှိသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေသည် ယခင်တပ်မတော်အစိုးရလက်ထက်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ တပ်မတော်သြဇာ ဆက်လက်လွှမ်းမိုးထားနိုင်ရန် အထူးစီမံပြုလုပ်ထားသည်။

 သို့ရာတွင် ၂၀၀၈ ရွေးကောက်ပွဲအပြီးကာလသည် အာရပ်နွေဦးနှင့် တိုက်ဆိုင်နေသောကြောင့် လူထုအုံကြွမှုကို စိုးရိမ်သည့် နိုင်ငံအကြီးအကဲဟောင်းများ၏ အစီအမံဖြင့် အစိုးရသစ်လက်ထက်တွင် အထက်မှ ခွင့်ပြုသော ပြုပြင်ပြောင်း လဲမှုများ ထွက်ပေါ်လာခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အဓိကအောင်မြင်မှုမှာ စစ်အစိုးရလက်ထက် နှိပ်ကွပ် ထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့်  NLD ပါတီကို တရားဝင်နိုင်ငံရေးနယ်ပယ်သို့ ခေါ်ယူလှုပ်ရှား ခွင့်ပေးခဲ့ခြင်း ပင်ဖြစ်သည်။မနှစ်က ကြားဖြတ်ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၄ နေရာအနက်  NLD ပါတီက ၄၃ နေရာအနိုင် ရရှိခဲ့သည်။

ကြာသပတေးနေ့က နိုင်ငံပိုင်ရုပ်သံတွင် အစိုးရရာထူးနေရာ အပြောင်းအလဲများကို ကြေငြာသွားသော်လည်း သိသိသာသာပြောင်းလဲမှုကို မတွေ့ရပေ။ စွမ်းအင်၊ ရထား၊ စက်မှုနှင့်အလုပ်သမားဝန်ကြီးများကို နေရာခြင်း ဖလှယ်ခဲ့ပြီး ရဲချုပ်အသစ်ကိုခန့်အပ်သည်။ ယခင်ရဲချုပ်မှာ ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် ဆက်လက်တာဝန် ယူသည်။ ဝန်ကြီးနေရာ အပြောင်းအလဲများ ကြေငြာရာတွင်ထုံးစံအတိုင်း အကြောင်းအရင်း မထုတ်ပြန်ပေ။

 


မန်မာ့ ပဲမျိုးစုံကဏ္ဍ အပြောင်းအလဲကို အမိဖမ်းဖို့လို

( 25 July 2013 ရက်စွဲပါ Bangkok Post မှ Harvest of Change ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်ခေတ်က ပဲမျိုးစုံနှင့် ပတ်သက်၍ ပုဂ္ဂလိက ရောင်းဝယ်ခြင်းများကို သေဒဏ်ဟု ခြိမ်းခြောက် ထားခြင်းကြောင့် မ၀ံ့မရဲုဖြစ်ခဲ့ကြရပါသည်။

“အစိုးရက သူတို့ကို မရောင်းရင် သေဒဏ်ပေးမယ်လို့ ပဲစိုက်တဲ့တောင်သူ တွေကို ပြောပါတယ်” ဟု မြန်မာနိုင်ငံ ပဲ ၊ နှမ်း ကုန်သည်များအသင်း အလုပ်အမှုဆောင် ဦးမြင့်ဇော်က ပြောပါသည်။

ဦးနေ၀င်းလက်ထက် 1962 မှ 1988 အထိ ကောက်ပဲသီးနှံ နိုင်ငံခြားသို့ တင်ပို့ခြင်းကို အစိုးရကသာ တစ်ဦးတည်း ချုပ်ကိုင်ထားပြီး မြန်မာ့ လယ်ယာထွက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းကသာ လုပ်ကိုင်ခဲ့ပါသည်။

“အဲဒီတုန်းက ပဲကို မှောင်ခိုရောင်းဝယ်လို့ အရေးယူခံရတဲ့သူ မရှိခဲ့ဘူး ထင်တာပဲ” ဟု ဦးမြင့်ဇော်က ပြောပါသည်။

ထိုစဉ်ကတည်းက ပဲမျိုးစုံ နိုင်ငံခြားတင်ပို့ခြင်းမှ ရရှိလာသော နိုင်ငံခြားဝင်ငွေသည် သစ် တင်ပို့ခြင်းမှ ရသော ၀င်ငွေ နောက်တွင် ဒုတိယ အများဆုံးရှိခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ်ပြီးနောက် ပဲမျိုးစုံကို ပုဂ္ဂလိက ရောင်းဝယ်ခွင့် ဖွံ့ဖြိုးလာခဲ့ပါသည်။ စစ်အစိုးရ လက်ထက် 1988 မှ 2010 ထိ ပဲမျိုးစုံနှင့် ပတ်သက်၍ အရောင်းအ၀ယ်မှာလူထုကြားတွင် တုံ့ပြန်လွယ်သည့် ဆန်စပါး လောက် ကန့်သတ်မှုများ မကြုံခဲ့ရပေ။

2000 ပြည့်နှစ်ခန့်တွင် ပုဂ္ဂလိက စီမံခန့်ခွဲမှုအောက်တွင် မြန်မာနိုင်ငံ၏ ပဲမျိုးစုံ ထုတ်လုပ်ရေးသည် ကမ္ဘာပေါ်၌ အိန္ဒိယ၏ နောက်တွင် ဒုတိယ လိုက်နိုင်ခဲ့ပါသည်။

သို့သော် ပဲသည် တိုင်းပြည်၏ အဓိက အာဟာရ မဟုတ်ပေ။ ပဲ စိုက်ပျိုးမှုကို ကိုလိုနီခေတ်က တင်သွင်း လာခြင်းဖြစ်ပါသည်။

“ကိုလိုနီခေတ်တုန်းက ဗြိတိသျှ အစိုးရဟာ အိန္ဒိယ လယ်သမားတွေကို မြန်မာနိုင်ငံကို ခေါ်လာပါတယ်။ ပြီးတော့ ပဲမျိုးစေ့တွေ တင်သွင်းလာပြီး အိန္ဒိယနိုင်ငံမှာ စားဖို့ ပဲတွေ မြန်မာနိုင်ငံမှာ စိုက်ခိုင်းပါတယ်” ဟု ပဲတင်ပို့သည့် သိန်းရာဇာ ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးမြင့်ဦးက ပြောပါသည်။

1948 ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသောအခါ အိန္ဒိယလူမျိုး အတော်များများ ပြန်သွားကြပြီး ၊ 1962 ခုနှစ် ဦးနေ၀င်း အာဏာသိမ်းပြီးသောအခါ မောင်းထုတ်သကဲ့သို့ ဖြစ်၍ ထွက်ပြေးကြရပြန်ပါသည်။ သို့သော် ပဲစိုက်ပျိုးမှုမှာ ဆက်လက် ရှင်သန်ခဲ့ပြီး  ပြည်တွင်း စားသုံရန်မှ ပို့ကုန်အဖြစ် တင်ပို့ခဲ့ပါသည်။

မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသော ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ပဲမျိုးစုံ တန်ချိန် ၁.၄ သန်း တင်ပို့ခဲ့ပြီး ၊ ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိခဲ့ပါသည်။ အဆိုပါဝင်ငွေမှာ သဘာဝဓါတ်ငွေ့ တင်ပို့ရာမှ ရရှိသော ၀င်ငွေဒေါ်လာ ၃.၇ ဘီလီယံ နောက်တွင် ဒုတိယ ရပ်တည်ကြောင်း ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာန၏ ကိန်းဂဏန်း များအရ သိရှိရပါသည်။

ခန့်မှန်းခြေ ပဲတင်ပို့ခြင်း၏ 80% မှ 85% မှာ အိန္ဒိယနိုင်ငံသို့ ဖြစ်ပြီး ပဲကို မြန်မာနိုင်ငံတွင် အနည်းငယ်သာ စားသုံးကြပါသည်။

“ပြည်တွင်းမှာ စားသုံးခြင်း မရှိသော ကောက်ပဲသီးနှံ တစ်ခုကို လယ်သမားတွေရဲ့ ရာခိုင်နှုန်း အတော်များများ စိုက်နေကြတဲ့ မြန်မာနိုင်ငံကို တစ်ခုတည်းသော ဥပမာအဖြစ် ပြရမှာပါပဲ” ဟု ဘန်ကောက်ရှိ ကုလသမဂ္ဂ FAO မှ အကြီးတန်း စီးပွားရေးပညာရှင် David Dawe က ပြောကြားခဲ့ပါသည်။

ပဲမျိုးစုံ ရောင်းဝယ်ရေးကဏ္ဍသည် ဆက်လက် အောင်မြင်နေသောကြောင့် 1992 ခုနှစ်တွင် ရန်ကုန်မြောက်ပိုင်းတွင် ကုန်စည်ဒိုင်တစ်ခု (Commodity Exchange Centre)  ဖြစ်ပေါ်လာခဲ့ပါသည်။

မြန်မာကုန်သည်များသည် ရုံးဖွင့်ရက်များတွင် နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ကုန်စည်ဒိုင်တွင် စုဝေးကြပါသည်။ အဓိကမှာ အိန္ဒိယ ၀ယ်လက်များနှင့် ချိတ်ဆက်ရန် ဖြစ်ပါသည်။ အိန္ဒိယ ၀ယ်လက်များမှာ ကုန်စည်ဒိုင်တွင် တိုက်ရိုက် ပါဝင်ခွင့်မရှိပေ။

ပဲမျိုးစုံ တင်ပို့သည့် ဈေးကွက်တွင် လူကြိုက် အများဆုံး အမျိုးအစားများမှာ မတ်ပဲ ၊ ပဲတီစိမ်း၊ ကုလားပဲ စသည်တို့ ဖြစ်ပါသည်။

2010 အပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး အရ ပြုပြင်ပြောင်းလဲမှုများ ရှိသော်လည်း ယမန်နှစ်က ပဲမျိုးစုံကဏ္ဍမှာ ကျဆင်းခဲ့ပါသည်။

2012 မတ်လ ကုန်ဆုံးသည့် ဘဏ္ဍာနှစ်ထက် စာလျှင် ပြီးခဲ့သည့်နှစ်က ပဲတင်ပို့မှု အနည်းငယ် ကျဆင်းခဲ့ပါသည်။ 2012 မတ်လ ကုန်ဆုံးသည့် ဘဏ္ဍာနှစ်က တန်ချိန် ၁.၄၅ သန်း တင်ပို့နိုင်ခဲ့ပြီး ၀င်ငွေ ဒေါ်လာ ၁.၁ ဘီလီယံ ရရှိခဲ့ပါသည်။

အိန္ဒိယ၀ယ်လက်များအတွက် မြန်မာနိုင်ငံ အပြင် သြစတြေးလျနှင့် ကနေဒါတို့မှ တင်ပို့သူများ အပြိုင်အဆိုင် ပေါ်ထွက်လာခဲ့သောကြောင့် ဖြစ်ပါသည်။ အဆိုပါ နိုင်ငံများတွင် စက်မှုလယ်ယာ စနစ် ကြီးစွာ ထွန်းကားပြီး ထိရောက်သည့် သယ်ယူပို့ဆောင်ရေး စနစ်ရှိသောကြောင့် မြန်မာနိုင်ငံသည် အိန္ဒိယသို့ ပဲ အများဆုံး တင်ပို့သော နိုင်ငံအဖြစ်မှ တတိယ နေရာသို့  ဆင်းပေးခဲ့ရပါသည်။

မြန်မာနိုင်ငံတွင် အလုပ်သမား စရိတ် သက်သာသော်လည်း အခြား ထုတ်လုပ်မှုနှင့် လည်ပတ်မှု စရိတ်များမှ မြင့်မားပါသည်။

“မြန်မာနိုင်ငံ မလေးရှားကို ပို့တဲ့ သင်္ဘောခဟာ မြန်မာနိုင်ငံမှာ လယ်ကွင်းကနေ ဆိပ်ကမ်းကို ပို့တဲ့ ပြည်တွင်း သယ်ယူပို့ဆောင် စရိတ်ထက် အများကြီး နည်းပါတယ်” ဟု ဦးမြင့်ဇော်က ပြောပါသည်။

အိုမင်း ဟောင်းနွမ်းနေသည့် ဆိပ်ကမ်းကလည်း နောက်ထပ် ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရမည့် ကိစ္စတစ်ခု ဖြစ်ပါသည်။ “ရန်ကုန် ဆိပ်ကမ်းကို ဗြိတိသျှ အစိုးရက ဆောက်ခဲ့တာပါ။ အဲဒီကတည်းက မြန်မာနိုင်ငံမှာ နောက်ထပ် ဆိပ်ကမ်း အသစ်မရှိပါဘူး” ဟု ၎င်းက ပြောပါသည်။

“နောက်ထပ် ပြဿနာတစ်ခုကတော့ ငွေကြေး လဲလှယ်မှုနှုန်း အတက်အကျ များလွန်းတာပါ။ အိန္ဒိယ ရူပီးရော မြန်မာ ကျပ်ငွေရော အတူတူပါပဲ” ဟု Kyaw Eleven ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တ ဦးကျော်အောင်က ဆိုပါသည်။ “၀ယ်လက်အများစုက ငွေလဲလှယ်မှုနှုန်းကို စွန့်စားမှု မပြုလိုကြတဲ့အတွက် မ၀ယ်ကြတော့ပါဘူး” ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင် ငွေလဲလှယ်မှုနှုန်းကို ဆယ်စုနှစ်များစွာ အသေထားခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်က အတက်အကျ ပြုလုပ်ရန် ခွင့်ပေးခဲ့ပါသည်။ သို့သော် အိန္ဒိယနိုင်ငံမှ ၀ယ်ယူမှု ကျဆင်းရခြင်းအတွက် အဓိက အကြောင်းမှာ သဘာဝ ဟုပင် ဆိုရမည်ဖြစ်ပါသည်။

“ဒါက ရာသီဥတု အပေါ်မှာလည်း မူတည်ပါတယ်။ မိုးရာသီ အကုန်မှာ ဆိုင်ကလုန်း မုန်တိုင်းရှိခဲ့ပြီဆိုရင် လယ်ကွင်းတွေ ရေလျှံတော့ ပဲတွေ ပျက်စီးပါတယ်။ ဒါပေမယ့် ရာသီဥတု ကောင်းရင် ၊ သီးနှံအထွက်နှုန်းလည်း ကောင်းပါ တယ်။ ဒါဆိုရင် သူတို့က ကျွန်တော်တို့ဆီက လျော့ပြီး ၀ယ်တော့တာပဲ” ဟု ဦးမြင့်ဇော်က ဆိုပါသည်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်အမြင် ပြောရရင်  အခြေခံဥပဒေပြင်တာ လွှတ်တော်ကလုပ်ရမှာ၊ အခြေခံဥပဒေပြင်တဲ့အခါမှာ လွှတ်တော် တစ်ခု တည်းနဲ့ မသက်ဆိုင်ဘူး။ ပြည်သူတွေ၊ တိုင်းရင်းသားတွေအားလုံးနဲ့ သက်ဆိုင်တယ်။ ပြည်သူတွေ၊ တိုင်းရင်းသားတွေ အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးပြီး အကြံဥာဏ်ယူပြီး စသင့်တယ်၊ သူတို့ချည်းပဲ ဆုံးဖြတ်ရင် မမှန်လောက်ဘူး၊ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ဖို့အတွက် အခြေခံဥပဒေကို ပြင်ဆင်တာဖြစ်မှာ စိုးတယ်၊  လူထုတွေ၊ တိုင်းရင်းသား တွေရဲ့ သဘောထား တွေကို မေးမြန်းဖို့ လိုတယ်”                   

၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထုတ်   News Watch ဂျာနယ် အတွဲ(၈) အမှတ် (၈) တွင်ပါရှိသော “ဒေါ်အောင်ဆန်း စုကြည်အား အခြေခံသော ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ရှမ်းအမျိုးသားဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းညွှန့် လွင်မှဆို” သတင်းမှ  ရှမ်းအမျိုးသားဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းညွှန့်လွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ကေအင်န်ယူပဲဖြစ်ဖြစ် စစ်တပ်ပဲဖြစ်ဖြစ် ဒီလိုမျိုးလက်မှတ်ထိုးတာကို အားပေး တယ်။ သဘောကျတယ်။ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ မဆိုပေါ့။ ကေအင်န်ယူမှရယ် မဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့ဆိုရင် ဒီလိုလုပ်ရတာက အကောင်းဆုံးပါပဲ။ ဒီစာချုပ်မှာ ပါဝင်သဘောတူထားတာကြောင့် ကျွန်တော်တို့တိုင်းပြည်က ကလေးတွေ၊ အမျိုးသမီးတွေအတွက် အရမ်းကိုကောင်းပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက ဒီစာချုပ်ထဲမှာ ပါဝင် လက်မှတ် ရေးထိုးသင့်ပါတယ်။ ဒါကပိုပြီး ကောင်းတယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ုပြန် ဆောင်ရွက်ဖို့လည်း လိုအပ် ပါတယ်။ ကျန်လက်နက်ကိုင် အဖွဲ့တွေလည်း နမူနာယူပြီး လိုက်နာသင့်တယ်လို့ မြင်တယ်”

၂၀၁၃ ခုနှစ် ဇူလိုင်လ  ၂၆ ရက်နေ့  စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာ အတွဲ(၁) အမှတ်(၁၀၄)တွင်ပါရှိသော “ကေအင်န်ယူနှင့် ဂျီနီဗာအခြေစိုက် ဂျီနီဗာကော(လ်) ကလေးသူငယ်အကြမ်းဖက်မှု တားဆီးရေးစာချွန်လွှာ လက်မှတ် ထိုး” သတင်းမှ ကရင်လူငယ်ကွန်ရက်မှ အဖွဲ့ဝင် ကိုစောထွန်းထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဒီကိစ္စတွေကို ဒီမိုကရေစီအစိုးရလက်ထက်မှာ မလုပ်သင့်တော့ဘူး။ ဆိုလိုတာက နိုင်ငံသားအားလုံးဟာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို သွားနေတဲ့အချိန်ဖြစ်တယ်။ အဲဒီလိုသွားနေတဲ့အချိန်မှာ ဒီလိုအကြောက်တရားတွေ ဝင်လာအောင် လုပ်လိုက် ခြင်းဖြင့် နိုင်ငံသားတွေ ပြုပြင်ပြောင်းလဲရေးကိစ္စမှာ ပါဝင်မလာအောင် ခြောက်လှန့်သလို ဖြစ်နေတယ်”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ်    Mizzima  နေ့စဉ်ထုတ်သတင်းစာ အတွဲ (၁) အမှတ် (၄၆) တွင် ပါရှိသော “နိုင်ငံရေးလှုပ်ရှားသူများကို ဆက်ဖမ်းနေခြင်းသည် ပြုပြင်ပြောင်းလဲရေးကို အတားအဆီး ဖြစ်စေသည် ဟုဆို”သတင်းမှ  ရှေ့နေကိုအောင်သူရိန်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“လယ်သမားများနှင့် သာမန်ပြည်သူများကိုယ်စား ကျွန်တော်တို့ စကားပြောရာမှာ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုများကို ဖော်ပြသင့်တယ်။ လွှတ်တော်မှာ ဒီလိုစကားတွေ ပိတ်ပင်သင့်တယ်လို့ ကျွန်တော် မထင်ဘူး။ ကျွန်တော် တို့ရဲ့ စိတ်ထဲမှာ ရှိတာတွေ ပြောဆိုဖို့ အခွင့်အရေးရှိသင့်တယ်။ မြေသိမ်းယူမှုဟာ မြေသိမ်းယူတာပဲ။ ဒီအတွက် အခြားစကား လုံးမရှိဘူး။ တရားမမျှတမှုဟာ တရားမမျှတာပဲ။ ဒီအတွက် အခြားစကားလုံးမရှိဘူး”

၂၀၁၃ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့ထုတ် News Watch ဂျာနယ်အတွဲ(၈)အမှတ်(၈)တွင်ပါရှိသော “လွှတ်တော်တွင် စစ်တပ် အပေါ်ဝေဖန်မှု မပိတ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးပြောကြား” သတင်းမှ  ရခိုင် အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ မြေပုံမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်း၏  ပြောကြားချက်အား ကောက်နှုတ် ချက်။

 


“ဒီစာချုပ်ကိစ္စမှာ ဘာတွေပါတယ်။ ဘယ်လို့တွေ ချုပ်ဆိုထားတယ်ဆိုတာလည်း ဒေသခံတွေအနေနဲ့ မသိရသေးဘူး။ ဒီစာချုပ် မချုပ်ခင်မှာ ဒီဒေသမှာ ရှိတဲ့သူတွေကို အရင်ရှင်းပြရမယ်။ ဒေသက လူတွေနားလည်လက်ခံလာပြီဆိုတော့မှ စာချုပ်ကို တရားဝင်ချုပ်ပြီး ပြည်သူကို ချပြရမယ်။ ခုဟာက နည်းနည်းလွဲနေတယ်”

၂၀၁၃ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ်  7 Day Daily နေ့စဉ်ထုတ်သတင်းစာ အမှတ် (၉၃)တွင်ပါရှိသော “ကြေးနီ စီမံကိန်း စာချုပ်သစ် ဒေသခံများအား ချပြပြီးမှသာ ပြန်ချုပ်သင့်ဟု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်ပြော” သတင်း မှ လက်ပံတောင်း တောင် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ၏  ပြောကြားချက်အား ကောက်နှုတ်ချက်။

 


 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive