Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1.  ထားဝယ်စီမံကိန်းအတွက် အီတာလျံထိုင်းနှင့် Rogana လက်တွဲ

(Bangkok Post မှ 26 July 2013 ရက်စွဲပါ “Rogana joins ITD foe Dawei”သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာဒုက္ခသည်များ အိမ်ပြန်ရန် မလိုလားကြ

(The Jakarta Globe မှ23 July 2013 ရက်စွဲပါ “Burmese refugees Hesitant to return to Myanmar :NGO ”သတင်း ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍတံခါးဖွင့်ထားသော်လည်း ရင်နှီးမြှပ်နှံမှုများအတွက် မမြင်ရသောထောင်ချောက်များ ရှိနေ ဆဲ

(27 July 2013 ရက်စွဲပါ The Christian Science Monitor မှ Josyoh J. Schatz ရေးသားသော Myanmar opens doors to Big Oil , but investment pitfalls still lurk ကိုဘာသာပြန်ပါသည်)


ထားဝယ်စီမံကိန်းအတွက် အီတာလျံထိုင်းနှင့် Rogana လက်တွဲ

(Bangkok Post မှ 26 July 2013 ရက်စွဲပါ “Rogana joins ITD foe Dawei”သတင်းကိုဘာသာပြန်ဆိုသည်)

ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Rogana Industrial Park PLC ကုမ္ပဏီသည် နာမည်ကျော် အီတာလျံထိုင်း ကုမ္ပဏီနှင့်အတူ မြန်မာနိုင်ငံတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းကို လက်တွဲလုပ်ကိုင်ရန် သဘောတူလိုက် ပြီဖြစ်သည်။

စက်မှုဇုန်အတွက် တာဝန်ယူမည့် သီးသန့် ကုမ္ပဏီ(SPV)၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို Rogana ကရရှိမည်ပာု ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီဘုတ်အဖွဲ့ဥက္ကဋ္ဌ၏ အကြီးတန်းအကြံပေး ကီဝါမူပွာန်ဒါက ပြောကြားသည်။

ထားဝယ်စီမံကိန်းကို ၇၅ နှစ်လုပ်ကိုင်ခွင့်ရရှိထားသော အီတာလျံထိုင်းကုမ္ပဏီက ကျန်ရှယ်ယာကို ပိုင်ဆိုင်မည် ဖြစ်ပြီး အခြေခံအဆောက်အဦးစနစ်များ စီမံခန့်ခွဲရန် သီးခြားကုမ္ပဏီ(SPV) ၇ ခုခန့်ဖွဲ့စည်းရမည်ပာု ၎င်းကဆိုပါသည်။

ထားဝယ်စီမံကိန်းတွင် ဆိပ်ကမ်း၊ နယ်စပ်ဖြတ်ကူးဆက်ကြောင်း၊ ဓာတ်အားပေးစက်ရုံ၊ ရေဖြန့်ဖြူးမှုစနစ်၊ စက်မှုဇုန် တယ်လီကွမ်းဆက်သွယ်ရေးစနစ်စသော အဓိကအပိုင်း ၆ ပိုင်းပါဝင်သည်။

ဧရိယာမိုင် ၂၀၀,၀၀၀ ကျယ်ဝန်းသောထားဝယ်စီမံကိန်းသည် မြန်မာနိုင်ငံမှ အထူးစီးပွားရေးဇုန် ၃ ခုအနက်မှ တစ်ခုဖြစ်ပြီး အခြားစီးပွားရေးဇုန်နှစ်ခုမှာ သီလဝါနှင့် ကျောက်ဖြူတို့ဖြစ်သည်။

ထားဝယ်စီမံကိန်းသည် ဆိပ်ကမ်းအပါအဝင် ပထမအဆင့် အခြေခံအဆောက်အဦးစနစ်များအတွက် ဒေါ်လာ ၈.၅ ဘီလီယံလိုအပ်ပြီး၊ သံမဏိစက်ရုံများ၊ ရေနံဓာတုစက်ရုံများ စသဖြင့် အကြီးစားစီမံကိန်းများ ပါဝင်လာပါက ဒေါ်လာ ၅၀ ဘီလီယံအထိကုန်ကျမည်ပာု သိရှိရသည်။

လက်ရှိတွင် ကန်ဦးလမ်းဖောက်လုပ်မှုပြီးစီးကာ ဆိပ်ကမ်းအသေးတစ်ခုပြီးစီးလုနီးပြီပာု မစ္စတာပွာန်ဒါက ပြောကြား သည်။

Rogana ကုမ္ပဏီသည် ရန်ကုန်မြို့အနီးတွင် စက်မှုဇုန်ထူထောင်ရန် လွန်ခဲ့သော ၁၀ နှစ်ခန့်က ကြိုးစားခဲ့ဖူး သော်လည်း တပ်မတော်အစိုးရလက်ထက် မရေရာသောအနေအထားတို့ကြောင့် အကောင်အထည်မပေါ်ခဲ့ပေ။

လောလောဆယ်တွင် Rogana ကုမ္ပဏီသည် ထိုင်းနိုင်ငံ အယုဒ္ဓယနှင့် ရနောင်းတွင် စက်မှုဇုန်ထူထောင် လုပ်ကိုင် လျက်ရှိပြီး၊ ပရာချင်ဘူရီတွင် မိုင် ၄၀၀၀ ကျယ်ဝန်းသော စက်မှုဇုန်ကို တည်ဆောက်ရန် ဘတ်ငွေ ၄ ဘီလီယံ သုံးစွဲမည်ပာု မနှစ်ကကြေညာထားသည်။

Rogana အမှုဆောင်ဥက္ကဋ္ဌက “အခု မြန်မာနိုင်ငံမှာ တံခါးဖွင့်ပြောင်းလဲနေချိန်ဆိုတော့ ကျွန်တော်တို့အတွက် ပိုပြီးအဆင်ပြေပါတယ်။ မြန်မာနိုင်ငံကို နောက်ထပ်ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ဒီနိုင်ငံအကြောင်း ကောင်းကောင်းသိ တဲ့ ပါတနာကို ကျွန်တော်တို့ရှာဖွေသွားမှာပါ”ပာု ပြောကြားသည်။

မနေ့က စတော့အိတ်ချိန်း စာရင်းပိတ်ချိန်တွင် Rogana ရှယ်ယာတစ်ယူနစ်လျှင် ၈.၇ ဘတ်၊ အီတာလျံထိုင်း ရှယ်ယာတစ်ယူနစ်လျှင် ၅.၁ ဘတ်နှုန်းဖြင့် အသီးသီးဈေးနှုန်းပေါက်ခဲ့သည်ပာု သိရှိရသည်။


 

မြန်မာဒုက္ခသည်များ အိမ်ပြန်ရန် မလိုလားကြ

(The Jakarta Globe မှ23 July 2013 ရက်စွဲပါ “Burmese refugees Hesitant to return to Myanmar :NGO ”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များအား လတ်တလောပြုလုပ်နေသည့် ဆာဗေးစစ်တမ်းသည် အရေအတွက် များစွာ ပြန်ပို့ရေးကိစ္စတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်နေသည်။

“အဓိကကတော့ ဒုက္ခသည်စခန်းမှာနေထိုင်ပြီး နောက်ပိုင်း အနာဂါတ်နဲ့ ပတ်သက်လို့ ဒုက္ခသည်တွေရဲ့ သဘောထားကို သိရှိနိုင်ဖို့ ဖြစ်ပါတယ်”ဟု UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ Viven Tan က IRIN သတင်းဌာနသို့ ပြောကြား သည်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် လုက်ကိုင်နေသော NGO အုပ်စုများ ညွန့်ပေါင်းအဖွဲ့ TBC ၏ အစိုးရနယ်စပ် တစ်လျှောက် ထိုင်းအစိုးရဖွင့်လှစ်ထားသော ဒုက္ခသည်စခန်း ၉ ခုတွင်ခိုလှုံနေသော ဒုက္ခသည် ၁၃၀၀၀၀ နီးပါးရှိနေပြီဟု သိရသည်။

ဇွန်လလယ်မှစတင်ကာ ဇူလိုင်လအလယ်တွင် ပြီးစီးခဲ့သောဆာဗေး၌ ပါဝင်သည့် မဲဆောက်အနီးမှ မယ်လစခန်း တွင် ဒုက္ခသည် အိမ်ထောင်စုပေါင်း ၆၀၀၀ ကျော် နေထိုင်သည်ဟုဆိုသည်။

ဆာဗေးပြုလုပ်ရာတွင် ဆန္ဒအလျောက် ပြန်မလား၊ တတိယနိုင်ငံတွင် အခြေစိုက်မလား၊ ထိုင်းနိုင်ငံတွင် နေချင်သ လား စသည်တို့ကို မေးမြန်းခဲ့ပြီး၊ ဒုက္ခသည်များ၏ ဇာတိ၊ မိသားစုဦးရေ၊ ပညာရေးအဆင့်၊ တတ်မြောက်ထားသော အလုပ် အကိုင်ကျွမ်းကျင်မှု စသည့်အချက်အလက်များလည်း ပါဝင်သည်။

UNHCR က ရန်ပုံငွေ ထုတ်ပေးကာ ထိုင်း NGO မယ်ဖာလန် ဖောင်ဒေးရှင်းဝန်ထမ်း ၁၀၀ ဖြင့်ပြုလုပ်ခဲ့သော ဆာဗေး၏ နောက်ဆုံးရလဒ် အစီရင်ခံစာများကို လာမည့်သတင်းပတ်များအတွင်း ထုတ်ပြန်နိုင်မည်ဟု သိရသည်။

ကရင်ဒုက္ခသည် ကော်မတီ ဒုတိယဥက္ကဋ္ဌ စောဂျော့က “မြန်မာနိုင်ငံထဲမှာ အခြေအနေက ရှုပ်ထွေးနေတုန်း ပါ။ လူတွေက ပြန်ရမှာကို စိုးရိမ်နေကြတယ်။ အများစုက မပြန်ချင်ကြသေးဘူး” ဟုရှင်းလင်းပြောကြားသည်။

UNHCR ပြောရေးဆိုခွင့်ရှိသူ Viven Tan က ဒုက္ခသည်များကို ပြန်ပို့ရန် ခိုင်ခိုင်မာမာ အစီအစဉ်မရှိသေးကြောင်း၊ သို့သော် ဆာဗေးရလဒ်များက ကယ်ဆယ်ရေး အေဂျင်စီများ ကြိုတင်ပြင်ဆင်မှု ကို ထောက်အကူပြုကြောင်း ပြောကြား ပါသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပမည့် ၂၀၁၅ တွင် ဒုက္ခသည်များပြန်ပို့သည့် အစီအစဉ် အကောင်အ ထည်ပေါ်နိုင် သည်ဟု ပြည်တွင်းမီဒီယာများက ခန့်မှန်းကြသည်။

ဒုက္ခသည်များက မလိုလားကြ

ဒုက္ခသည် အများစုက ဆာဗေးကို ဖြေကြားရန် မလိုလားကြပေ။ ၎င်းတို့က မူလရွေးချယ်ထားသည့် အတိုင်း ဖက်တွယ် ထားသင့်သည်ဟု ယုံကြည်နေကြသည်။

“သူတို့ရဲ့အဖြေတွေနဲ့ သူတို့ကိုပြန်ပြီး မချည်တုတ်ဘူးဆိုတာကို အသိပေးဖို့ ကျွန်တော်တို့ ကြိုးစားရပါတယ်။ ဒီလိုပဲ သူတို့ ရွေးချယ်တဲ့အတိုင်း ဖြစ်ရမယ်လို့လည်း ကျွန်တော်တို့ ကတိမပေးနိုင်ပါဘူး”ဟု Viven Tan ကဆိုပါသည်။

ဒုက္ခသည် ၄၆၀၀၀ နေထိုင်သော အကြီးဆုံး မယ်လစခန်းအပြင် နောက်ထပ် ဆာဗေးပြုလုပ်ရန် ဆုံးဖြတ်ထားခြင်း မရှိသေးဟု UNHCR ကပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ နောက်ပိုင်းပြုပြင်ပြောင်းလဲမှုများနှင့် အပစ်ရပ်စဲမှုများကြောင့် ဒုက္ခသည်များ ပြန်ပို့ရေး အစီအစဉ်များ အစပျိုးလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒုက္ခသည်များ တစ်ချိန်က နေထိုင်ခဲ့သော ဇာတိရပ်ရွာများတွင် လုံခြုံရေးနှင့် အခြေခံအဆောက်အဦး ပြဿနာများ ရှိနေသည်။ အိမ်အပြန်လမ်းတွင် မြေမြှုပ်မိုင်းများ၊ မြေအငြင်းပွားမှုများ၊ အစိုးရ၏ အာမခံချက်မပေးနိုင်မှုများက အတားအဆီးဖြစ်နေသည်ဟု Tan ကဆိုပါသည်။

ဒုက္ခသည်များ ပြန်ပို့ရေးကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရတာဝန်ရှိသူများ၊ ကရင်ခေါင်းဆောင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ ယခုနှစ်အတွင်း ကနဦးဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တိကျသော အသေးစိတ် အစီအစဉ်များ ထွက်ပေါ်လာခြင်းမရှိဟု စောဂျော့က ပြောကြားသည်။

“ကျွန်တော်တို့ အတူတကွ မလုပ်ကိုင်ခင်မှာ အပြန်အလှန်လေးစားမှု၊ နားလည်မှုတွေ ရှိဖို့လိုပါတယ်”ဟု ၎င်းကဆိုသည်။

ထိုအတောအတွင်း ထိုင်းအစိုးရ တာဝန်ရှိသူများက ဒုက္ခသည်စခန်းများကို ပိတ်ရန်အလျင်လို လောဆော်ခြင်း မရှိပါဟု မကြာခဏ ကတိပေး အာမခံထားကြသည်။ မည်သို့ပင် ကတိပေးစေကာမူ နယ်စပ်ဖြတ်၍ နောက်ထပ် မထိန်းနိုင် မသိမ်းနိုင် ဝင်မလာအောင် တားဆီးရာတွင် အဆက်မပြတ် ပြန်ပို့ခြင်းသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ပေလိမ့်မည်။

“သဘောတရားအရဆိုရင်တော့ ဒုက္ခသည်တွေရဲ့ ဆန္ဒအပေါ်မှာ လုံးဝမူတည်သင့်တာပေါ့”ဟု UNHCR တာဝန်ရှိ သူက ဆိုပါသည်။


မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍတံခါးဖွင့်ထားသော်လည်း ရင်နှီးမြှပ်နှံမှုများအတွက် မမြင်ရသောထောင်ချောက်များ ရှိနေ ဆဲ

(27 July 2013 ရက်စွဲပါ The Christian Science Monitor မှ Josyoh J. Schatz ရေးသားသော Myanmar opens doors to Big Oil , but investment pitfalls still lurk ကိုဘာသာပြန်ပါသည်)

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကပင် လူအခွင့်အရေးအုပ်စုများသည် ဧရာမ ရေနံကုမ္ပဏီများဖြစ်သော Chevron နှင့် Total တို့မှာ မြန်မာစစ်အစိုးရထံမှ ရေနံနှင့် ဓာတ်ငွေ့များဝယ်ပြီး အကူအညီ ပေးသလို ဖြစ်ရကြောင်း စွပ်စွဲခဲ့ကြပါသည်။ ယခုအခါ ဆယ်နှစ်ပေါင်းများစွာ နိုင်ငံရေး အထီးကျန် ပြုမှုပုံများ အဆုံးသတ်သွားပြီး အနောက်နိုင်ငံများ၏ အရေးယူမှု အများစုသည်လည်း ရုတ်သိမ်းသွားပြီး လူဦးရေ  သန်း(၆၀) ရှိသောမြန်မာနိုင်ငံတွင် ရေနံကုမ္ပဏီများ ဘေးကင်းစွာ အလုပ်လုပ်ကိုင်နိုင်ပြီဖြစ်ပါသည်။

                ထိုကြောင့်ပင် ထိပ်တန်းစွမ်းအင်ကုမ္ပဏီများမှ ထိပ်တန်းတာဝန်ရှိသူများသည် လွန်ခဲ့သောလ အနည်း ငယ်ခန့်ကပင် နေပြည်တော်သို့ တိတ်တဆိတ် လမ်းပေါက်နေခဲ့ကြပါသည်။

၎င်းတို့သည် မြန်မာအစိုးရက နိုင်ငံခြားကုမ္ပဏီများ ရေနံနှင့် ဓာတ်ငွေ့ရှာဖွေရေးအတွက် တံခါးဖွင့်ထား သော ကြောင့်  အသစ်စက်စက်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်(၃၀)ကျော်၏ အသေးစိတ်ကို စုံစမ်းလျက်ရှိပါသည်။

ယခုအစောပိုင်းက အစိုးရသည် ကုမ္ပဏီ(၆၀)ကျော်ကို ရွေးထုတ်ခဲ့ရာ ကုမ္ပဏီကြီးများ ဖြစ်သည့် Sheel ၊ ExxonMobil ၊ ConacoPhillips စသည့်ကုမ္ပဏီများပါဝင်သည်။ ၎င်းတို့သည် နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ အောင်မြင်သူများကို ယခုနှစ်ကုန်တွင် ကြေညာမည်ဖြစ်ပါသည်။

ယခု ယှဉ်ပြိုင်မှုသည် အခြေအနေများ လုံးဝပြောင်းလဲသွားခြင်းအတွက် အမှတ်လက္ခဏာဖြစ်ပါသည်။ ဒုတိယကမ္ဘာ စစ်ဖြစ်ပြီးနောက် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင်ကြွယ်ဝလှသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ကိုနိုင်ငံခြား ကုမ္ပဏီ များအတွက် ထုတ်ယူသုံးခွင့်မပြုရန်ကန့်သတ်မှုများပြုလုပ် ထားခဲ့ပါသည်။ မကြာသေးခင်က ဆိုလျှင် အရေးယူမှုများကြောင့် အနောက်နိုင်ငံကုမ္ပဏီများမှာ ဝင်ရောက်ခွင့်မရခဲ့ပေ။

သို့သော် ကုမ္ပဏီများအတွက်ရော မြန်မာပြည်သူများအတွက်ပါ လှည့်စားမှုများလှသော မေးခွန်းများရှိနေပါသည်။ စွမ်းအင်အရင်းအမြစ်များစွာရှိသည့် ရခိုင်ပြည်နယ် မှုဆလင်ရိုဟင်ဂျာများ အပေါ်၌ အကြမ်းဖက်မှုများရှိနေသောကြောင့် ကုမ္ပဏီအချို့ဝင်ရောက်ရေးကို နှောင့်နှေးစေနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ကြီးသည် မှာယွင်း သောစီမံခန့်ခွဲမှုများနှင့် ခရိုနီစနစ်ကြောင့် ပြဿနာများစွာ ဖန်တီးနေသလိုဖြစ်နေပါသည်။

ထိုအပြင် မြန်မာအစိုးရသည် ပြည်တွင်းတွင် စွမ်းအင်လိုအပ်ချက်များကြောင့် ဖိအားများစွာများစွာ ရင်ဆိုင်နေရရာ ၎င်း၏ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ယခင်ကဲ့သို့ လွယ်လွယ်နှင့် ထုတ်ရောင်းမည်ဟု ရိုးရိုးလေး စဉ်းစား၍ မရနိုင်တော့ ပေ။

အတိုင်အခံအုပ်စုတစ်ခုဖြစ်သော KPMG International မှ Satya Ramamurthy ကပြောကြားရာတွင် အစိုးရသစ် သည် လက်တွေ့ကျသော လမ်းကြောင်းကိုသာရေးဆွဲ လိုပုံသာရပြီး ၊ တိုင်းပြည်၏ လက်ရှိလက်တွေ့အခြေအနေကို ထည့်သွင်းစဉ်းစားသည့် ချဉ်းကပ်မှုကို အသုံးပြုလို ပုံရသည်ဟိုဆိုပါသည်။

တချိန်တည်းမှာ နိုင်ငံခြားရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီများသည် အမြတ်ငွေရရှိရေးသာ အဓိကဆိုသည်ကို အသိအမှတ်ပြုသော်လည်း မြန်မာနိုင်ငံအတွက်လည်း ငွေမြိုးမြိုးမြတ်မြတ်ရနိုင်သည့် အလားအလာရှိပါသည်။

မြန်မာနိုင်ငံသည် စွမ်းအင်းဈေးကွက်တွင် အစိမ်းသက်သက်တော့မဟုတ်ပေ။ ဝီတိုရိယ ဘုရင်မကြီး လက်ထက် ၁၈၀၀ခုနှစ်များနှောင်ပိုင်းက စကော့တလန်မှ ရေနံကုမ္ပဏီများသည် မြန်မာနိုင်ငံမှာရေနံကို တင်ပို့ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ အရန်(၁၀)ထရီလီယံကုဗပေရှိကြောင်းဆိုခဲ့ပြီး ကမ္ဘာအနှံ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချသော နိုင်ငံများတွင် အဆင့်(၃၆) တွင်ရှိကာ အများစုကို အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရောင်းချနေကြောင်း အမေရီကန် Energy Information Administration၏ အဆိုအရသိရှိရပါသည်။ မြန်မာနိုင်ငံတွင် ရေနံစိမ်းအရန် စည်းပေါင်းသန်း ၅၀ရှိသည်ဟုဆိုပါသည်။ ရေနံနှင့် သဘာဓာတ်ငွေ့ထုတ်လုပ်ခွင့်ရသောကုမ္ပဏီများသည် နိုင်ငံပိုင်မြန်မာ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းထုတ်လုပ်မှု မျှဝေခံစားရေး သဘောတူညီချက် ချုပ်ဆိုရန်လိုအပ်ပါသည်။ အစိုးရအေဂျင်စီ၏ ဆိုးရွားသော နာမည်ဆိုးကြောင့် အစိုးရ၏ သယံဇာတ အုပ်ချုပ်မှုအဆင့်သည် အောက်ဆုံးတွင်ရှိနေစေသည်ဟု နယူးယောက်အခြေစိုက် Revenue Watch Initiative၏ မေလအစီရင်ခံစာတွင် ဖောင်ပြထားပါသည်။

မြန်မာအစိုးရသည် နော်ဝေအခြေစိုက် Extractive Industries Transparency Initiative သို့ဝင်ရောက်ရန် ကတိပြုထားပြီး ဖြစ်ပါသည်။ ၎င်းမှာ နိုင်ငံအများစုက လိုက်နာရန်သဘောတူထားသော  နိုင်ငံတကာပွင့်လင်းမြင်သာ သတ်မှတ်ချက်များဖြစ်ပါသည်။ အမေရီကန် နိုင်ငံခြားရေးဌာန ကလည်းအဆိုပါ မြန်မာအစိုးရအေဂျင်စီကို ခေတ်မှီအောင် ပြုလုပ်ရေးအတွက် ကူညီရန် ကတိပြုထားပါသည်။

ရွှေသဘာဝဓတ်ငွေ့လှုပ်ရှားသည့် အဖွဲ့က ပြီးခဲ့သည့်အပတ်ကထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာဥပဒေများ သည် ဒေသခံအသိုင်းအဝိုင်းများကို အကာအကွယ်မပေးသည့် အတွက် ဥပဒေများ ပြုပြင်ပြောင်းလဲရေး လုပ်ပြီးသည်အထိ စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုများ ရပ်တန့်ထားရန် သတိပေးခဲ့ပါသည်။ ရွှေသဘာဝဓတ်ငွေ့လှုပ်ရှားသည့် အဖွဲ့မှာ ပြီးစီးသွားသည့် တရုတ်ပိုက်လိုင်းက ဆန့်ကျင်သည့် တက်ကြွသူများ စုပေါင်းထားသည့် အဖွဲ့ဖြစ်သည်။

KPMG မှ Mr. Ramamurthy ကပြောကြားရာတွင် ကုမ္ပဏီများသည် ၎င်းတို့ရင်းနှီးမြှပ်နှံမှုများ အကာအကွယ် ရှိနိုင်ခြင်း ရှိ၊မရှိ၊ ပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားရမှုနှင့် ဒေသခံများပြောင်းရွေ့ခိုင်း ရမည့် အလားအလာများမှာ ဝန်ထုတ်ဝန်ပိုး ဖြစ်နေမည်ဆိုပါသည်။ “ ကျွန်တော်ထင်တာတော့ ရင်နှီးမြှပ်နှံသူတွေရဲ့ စိတ်ထဲမှာ အဲဒါတွေဝန်ထုတ်ဝန်ပိုး ဖြစ်နေတယ်လို့ထင်ပါတယ် “ ဟု၎င်းက နေပြည်တော်သို့ရောက်စဉ်ပြောကြားခဲ့ပါသည်။

နောက်ထပ် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ပက်သက်၍ ကြီးမားသော ကြုံတွေ့ရသည့် အရာမှာ အလုပ်အကိုင် ရရှိရေးဖြစ်ပြီး၊ ယခုထိ မသဲမကွဲရှိနေဆဲဖြစ်ပါသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လတွင်ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် သယံဇာတ ထုတ်ယူရေးလုပ်ငန်းသည် အလုပ်အကိုင်များများ ဖန်တီးနိုင်မည်ဟု ဆိုထားပါသည်။


        

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဘဏ်တွေမှာအပ်ငွေများလာရင် ငွေကြေးဖောင်းကြွမှုတွေတော့ ကျလာနိုင်တယ်။ ဒါပေမဲ့ စာရင်းသေမှာ အပ်ငွေများ နေရင်တော့ ငွေကြေးလည်ပတ်မှုထဲ မရောက်ရင် ကုန်ပစ္စည်းဝယ်လိုအား နည်းလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေမှာ အနှောင် အယှက်တွေဖြစ်လာနိုင်တယ်”

ဇူလိုင်လ ၂၇ ရက်နေ့ထုတ် 7Day Daily နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဘဏ်များတွင် စာရင်းသေအပ်ငွေ များနေခြင်း စီးပွားရေးအတွက်မကောင်း”သတင်းမှ စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်း၏ ပြောကြားချက်အားကောက် နှုတ်ချက်။


 

“စစ်တပ်ကထွက်ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့ ကလေးတွေအများကြီးရှိတယ်။ သူတို့ကို အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ၊ သင်တန်းတွေ၊ ငွေကြေးထောက်ပံ့မှုတွေ စသဖြင့် ဘယ်လိုထောက်ပံ့၊ ထောက်ပံ့ ဝမ်းသာ စရာပါပဲ။ ဒီလိုစာရင်းကောက်တော့ သူတို့တွေရဲ့ ဆန္ဒတွေ၊ လိုအပ်ချက်တွေ လုပ်ချင်တဲ့ အလုပ်လေးတွေ သိမှပါ”

ဇူလိုင်လ ၂၈ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာတွင် ပါရှိသော “ကလေးစစ်သားများ ပြန်လည် ထူထောင်ရေး အိုင်အယ်လ်အိုစစ်တမ်းကောက်ယူမည်” သတင်းမှ လူအခွင့်အရေးကာကွယ်စောင့် ရှောက်ကာကွယ်ရေးကွန်ရက် (HRWDN)မှ ကိုမြင့်နိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ပုဒ်မ ၁၄၄ ဆိုတာပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ဖြစ်ပါတယ်။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေး ကိစ္စတွေကို လုပ်ကိုင်နိုင်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ဖြစ်ပါတယ်။ ဒီဒေသမှာ လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ကျေးရွာမှာ ရှိတဲ့လူထု မလိုလားအပ်ဘဲ ထိခိုက်မှုတွေ မဖြစ်အောင်၊ လုပ်ငန်းစီမံကိန်း တွေကိုလည်း အကောင်အထည်ဖော်တဲ့နေရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ မရှိအောင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ၁၄၄ ကိုရုတ်သိမ်းလိုက်မယ်ဆိုရင်တော့ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာရော ပြည်သူလူထု ထိခိုက်မှုတွေ ရှိလာနိုင်တယ်။ ဒါ့ကြောင့် လက်ရှိအားဖြင့်တော့ ပုဒ်မ ၁၄၄ ကို ဆက်လက် ထုတ်ပြန်ထားရမယ့် အနေအထား ဖြစ်ပါတယ်”

ဇူလိုင်လ ၂၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကြေးနီစီမံကိန်း အကောင်အထည် ဖော်ရာ လက်ပံတောင်းတောင်ဒေသတွင် ပုဒ်မ ၁၄၄ ကိုဆက်လက်ထုတ်ပြန်ထားမည်” သတင်းမှ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“နဂိုကတည်းက ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်တဲ့ ကျွန်တော်တို့ ကေအင်န်ယူအဖွဲ့ဟာ အဲ့ဒီဖွဲ့စည်းပုံကို ဒေါ်စု ကိုင်လာပြီး လက်ရှိလက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်ထဲမှာ ဝင်လာမယ်ဆိုရင် ကျွန်တော်တို့ ကေအင်န်ယူအနေနဲ့ လက်ခံလို့ ရမှာမဟုတ်ဘူး”

ဇူလိုင်လ ၂၈ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဒေါ်အောင်ဆန်းစုကြည် ၂၀၀၈ ဖွဲ့စည်းပုံကိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်ပါက ကေအင်န်ယူလက်မခံ” သတင်းမှ ကေအင်န်ယူ ဗဟို ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အသစ်ပြဋ္ဌာန်းလိုက်တယ်ဆိုပေမယ့် ဒီဥပဒေတစ်ခု ပြင်ဆင်အတည်ပြု ပေးနိုင်ရုံနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် သတ္တုတွင်း ကဏ္ဍမှာ ဝင်ရောက်မြှုပ်နှံချင်တယ်ဆိုရင် သတ္တုတွင်းနဲ့ ဆိုင်တဲ့ ဥပဒေတွေအများကြီးရှိတယ်။ ဒီဥပတွေကို ခေတ်နဲ့ အညီပြန်ပြင်ဆင်ပြီး ကိုယ့်နိုင်ငံအခြေအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အဆင်ပြေစေမယ့် ဥပဒေတွေ ပြင်ဆင် ထုတ်ပြန်နိုင်ဖို့ လိုပါတယ်”

ဇူလိုင်လ ၂၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင် ရောက်လာရေးအတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများ ပြင်ဆင်ရန် လိုအပ်နေ” သတင်းမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်နွယ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive