Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

အမေရိကန်တို့အနေဖြင့် မြန်မာ၊ ဂျပန်နှင့် အာရှဗပာိုပြုဝါဒကို ပြန်လည်သုံးသပ်၍ ရှေ့ဆက်ရန်လို

(29 July 2013 ရက်စွဲပါ Japan Times မှ Curtis S.Chin ရေးသားသော Taking stock of Burma, japan and ‘pivot to Asia’ ကိုဘာသာပြန်ဆိုသည်)

အမေရိကန်သမ္မတ Barak Obama သည် ၎င်းဒုတိယအကြိမ်သက်တမ်းစကတည်းက အဓိကမဲပေးမှုများတွင် ၎င်းအပေါ် ထင်မြင်ချက်နှင့်ပတ်သက်၍ မဲပေးရာတွင်(approval rating)သိသာစွာ ထိုးကျနေချိန်၌ မြန်မာနိုင်ငံသို့ ပြန်ဦး လှည့်ရန် စိတ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ရာ၊ Obama အနေဖြင့် ပြန်လည် အရွေးခံရပြီး ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်ဖြစ်ရုံမျှမက လက်ရှိအမေရိကန်သမ္မတတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်သော ပထမဆုံးခရီးစဉ်ဖြစ်ပါသည်။

သို့သော် မြန်မာနိုင်ငံသို့ မေလကသွားရောက်ခဲ့သော ဂျပန်ဝန်ကြီးချုပ် Shinzo Abe နှင့်မတူပေ။ ၎င်း၏ ခရီးစဉ်သည် ၁၉၇၇ နောက်ပိုင်း ဂျပန်ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ပြီး၊ တစ်ပြည်လုံးကျွတ်နီးပါး ရွေးကောက်ပွဲ အောင်ပွဲရပြီး နှစ်လအကြာတွင်ဖြစ်သည့်အပြင် ပြည်တွင်းအကောင်းမြင်မှုကို အားကောင်းစွာ ရရှိထားချိန်ဖြစ်သည်။ Obama မှာမူ ခက်ခဲသော အချိန်များကို ဖြတ်သန်းနေရချိန်ဖြစ်ပါသည်။ ယခုအချိန်ထိ အောင်မြင်နေသော မြန်မာနိုင်ငံအပေါ် ဗပာိုပြုထားမှု(pivot on Pourma)ကို အလေးပေးမှု လျှော့ချမည်ဆိုပါက မှားယွင်းလိမ့်မည်ဖြစ်ပါသည်။

မကြာသေးမီက Pew Research ဆန္ဒမဲပေးမှုအစီအစဉ်က ပြဆိုရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက အမေရိကန်ခေါင်းဆောင်အတွက် ထင်မြင်ချက်အတည်ပြုမှု ကောက်ယူရာတွင် ယခင် ၅၅% မှ ၄၉%ထိ ၆% ကျဆင်း လာခဲ့ပါသည်။ Obama သည် ၎င်း၏ရှေ့က ယခင်သမ္မတများနည်းတူ အိမ်တွင်နေ၍ ကွဲပြားနေသော အစိုးရနှင့် ဆက်ဆံနေမည့်အစား နိုင်ငံခြားသို့ထွက်၍ ခင်မင်ဖွယ်ကောင်းမည့် ပရိသတ်နှင့် ပိုမိုချောမွေ့မည့်အချိန်များကိုသာ ရှာဖွေရန်ဆန္ဒရှိလိမ့်မည်ဖြစ်ပါသည်။

စာရေးသူသည် သမ္မတ George W.Bush နှင့် Obama တို့လက်ထက်တွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)အတွက် အမေရိကန်သံအမတ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ပြီးခဲ့သည့် ဧပြီလက မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့ သာမန်နိုင်ငံသားခရီးသည် တစ်ဦးအဖြစ် သွားရောက်ခဲ့ပါသည်။ ယခုလတွင်မူ စာရေးသူသည် တစ်ချိန်က မြို့တော်ဖြစ်ခဲ့ဖူးသော ရန်ကုန်သို့သွားရောက် ခဲ့ပါသည်။ စာရေးသူ ADB တွင်တာဝန်ထမ်းဆောင်စဉ်က အမေရိကန်၏အရေးယူမှုများနှင့် မြန်မာနိုင်ငံက ချေးငွေများ ပြန်မဆပ်ခြင်းများကြောင့် မြန်မာနိုင်ငံသို့သွားရောက်ရန် မသင့်လျော်ခဲ့ပေ။

ယခုအခါ အချိန်များလည်းပြောင်းလဲခဲ့ပါပြီ။ ဂျပန်နိုင်ငံသည် ကူးသန်းရောင်းဝယ်ရေးနှင့်ပတ်သက်၍ အခွင့်အလမ်းများကို ကောင်းစွာနားလည်သည့်အလျောက်၊ ဂျပန်သည် မြန်မာနိုင်ငံကတင်ရှိနေသော ကြွေးမြီများကို ပယ်ဖျက်ပေးပြီး နိုင်ငံစုံဖွံ့ဖြိုးရေးဘဏ်များက မြန်မာနိုင်ငံသို့ဖွံ့ဖြိုးမှုအကူအညီများပေးနိုင်ရေး အရှိန်မြှင့်ရာတွင် အထောက်အကူပြုရန် လုပ်ဆောင်ခဲ့ပါသည်။

အမေရိကန်နှင့် ဥရောပစီးပွားရေးအရ အရေးယူမှုများကို ရုတ်သိမ်းပေးခြင်း(သို့) ယာယီရုတ်သိမ်း ပေးခြင်းများနှင့်အတူ နိုဝင်ဘာလက အမေရိကန်သမ္မတ၏ သွားရောက်လည်ပတ်မှုသည် တစ်ချိန်က အပယ်ခံနိုင်ငံအတွက် ပြောင်းလဲမှုများကို အားပေးရန်ရည်ရွယ်ခဲ့ပါသည်။

စာရေးသူအတွက်မူ ဂျပန်၏ လက်ရှိဆက်ဆံရေးလက္ခဏာများနှင့် အမေရိကန်၏အာရှဗပာိုပြုမူဝါဒတို့သည် Obama နှင့် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်တို့၏ မြန်မာနိုင်ငံခရီးစဉ်အပြီး လအတန်ကြာသည့်တိုင် မြင်သာထင်သာရှိနေဆဲဖြစ်ပါသည်ပာု ဆိုချင်ပါသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်တွင်း ဘာသာရေးနှင့် တိုင်းရင်းသားတင်းမာမှုများမှာ အလွန်စိုးရိမ်ရသော အနေအထားတွင် ဆက်လက်ရှိနေသေးသော်လည်း မျှော်လင့်ချက်များနှင့် ပြောင်းလဲမှုများမှာ ဆက်လက်သက်ဝင်နေဆဲပင်ဖြစ်ပါသည်။

ယနေ့အချိန်သည် အမေရိကန်၏ အရှေ့ဗပာိုပြုမူဝါဒကို ပို၍မြင်သာထင်သာရှိစေမည့် စတိုးဆိုင်များတွင် အိုဘားမားတီရှပ် ချိတ်ဆွဲခြင်း၊ အိုဘားမားနှင့် ကလင်တန်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့်ဖက်လဲတကင်းပုံများ ချိတ်ဆွဲထားသည့် အခြေအနေမျိုးမပာုတ်တော့ပါ။ ကြပ်နေသည့် လမ်းများပေါ်တွင် တိုယိုတာကားများ ဝင်ရောက်နေသည့် မြင်ရိုးမြင်စဉ် မြင်ကွင်းမျိုးမပာုတ်သည့်တိုင် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်နေမှုကို တွေ့နိုင်ပါသည်။ ကိုကာကိုလာ ဆိုင်းဘုတ် ထောင်ထားခြင်း၊ အမေရိကန်ကျောင်းဆရာများ၊ စေတနာ့ဝန်ထမ်းများ၊ အမေရိကန်စီးပွားရေး ဦးဆောင်ပုဂ္ဂိုလ် အမျိုးမျိုးနှင့် ကိုယ်စားလှယ်များ စသည်တို့သည် သန်း(၆၀)ရှိသော ပြည်သူများရှိ တိုင်းပြည်မှ အခွင့်အလမ်းများ ရယူရန် လာရောက်နေသည်ကို တွေ့နေရပါပြီ။

ဝါရှင်တန်အတွက် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် အသုံးချရမည့်အရေးပါသော အမှန်တရားကို သဘော ပေါက်ရမည့် အချက်တစ်ခုလည်းရှိနေပါသည်။ ဝါရှင်တန်တွင် ယခုနောက်ဆုံး လျှို့ဝှက်ချက်ပေါက်ကြားမှုများ၊ ဘတ်ဂျက်သဘော မတူမှုများနှင့် အခြားအမှုများပေါ်ပေါက်နေချိန်တွင် တရုတ်သည် အမေရိကန်၏ ကတိကဝတ်များနှင့် အာရုံပြုမှုများအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် မေးခွန်းထုတ်ယူမှုများရှိနေပါသည်။

ထိုအချိန်တွင် အခြားတိုင်းပြည်များက အမေရိကန်၏ဆက်ဆံရေးပုံစံသစ်ကို တိတ်တဆိတ် ကြိုဆိုနေကြမည် လည်းဖြစ်သည်။

အမေရိကန်၏ မြန်မာကိုဗပာိုပြုခြင်း(U.S. Pivot on Burma)ပာုဆိုဆို အမေရိကန်၏ အာရှကိုဗပာိုပြုခြင်း(U.S Pivot on Asia)ပာုပြောပြော ၎င်းတို့မှာ ယနေ့လူပိုကြိုက်သော စကားလုံးဖြစ်ပြီး ပြန်လည်ချိန်ခွင်လျှာညှိခြင်းမှတစ်ဆင့် လုပ်ဆောင်နေပါသည်။ ယင်းသို့လုပ်ဆောင်ရာတွင် ကာကွယ်ရေးနှင့် သံတမန်ရေးနှင့်ပတ်သက်သော ဆက်ဆံရေးကို ကျော်လွန်၍ စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုတို့ကိုပါ ခြုံငုံမိအောင် လုပ်ဆောင်ရန်လိုအပ်ပါသည်။

အာရှကိုဗပာိုပြုခြင်းကို အားကောင်းအောင်လုပ်ဆောင်ရာတွင် မူဝါဒပြောင်းလဲမှုများနှင့် ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းကြိုးပမ်းမှုနှင့် ပါတနာရှစ်ပြုမှုများကို အားပေးရမည့် အစီအစဉ်များပါဝင်ပါသည်။ သို့မှသာ ဖလှယ်ရေး အစီအစဉ်များနှင့် အမေရိကန် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးအဖွဲ့အစည်းများ၊ အတိအကျဆိုရသော် သေးငယ်သော အင်စတီကျုးရှင်းများ အာရှ-ပစိဖိတ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းများ တိုး၍လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

ရေရှည်သက်ရောက်မှုများ ပိုမိုသေချာစေရေးအတွက် အမေရိကန်၏ဆက်ဆံရေးနှင့် နောက်ဆက်တွဲ လုပ်ဆောင်မှုများ သည် နေ့စဉ်ပြည်သူချင်းနှင့် စီးပွားရေးလုပ်ငန်းချင်း ဆက်ဆံရေးအဆင့်တွင် များစွာအရေးပါလှပါသည်။ ယခု လောလောဆယ်တွင် အမေရိကန်၏ဗပာိုပြုမှုကို ပြန်လည်သုံးသပ်၍ ပြန်လည်ထိန်းညှိမှု(Rebalance)ကို ပြန်လည် ထိန်းညှိမှု ပြုလုပ်ရန် အချိန်ကျန်ရှိနေသေးသည်ပာုဆိုချင်ပါသည်။

ဆိုလိုသည်မှာ အမှန်တကယ်ဖြစ်ပြီး အရေးကြီးသည့်ကိစ္စရပ်များကိုသာ အားထုတ်မှုပြုရန်နှင့် ရင်းနှီးမြှုပ်နှံမှုပြုရန်ပာု ဆိုလိုပါသည်။

ထို့အပြင် အမေရိကန်၏စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ အာရှ-ပစိဖိတ်ဒေသတွင် ပိုမိုပါဝင်လာ သည်နှင့် အမျှ ဂျပန်နှင့် အခြားနိုင်ငံများသည် ပိုမိုလွတ်လပ်သော၊ ပိုမိုငြိမ်းချမ်းသော၊ သာယာဝပြောသော ဒေသဖြစ်ရေး လုပ်ဆောင်ရင်း အကျိုးအမြတ် ရနိုင်မည်ဖြစ်ပါသည်။

ထိုသို့သော ကြိုးပမ်းမှုများကို မြန်မာနိုင်ငံတွင် စတင်နေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ဖြစ်စေ အခြားအာရှ၏ အခြားနေရာတွင်ဖြစ်စေ အခက်အခဲ၊ ပြဿနာ၊ နှောင့်နှေးမှုများ မလွဲမသွေကြုံရနိုင်ပါသည်။ ထိုနည်းတူစွာပင် ထိုသို့သော ပြောင်းလဲမှုများလုပ်ဆောင်လာခြင်းကြောင့် မူဝါဒချမှတ်သူများနှင့် နိုင်ငံရေးသမားများအနေဖြင့် ၎င်းတို့အပေါ် ထင်မြင်ချက်ကောက်ခံရာတွင်(approval rating)တွင် အတတ်အကျများ မလွဲမသွေကြုံနိုင်ပါသည်။ သို့သော် အာရှ-ဂျပန်တွင်ဖြစ်စေ၊ မြန်မာနိုင်ငံတွင်ဖြစ်စေ အမေရိကန်ပါဝင်ပတ်သက်မှုအတွက် ပိုမိုတွန်းတွန်းတိုက်တိုက်နှင့် ပာန်ချက်ညီမပာာဗျူပာာကို မည်သည့်အကြောင်းပြချက်နှင့်မျှ နောက်မဆုတ်သင့်ပေ။ ကာကွယ်ရေး၊ သံတမန်ရေးတို့ထက် ကျော်လွန်၍ နယ်ပယ်အတော်များများ ခြုံငုံမိအောင် ကြိုးပမ်းသင့်လှပေသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

 

ဘာသာပြန်သတင်းများ

  1. ထားဝယ်အထူးစီးပွားရေးဇုန်အတွက် အစီအစဉ် မြန်မာထုတ်ပြန်

(IANS News မှ 28 July 2013 ရက်စွဲပါ “Myanmar Unveils plan for Dawei SE2” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှ တရုတ်သို့ ဓါတ်ငွေ့ စလွှတ်

(The Economic Times မှ 28 July 2013 ရက်စွဲပါ “  Myanmar China gas pipeline starts delivering gas to China” သတင်းတို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားစီမံကိန်းလုပ်ကိုင်ရန် အင်ဒိုနီးရှား Bukit Asam စီစဉ်

(The Jakarta Post မှ 28 July 2013 ရက်စွဲပါ Bukit Asam to build Myanmar power plants ကိုဘာသာပြန်ဆိုသည်)


ထားဝယ်အထူးစီးပွားရေးဇုန်အတွက် အစီအစဉ် မြန်မာထုတ်ပြန်

(IANS News မှ 28 July 2013 ရက်စွဲပါ “Myanmar Unveils plan for Dawei SE2” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် ၇၅ နှစ် စီမံချက်ကို ရေးဆွဲထားကာ၊ ထိုင်းနိုင်ငံအပြင် ဂျပန်နိုင်ငံနှင့် မဟာဗျူဟာမြောက် လက်တွဲရန် ကြိုးစားလျက်ရှပြီး စီမံကိန်းအတွင်း နိုင်ငံတကာ ကန်ထရိုက်တာများကို တင်ဒါဖိတ်ခေါ်နေပါသည်။

အဆင့်ငါးဆင့်ပါသော စီမံချက်ကို မြေဧက ၄၄၈၅၀ ကျယ်ဝန်းသော မြေပေါ်တွင် အကောင်အထည်ဖော် သွားမည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ  ဦးအေးမြင့်က Xinhua သတင်းဌာနသို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အထူးစီးပွားရေးဇုန်ဖြစ်သည့် ထားဝယ်စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့် လူမှုဆိုင်ရာထိခိုက်မည့် စီမံကိန်းများကို ခွင့်ပြုမည်မဟုတ်ကြောင်း အသစ်ခန့်အပ်လိုက်သော အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီး ဦးအေးမြင့်က ဆက်လက်ပြောကြားသည်။

ခွင့်ပြုသွားဖွယ်ရှိသော အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် အထည်ချုပ်၊ သားရေထွက်ကုန်၊ အစားအသောက်၊ ရာဘာ၊ စက်မှုအခြေခံ လယ်ယာထွက်ကုန်နှင့် ပရိဘောဂစသော အမျိုးအစားများ ပါဝင်သည်ဟု သိရှိရသည်။


မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှ တရုတ်သို့ ဓါတ်ငွေ့ စလွှတ်

(The Economic Times မှ 28 July 2013 ရက်စွဲပါ “  Myanmar China gas pipeline starts delivering gas to China” သတင်းတို ဘာသာပြန်ဆိုသည်)

အိန္ဒိယအပါအဝင် တရုတ်၊ မြန်မာ၊ တောင်ကိုရီးယား လေးနိုင်ငံမှ ကုမ္မဏီ ၆ ခု ပူပေါင်းရင်းနှီးမြှုပ်နှံထားကြသော ဒေါ်လာဘီလီယံချီသည့် မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကို မနေ့က မန္တလေး မြို့တွင်တရားဝင် ဖွင့်လှစ်ကာ စွမ်းအင်ဆာလောင်နေသာ တရုတ်နိုင်ငံသို့ တင်ပို့မှု စတင်လိုက်ပြီဖြစ်သည်။

ကီလိုမီတာ ၈၇၀ ရှိသော အမြွှာပိုက်လိုင်းသည် ရခိုင်ကမ်းရိုးတန်းမှ တရုတ်ပြည် ယူနန်ပြည်နယ်သို့ ဓါတ်ငွေ့နှင့် ရေနံများပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။

ရေနံပိုက်လိုင်းမှ တန်ချိန် ၂၂ သန်းနှင့် ဓါတ်ငွေ့ပိုက်လိုင်းမှ ကုဗမီတာ ၁၂ ဘီလီယံအသီးသီး နှစ်စဉ်တင်ပို့နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံဖြတ်၍ ပိုက်လိုင်းသယ်ယူမှုကြောင့် မလက္ကာရေလက်ကြားကို ဖြတ်သန်းရသော မှုလ လမ်းကြောင်းကို တိုတောင်းသွားစေသည်ဟု တရုတ်ကျွမ်းကျင်သူများက ဆိုပါသည်။

ပိုက်လိုင်းဖြင့် တင်ပို့မည့် ရေနံစိမ်းကို အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံတင်သဘောင်္များဖြင့် လာမည်ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းမှ ဓါတ်ငွေ့ကိုမူ တရုတ်နိုင်ငံသို့ စတင်ပို့လွှတ်နေပြီဟု တရုတ်အစိုးရသတင်းဌာနက ထုတ်ပြန်သည်။

ရခိုင်ကမ်းရိုးတန်းမှ ဓါတ်ငွေ့တင်ပို့မှုကြောင့် တရုတ်စွမ်းအင်လိုအပ်ချက် လေးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်ပြီး မြန်မာ နိုင်ငံသည်လည်း နှစ်စဉ်ဒေါ်လာ ၁.၅ ဘီလီယံရရှိကာ နှစ်နိုင်ငံအကြား ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေကို ဖန်တီးနိုင်မည်ဟု တရုတ် CCTV သတင်းက ဆိုပါသည်။

ဓါတ်ငွေ့ပိုက်လိုင်းကိုစီမံခန့်ခွဲရန် အတွက် South-East Asia Gas Pipeline Co,Ltd.(SEAGP)နှင့် ရေနံစိမ်းပိုက်လိုင်းကို စီမံခန့်ခွဲရန် South-East Asia Oil Pipeline Co,Ltd.(SEAOP) ဟူသော ဖက်စပ်ကုမ္ပဏီနှစ်ခုကို ဖွဲ့စည်းထူထောင်ထားကာ ဓါတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ SEAGP တွင် တရုတ်အစိုးရပိုင် CNPC ၊ မြန်မာအစိုးရပိုင် MOGE ၊ တောင်ကိုရီးယား Daewoo နှင့် KOGAS ၊ အိန္ဒိယ OCEBV နှင့် GALL ကုမ္ပဏီများ ပါဝင်ပြီး၊ ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီ SEAOPတွင် တရုတ် CNPC နှင့် မြန်မာ MOGE လုပ်ငန်းတို့ ပါဝင်သည်ဟု တရုတ် Ximhu သတင်းဌာနက ဖော်ပြထားသည်။


 

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားစီမံကိန်းလုပ်ကိုင်ရန် အင်ဒိုနီးရှား Bukit Asam စီစဉ်

(The Jakarta Post မှ 28 July 2013 ရက်စွဲပါ Bukit Asam to build Myanmar power plants ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်း လျှပ်စစ်စွမ်းအားထုတ်လုပ်ရေး စက်ရုံ စီမံကိန်းများတွင် ကနဦး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၂၀ ခန့်ဖြင့် ဝင်ရောက်လုပ်ကိုင်ရန် အင်ဒိုနီးရှားနိုင်ငံပိုင် ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းတစ်ခုဖြစ်သော PT Bukit Asam(PTBA)က စီစဉ်ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင်း ယင်းသို့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရေးအတွက် ပြည်တွင်းမှ ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် မိတ်ဖွဲ့ လုပ်ကိုင်သွားမည်ဖြစ်သည်ဟု PTBA ဥက္ကဋ္ဌ Milawarma က သောကြောနေ့တွင်ပြောကြားသည်။

သို့သော် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီမှာ မည်သည့်ကုမ္ပဏီဖြစ်သည် ဟူသော အချက်ကို ၎င်းကထုတ်ဖော် ပြောဆိုခြင်းမရှိပေ။

“ဒါရိုက်တာဘုတ်အဖွဲ့ နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပါပြီ။ ဈေးကွက်ထဲကို ဘယ်လိုဝင်ရောက်မယ်ဆိုတာရယ်၊ စီးပွားရေးမဟာမိတ်ဖွဲ့တဲ့နေရာမှာ အစုရှယ်ယာဘယ်လိုခွဲဝေမလဲဆိုတာတွေရယ်ကိုပါဆွေးနွေးခဲ့ကြတာပါ” ဟု ၎င်းက ပြောကြားပြီး PTBA အနေဖြင့် ယင်းစီမံကိန်းများတွင် အစုရှယ်ယာအများဆုံးရယူနိုင်မည်ဟု မျှော်မှန်းထားသည်ဟု ဆိုသည်။

ပထမအပိုင်းတွင် PTBA ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းအနေဖြင့် 2x 100- မီဂါဝပ်ထွက်ရှိမည့် ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန် ပြင်ဆင်ထားပြီး စီမံကိန်းအတွက် ငွေကြေးဒေါ်လာ သန်း ၃၂၀ ခန့်အသုံးပြုရလိမ့်မည်ဟု မျှော်မှန်းထားသည်။

အဆိုပါ ပထမစီမံကိန်းသည် မီဂါဝပ် 2x200 ထွက်ရှိမည့် ဒုတိယစီမံကိန်းတစ်ခု မစတင်မီ ကုမ္ပဏီအတွက် စမ်းသပ်မှုတစ်ရပ်ဖြစ်လာလိမ့်မည်။

ကုမ္ပဏီအနေဖြင့် စီးပွားရေးလုပ်ငန်းများတိုးချဲ့နိုင်ရေးအတွက် နိုင်ငံတကာနှင့် ပြည်တွင်းဘဏ်များမှ ရန်ပုံငွေရရှိရန်လည်း နည်းလမ်းရှာဖွေသွားမည်ဖြစ်ကြောင်း Milawarma ကပြောကြားသည်။

ထိုသို့ မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံတည်ဆောက်ရန် စီစဉ်ထားသလို ဗီယက်နမ်နိုင်ငံတွင်လည်း လုပ်ငန်းများတိုးချဲ့သွားရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

ဗီယက်နမ်နိုင်ငံတွင် လုပ်ကိုင်မည့် စီးပွားရေးမစ်ရှင်အတွက် ရွေးချယ်စရာသုံးခုစီစဉ်ထားသည်။ ယင်းတို့မှာ ဓာတ်အားထုတ်စက်ရုံတည်ဆောက်ရေး၊ ကျောက်မီးသွေးတူးဖော်ရေး သို့မဟုတ် ကျောက်မီးသွေးပံ့ပိုးပေးရေးတို့ဖြစ်သည်။

“ဗီယက်နမ် စွမ်းအင်ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေနဲ့ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးပြီးပါပြီ။ ဗီယက်နမ်မှာ စီးပွားရေးအခွင့်အလမ်းတွေရှိတယ်ဆိုတာ ကျွန်တော်တို့တွေ့ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနိုင်ငံကို ကျွန်တော်တို့ ကျောက်မီးသွေးတွေ တင်ပို့ရောင်းချခဲ့လို့ပါပဲ” ဟု ၎င်းက ပြောကြားသည်။

PTBA သည် ယခုနှစ် ပထမ နှစ်ဝက်အတွင်း ဗီယက်နမ်သို့ ကျောက်မီးသွေး တန်ချိန် ငါးသိန်းခန့်တင်ပို့ရောင်းချပြီးဖြစ်သည်။

PTBA သည် အင်ဒိုနီးရှားနိုင်ငံတွင်း၌ အလားတူစီမံကိန်းများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြည်ပဈေးကွက်ထဲသို့ ဝင်ရောက်ရန် တိုးချဲ့လုပ်ကိုင်လာခြင်းလည်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ဆူမာတြားတောင်ပိုင်းဒေသရှိ Tanjuna Enim မြို့တွင် မီဂါဝပ် 3x 10 ထွက်ရှိသည့် ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံတစ်ခုကိုလည်း ကုမ္ပဏီအနေဖြင့် တည်ဆောက်ပြီးဖြစ်သည်။

PTBA သည် အဆိုပါ Tanjung Enim စက်ရုံမှ ထွက်ရှိသည့်လျှပ်စစ်ဓာတ်အားများကို ၎င်း၏သတ္တုတူးဖော်ရေး လုပ်ငန်းများသို့ ပေးပို့ထောက်ပံ့မှုပြုလုပ်သလို အင်ဒိုနီးရှားနိုင်ငံပိုင် PTPLN လျှပ်စစ်လုပ်ငန်းသို့လည်း ရောင်းချသည်။

PTBA သည်လတ်တလောအနေအထားတွင် 2x8 မီဂါဝပ်ထွက်ရှိမည့် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားစက်ရုံကို Lampun တွင် လုပ်ကိုင်လျက်ရှိပြီး ယင်းစက်ရုံမှထွက်ရှိမည့် ဓာတ်အားများကို ဆိပ်ကမ်းများရှိ ကျောက်မီးသွေးများတင်ပို့ရေးလုပ်ငန်းပိုင်းများတွင် အသုံးပြုမည်ဖြစ်သည်။

Lampung ဓာတ်အားစက်ရုံ စီမံကိန်းမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးလျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် စီးပွားရေးအရလည်ပတ်လုပ်ကိုင်နိုင်တော့မည်ဟု သိရသည်။

ထို့ပြင် PTBA သည် ဘန်ဂျာစရီ၊ လာဟတ်၊ တောင်ဆူမာတြား တို့တွင်လည်း ၂x၁၁၀ မီဂါဝပ်ထွက်ရှိမည့် ဓာတ်အားထုတ်စက်ရုံများကို တည်ဆောက်လျက်ရှိသည်။ ယမန်နှစ်ကဆိုလျှင် မလေးရှားနိုင်ငံ Peranap ၌ ဓာတ်အားထုတ်စက်ရုံများတည်ဆောက်ရန် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။


 

 

        

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive