Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး လူဦးရေစာရင်းကောက်ယူမည်

(Shanghai Daily မှ 2 Aug 2013 ရက်စွဲပါ “Myanmar to conduct nation wide census”သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံက အခြေခံဥပဒေပြင်ဆင်ရေး ဦးစားပေးရန်များ McConnell ဖော်ပြ- အပိုင်း(၂)

(1 Aug 2013 ရက်စွဲပါ Roll Call Niels Lesniewski ရေးသားသော McConnell outlines priorities for Myanmar’s constitution ကိုဘာသာပြန်သည်)


မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး လူဦးရေစာရင်းကောက်ယူမည်

(Shanghai Daily မှ 2 Aug 2013 ရက်စွဲပါ “Myanmar to conduct nation wide census”သတင်းကိုဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ၂၀၁၄ မတ်လနှင့် ဧပြီလများအတွင်း တစ်နိုင်ငံလုံး လူဦးရေစာရင်း ကောက်ယူခြင်းကို နိုင်ငံ တကာ အကူအညီဖြင့် ဆောင်ရွက်တော့မည်ဖြစ်သည်။

လူဦးရေစာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်ကို ၂၀၁၄ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၈ ရက်အတွင်း ဆောင်ရွက် မည်ပာု သိရှိရသည်။

၎င်းလုပ်ငန်းစဉ်အတွက် ခန့်မှန်းကုန်ကျစရိတ်ဒေါ်လာ ၅၈.၅ သန်းအနက် မြန်မာအစိုးရကဒေါ်လာ ၁၅ သန်း အကုန်အကျခံရန် တာဝန်ယူထားပြီး လိုအပ်သော ပစ္စည်းကိရိယာများနှင့် သင်တန်းပေးမှုများအတွက် ကုလသမဂ္ဂက ဒေါ်လာငါးသန်း ကတိပြုထားသည်။

Aus AID ထံမှ ဒေါ်လာ ၂.၈ သန်းနှင့် ဗြိတိသျှအစိုးရထံမှ ဒေါ်လာ ၁၆ သန်းလှူဒါန်းမှုများကို လက်ခံရရှိ ထားပြီးဖြစ်၍ နော်ဝေးနှင့် ဆွစ်ဇာလန်ထံမှ နောက်ထပ်အလှူငွေလက်ခံရန် ညှိနှိုင်းမှုများပြုလုပ်နေသည်ပာုဆိုသည်။

ထို့အပြင် ကုလသမဂ္ဂ စာရင်းဇယားဌာန၊ UNFPA၊ ESCAP၊ ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံပေါင်း ၁၃ နိုင်ငံတို့မှ ကျွမ်းကျင်သူများကလည်း မြန်မာနိုင်ငံလူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းတွင် ပါဝင်ကူညီကြမည်ပာု သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေစာရင်းကောက်ခြင်းကို ၁၉၈၃ ခုနှစ်က နောက်ဆုံးပြုလုပ်ခဲ့သည်။


မြန်မာနိုင်ငံက အခြေခံဥပဒေပြင်ဆင်ရေး ဦးစားပေးရန်များ McConnell ဖော်ပြ- အပိုင်း(၂)

(1 Aug 2013 ရက်စွဲပါ Roll Call Niels Lesniewski ရေးသားသော McConnell outlines priorities for Myanmar’s constitution ကိုဘာသာပြန်သည်)

ကမ္ဘာပေါ်တွင် အလေးစားရဆုံး အမေရိကန်စစ်တပ်နှင့် မြန်မာ့တပ်မတော်တို့သည် လူ့အခွင့်အရေးအတွက် တာဝန်ယူမှုနှင့် တရားဥပဒေစိုးမိုးရေးတို့နှင့် ပတ်သတ်၍ ဆက်ဆံရေးအကြောင်း ထက်စာလျှင် စစ်တပ်ကိုအရပ်သား ထိန်းချုပ်ခြင်းထက် ကောင်းမွန်သောအရည်အသွေးများကို မည်ကဲ့သို့သော ပိုမိုကောင်းမွန်သော နည်းလမ်းဖြင့် ပြသနိုင် ပါသလဲ။ စစ်တပ်ချင်း အသင့်အတင့်အနေအထား၊ ပစ်မှတ်ထားသော ဆက်ဆံရေးကို သံတမန်နည်းကြိုးပမ်းမှုများဖြင့် နီးကပ်စွာအလုပ်လုပ်ပြီး မြန်မာစစ်တပ်အား၎င်းတို့အနေဖြင့် အရပ်သားထိန်းချုပ်မှုအောက်တွင်နေရခြင်းသည် တိုင်းပြည် အတွက်ကောင်းသည်ဟု ယုံကြည်လာစေရန်လုက်ဆောင်လျှင် ရနိုင်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။

စစ်တပ်ချင်းဆက်ဆံရေးကို စတင်ခြင်းသည် လက်တွေ့ကျသော လုပ်ရပ်ဟု ဆိုရပေမည်။ လွတ်လပ်ရေးမတိုင်မီ ကတည်းကပင် မြန်မာစစ်တပ်သည် တိုင်းပြည်တွင် အရေးပါသောနိုင်ငံရေး အင်စတီကျူးရှင်းတစ်ခု ဖြစ်ပါသည်။ တပ်မတော်အနေဖြင့် ပြုပြင်ပြောင်းလဲရေးခြေလှမ်းသည် တိုင်းပြည်အတွက် အပေါင်းလက္ခဏာဆောင်သော တိုးတက်မှု တစ်ခုဟု ယုံကြည်မှု မရှိခဲ့လျှင် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့မည့်  ပြုပြင်ပြောင်းလဲရေးမရရှိနိုင်။

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတွင် လိုအပ်သော ဒုတိယနယ်ပယ်မှာ မြန်မာပြည်သူများအနေဖြင့် ၄င်းတို့ ဖြစ်စေလိုသော ခေါင်းဆောင်ကို လွတ်လပ်စွာရွေးချယ်ခွင့်ပြုရန် အခြေခံဥပဒေပြင်ဆင်ရေး ဖြစ်ပါသည်။ ဤသည်မှာ အခြေခံကျသော ဒီမိုကရေစီမူ တစ်ခုဖြစ်ပါသည်။ လက်ရှိကန့်သတ်ထားမှုများတွင် လိုအပ်ချက်အဖြစ် သမ္မတ၏ မိသားစု ဝင်များတွင် မြန်မာနိုင်ငံတွင် မွေးဖွားခြင်းမရှိသော မိဘများမှမွေးဖွားသောသူ မဖြစ်စေရဟု ထည့်သွင်းထားပါသည်။ ထိုအရာကို စဉ်းစားကြည့်ပါ။ အမြင်ကျဉ်းမြောင်းသော လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ မြန်မာအစိုးရသည် အဘယ်ကြောင့် ၄င်း၏ပြည်သူများ သူတို့၏ခေါင်းဆောင်ကို တာဝန်သိသိနှင့် လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်းရည်ကို အယုံအကြည် နည်းရ ပါသနည်း။

အဆိုပါ ဥပဒေများကို မပြင်ဆင်ပဲထားပါက လည်မည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အရိပ်မည်းထိုးမည့်သဖွယ် ဖြစ်ပါမည်။ အဆိုပါ ရွေးကောက်ပွဲများကို စောင့်ကြည့်သူအများစုက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို သိက္ခာမြှင့်ပေးမည့် ခြေလှမ်းအဖြစ် ရှုမြင်နေကြပါသည်။ အကယ်၍သာ ၂၀၁၅ရွေးကောက်ပွဲကို အများကတရားမဝင် ရှုမြင်ခဲ့ပါက၊ မြန်မာနိုင်ငံမှပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများရပ်သွားပြီဖြစ်ပြီး၊ တိုင်းပြည်၏ ဒီမိုကရေစီအတွက် ကတိ ကဝတ်များ သည် အဆံမရှိသောအမြောက်သဖွယ်သာ ဖြစ်သည်ဟု သုံးသပ်ကြလိမ့်မည်ဖြစ်ပါသည်။

အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲကသာ အားနည်းချက်များ၊ အပြစ်အနာအဆာများရှိခဲ့ပါက လက်ရှိခေါင်း ဆောင်မှု၏ ပြုပြင်ပြောင်းလဲရေးအမွေအပေါ် အရိမ်မည်းထိုးလိမ့်မည်ဟု ကျွန်ုပ်ထင်ပါသည်။

ပြုပြင်ပြောင်းလဲရန် လိုအပ်သော တတိယနယ်ပယ်မှာ တရားစီရင်မှုလွတ်လပ်မှု ရှိရေးဖြစ်ပါသည်။ လက်ရှိ မြန်မာနိုင်ငံမှ တရားသူကြီးများသည် အုပ်ချုပ်ရေးပိုင်း၏ သြဇာနှင့်ကင်း၍ လွတ်လပ်မှုမရှိသေးပေ။ အမေရိကန်၏ အတွေ့ အကြုံအရ ကျွန်ုပ်တို့မှတ်သားရသည်မှာ အခြားအစိတ်အပိုင်းများ၏ သြဇာအောက်တွင်မရှိသော တရားသူကြီးများသည် အစိုးရ၏အခြား အင်္ဂါအစိတ်အပိုင်းများအပေါ် အရေးပါသော စောင့်ကြည့်မှုဖြစ်ရုံမက တစ်ဦးချင်း ရပိုင်ခွင့်များကို မချိုး ဖောက်နိုင်အောင် အကာအကွယ်ပေးပါသည်။

နောက်ဆုံး ပြုပြင်ရမည့်ကိစ္စမှာ တိုင်းရင်းသားလူနည်းစုများအတွက် အခြေခံဥပဒေအရ အာမခံချက်ပေးရန် လိုအပ်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အမျိုးမျိုးသောတိုင်းရင်းသားများ ငြိမ်းချမ်းစွာစုစည်းရန် စိန်ခေါ်မှုထက် ကြီးမား သော စိန်ခေါ်မှုမရှိပေ။ အဆိုပါအုပ်စုများသည် ကာလရှည်ကြာကပင် ဗဟိုအစိုးရနှင့် တပ်မတော်အပေါ် မယုံကြည်မှုမှာ အမြစ်တွယ်လျက် ရှိပါသည်။ တိုင်းရင်းသား အုပ်စုများက အစိုးရသစ်အပေါ် ပိုမိုလက်ခံလာစေရန် အခြေခံဥပဒေဖြင့် တိုင်းရင်းသားများအပေါ် အကာအကွယ်ပေးမှု တည်ဆောက်ရန် ခရီးဝေးဦးမည်ဟု ကျွန်ုပ်သံသယရှိပါသည်။ လွတ်လပ် သော တရားစီးရင်မှုကလည်း ထိုကာကွယ်မှုများမှာ အသက်ဝင်မှုအတွက် အထောက်အကူပြုရာတွင် အထက်ပါ ဥပဒေ များ၏ အရေးပါမှုကို ပြဆိုရပါလိမ့်မည်။

ကျွန်ုပ်တို့ အမေရိကန်များအနေဖြင့် သိရှိသည်မှာ သမ္မတကြီး အခြေခံဥပဒေပြင်ဆင်ခြင်းသည် မလွယ်ကူဟု သိရှိပါသည်။ ကျွန်ုပ်တို့နိုင်ငံတွင်မူ ပို၍ဒီမိုကရေစီကျရန်နှင့် တစ်ဦးချင်းရပိုင်ခွင့်များကို အကာအကွယ်ပေးရန် အခြခေံ ဥပဒေကို နှစ်ပေါင်းများစွာအတွင်း ပြင်ဆင်ခဲ့ပါသည်။

ကျွန်ုပ်တင်ပြသော နယ်ပယ်လေးခုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းသော အမျိုးသားပြန်လည် ပေါင်းစည်းရေးအတွက် လိုအပ်သော နောက်ထပ်ခြေလှမ်းဖြစ်ပါသည်။

ထိုပြဿနာများကိုပြင်ဆင်ရန် ၂၀၁၅ မတိုင်မီ အချိန်ရှိပါသေးသည်။ တိုင်းပြည်ခေါင်းဆောင်မှုများကို ကျွန်ုပ် တိုက်တွန်းလိုသည်မှာ အခြေအနေကို အမိအရဖမ်းဆုတ်ရန် ဖြစ်ပါသည်။ ဤအရေးပါသော ခြေလှမ်းကိုကြိုးပမ်း လှမ်း တက်ရန်နှင့် ပြုပြင်ပြောင်းလဲရေးအမွေခိုင်မာစေရန် ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အခြေခံဥပဒေ ပြင်ဆင်မှုကြောင့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ကိုင်နိုင်မည်

(Bangkok Post သတင်းစာမှ 1 August 2013 ရက်စွဲပါ Charter changes will boost reforms ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ရေကြီးမှုကြောင့် သုံးဦးသေဆုံး၍ ကယ်ဆယ်ရေးစခန်းများသို့ လူ ၃၃၀၀၀ ခန့်ရောက်ရှိ

(Fox News မှ 3 Aug 2013 ရက်စွဲပါ “Myanmar floods leave 33,000 in camps, three dead”သတင်းကိုဘာသာပြန်ဆိုသည်)


အခြေခံဥပဒေ ပြင်ဆင်မှုကြောင့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ကိုင်နိုင်မည်

(Bangkok Post သတင်းစာမှ 1 August 2013 ရက်စွဲပါ Charter changes will boost reforms ကိုဘာသာပြန်ဆိုသည်)

အချိန်အတန်ကြာ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များ ပြုလုပ်ခဲ့ပြီးနောက် မြန်မာအစိုးရသည် ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အတွက် တာဝန်ယူလုပ်ကိုင် ပေးရမည်ဖြစ်သော လွှတ်တော်သည် အဖွဲ့ဝင် ၁၀၉ ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို အဆိုပါ အခြေခံ ဥပဒေအား စီစစ်သုံးသပ်နိုင်ရန်အလို့ငှာ ကြာသပတေးနေ့က ဖွဲ့စည်းပေးလိုက်သည်။

ယင်းကော်မတီတွင် ၂၅ ရာခိုင်နှုန်းဟူသည့် တပ်မတော်သား ကိုယ်စားလှယ်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)မှ ကိုယ်စားလှယ်များနှင့် သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့)မှ ကိုယ်စားလှယ်များ ပါဝင်သည်။ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးသည် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မရှိအောင် ဟန့်တားထားသည့်အချက်နှင့် ပြည်နယ်များအနေဖြင့် ပြည်နယ်အစိုးရဝန်ကြီးများကို ကိုယ်တိုင် ရွေးချယ်ခွင့် ရရှိရေး ဟူသည့် အချက်နှစ်ရပ်နှင့်ပတ်သက်သော ဝေဖန်ပြောဆိုမှုများကို ဖြေရှင်းရန်ဖြစ်သည်။

လေ့လာဆန်းစစ် ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင်အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ချက်အတွက် အကြောင်း အရင်းနှစ်ရပ် ရှိနေသည်ကို တွေ့ရပါသည်။ ပထမတစ်ခုမှာ ပြည်တွင်းရေးကိစ္စဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း ပြဿနာများသည် တိုင်းရင်းသားလူနည်းစုများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် တောင်းဆိုမှုများနှင့် မြန်မာအစွန်းရောက် မျိုးချစ် ဝါဒီများ၏ တောင်းဆိုချက်များအပေါ် ဆန့်ကျင်မှုများက အဓိကလွှမ်းမိုး ကြီးစိုးထားသည်။

ဗြိတိသျှအုပ်ချုပ်ရေး လက်ထက်တွင် မြန်မာနိုင်ငံသည် ပြည်မနှင့် နယ်ခြားဒေသဟူ၍ ခွဲခြားအုပ်ချုပ်ခြင်း ခံခဲ့ရသည်။

တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူအခွင့်အရေးပေးမည်ဟူသောအာမခံချက်သည် မြန်မာနိုင်ငံလွတ်လပ်ရေး အတွက်အဓိကကျသော အခြေအနေတစ်ရပ် ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်အခြေခံဥပဒေတွင် ပြည်နယ်များအတွက်အခြေခံဥပဒေ ဆိုင်ရာ အခွင့်အရေးတစ်ရပ်ပါဝင်ခဲ့သည်။

တောင်တန်းနှင့် နယ်ခြားဒေသရှိ တိုင်းရင်းသား ပြည်သူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်းနှင့် သဘောတူညီချက် ရယူနိုင်ခဲ့ပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံကို ထူထောင်ခဲ့သည်။ သို့သော်လည်း နိုင်ငံရေး အခွင့်အရေးများ မရရှိခဲ့ခြင်းသည် ဆယ်စုနှစ်ခြောက်ခုကျော် ကာလအတွင်း တိုင်းပြည်၏ လက်နက်ကိုင်ပဋိပက္ခ အတွက် အဓိကကျသော အကြောင်းအရင်း ဖြစ်ခဲ့သည်။

ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကြောင့် တိုင်းရင်းသားလူနည်းစုများအနေဖြင့် ၎င်းတို့ ပြည်နယ်အစိုးရဝန်ကြီး ရာထူးများကို ကိုယ်တိုင်စိတ်တိုင်းကျ ရွေးချယ်နိုင်မည်ဖြစ်သည်။ ထိုသို့ မိမိတို့၏ပြည်နယ် အုပ်ချုပ် ရေးမှူးများကို မိမိကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ကြောင့် တိုင်းရင်းသားပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် တက်ကြွစွာပါဝင် မဲပေးကြမည်ဖြစ်သည်။ ထိုသို့ တက်ကြွစွာမဲပေးခြင်းသည်ပင် ဒီမိုကရေစီစနစ်၏ အခြေခံကျသော မူဝါဒ တစ်ရပ်ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိပြည်နယ်အတွက် အကြီးအကဲရွေးချယ် ခန့်အပ်သည့် ဖြစ်စဉ်အားဖက်ဒရယ်ဝါဒစတင်ကျင့်သုံးမှုအဖြစ် ရှုမြင်ရေးပင်ဖြစ်သည်။ အဆိုပါဖက်ဒရယ်ဝါဒအတွက် တိုင်းရင်းသားပြည်သူ ပေါင်းများစွာမှ ၎င်းတို့၏ အသက်နှင့် ဘဝများကို စတေးခဲ့ကြရသည် မဟုတ်ပါလော။

ဒုတိယအချက်အနေဖြင့် ပြောရမည်ဆိုလျှင် အခြေခံဥပဒေအပြောင်းအလဲသည် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရနိုင်ရေးအတွက် အရေးကြီးသောလိုအပ်ချက်တစ်ရပ် ဖြစ်သည်။ လက်ရှိ အခြေခံဥပဒေတွင် အခြားနိုင်ငံသား ခံယူထားသည့် သားသမီး သို့မဟုတ် ခင်ပွန်းနှင့် ဇနီးရှိသူများ အနေဖြင့် သမ္မတအဖြစ်ရွေးကောက် တင်မြှောက်ခံယူပိုင်ခွင့် မရှိကြောင်းဖော်ပြထားရာ နိုင်ငံခြားသားသားသမီး နှစ်ဦးရှိသူ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်ရနိုင်မည် မဟုတ်ပေ။ နှစ်ပေါင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည့်အချိန်တွင် အသက် ၇၀ ထဲသို့ ရောက်ရှိတော့မည် ဖြစ်သည်။ အကယ်၍ သူမသာယင်းရွေးကောက်ပွဲတွင် သမ္မတဖြစ်ခွင့်မရရှိခဲ့ပါက နောက်ထပ်တစ်ကြိမ် ရွေးကောက်ပွဲတွင် ၎င်း၏ ရုပ်ပိုင်း ဆိုင်ရာမှာ အိုမင်းကျဆင်းသည့် အနေအထားသို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တွင် ယခင်ကရန်ဘက်များဖြစ်ခဲ့သော စစ်တပ်နှင့် လက်တွဲလုပ်ကိုင်လိုစိတ် ရှိထားပြီး ဖြစ် ရာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီနှင့် မြန်မာပြည်သူများအနေဖြင့် သူမအား တိုင်းပြည်အုပ်ချုပ်နိုင်ရေးအတွက် အခွင့်အရေးတစ်ရပ် ပေးသင့်သည်။

ရိုဟင်ဂျာအရေးကိစ္စနှင့် ကချင်ပြည်နယ်ပဋိပက္ခများတွင် ကောင်းစွာလုပ်ကိုင်ပေးခြင်း မရှိခဲ့သည့်အတွက် ဝေဖန်ခံ ထားရသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားအားလုံး အတူတကွပူးပေါင်းနိုင်ရေးတွင် အဓိကကျသော ပုဂ္ဂိုလ် တစ်ဦးအဖြစ် ဆက်ရှိနေဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူးရယူရန် အချိန်နီးကပ်နေပြီဖြစ်ရာ တိုင်းပြည် ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့သည်စစ်မှန်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါသည်ဟူသော အချက်ကို နိုင်ငံ တကာ အသိုင်းအဝိုင်းအား ပြသရန်အရေးကြီးပါသည်။

လတ်တလော ဥရောပခရီးစဉ်တွင် သမ္မတဦးသိန်းစိန်က ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးတော့မည် ဖြစ်ကြောင်း၊ မဝေးတော့သည့် အနာဂါတ်တွင်လည်း လက်နက်ပဋိပက္ခများအားလုံး အဆုံးသတ်တော့ မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို မြန်မာနိုင်ငံရရှိရေးအတွက် ဆိုခဲ့ပါကတိကဝတ်များအတိုင်း မဖြစ်မနေ လိုက်ပါဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနှင့် အနောက်နိုင်ငံများ ဆက်ဆံရေး ပြန်လည်ထူထောင်မှုသည် ပဏာမအဆင့်မျှတွင်သာ ရှိသေးသော်လည်း ပုံမှန်သံတမန် ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လာခြင်းကနောက်ဆုံးတွင် ပိတ်ဆို့အရေးယူမှုများအားလုံးကို ဖယ်ရှား ပေးသွားနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ကတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေထိန်းချုပ်ထားနေသေး သ ရွေ့ မြန်မာနိုင်ငံသည် ပြီးပြည့်စုံမှုမရှိသေးသည့် ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခံရမည်သာပင်။


မြန်မာနိုင်ငံတွင် ရေကြီးမှုကြောင့် သုံးဦးသေဆုံး၍ ကယ်ဆယ်ရေးစခန်းများသို့ လူ ၃၃၀၀၀ ခန့်ရောက်ရှိ

(Fox News မှ 3 Aug 2013 ရက်စွဲပါ “Myanmar floods leave 33,000 in camps, three dead”သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် ရုတ်တရက်ရေကြီးမှုကြောင့် ၃ ဦးသေဆုံးကာ ကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည်ထောင်ပေါင်းများစွာ ခိုလှုံနေကြရကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး နောက်ထပ် မိုးသည်းထန်စွာ ရွာဦးမည်ပာု သတိပေးချက်ထုတ်ပြန်ထားသည်။

နိုင်ငံအရှေ့ပိုင်းကချင်ပြည်နယ်တွင် မုတ်သုန်မိုးသည်းထန်ရေကြီးမှုကြောင့်ကယ်ဆယ်ရေးစခန်း ၉၇ ခုတွင်ရေဘေး ဒုက္ခသည် ၃၃,၅၀၀ ခန့် ခိုလှုံနေကြရသည့်အပြင် သုံးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေသည်ပာု အင်္ဂလိပ်ဘာသာ မြန်မာ သတင်းစာက ဆိုပါသည်။

ဇူလိုင် ၂၇ ရက်ကစတင်ရွာသွန်းသော မိုးကြောင့် ကရင်ပြည်နယ်တွင်း မြေပြိုကျမှုများကြောင့် ကားလမ်းများ ပျက်စီးသွားခဲ့ပြီး စာသင်ကျောင်း ၃၄၅ ကျောင်းကိုလည်း ပိတ်ထားရသည်ပာု သိရှိရသည်။

အနီးအနားမှကပ်လျက် မွန်ပြည်နယ်တွင်မူ လူပေါင်း ၄၇၀၀ ခန့် ယာယီနေရစရာမရှိဖြစ်ခဲ့ရသော်လည်း ယခုအခါ ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားကြပြီပာုဆိုသည်။

ကုလသမဂ္ဂက ယင်းပြည်နယ် နှစ်ခုစလုံးသို့ ရေသန့် ဆေးပြားများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဖြည့်ဆည်း ပေးထားသည်ပာု ပြောကြားသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မြစ်နံဘေး၌ နေထိုင်သူများအား နိုင်ငံပိုင်မီဒီယာက နောက်ထပ်မိုးသည်းထန်စွာ ရွာသွန်းမှုများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးထားသည်။

လာမည့်ရက်များအတွင်းနောက်ထပ်မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်းကြောင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အစီအစဉ်များကို ပြုလုပ်ထားကြရန် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် မြစ်ချောင်းများ၏ဘေးတစ်ဖက် တစ်ချက်တွင် နေထိုင်သူများ ကိုတိုက်တွန်းကြောင်းနှင့် ဓာတ်လိုက်ခြင်း၊ မြေပြိုခြင်း၊ မြွေအန္တရာယ်တို့ကို သတိထားကြရန်လိုအပ်ကြောင်း နိုင်ငံပိုင်မီဒီယာ များ က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလတွင် ကုန်ဆုံးသည့် မုတ်သုန်မိုးရာသီအတွင်း မြန်မာနိုင်ငံဒေသအချို့တွင် နှစ်စဉ်ရေကြီးမှုများ ဖြစ် ပွားလေ့ရှိသော်လည်း ယခင်တပ်မတော်အစိုးရလက်ထက်က ထိုကဲ့သို့သော သတင်းများတိကျပွင့်လင်းစွာ ဖော်ပြလေ့ မရှိခဲ့ ပေ။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive