Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အင်ဒိုနီးရှားရှိ ဗုဒ္ဓဘာသာဘုရားပရဂုဏ်တစ်ခုတွင် ဗုံးပေါက်ကွဲ

(Associated Press မှ 4 Aug 2013 ရက်စွဲပါ “Explosive goes off at Buddist temple in Indonesia”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကြေးနီစီမံကိန်းကို စာချုပ်သစ်ဖြင့် ပြန်လည်စတင်မည်

(4 Aug 2013 ရက်စွဲပါ Shanghai  Daily မှ Myanmar to restart controversial copper project under revised contract  ကို ဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှားရှိ ဗုဒ္ဓဘာသာဘုရားပရဂုဏ်တစ်ခုတွင် ဗုံးပေါက်ကွဲ

(Associated Press မှ 4 Aug 2013 ရက်စွဲပါ “Explosive goes off at Buddist temple in Indonesia”သတင်းကို ဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်ရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်သော စေတီဘုရားပရဂုဏ်တစ်ခုတွင် ပြင်းအားနိမ့်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အတွင်း၌ ဝတ်ပြုဆုတောင်းနေသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းနှင့် ထောင်ထားသောနောက်ထပ် ဗုံးတစ်လုံးမှာ ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ဂျာကာတာအနောက်ပိုင်း အီကာယာနာဂရာ ဗုဒ္ဓဘာသာဘုရားကျောင်းတွင် တနင်္ဂနွေနေ့ညပိုင်းက ဗုံးပေါက်ကွဲခဲ့ ခြင်းဖြစ်သည်ပာု ရဲချုပ်ဆူတာမန်က သတင်းထောက်များအား ပြောကြားပါသည်။ ၎င်းဗုံးများကို ဘုရားကျောင်းအဆောက် အအုံအပြင်ဖက်တွင်ထောင်ထားပုံရပြီး ပေါက်ကွဲမှုကြောင့် အသေးစားပျက်စီးမှုများရှိခဲ့ပါသည်။ ရဲတပ်ဖွဲ့ကအဆိုပါနယ်မြေ တစ်ဝိုက်ကို ပိုက်စိပ်တိုက်ရှင်းလင်းကာ စုံစမ်းစစ်ဆေးနေသည်ပာု ရဲချုပ်ကဆိုပါသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များအကြား ဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခ များနှင့်ပတ်သက်၍ ဒေါသထွက်နေကြသော အင်ဒိုနီးရှားမှ စစ်သွေးကြွများက အင်ဒိုနီးရှားနိုင်ငံတွင်းရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းများကို တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများ ရှိနေပါသည်။ မေလအတွင်းကလည်း ဂျာကာတာရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြံစည်မှုတွင် ပါဝင်ပတ်သက်သူနှစ်ဦးကို ပြင်းအားနိမ့်ဗုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။

ယခု ဗုံးပေါက်ကွဲမှုသည် မွတ်ဆလင်ဘာသာဝင်တို့၏ ရာမာဒန် ဥပုသ်လကုန်ဆုံးခြင်း အထိမ်းအမှတ်ပွဲတော်များ မကျင်းပခင်ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် လူဦးရေအများဆုံး မွတ်ဆလင်နိုင်ငံ တစ်ခုဖြစ်ပါသည်။

အလားတူပင် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ကြသော မြန်မာနိုင်ငံတွင် ဘာသာရေးအစွန်းရောက်သူများ၏ အမြော်အမြင်နည်းသော အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံရေးပယောဂဆရာများက အသုံးချကာ ဒီမိုကရေစီအသွင် ကူးပြောင်းမှုဖြစ်စဉ် ကြန့်ကြာအောင် ကြိုးကိုင်ဖန်တီးနေကြသည်ပာု ရန်ကုန်မြို့မှရရှိသော သတင်းများကဆိုပါသည်။


 

ကြေးနီစီမံကိန်းကို စာချုပ်သစ်ဖြင့် ပြန်လည်စတင်မည်

(4 Aug 2013 ရက်စွဲပါ Shanghai  Daily မှ Myanmar to restart controversial copper project under revised contract  ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ အငြင်းပွားဖွယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဇူလိုင်လ(၂၄) ရက်နေ့က အစိုးရ၏ မြန်မာ့သတ္တုတွင်းလုပ်ငန်း (MME)၊ စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်၏ ဝမ်ပေါင်(Wanbao Mining Ltd) သတ္တုတွင်း လီမိတက်တို့ကြား ကန်ထရိုက်စာချုပ် ပြန်လည်ရေးထိုး၍ စတင်မည်ဟု မျှော်လင့်ရပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာ၏ အကြံပြုချက် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှထွန်းက သောကြာနေ့က လုပ်ငန်းညှိနှိုင်းမှုအစည်းအဝေးတွင်  ပြန်လည်ရေးထိုးသော  ကန်ထရိုက်စာချုပ်တွင်  ပိုမို၍ ပွင့်လင်း မြင်သာမှုရှိရေးနှင့် စီမံကိန်းနယ်မြေတွင် လူမှုရေးတာဝန်ယူမှုအတွက် လှုပ်ရှားမှုများ လိုအပ်ပုံကို အလေးထား ပြောကြား သွားပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံတကာစံနှင့်အညီ ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၄င်းက အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ကော်ပိုရေးရှင်း ကြီးများ၏ လူမှုရေးတာဝန်ယူမှု Corporate Soual Reoponsibilities (SR) လှုပ်ရှားမှုများအတွက် ဒေါ်လာတစ်သန်း သုံးစွဲမည်ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

ထို့အပြင် စီမံကိန်းလည်ပတ်နေချိန်တွင် အမြတ်ငွေ၏  ၂% ကို  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်  အသုံးပြုရန် စီစဉ်ထားရာ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုစီးပွားအနေအထားနှင့် ဒေသပတ်ဝန်းကျင်ဆိုင်ရာများ တိုးတက်ကောင်းမွန်ရေးအတွက် အသုံးပြုမည်ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက တာဝန်များကို ထမ်းဆောင်ရာတွင် ဒေသခံပြည်သူများအပေါ် စာနာစိတ်၊ နားလည်မှုရှိသောစိတ်များဖြင့် အကောင်အထည်ဖော်ရန် ကတိပြုခဲ့ပြီး လုပ်ငန်းကော်မတီကို ဒေသဆိုင်ရာအစိုးရ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားပါသည်။

ကော်မတီသည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ၏ အကြံပြုချက်နှင့်အညီ တိုင်းပြည်၏စီးပွားရေး မြှင့်တင်ရန်နှင့် သတ္တုတွင်းဧရိယာမှ ဆင်းရဲမှုများကို ပပျောက်အောင် ကတိကဝတ်များ ပြောကြားခဲ့ပါသည်။

ကော်မတီကပြောကြားရာတွင် စီမံကိန်း၏ စာချုပ်သစ်သည် ယခုလိုတာဝန်ယူသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်ရန် တွန်းအားပေးနေသည့်အချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် နမူနာကောင်းတစ်ခု ဖြစ်နိုင်သည်ဟု ဆိုပါသည်။

ဇူလိုင်(၂၄)ရက်နေ့က ပြင်ဆင်ခဲ့သော သဘောတူညီချက်အရ မြန်မာ့သတ္တုတွင်း၊ မြန်မာ့စီးပွားရေးဦးပိုင်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့အကြား အကျိုးအမြတ်ခွဲဝေမှုမှာ  ၅၁:၁၉:၃၀ ဖြစ်သွားမည် ဖြစ်ပါသည်။

စာချုပ်သစ်အရ လုပ်ငန်းမစတင်မီ မြန်မာ့သတ္တုတွင်းလုပ်ငန်းသည် မြန်မာ့စီးပွားရေးဦးပိုင်ထံမှ ဒေါ်လာ ၅ သန်း ရရှိမည် ဖြစ်ပြီး၊ ဝမ်ပေါင်ကုမ္ပဏီသည်  မိုင်းပြန်လည်ပြုပြင်ခြင်းအတွက် နှစ်စဉ်ဒေါ်လာ ၂ သန်း ထည့်ဝင်ရမည်ဖြစ်သည့်အပြင် CSR  အတွက် နှစ်စဉ်ဒေါ်လာ ၁ သန်း ထည့်ဝင်ရမည်ဖြစ်ပါသည်။

ထို့အပြင် နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံသူအားလုံးသည် CSR အတွက် အမြတ်ငွေ၏  ၂% ကို အသုံးပြုကြရမည် ဖြစ်ပါသည်။

ဦးလှထွန်းက သဘောတူညီချက်အသစ်သည် အစိုးရကိုလည်း အမြတ်၏ ရာခိုင်နှုန်းတစ်ခုကိုခံစားရန်၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန်၊ စီမံကိန်းကာလတစ်လျှောက်လုံး နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ ပတ်ဝန်းကျင်ကာကွယ်မှုများအတွက် အာမခံချက်ရှိမည်ဟု ဆိုပါသည်။

ကော်မတီအနေဖြင့် ဒေသခံပြည်သူများ မတရားဟု ခံစားမှုများကို ညှိနှိုင်းပြီး လိုအပ်ချက်များ အကောင်းဆုံးကြိုးစား လုပ်ဆောင်သွားမည်ဟု ဦးလှထွန်းက ကတိပြုခဲ့ပါသည်။

၎င်းက လက်ပံတောင်း သတ္တုတွင်းစီမံကိန်းကို တိုင်းပြည်အတွက် နမူနာစီမံကိန်း တစ်ခုဖြစ်စေရန် တိုက်တွန်းခဲ့ ပါသည်။

၎င်းက ပြောကြားရာတွင် ကော်မတီသည် လယ်မြေ ၂၈၃.၆၉ (ဧက  ၁၁၄.၈ ဟက်တာ )ကို လယ်သမားများသို့ ပြန်လည်၍ ပေးနေပြီဖြစ်ကြောင်း လုပ်ငန်း၏ ၇၉ % ပြီးစီးနေကြောင်း ဆိုပါသည်။

ကော်မတီသည် လယ်သမား(၁၀၃၇) ဦးထံမှ သိမ်းယူထားသော လယ်မြေ(၂၈၃.၆၉) ဧကအတွက် လျော်ကြေးငွေ ကျပ်(၃) ဘီလီယံ(ဒေါ်လာ၃သန်း) ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း၊ ကျန်ရှိသော လျော်ကြေးများ ဆက်လက်ပေးမည်ဖြစ်ကြောင်း ၄င်းကပြောပါသည်။

ISO  လက်မှတ်ရရှိအောင် လုပ်ဆောင်ခြင်း၊ သဘောတူညီချက် ပြင်ဆင်ခြင်းများအတွက် MoU ရေးထိုးခြင်းများ၊ ရွှေ့ပေးရသော ရွာများအတွက် နေအိမ်များ ပြန်လည်ဆောက်ပေးခြင်း၊ အဆိုပါရွာများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ စက်မှုဝန်ကြီးဌာနထံမှ ဆာလဗျူရစ်အက်စစ်ကန် ဆောက်လုပ်ရေးအတွက် ခွင့်ပြုချက်ယူခြင်း၊ စီမံကိန်းနယ်မြေတွင်  ပညာရေး၊ကျန်းမာရေး စောက်ရှောက်မှု၊ လူမှုရေးလုပ်ငန်းများ မြှင့်တင်ခြင်းများ လုပ်ဆောင်နေကြောင်း ၄င်းကပြောပါသည်။

သို့သော် အစိုးရက တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားအတွက် လုပ်ဆောင်နေချိန်တွင် အချို့လူများသည် အဆိုပါဒေသတွင် စီမံကိန်းနှောင့်နှေးရန်နှင့် မတည်ငြိမ်အောင် လုပ်ဆောင်နေကြောင်း ၄င်းကပြောပါသည်။

အဆိုပါ စီမံကိန်းတွင်  ၂၀၁၂ ဖေဖော်ဝါရီလမှစ၍  ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အကြံပြုချက်များအတိုင်း ယခုအခါ လုပ်ဆောင်နေပါသည်။

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ တစ်ဦးတည်း၊ တစ်ယောက်တည်း၊ တစ်ဖွဲ့တည်း၊ တစ်ဦး ကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ လုံးဝ လုပ်ယူလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ အားလုံးနားလည်ထားတာက ယနေ့ နိုင်ငံရေးလှုပ်ရှားမှုဟာ တစ်ဖွဲ့ချင်း၌ လည်းကောင်း၊ တစ်ဦးချင်း၌ လည်းကောင်း၊ ပြည်သူလူထုအားလုံးနှင့် အတူ လက်တွဲဆောင်ရွက်နိုင်မှသာ တော်ကာကျမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”

၂၀၁၃ သြဂုတ်လ ၅ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “သြဂုတ်လတွင် နိုင်ငံရေး ဆွေးနွေး ပွဲများ ကျင်းပနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း မကဒတ မှ ကိုသံခဲပြော” သတင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ် တပ်ဦး (မ.က.ဒ.တ) ဥက္ကဋ္ဌ ကိုသံခဲ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ဒီနေ့ခေတ် ခေါင်းဆောင်တဲ့သူတွေက အများဆုံး နားထောင်တတ်ရမယ်။ နားထောင်တတ်တဲ့သူက အလုပ်ရဲ့ ထိရောက်မှု နှစ်ဆရှိတယ် ‘ပြောတဲ့သူက တစ်ဆပဲရှိတယ်။ နားမထောင်တတ်ရင် ထိရောက်မှုရှိမှာ မဟုတ်ဘူး’ ကိုယ်ပြောတဲ့ စကား ကိုလည်း ကိုယ်တိုင် နားလည်ဖို့ လိုပါတယ်။ အခုနောက်ပိုင်းမှာ ဦးဆောင်နေကြတဲ့ လူကြီး၊ လူငယ် အားလုံးဟာ နားထောင် တတ်အောင် အလေ့အကျင့် မွေးမြူကြမယ်”                                                                      

၂၀၁၃ သြဂုတ်လ ၅ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ရန် အောက်ခြေအသံ နားထောင်ကြရမည်” သတင်းမှ ဒေါက်တာ အောင်ထွန်းသက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


ဖြေ။        ။ ပေးဆပ်တဲ့နေရာမှာ ပုံစံပြောင်းသွားနိုင်တယ်။ ဒီနေ့ဒီအချိန်မှာ အရင်လို အဖမ်းအဆီးရှိချင်မှ ရှိမယ်။ ဆိုလိုတာက တစ်ဖက်က ကိုင်တွယ်တဲ့နည်းက ဖမ်းဆီးထောင်ချတဲ့နည်းမဟုတ်ဘဲ တခြားနည်းလမ်းရော မရှိနိုင်ဘူးလား။ သိပ်ရှိ နိုင်တာ ပေါ့။ ကျွန်တော်တို့ အကုန်လုံးကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားရင်းနဲ့ ဘာတွေ ပေါ်လာနိုင်သလဲ ဆိုရင် အချင်းချင်း တိုက်ခိုက်တာတွေ၊ ရန်မူတာမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒီလို ဖြစ်လာရင်းနဲ့ နစ်နာဆုံးရှုံးမှုတွေပါ ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် တစ်ယောက်လုပ်တဲ့ အကြောင်းအရာကို တစ်ယောက်က နားလည်အောင် ကြိုးစားရမှာပါ။ ဒီနားလည်မှု အခြေခံနဲ့ပဲ သွားရမယ်။ ဘာ့ကြောင့် တစ်ချိန်က အတူတူ လက်တွဲခဲ့တဲ့ လက်တွေက ဘာ့ကြောင့် ဒီနေ့ ဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးထိးုတဲ့ လက်တွေ ဖြစ်ရမှာလဲ။ အဓိကက အဲဒါပဲ။

၂၀၁၃ သြဂုတ်လ ၈ ရက်နေ့ထုတ် Envoy ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၀) ပါ “၈၈ မျိုးဆက်   (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) နှင့် အင်တာဗျူး” မှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ယနေ့ အချိန်အခါမှာ သဘာဝ အရင်းအမြစ်တွေကို ထုတ်ယူပြီးတော့ နိုင်ငံတော် အကျိုးပြုဆောင်ရွက်တဲ့ နေရာမှာ အဓိက ကျတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်သူတွေကို ကျွန်တော်တို့ ဂရုစိုက်ရပါမယ်။ လူမှုရေးအဖွဲ့ အစည်းတွေရဲ့ ထိခိုက်မှုတွေပါ ဂရုစိုက်ရပါမယ်။ ဒါတွေဟာ ကျွန်တော်တို့ တကယ် အရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၇ ရက်နေ့ထုတ် The Myanmar Post ဂျာနယ် အတွဲ (၅) ၊ အမှတ် (၃၁) ပါ “သဘာဝသယံဇာတ အရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ကတိပေး” သတင်းမှ လက်ပံတောင်းတောင် အစီရင်ခံစာ အကောင်အထည် ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တိုင်းရင်းသားတွေနဲ့ စကားပြောတဲ့အခါ နှစ်ပေါင်း ၆၀ လုံးလုံး သူတို့ရဲ့ စိတ်ထဲမှာ ခံစားခဲ့ရတာကို အဲဒီမှာ တစ်ခါတည်း မဆဲရုံတစ်မယ် သူတို့ ပြောကြတယ်။ ပြောတာကို နာခံတယ်။ ပြီးရင် သူတို့ကို ပြန်ရှင်းပြဖို့ လိုတယ်။ အဲဒီလို ရှင်းပြတဲ့အခါ ဒီအဆင့်တွေ အဆင့်တွေ ရှိတယ်လို့ ပြောပြတယ်။ အခု ကျွန်တော်တို့ စကားပြောဖို့ ကျန်တာက ကေအိုင်အေရယ်၊ လားဟူရယ်၊ ABSDF ရယ်၊ ပလောင်ရယ် လေးဖွဲ့ကျန်သေးတယ်။ လေးဖွဲ့လုံးနဲ့လည်း အခြေအနေ ကောင်းနေပြီ”

၂၀၁၃ သြဂုတ်လ ၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်  အတွဲ (၈) ၊ အမှတ် (၄၃) ပါ “ကေအိုင်အို၊ လားဟူ၊ ပလောင်၊ ABSDF တို့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ကျန်ရှိဟု ပြည်ထောင်စုဝန်ကြီး ပြောကြား” သတင်းမှ သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive