Transparency Myanmar

transparency.myanmar@gmail.com

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အခု အားလုံးဆွေးနွေးပြီးတော ၁၄ ဖွဲ့ဖြစ်ပါတယ်။ ဦးသိန်းဇော်တို့ အဖွဲ့က အဖွဲ့ (၁) ပေါ့။ သူတို့ အဖွဲ့က ခုနစ်ဖွဲ့ ဆွေးနွေးထားတယ်။ ဦးအောင်မင်းတို့ အဖွဲ့က ခုနစ်ဖွဲ့အားလုံး ၁၄ ဖွဲ့ ဆွေးနွေးထားတယ်။ ကျွန်တော်တို့ ကျန်တာက တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ ကချင်တစ်ခု ကျန်တယ်။ ပြီးတော့ TNLA လို့ ခေါ်တဲ့ ပလောင်ပေါ့။ အဲဒီလောက်ပဲ ကျန်တော့တယ်။ ကျန်တာက မရှိသလောက်ပဲ။ အဲဒါတွေ အားလုံးပြီးရင် ကျွန်တော်တို့က တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို လတ်မှတ်ရေးထိုးပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်တက်မှာ။ အခု ဒီနေ့ လုပ်တဲ့ပွဲက နိုင်ငံရေးဆွေးနွေးပွဲရဲ့ အစပဲ ဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၁၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၈) ၊ အမှတ် (၄၄) တွင် ပါရှိသော “တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို သုံးလ၀န်း ကျင်အတွင်း ပြုလုပ်နိုင်ရေး ဆောင်ရွက်နေဟု ဆို” သတင်းမှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တရားဥပဒေကို ကျွန်တော်တို့ ကျော်လို့မရသလို ဘယ်သူမှ ကျော်လို့မရဘူး၊ ဥပမာ နိုင်ငံရေး ပြစ်မှု ကျူးလွန်တယ်၊ သူတို့ကို ကျွန်တော်တို့က မတရားအသင်းက ပယ်ဖျက်ပေးလိုက်မယ်ဆို နိုင်ငံရေးပြစ်မှု ကျူးလွန်သူအားလုံးက အလိုလိုပါသွားမှာပေါ့။ တကယ်လို့သူတို့က ရာဇ၀တ်မှု ကျူးလွန်တယ်၊ ထိခိုက်နစ်နာ တာတွေ သေကြေပျက်စီးမှုတွေ ရှိတယ်ဆိုရင် ကျွန်တော်တို့ ဘာမှလုပ်ပေးလို့ မရဘူး။ လုပ်ပေးလိုက်မယ်ဆို ပြည်သူတွေအပေါ်မှာ ကျွန်တော်တို့ သစ္စာဖောက်ရာ ကျမယ်။ ဒါတော့ သူ့ပြဿနာ သူရှင်းရမှာ ဖြစ်တယ်။ နိုင်ငံရေးပြစ်မှု ကတော့ ကျွန်တော်တို့ လွှတ်ပေးလို့ ရသလို လျော့ပေးလို့ပဲ ရတယ်။ ကျန်တာတော့ လုပ်ပေးလို့ မရဘူး။ ဘာလို့လဲဆိုတော့ နစ်နာတဲ့သူတွေ ရှိတဲ့အတွက် ကြောင့်မို့ပါ။ ပြည်သူတွေဘက်က ရပ်တည် ပေးရမှာ ပါ။ ကျွန်တော်တို့ဘက်က ဘာတွေလုပ်ပေးနိုင်လဲ ဆိုတော့ တရားရုံးကိုသွားပြီး အမှုရင်ဆိုင်တဲ့အခါမှာ သွားရေး၊ လာရေး၊ နေရေး၊ ထိုင်ရေးတို့ကို စီစဉ်ပေးသွားမှာပါ။ ကျန်တာကတော့ တရားဥပဒေအတိုင်းပါပဲ”

၂၀၁၃ သြဂုတ်လ ၁၂ ရက်နေ့ ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အမည်မည်း စာရင်း ထည့်သွင်း ခံထားရသည့် အဖွဲ့ဝင်များ တရားဥပဒေကြောင်းအရသာ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ပြော” သတင်းမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


မေး။  ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော်အတွင်းကပဲ  ပြင်ဆင်ခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုးနဲ့ပဲ ရေးဆွဲထားတဲ့အတွက်ကြောင့် တိုင်းရင်းသားအားလုံးနဲ့ နိုင်ငံတော်အစိုးရနဲ့ ဘယ်လိုမျိုး ညှိနှိုင်းပြီး ပြင်ဆင်မလဲ။

ဖြေ။  ။UNFC အပါအဝင် တိုင်းရင်းသားအဖွဲ့တွေ ပြောကြာတာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့လိုတယ်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေမှာလည်း သေချာဆွေးနွေး ညှိနှိုင်းဖို့လိုတယ်။ ကျွန်တော်တို့ ညှိနှိုင်းပြီး တော့မှ ဒေါ်အောင်ဆန်း စုကြည်တို့လို ဒီမိုကရေစီအင်အားစုတွေ ဘက်ကရော လက်ရှိအစိုးရဘက်ကရော သေချာဆွေးနွေးပြီး တိုင်းပြည်တစ်ခုလုံး သဘောတူညီချက်တွေရပြီး ကျွန်တော်တို့နိုင်ငံက ဘယ်လိုလုပ် သင့်တယ်။ ဘယ်လိုပေါ်လစီတွေ ချသင့်တယ်။ ပြည်တွင်း စစ်တိုက်ပွဲတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ ဖွဲ့စည်းပုံထဲမှာ ဘာတွေပါသင့်သလဲဆိုတဲ့ အမျိုးသား သဘောတူညီ ချက်တွေ ရပြီး။ အဲဒီအပေါ် အခြေခံပြီးတော့ ဆောင်ရွက်မှသာလျှင် ကျွန်တော်တို့အနေနဲ့ ယုံကြည်တာကအခုနှစ် ၆၀ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းနိုင်မယ်။ ကျွန်တော်တို့ကြားထဲမှာ ယုံကြည်မှုတွေ တည်ရှိနိုင်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုပဲပြင်မယ်။   ဒါကိုပဲလုပ်မယ် ဆိုရင်တော့ ဒါဆေးမြိးတိုပါ။ ခဏတစ်ဖြုတ်သက်သာတဲ့ ရောဂါပုံစံမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်။ တကယ် ဖြစ်နေတဲ့ ရောဂါဆိုးကြီးကိုတော့ မကုနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ်  The Myanmar Post  ဂျာနယ် အတွဲ(၅)အမှတ် ( ၃၂) တွင်ပါရှိသော “တအောင်း(ပလောင်)ပြည် လွတ်မြောက်ရေးတပ်ဦးမှ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တားဘုန်းကျော်နှင့် တွေ့ဆုံခြင်း”သတင်းမှ  တအောင်း(ပလောင်) ပြည်လွတ်မြောက်ရေးတပ်ဦးမှ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တားဘုန်းကျော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖယ်ဒရယ်စနစ်သာ မြန်မာပြည်မှာ ရရှိခဲ့မယ်ဆိုရင် ပြည်တွင်းစစ်တွေကတော့ အမြန်ဆုံးငြိမ်းလိမ့်မယ်။ အပစ်ခတ်တွေ ရပ်စဲတာဆိုရင်တော့ သေနတ်ပစ်သံတွေ ရပ်သွားတာပေါ့။  ဒါပေမယ့် တကယ်စစ်မှန်တဲ့ မှန်ကန်တဲ့ စစ်ပြေငြိမ်းမှုတော့ မရှိသေးဘူး။ တကယ်ဖယ်ဒရယ်စနစ်ကို ပေးမယ်ဆိုရင်တော့ စစ်ပြေငြိမ်းမှုကို အမြန်တော့ရမှာပေါ။ လက်ရှိအစိုးရက ဒ်ီမိုကရေစီလမ်းစဉ်ကို သွားတယ်ပေါ့။ ဒါပေမယ့်အခု ရေတွင်းတူး ရေကြည်သောက်လို့တော့ မရဘူးပေါ့။ အခုသွားနေတာက မွေးလာတဲ့ကလေးလိုပေါ့။ မွေးလာတဲ့ကလေးငယ် သေးသေးလေးကို ကြီးလာတဲ့အထိတော့ စောင့်ရဦးမှာပေါ့။။ ဒီမိုကရေစီ တစ်ခုတည်း ပြောလို့မရဘူး။ ခုနက ကျွန်တော်ပြောသလို ဖယ်ဒရယ်စနစ်ပါမယ်ဆိုရင် ဒီမိုကရေစီနဲ့ ဖယ်ဒရယ်က ခေါင်းနဲ့ ပန်းနဲ့ဆိုတော့ ဖယ်ဒရယ်ပါ ပါလာမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် အထူးအခွင့်အရေးရလာရင်တော့ ခုနကလို တော်လှန်တာတွေ ရှားလာမယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၅ ရက် ပြည်သူ့ဆန္ဒ အတွဲ(၁)အမှတ် ( ၂၂) တွင် ပါရှိသော  “ဖယ်ဒရယ်စနစ် မြန်မာပြည်မှာ ရရှိခဲ့ပါက ပြည်တွင်းစစ်များ အမြန်ဆုံးငြိမ်းလိမ့်မည်ဟုဆို” သတင်းမှ ကယန်းအမျိုးသားပါတီမှ တွဲဖက်အတွင်းရေးမှူး ခွန်ကာသစ်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကုန်သွယ်ရေးလုပ်ငန်း အခွန်က လုပ်ငန်းအဆင့် ခြောက်ဆင့်ရှိတယ်ဆိုရင် ဆောင်ရမယ့် အခွန်က နှုန်းထား ပိုများလာမယ်။ ထုတ်လုပ်မှုကိုလဲ လျော့ကျစေတယ်။ စွမ်းဆောင်နိုင်တဲ့ အခွန်စနစ် ရှိမှသာ နိုင်ငံခြားလုပ်ငန်း ရှင် တွေကိုလဲ ယှဉ်ပြိုင်နိုင်မယ်။ ပြီးတော့ တင်ပို့မှုကိုလဲ လျော့ကျစေတယ်။ နောက်တစ်ချက်က ပုံမှန်မဟုတ်တဲ့ မသမာတဲ့ အရာတွေကိုလဲ အားပေးရာ ရောက်စေတယ်။ ဒီကုန်သွယ်ခွန်က စီးပွားရေးလုပ်ငန်းရှင်တွေကလဲ အခွန်ရှောင်တာတွေ ရှိနိုင်တယ်။ ဒီ့အတွက် ကုန်သွယ် အခွန်က မကောင်းဘူးလို့မြင်တယ်”

၂၀၁၃ သြဂုတ်လ ၁၂ ရက်နေ့ Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကုန်သွယ်ခွန် သည် လုပ်ငန်းရှင်များအား အခွန်ရှောင်မှုကို ဖြစ်စေနိုင်ဟု ပြည်ပစီးပွားရေးပညာရှင် ဝေဖန်” သတင်းမှ International Growth Center (LSE/Oxford) မှ စီးပွားရေးပညာရှင် Mr.Andrea Smurra ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


 

Attached: Q & C
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ (၁)

(11 Aug 2013 ရက်စွဲပါ Yahoo news မှ Ranjana Narayan ရေးသားသော India to link with Myanmar port to boost ASEAN connectivity ကိုဘာသာပြန်ဆိုသည်)

(Global Travel Industry News မှ 11 Aug 2013 ရက်စွဲပါ “Myanmar about to upgrade hotel infrastructure” သတင်းကို ဘာသာပြန်ဆိုသည်)


အိန္ဒိယက အာဆီယံနှင့် ဆက်သွယ်မှုတိုးမြှင့်ရန် မြန်မာနိုင်ငံဆိပ်ကမ်းနှင့်ချိတ်ဆက်

(11 Aug 2013 ရက်စွဲပါ Yahoo news မှ Ranjana Narayan ရေးသားသော India to link with Myanmar port to boost ASEAN connectivity ကိုဘာသာပြန်ဆိုသည်)

အိန္ဒိယသည် အာဆီယံနိုင်ငံများနှင့် ဆက်သွယ်မှုပိုမို အားကောင်းလာရန် တွန်းအားပေးရာတွင် မြန်မာနိုင်ငံ တောင်ပိုင်းမှ ရေနက်ဆိပ်ကမ်းကို အလေးပေးရန် အာရုံပြုလာပါသည်။ အဆိုပါ ရေနက်ဆိပ်ကမ်းကို အလေးပေးရန် အာရုံပြု လာပါသည်။ အဆိုပါ ရေနက်ဆိပ်ကမ်းသည် စီးပွားရေးအရ စွမ်းအားများပြည့်နေသည့် အရှေ့တောင်အာရှဒေသနှင့် ပင်လယ်ရေလမ်းကြောင်း ပိုမိုတိုတောင်းပြီး ကုန်သွယ်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် လာမည့်နှစ်အနည်းငယ်အတွင်း လုပ်ငန်းများစတင် လည်ပတ်ခဲ့ပါက အရှေ့တောင်အာရှဒေသတွင် အဆက်အသွယ်နှင့် ကုန်သွယ်ရေးကို ကြီးစွာမြှင့်တင် ပေးနိုင်မည်ပာု ဆိုကြပါသည်။ ဒေါ်လာ(၈)ဘီလီယံ တန်ဖိုးရှိ အဆိုပါစီမံကိန်းကို မြန်မာနှင့် ထိုင်းတို့က ပူးတွဲလုပ်ဆောင်လျက်ရှိပါသည်။

“ထားဝယ်ရေနက်ဆိပ်ကမ်းပာာ ပြီးသွားခဲ့ရင် အိန္ဒိယကို အရှေ့တောင်အာရှနဲ့ ဆက်သွယ်နိုင်မည့် ပင်လယ် လမ်းကြောင်းတစ်ခု ထပ်တိုးလာပြီး၊ ပြည့်ကျပ်နေပြီဖြစ်တဲ့ မလက္ကာရေလက်ကြားကို မှီခိုရမှု လျော့ချနိုင်ပြီး ခရီးသွားတဲ့ အချိန်လည်း လျော့ချနိုင်ပါမယ်”ပာု တာဝန်ရှိသူတစ်ဦးက IANS ကိုပြောပါသည်။

ထားဝယ်ဆိပ်ကမ်းပာာ မဲခေါင် အန္ဒိယစီးပွားရေးစင်္ကြန်ရဲ့ တောင်ဖက် စင်္ကြန်အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အိန္ဒိယသည် တောင်ဖက်စီးပွားရေးစင်္ကြန်ကို အထူးအာရုံပြုလျက်ရှိပါသည်။

၎င်းသည် ဗီယက်နမ် ပာိုချီမင်းမြို့၊ ကမ္ဘောဒီးယား၏ ဖနွမ်းပင်မြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မြန်မာနိုင်ငံ ထားဝယ်ကိုချိတ်ဆက်ပေးပါသည်။

“ထားဝယ်ဆိပ်ကမ်းပြီးပြီဆိုရင် အိန္ဒိယပာာ Chennai ဆိပ်ကမ်းနဲ့ ချိတ်ဆက်ဖို့ စီစဉ်နေပါတယ်။ ဒါဆိုရင် မလက္ကာ ရေလက်ကြားကို ဖြတ်ဖို့မလိုတော့ဘူး”ပာု အမည်မဖော်လိုသူ အဆိုပါ အရာရှိကဆိုပါသည်။

ပြီးခဲ့သည့်မေလက အိန္ဒိယဝန်ကြီးချုပ် မန်မိုပာန်ဆင်းထိုင်းနိုင်ငံသို့သွားရောက်စဉ်က ထိုင်းအစိုးရက အိန္ဒိယ စီးပွားရေးလုပ်ငန်းများ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပါသည်။ အထူးသဖြင့် သံမဏိ၊ ထုတ်လုပ်မှု၊ စွမ်းအင်၊ ရေနံဓာတုနှင့် ဝန်ဆောင်မှုများကဲ့သို့သော အိန္ဒိယကုမ္ပဏီ များ ကျွမ်းကျင်သည့်နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပါသည်။

ရေနက်ဆိပ်ကမ်းကို ထိုင်းနိုင်ငံ ဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် အီတာလျံ-ထိုင်းက ပါဝင်ဆောက်လုပ်နေပြီး အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာများကို ဖြတ်နေသည့် သမုဒ္ဒရာသွား ကုန်ပစ္စည်းတင် သင်္ဘောများ ဆိုက်ကပ်နိုင်အောင် ဒီဇိုင်းရေးဆွဲထားပါသည်။ စင်္ကာပူကို ဖြတ်သွားရမည့် ရေကြောင်းအကွာအဝေးကို လျော့ချနိုင်မည်ဖြစ်ပါသည်။

ထိုင်းနှင့် မြန်မာတို့ ပူးတွဲပိုင်ဆိုင်သည့် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးကုမ္ပဏီသည် အဆိုပါ စီမံကိန်းကို လည်ပတ်ရန် တာဝန်ယူမည်ဖြစ်ပါသည်။

မပာာမဲခေါင်ဒေသခွဲတွင်လည်း မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်မှ မြို့ကြီးများတို့နှင့် တရုတ်ကိုဆက်သွယ်မည့် တောင်မြောက်စင်္ကြ လည်းရှိပါသည်။ သို့သော် အိန္ဒိယက ထိုစင်္ကြန်နှင့် ချိတ်ဆက်ရန် စိတ်အားထက်သန်ခြင်းမရှိပေ။ “ဒီစင်္ကြန်ပာာ တရုတ်နဲ့ကိစ္စမှာ သက်ရောက်မှုတွေရှိနိုင်လို့ အိန္ဒိယ အနေနဲ့ကတော့ ဝင်ပါဖို့ သိပ်စိတ်အားမထက်သန်ပါဘူး”ပာု ၎င်းကပြောပါသည်။

မဏိပူရနယ် မိုရေးကနေ ထိုင်းနိုင်ငံမဲဆောက်အထိ မြန်မာနိုင်ငံကိုဖြတ်ပြီးသွားတဲ့ အဝေးပြေးလမ်းမကြီးပာာ အိန္ဒယရဲ့ကုန်းတွင်းပိတ် အရှေ့မြောက်ဒေသကို အရှေ့တောင်အာရှနဲ့ ချိတ်ဆက်လမ်းဖွင့်ပေးပါလိမ့်မည်။ ထိုစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က ငွေကြေးထောက်ပံ့လျက်ရှိပါသည်။

အဆိုပါ အဝေးပြေးလမ်းမကြီးသည် ကုန်ပစ္စည်းနှင့် ကွန်တိန်နာကားများ အိန္ဒိယနယ်စပ်မှ မြန်မာ၊ ထိုင်းနိုင်ငံများသို့ ဖြတ်သန်းသွားခွင့်ပြုလိမ့်မည်ပာု မျှော်လင့်ရပြီး အဆိုပါ သုံးနိုင်ငံအား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရာတွင် အရေးပါသော ကဏ္ဍမှပါဝင်လိမ့်မည်ဖြစ်ပါသည်။

အဆိုပါ အဝေးပြေးလမ်း၏ မြန်မာနိုင်ငံ ကလေးဝ-ရာကြီးအပိုင်းကို အိန္ဒိယက အဆင့်မြှင့်တင်ရန် အဆိုပြုထား သော်လည်း အဆိုပါဒေသတွင် တောင်ထူထပ်ခြင်းကြောင့် ပြဿနာအချို့ကြုံတွေ့နေရသည်ပာုဆိုပါသည်။

အဆိုပါ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ အဓိကအစိတ်အပိုင်း အတော်များများပြီးစီးနေပြီဖြစ်ပါသည်။ ကလေးဝ- ရာကြီး အပိုင်းအဆင့်မြှင့်ခြင်းနှင့် တံတား(၇၁)စင်း ပြင်ဆင်ခြင်းကို အိန္ဒိယက တာဝန်ယူမည်ပာု ၂၀၁၂ မေလက အိန္ဒိယဝန်ကြီးချုပ်မိုဟာမက်ဆင်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် သဘောတူခဲ့ခြင်းကြောင့် လုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောပါသည်။

အိန္ဒိယနှင့် အာဆီယံဆယ်နိုင်ငံ၏ လူဦးရေစုစုပေါင်းသည် (၁၀၈)ဘီလီယံရှိပြီး၊ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံ ရှိပါသည်။ အိန္ဒိယနှင့် အာဆီယံ၏ GDP စုစုပေါင်းသည် ဒေါ်လာ(၃)ထရီလီယံဝန်းကျင်တွင် ရှိပါသည်။

အိန္ဒိယနှင့် အာဆီယံချိတ်ဆက်သော စီမံကိန်းများအနက် အိန္ဒိယသည် မြန်မာနိုင်ငံမှ ကီလို ၁၆၀ ရှိ တမူး-ကလေးဝ- ကလေးမြို့လမ်းအဆင့်မြှင့်ခြင်းကို ကူညီလျက်ရှိပြီး၊ တံတားပောာင်း(၇၁)စင်းကို ပြင်ဆင်နေပါသည်။ ထို့အပြင် ကုလားတန် ဘက်စုံသုံးတစ်ထောက်နား ပို့ဆောင်ရေးစီမံကိန်းကိုလည်း ဆောက်လုပ်လျက်ရှိပါသည်။

ကုလားတန်စီမံကိန်းသည် ကိုးလ်ကတ္တားဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းကို ပင်လယ်မှဆက်သွယ်ပေးပြီး၊ စစ်တွေနှင့် မီဇိုရမ်ကို မြစ်လမ်းကြောင်း၊ ကုန်းလမ်းကြောင်းမှတစ်ဆင့် ဆက်သွယ်နိုင်ပါမည်။ အဆိုပါစီမံကိန်းသည် ၂၀၁၄ တွင်ပြီးစီးမည်ပာု မျှော်လင့်ရပါသည်။


 

ဟိုတယ် အခြေခံအဆောက်အဦးစနစ် အဆင့်မြှင့်တင်ရန် မြန်မာပြင်ဆင်

(Global Travel Industry News မှ 11 Aug 2013 ရက်စွဲပါ “Myanmar about to upgrade hotel infrastructure” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဟိုတယ်ဝန်ဆောင်မှုများ တိုးတက်အောင် အဆင့်မြှင့်တင်မည့် အစိုးရ၏ အစီအစဉ် အရ ရွေးချယ်သတ်မှတ်ထားသော ဟိုတယ်များကို ဟိုတယ်ခရီး ၀န်ကြီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များ အသင်း ပူးပေါင်းကာ ယခုလမှ စ၍ စစ်ဆေးမှုများ ပြုလုပ်သွားတော့မည် ဖြစ်သည်။

“ဒီနှစ်မှာတော့ ဟိုတယ်တွေရဲ့အဆင့်ကို မဆုံးဖြတ်နိုင်သေးပါဘူး။ ဒါပေမယ့် ဒီလက စပြီး ဟိုတယ် တွေကို အဆင့် မြှင့်တင်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့နဲ့ ဟိုတယ်ခရီးဝန်ကြီး ဌာန ပူးပေါင်းပြီး ဟိုတယ်တွေကို စစ်ဆေးသွားမှာပါ။ ဒီအလုပ်ကို ကျွန်တော်တို့ နှစ်ဖွဲ့ခွဲပြီး လုပ်သွားကြမှာပါ” ဟု ဟိုတယ် လုပ်ငန်းရှင်များအသင်း၏ ရန်ကုန်ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ခေတ်ပြောင်း ဥတုပြောင်းမှုကြောင်း ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ခရီးသွားဧည့်သည် ၀င်ရောက်မှု မြင့်တက်လာခဲ့သည်။ ရာသီချိန် မဟုတ်သော်လည်း တိုးရစ်များ ပိုမို ၀င်ရောက်လာမှုကြောင့် ဟိုတယ်ခန်း လိုအပ်ချက် ကြီးမားလာပါသည်။ ဟိုတယ်ခရီးဝန်ကြီးဌာနမှ ထုတ်ပြန်သော ၂၀၁၃ ဇွန်လ ကိန်းဂ ဏန်းများအရ မြန်မာနိုင်ငံတွင် လိုင်စင်ရဟိုတယ် ၈၂၆ လုံးနှင့် ဟိုတယ်ခန်းပေါင်း ၂၉,၉၉၉ ခန်းမျှသာ ရှိသည် ဟု သိရှိရသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည့် နှစ်သန်းခန့် လာရောက်လည်ပတ်လိမ့်မည်ဟု ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာနက ခန့်မှန်းထားသည်။ ထို့အပြင် နှစ်ကုန်ပိုင်းတွင် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှိ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ကျင်းပဦးမည် ဖြစ်ရာ ခရီးသွားဧည့်သည် လာရောက်မှု ပိုမိုမြင့်တက်လာဦး မည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် ကြယ်ငါးပွင့် အဆင့်ဟိုတယ် ၅ ခုထဲသာ ရှိပြီး၊ ယင်းဟိုတယ် အားလုံးကို နိုင်ငံခြားသားများက ပိုင်ဆိုင်ကြသည်။ ၂၀၁၁ ခုနှစ် ဟိုတယ်အဆင့် သတ်မှတ်ချက်များအရ မြန်မာနိုင်ငံတွင် ကြယ်လေးပွင့် အဆင့် ဟိုတယ် ၁၁ လုံး၊ ကြယ်သုံးပွင့်အဆင့် ဟိုတယ် ၅၆ လုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ် ၄၉ လုံး၊ ကြယ်တစ်ပွင့်အဆင့် ဟိုတယ် ၆၉ လုံး ရှိသည်ဟု သိရှိရသည်။ ခရီးသွားများ လည်ပတ်ရာ ဒေသများ ဖြစ်သော ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ ပုဂံတို့မှ ဟိုတယ်များကို ဟိုတယ်ခရီးဝန်ကြီးဌာနက အကဲဖြတ်ခဲ့ ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခရီးသွားတိုးရစ်များ လည်ပတ်စရာ၊ ဈေးဝယ်စရာ ၊ စားသောက်စရာ နေရာများကို စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ ဖော်ထုတ်ပေးရန်အတွက် တိုင်းနှင့် ပြည်နယ်အစိုးရများ၊ စည်ပင်သာယာရေး ကော်မတီများတွင် တာဝန်ရှိ သည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive