Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

  • ရခိုင်ပြည်နယ်တွင်း ပဋိပက္ခထပ်မံဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးဒိုင်ယာလော့ခ်လုပ်ရန် ကုလတောင်းဆို

(AFP သတင်းဌာနမှ 14 Aug 2013 ရက်စွဲပါ UN call for talks after Burma clashes ကိုဘာသာပြန်ဆိုသည်)

  • တာလီဘန်များ မြန်မာနိုင်ငံတွင် စစ်စခန်းဖွင့်

(16 Aug 2013 ရက်စွဲပါ hdnews24.com မှ Taliban opens camp in Myanmar ကို ဘာသာပြန်ဆိုသည်)


ရခိုင်ပြည်နယ်တွင်း ပဋိပက္ခထပ်မံဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးဒိုင်ယာလော့ခ်လုပ်ရန် ကုလတောင်းဆို

(AFP သတင်းဌာနမှ 14 Aug 2013 ရက်စွဲပါ UN call for talks after Burma clashes ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ရိုဟင်ဂျာမွတ်စလင်များနှင့် ပတ်သက်၍ အကြမ်းဖက် ပဋိပက္ခ တစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ကုလသမဂ္ဂက ဒိုင်ယာလော့ခ်တစ်ရပ် ပြုလုပ်ရန် မေတ္တာရပ်ခံလိုက်ကြောင်း သိရသည်။ ဆူပူအကြမ်းဖက်မှုဖြစ်ပွားရာ အဆိုပါရခိုင်ပြည်နယ်ထဲသို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ် ကင်တားနား အဆိုပါဒေသသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ထိုသို့ ပန်ကြားလိုက်ခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့သည့် အဆိုပါဆူပူအကြမ်းဖက်မှုတွင် လူပေါင်း ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီးအနည်းဆုံး လူတစ်ဦးသေဆုံးကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီဖြစ်သော UNHCR ကပြောကြားသည်။

"ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရသူများနှင့် အစိုးရအကြားငြိမ်းချမ်းရေး ဒိုင်ယာလော့ခ်တစ်ရပ် အမြန်ဆုံးကျင်းပ ပြု လုပ်နိုင်ရန် ကုလသမဂ္ဂက ထပ်မံပန်ကြားလိုက်ပါတယ်။ နောက်ထပ်တစ်ကြိမ် အလားတူဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပေါ်နိုင် ရေးအတွက် အဆိုပါငြိမ်းချမ်းရေး ဒိုင်ယာလော့ခ်က များစွာအခရာကျသည်ဟု ကျွန်တော်တို့က ယုံကြည်ထား ပါတယ်" ဟု UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ Adrian Edwards က ဂျနီဗာမြို့ တွင်ပြောကြားသည်။ ယင်းသို့ ကြေညာချက် ထုတ်ပြန်ခြင်း သည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်ကင်တားနား၏ မြန်မာပြည်ခရီးစဉ်နှင့်လည်း တိုက်ဆိုင် လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ဖြစ်ပွားခဲ့ သည့်ဆူပူအကြမ်းဖက်မှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းမှုပြုလုပ်ရန် တုံ့နှေးနေခဲ့ခြင်းကြောင့် လူ ပေါင်းဒါဇင်ပေါင်း များစွာသေဆုံးခဲ့ပြီး အိုးအိမ်စည်းဇိမ်များ ပျက်စီးခဲ့ရကြောင်း၊ အဆိုပါဖြစ်ရပ်ကိုကြည့်လျှင် ဆူပူအကြမ်းဖက် မှု၌ နိုင်ငံတော်အစိုးရက ပါဝင်ပတ်သက်နေသည်ဟု ယူဆရကြောင်း သောမတ်ကင်တားနားက သုံးသပ်ပြောကြား ခဲ့သည်။

သို့သော် ၎င်း၏ ပြောဆိုချက်မှာ မှန်ကန်မှုမရှိပါကြောင်း မြန်မာအစိုးရက တုံ့ပြန်ဖြေရှင်းခဲ့သည်။

မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ ၁ ရာခိုင်နှုန်းခန့်မျှရှိသော မွတ်စလင်များကို တိုက်ခိုက်အကြမ်းဖက်မှုများသည် ဗုဒ္ဓ ဘာသာဝင် အများစုနေထိုင်ရာ လူ့အဖွဲ့အစည်း၌ မွတ်စလင်မုန်းတီးရေး သဘောတရားများ နက်ရှိုင်းစွာ ရှိနေသည်ဟူသော အချက်ကို ပေါ်လွင်စေခဲ့သလို အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအပေါ်လည်း များစွာလောင်းရိပ် ကျရောက်စေသည်။

ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က အထူးသံတမန် သောမတ်စ်ကင်တားနားသည် ဒုက္ခသည် စခန်းများ အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့အတော်များများသို့ သွားရောက်လေ့လာခဲ့ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ယမန်နှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း ဆူပူတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးကတည်းက ယခု အချိန်အထိ တင်းမာမှုများမှာ မြင့်တက်လျက် ရှိဆဲပင်ဖြစ်သည်။ ထိုဖြစ်စဉ်များတွင် လူပေါင်း ၂၀၀ ကျော်ခန့် သေဆုံးခဲ့ရသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများအဖြစ် လူအများစုကသတ်မှတ် ထားကြသည်။ ဆူပူအကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းတွင်း အကွဲအပြဲများဖြစ်ပေါ်ခဲ့သလို မွတ်စလင် နှင့် ဗုဒ္ဓဘာသာရခိုင်လူမျိုးများနှင့် လုံခြုံရေးတပ်ဖွဲ့များ အကြား ယုံကြည်မှုများလည်း ပျောက်ဆုံးခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လတွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ၌ အချင်းများမှုများဖြစ်ပွားပြီး ဆူပူအကြမ်းဖက် တိုက်ခိုက် ခဲ့ကြရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခြင်းကြောင့် ရိုဟင်ဂျာမွတ်စလင် အမျိုးသမီး သုံးဦးသေဆုံးခဲ့သည်။

UNHCR အဆိုအရနာက်ဆုံးအကြိမ်ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် စစ်တွေအနီးမစ်ကြောင်းတစ်ခု၌ လူသေ အလောင်း တစ်ခုတွေ့ရှိခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လူသေအလောင်းနှင့်ပတ်သက်၍ ဒုက္ခသည်စခန်းတွင် နေထိုင် သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အချင်းများကြရာ ရဲတပ်ဖွဲ့က ထိပ်တိုက်ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက် တိုက်ခိုက် ကြခြင်းဖြစ်သည်ဟု ယူဆရသည်။ ယင်းဖြစ်ရပ်ကြောင့် မွတ်စလင်လေးဦး ဒဏ်ရာရရှိသွားပြီး တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ရောက်ရှိသွားသည်။

သို့အတွက်ကြောင့် လွန်ခဲ့သည့် ရက်သတ္တပတ်တစ်ခုလုံး ယင်းဒုက္ခသည်စခန်းသို့ လူသားချင်းစာနာ ထောက်ထား သည့် အကူအညီများပေးနိုင်ခဲ့ခြင်းမရှိကြောင်း သို့သော် တနင်္လာနေ့မှစတင်ကာ တင်းမာမှုများလျော့ကျခဲ့ခြင်းကြောင့် ပြန် လည်ဝင်ရောက် ပံ့ပိုးနိုင်ခဲ့ကြောင်း UNHCR ကဆိုသည်။


တာလီဘန်များ မြန်မာနိုင်ငံတွင် စစ်စခန်းဖွင့်

(16 Aug 2013 ရက်စွဲပါ hdnews24.com မှ Taliban opens camp in Myanmar ကို ဘာသာပြန်ဆိုသည်)

Urdu ဘာသာဖြင့်ဖ်ာပြသော အင်တာနက်ဖိုရမ်တစ်ခုတွင် နှစ်ဒါဇင် ကျော်ကျော် အလွန်ကောင်းမွန်သော ပုံများဖြင့် တာလီဘန်များသည် မြန်မာနိုင်ငံရှိ အမည်မဖော်လိုသော စခန်းတစ်ခုတွင် ရိုဟင်ဂျာ မူဆလင်များ၊ ဘင်္ဂလားဒေ့ရှ်များ၊ အင်ဒို နီးရှားလူမျိုးများကို စုဆောင်း၍ အောင်မြင်စွာ လေ့ကျင့်သင်ကြားမှုများ ပေးလျက်ရှိသည်ဟု Asia News International (ANI) က ပြောကြားခဲ့ပါသည်။

အဆိုပါ ပုံများကို Urdu ဘာသာစာများဖြင့် ‘Bab-e-Islam Jihadi Internet Forum’တွင် ဖော်ပြထားသည်ကို ဇူလိုင် လ ၁၂ ရက်နေ့က ဖေ့စ်ဘုတ်တွင် တွေ့ရှိရသည်ဟု ဝါရှင်တန်အခြေစိုက် သုတေသန အင်စတီကျူဖြစ်သော အရှေ့အလယ် ပိုင်းမီဒီယာသုတေသန အင်စတီကျူ (MEMRI)၏ Jihad and Terrorism Threat Monitor(JTTM)၏ အဆိုအရ သိရှိရပါသည်။

အဆိုပါ အင်စတီကျူသည် ဆိုရှယ်မီဒီယာများတွင် ရယ်ဒီကယ်အစ္စလာမ် မီဒီယာနှင့် ကွန်ရက်များဖြင့် ၎င်းတို့၏ ဘာသာဖြင့် ဝါဒဖြန့်မှုများကို စောင့်ကြည့်၍ ဘာသာပြန်မှုများကို အထူးပြုလေ့လာပါသည်။

Bab-e-Islam Internat ဖိုရမ်တွင် မြန်မာနိုင်ငံ၌ယူနီဖောင်း ဝတ်ထားသူများအား စစ်သင်တန်းပေးနေသည့် ဓါတ်ပုံကို ဖော်ပြထားပြီး နေရာအတိအကျကိုမူ ဖော်ပြမထားပါ။

Arrahmah.com ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသောပုံတွင် သင်တန်းသားများ ဘုရားရှိခိုးနေသည့်ပုံကို ဖော်ပြထား ပါသည်။

အခြားပုံများတွင် လေ့ကျင့်သင်ကြားပေးကြသော တာလီဘန် အဆင့်မြင့်အရာရှိများ၏ မျက်နှာကိုမူဖျက်၍ ဖော်ပြ ထားပါသည်။

JTTM ကဓါတ်ပုံနှင့် တွဲလျက်ပါသောစာအားဘာသာပြန်ခဲ့ရာ “ဤဂျီဟတ်တပ်ဖွဲ့သစ်သည် မြန်မာနိုင်ငံသို့ တပ်မှူးများ ဖြစ်သော Abu Sufiya နှင့် Abu Arif တို့၏ ဦးဆောင်မှုဖြင့် ဝင်ရောက်ခဲ့ပြီ” ဟု ဖော်ပြထားသည်ဟု ဆိုပါသည်။

ပုံတွင် ဖော်ပြထားသောစာများတွင် အဆိုပါစုဆောင်းထားသော အဖွဲ့သစ်သည် မြန်မာစစ်တပ်မှ ယာဉ်နှစ်စီးဖျက်ဆီး ၍ စစ်သား ၁၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားပါသည်။

အဆိုပါစာများတွင်ပင်ထိုတပ်ဖွဲ့သစ်သည်မူဆလင်များအားသတ်ဖြတ်ခဲ့ခြင်းကို လက်စားချေသည့်အနေဖြင့်ဘုန်းကြီး တစ်ပါး အပါအ၀င် ဗုဒ္ဓဘာသာသုံးဦးအား ခေါင်းဖြတ်သတ်ခဲ့သည်ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံမှ မူဆလင်ရိုဟင်ဂျာအရေးကိစ္စသည် နိုင်ငံတကာသတင်းခေါင်းကြီးပိုင်းကို နေရာယူခဲ့သည်မှာ လွန်ခဲ့ သော နှစ်ကတည်းကဖြစ်ပြီး အများစု ဗုဒ္ဓဘာသာများ၏ တိုက်ခိုက်မှုဒဏ်ကို ခံစားကြရပါသည်။

တိုင်းရင်းသားရိုဟင်ဂျာ မူဆလင်များ ရာနှင့်ချီ၍ သတ်ဖြတ်ခံရပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။

ဖော်ပြထားသော ဓါတ်ပုံများတွင် လူ ၁၀၀ မှ ၂၀၀ ခန့်ထိ သေနတ်ပစ် လေ့ကျင့်နေပုံများ ပါဝင်ပါသည်။

ဝါရှင်တန်အခြေစိုက် သုတေသန အင်စတီကျူက ပြောကြားရာတွင် Ansarullah jihadi ဖိုရမ်၏ အာရပ်ဘာသာဖြင့် ဖော်ပြမှုများကို Bab-e-Islam ဖိုရမ်မှ တစ်ဆင့် အဓိက လုပ်ဆောင်သည်ဟု ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

  • အမေရိကန်နှင့် ဂျပန်က မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးတွင် တရုတ်ကိုလည်း တစ်စိတ်တစ်ပိုင်း ပါစေချင်

(The Street မှ 16 Ang 2013 ရက်စွဲပါ “U.S, Japan want a piece of China’s Myanmar action”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  • မြန်မာ့ကမ်းလွန်တွင် PTTEP ဓာတ်ငွေ့တွေ့ရှိ

(Up Stream Oil& News မှ 18 Aug 2013 ရက်စွဲပါ “PTTEP hit gas in Burma”သတင်းကို ဘာသာပြန်ဆိုသည်)


အမေရိကန်နှင့် ဂျပန်က မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးတွင် တရုတ်ကိုလည်း တစ်စိတ်တစ်ပိုင်း ပါစေချင်

(The Street မှ 16 Ang 2013 ရက်စွဲပါ “U.S, Japan want a piece of China’s Myanmar action”သတင်းဆောင်းပါး ကို ဘာသာပြန်ဆိုသည်)

အာရှတိုက်တွင်သမိုင်းကြောင်းအရ အနောက်အုပ်စုနှင့်ဆက်ဆံရေးကို ဆန့်ကျင်ခဲ့ကြသည့် အာဏာရှင်နှစ်နိုင်ငံ ရှိသည်။ ၎င်းတို့မှာအမေရိကန်ပြည်ထောင်စုတွင် စီးပွားရှာခြင်းမှသည် အာဖရိကမှသယံဇာတ ထုတ်သည်အထိတစ်ကမ္ဘာ လုံး၌ရင်းနှီးမြှုပ်နှံနေသော တရုတ်နိုင်ငံနှင့်မနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား စီးပွားရေးတံခါးဖွင့်ပေးခဲ့သော မြန်မာနိုင်ငံတို့ပင် ဖြစ်သည်။

သို့သော်လည်း အွန်လိုင်းသတင်းစာ caijing.com.cn မှ ရှားရှားပါးပါးဝေဖန်ရေး ဆောင်းပါးတစ်ပုဒ်အရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် သဘောကျစရာအကောင်းဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ပေါ်ထွက်လာခြင်းမရှိပာု သိရှိရ သည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများက သတ္တုတွင်းလုပ်ငန်း၊ အခြေခံအဆောက်အဦးစနစ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် တယ်လီကွမ်းစီမံကိန်းကဲ့သို့သော သမရိုးကျခွင်များတွင်သာ ပုံအောရင်းနှီးနေကြသည်ပာု ၎င်းသတင်းကဆိုသည်။ ၎င်း စီမံကိန်းများသည် တရုတ်နိုင်ငံ၏ မြန်ဆန်စွာကြီးထွားနေဆဲ စီးပွားရေးကဏ္ဍအတွက် သဘာဝသယံဇာတများကိုချုပ်ကိုင် သိမ်းဆည်းပေးရင်း အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရသွားစေမည့် ခွင်များဖြစ်သည်။

သို့သော်လည်း မြန်မာတို့က ဆိပ်ကမ်းများ၊ သတ္တုတွင်းများ အလဲအလှယ်လုပ်ရသည့်ခွင်ကို အမေရိကန် အချို ရည်ပုလင်း သွတ်ခြင်း၊ အမေရိကန်ကြက်ကြော်စားခြင်း၊ ဂျပန်လျှပ်စစ်ပစ္စည်းများ ဝယ်ခြင်းတို့လောက် စိတ်ဝင်စားခြင်း မရှိကြပေ။ မြန်မာဈေးကွက်သည် အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ဝေစုများကို အားပေးမြှင့်တင်နိုင်စွမ်း မရှိသေး သော်ငြားလည်း တစ်ချိန်က တံခါးလုံးဝပိတ်ထားခဲ့သော လူဦးရေသန်း ၆၀ နိုင်ငံသို့ စောစောစီးစီးလာရောက်ရင်းနှီးမြှုပ်နှံ သူများအတွက် ဆုလာဘ်များ ရှိရပေလိမ့်မည်။

တရုတ်တို့သည် ၎င်းတို့၏သမားရိုးကျပုံစံကို စွန့်လွှတ်ခြင်းမရှိပါက မြန်မာနိုင်ငံ၏ ရာသီပြောင်းချိန်တွင် ယှဉ်ပြိုင် နိုင်စွမ်း ရှိလိမ့်မည်မပာုတ်ပေ။

“မြန်မာနိုင်ငံမှာ ခွင်ကောင်း၊ အခွင့်အလမ်းကောင်းတွေကို အပေါ်စီးရယူခဲ့ရတာကို အသားကျနေတဲ့ တရုတ် ကုမ္ပဏီတွေပာာ အမေရိကန်၊ ဂျပန်နဲ့ တခြားနိုင်ငံတွေရဲ့ အားတက်သရောဖြစ်မှုနဲ့ ကွဲပြားခြားနားနေပြီး မြန်မာနိုင်ငံရဲ့ စန်းထလာတဲ့ ရင်းနှီးမြှုပ်နှံမှုခွင်အသစ်မှာ ပွဲကြည့်ပရိသတ်တွေဖြစ်သွားမယ့် သဘောရှိပါတယ်”ပာု အွန်လိုင်းသတင်းစာ က သုံးသပ်ထားသည်။

တောင်ဖက်မှ အိမ်နီးချင်းနိုင်ငံများသည် တရုတ်နိုင်ငံထက် ပိုမိုသေးငယ်၍ ပိုမိုဆင်းရဲသောကြောင့် ပါးစပ်ထဲ အရောက် ဇွန်းဖြင့်ခွံ့ခြင်းကိုစောင့်နေကြသည်ပာူသော  အမြင်ပောာင်းကို ကိုင်စွဲထား၍ မရနိုင်တော့ပာူသော အချက်ကို တရုတ်တို့ နားလည်သဘောပေါက်သင့်ပေပြီ။

တောင်ဖက်အိမ်နီးချင်းများထဲမှ ဗီယက်နမ်နိုင်ငံသည် ၁၉၇၉ ခုနှစ်စစ်ပွဲတွင် တရုတ်တို့အပေါ် အသာစီးရခဲ့ခြင်း အပေါ် ရင်ခုန်လှုပ်ရှားနေဆဲပင်ဖြစ်သည်။ ခပ်လှမ်းလှမ်းက အင်ဒိုနီးရှားနိုင်ငံတွင်လည်း ဆူပာာတိုခေတ်က ရက်စက် သော နှိပ်ကွပ်မှုများကို ၁၅ နှစ်ကျော်လွန်လာခဲ့သည်တိုင်အောင် တရုတ်စီးပွားရေးသမားများအပေါ် မကျေနပ်မှုများ ပျောက်ကွယ်သွားခြင်းမရှိသေးပေ။ မဲခေါင်မြစ်အောက်ပိုင်းမှ အရှေ့တောင်အာရှနိုင်ငံများကလည်း မဲခေါင်မြစ်အပေါ်ပိုင်း တွင် တမံတည်ဆောက်မှုအတွက် တရုတ်နိုင်ငံကို ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။

တပ်မတော်အစိုးရလက်ထက် အာဏာရှင်စနစ် ရှင်သန်ရေးအတွက် သယံဇာတနဲ့ အလဲအလှယ်လုပ်ခဲ့သော မြန်မနိုင်ငံ၌လည်း ယခုအခါ မြစ်ဆုံတမံ စီမံကိန်း၊ လက်ပံတောင်း ကြေးနီစီမံကိန်းတို့နှင့် ပတ်သက်၍ တရုတ်ကုမ္ပဏီ များကို ဆန့်ကျင်ကန့်ကွက်နေကြပြီ။

“အရေးကြီးဆုံးအချက်ကတော့တရုတ်ကုမ္ပဏီတွေပာာ သယံဇာတထုတ်လုပ်ငန်းမပာုတ်တဲ့ အခြားကဏ္ဍတွေမှာ ပိုမိုပါဝင်ပတ်သက်လာကြမှာလားဆိုတဲ့အချက်ပါပဲ။ အယူအဆတွေကတော့ပြောင်းလာတဲ့ သဘောရှိပါတယ်။ လောလော ဆယ် အခြေအနေမှာ စီးပွားရေးကဏ္ဍမှန်သမျှရဲ့ စီမံကိန်းတိုင်းမှာ ပတ်ဝန်းကျင်နဲ့လူမှုဆိုင်ရာ ထိခိုက်မှုတွေအပေါ် သတိထားမှုတွေပာာလည်း အထောက်အကူဖြစ်လာပါတယ်”ပာု Cascade Asia Advisors သုတေသနလုပ်ငန်းမှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေဒါရိုက်တာ ရိုက်ကာလက်ဘီက မှတ်ချက်ပေးပါသည်။

ရန်ကုန်မြို့မှ အကဲခတ်အချို့ကမူ တရုတ်တို့သည် မြန်မာနိုင်ငံ၏ ရာသီပြောင်းချိန်မတိုင်မှီကပင် ကြိုတင်၍ မြဲမြဲ မြန်မြန် ခြေကုတ်ယူထားပြီးဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။


မြန်မာ့ကမ်းလွန်တွင် PTTEP ဓာတ်ငွေ့တွေ့ရှိ

(Up Stream Oil& News မှ 18 Aug 2013 ရက်စွဲပါ “PTTEP hit gas in Burma”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းရေနံကုမ္ပဏီ PTTEP သည် မြန်မာကမ်းလွန် M3 လုပ်ကွက်မှအောင်သိင်္ခစီမံကိန်းတွင် ဓာတ်ငွေ့အစမ်း တွင်း ၃ တွင်းတူးဖော်ခြင်းကို အောင်မြင်စွာ ပြုလုပ်ခဲ့သည်ပာု သိရှိရသည်။

အောင်သိင်္ခတွင်းအမှတ် ၃ မှ တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ ၃၄.၅ သန်းနှင့် ရေနံစိမ်း ၁၉၅ စည်၊ အောင်သိင်္ခ တွင်းအမှတ် ၅ မှ တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ ၉ သန်း၊ အောင်သိင်္ခတွင်းအမှတ် ၆ မှ တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ ၁၄ သန်းနှင့် ရေနံစိမ်း ၁၈၂၀ စည် အသီးသီး ထွက်ရှိနေသည်ပာု ကုမ္ပဏီကပြောကြားသည်။

အောင်သိင်္ခတွင်းအမှတ် ၄ တွင်တွေ့ရှိနေပြီ ဖြစ်သော်လည်း လိုအပ်သော ကိရိယာများ မပြင်ဆင်ရသေးသော ကြောင့် တိုင်းတာနိုင်ခြင်း မရှိသေးပာု ဆိုပါသည်။

အောင်သိင်္ခစီမံကိန်း၌ ၂၀၁၄ ခုနှစ်တွင် နောက်ထပ်အစမ်းတွင်းများ တူုးဖော်သွားမည်ပာု ကုမ္ပဏီကဆက်လက် ပြောကြားသည်။

PTTEP က ၂၀၁၃ ခုနှစ်ကုန်တွင် ဓာတ်ငွေ့စတင်ထုတ်ယူတော့မည့် ဇောတိကစီမံကိန်း၏ အချက်အလက်၊ အယူအဆများကို အခြေခံကာ M3 လုပ်ကွက်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

M3 လုပ်ကွက်တွင် ထုတ်ယူမည့် ဓာတ်ငွေ့စီမံကိန်းတွင် PTTEP က ရှယ်ယာ ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန် ၂၀ ရာခိုင်နှုန်းကို ဂျပန် Mitsui Oil Exploration  ကပိုင်ဆိုင်သည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive