Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(19 Aug 2013ရက်စွဲပါ Bangkok Post မှ Visa Banker on Myanmar ကိုဘာသာပြန်ပါသည်။)

(The Japan Times မှ 18 Aug 2013 ရက်စွဲပါ ‘ Myanmar Strategy to get Rethink after failed infrastructure bids သတင်းကို ဘာသာပြန်သည်)


မြန်မာနိုင်ငံရောက် VISA

(19 Aug 2013ရက်စွဲပါ Bangkok Post မှ Visa Banker on Myanmar ကိုဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံမှ ကုန်သည်များသည် Visa card ကို ငွေလွှဲပြောင်းမှုအတွက် လက်ခံမှုသည် ၃ နှစ်မှ ငါးနှစ်အတွင်း ၅၀၀၀ မှ ၆၀၀၀ ကြား တိုးတက်လာမည်ဟု Visa International က မျှော်မှန်းနေပါသည်။

အမေရိကန်က စီးပွားရေးအရ အရေးယူမှုတွေ ရုပ်သိမ်းပေးလိုက်သည့် နောက်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက် လာကြသော နိုင်ငံစုံကုမ္ပဏီများကဲ့သို့ Visa သည်လည်း လွန်ခဲ့သော တစ်နှစ်ခန့်က ဈေးကွက်သို့ ဝင်ရောက်ခဲ့ပါသည်။ ပြည်တွင်းမှ ကုန်သည် ၁၀၀ ခန့်က Visa ငွေလွှဲပြောင်းခြင်းဆိုင်ရာ စက်ကိရိယာများ တပ်ဆင်ခဲ့ပြီး ATM စက် ၁၀၀ ခန့် ကလည်း Visa ကဒ်ကို လက်ခံနေပြီဖြစ်ပါသည်။

Visa ကဒ်ဖြင့် ငွေပေးချေမှုများ၊ ငွေထုတ်ယူမှုများကို နိုင်ငံခြားခရီးသည်များကိုသာ အသုံးပြုနိုင်ပြီး၊ မြန်မာနိုင်ငံသားများအတွက် ပြည်တွင်းဘဏ်များ Visa မှ ကိုယ်စားလှယ်မန်နေဂျာဖြစ်သူ Sonboom Krobteeranon က ပြောကြားရာတွင် Visa အနေဖြင့် မြန်မာနိုင်ငံတွင် ခရက်ဒစ်ကဒ်(Credit card) နှင့် (Debit card) များကို ဖွံ့ဖြိုးလာအောင် တဖြည်းလုပ်ဆောင်မည်ဖြစ်ပြီး၊ အခြေခံအဆောက်အအုံဖွံဖြိုးတိုးတက်မှုနှင့် ငွေကြေးဆိုင်ရာ စည်မျဉ်းများကို စောင့်ကြည့် နေပါသည်ဟု ဆိုပါသည်။

“ကျွန်တော်တို့ ဦးစားပေးလုပ်နေတာကတော့ မြန်မာနိုင်ငံမှ အပြည့်အဝလုပ်ကိုင်နိုင်ရေးအတွက် ပြင်ဆင်တဲ့ အနေနဲ့ အသိပညာလွှဲပြောင်းရေးကို လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ငွေကြေးဆိုင်ရာ စည်းမျဉ်းများနှင့် အခြေခံအဆောက်အဦးတိုးတက်မှုတွေကို စောင့်ကြည့်ရပါမယ်။ အထူးသဖြင့် တယ်လီဖုန်းဆက်သွယ်ရေးစနစ် ကောင်းလာဖို့ စောင့်ရပါမယ်”ဟု ၎င်းကပြောပါသည်။

Mr Sonboomက ပြောကြားရာတွင် ဗဟိုဘဏ်အနေဖြင့် တဖြည်းဖြည်း ပြည်တွင်းဘဏ်များအား Visa ကဒ်များ ကို Visa ကဒ်ထုတ်ပေးရေး ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Visa အနေဖြင့် လောလောဆယ် ပြည်တွင်းဘဏ်(၁၈)ဘဏ်ရှိသည့်အနက် (၈)ခုအား စီးပွားရေးလိုင်စင်များ ခွင့်ပြုထားပြီး ထိုအထဲမှ တစ်ဝက်ခန့်သည် Visa ကဒ်ကိုင်ဆောင်ထားသူများကို အရောင်းစင်တာများတွင် ငွေပေးချေမှု ဝန်ဆောင်မှုနှင့် ATMတွင် ငွေထုတ်ဝေခွင့်ကို လုပ်ဆောင်ပေးနေပါသည်။

ကျန်ရှိသော ဘဏ်များသည် လုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပါသည်။

လိုင်စင်သည် ခရက်ဒစ်ကဒ်ရော ဒဲဘစ်ကဒ်များ အတွက်ပါ ငွေကြေးလွှဲပြောင်းမှုများ အကြုံးဝင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကဒ်ပြား (၁၀၀၀၀)ခန့်ထုတ်ထားပေးပြီး ဖြစ်ပါသည်။

၎င်းနှင့် ပြိုင်ဘက်ဖြစ်သော Master ကဒ်သည်လည်း သံယံဇာတကြွယ်ဝသော နိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် Visaကဒ် သန်း(၄၀)ခန့် လည်ပတ်လျက်ရှိပြီး ၇၀%မှာ ဒဲဘစ်ကဒ်ဖြစ်ပြီး ၃၀% မှာ ခရက်ဒစ်ကဒ် ဖြစ်ပါသည်။


အခြေခံအဆောက်အဦစီမံကိန်း တင်ဒါ ရှုံးနိမ့်ပြီးနောက်  မြန်မာနိုင်ငံ မဟာဗျူဟာကို ဂျပန်ပြန်စဉ်းစားမည်

(The Japan Times မှ 18 Aug 2013 ရက်စွဲပါ ‘ Myanmar Strategy to get Rethink after failed infrastructure bids သတင်းကို ဘာသာပြန်သည်)

အာရှ၏နောက်ဆုံးလတ်ဆတ်သော ဈေးကွက်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးစနစ် ဖွံ့ဖြိုးရေးတင်ဒါပြိုင်ပွဲတွင် ဂျပန်ကုမ္မဏီများရှုံးနိမ့်ခဲ့ရခြင်းကြောင့် ယင်းနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများ  ဖမ်းဆုပ်မည့် မဟာဗျူဟာကို ဂျပန်နိုင်ငံအနေဖြင့် ပြန်လည်စဉ်းစားနေရပြီဖြစ်သည်။

တောင်ကိုရီးယားနှင့်တရုတ်ကုမ္မဏီများ ပါဝင်သော အခြားနိုင်ငံခြားကုမ္မဏီများကို ဂျပန်တို့ရှုံးနိမ့်ခဲ့ရသော သော့ချက်ခွင်များထဲတွင် လေဆိပ်ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်းစီမံကိန်းများ၊ တယ်လီကွန်းအော်ပရေတာလိုင်စင်များ ပါဝင်ပြီး၊ ထို့အတွက်ကြောင့် အစိုးရအဆင့်နှင့်ပုဂလိကအဆင့် တင်ဒါအောင်ရေးကြိုးပမ်းမှုများကို ထိုးနှက်ခံရသကဲ့သို့ ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံအတွက် ကြွေးမြီလျှော်ပစ်ရေးနှင့် တရားဝင်ဖွံ့ဖြိုးရေးအကူအညီများ ကတိကဝတ်ပြု ထားသော်ငြား လည်း ကန်ထရိုက်ရရှိမှုမှတ်တမ်းများ ဆိုးဝါးနေရခြင်းနှင့် ပတ်သက်၍ ဂျပန်အစိုးရအကြီးတန်း တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ရဲ့ ကစားပွဲဗျူဟာကို ပြန်သုံးသပ်ဖို့လိုနေပါပြီ“ ဟု ပြောကြားလိုက်ပါသည်။

ပြည်ပခရီးသွားများအတွက် အဓိကဝင်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်မည့် စီမံကိန်းအတွက် နောက်ဆုံးတင်ဒါခေါ်ရာတွင် နောက်ဆုံးမိနစ်မတိုင်မှီအထိ ကိစ္စပြီးပြီးသားဟု ဂျပန်အစိုးရတာဝန်ရှိ သူများဖက်မှ ယုံကြည်စိတ်ချထားခဲ့ကြသည်။

သို့သော်လည်း ပြီးခဲ့သောစနေနေ့က မြန်မာအစိုးရက ထုတ်ပြန်ကြေညာသောအခါ လေဆိပ်တိုးချဲ့ရေးစီမံကိန်း တင်ဒါအောင်သူမှာ တရုတ်နှင့် ပြည်တွင်းကုမ္မဏီများပါဝင်သော ဖက်စပ်ကုမ္မဏီဖြစ်နေသည်။

ထို့အပြင် ဟံသာဝတီလေဆိပ်တည်ဆောက်ရန်အတွက် တောင်ကိုရီးယား Incheon ကုမ္မဏီကို ကန်ထရိုက်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေငြာချိန်တွင် ဂျပန်တို့၏ New Kansai လေဆိပ်လုပ်ငန်းပါဝင်သော ကုမ္မဏီ နောက်ကောက်ကျသွားခဲ့ပြန်သည်။

ဂျပန်တို့အတွက် အားလုံးသတင်းဆိုးချည်တော့ မဟုတ်ပါ။ ဂျပန် Mitusubishi နှင့် JALUX တို့ပါဝင်သော ဖက်စပ်ကုမ္မဏီက မန္တလေးတံတားဦးလေဆိပ် မွမ်းမံလုပ်ကိုင်ခွင့် နှစ်သုံးဆယ်ကန်ထရိုက်ရရှိခဲ့ပါသည်။

စစ်အုပ်ချုပ်ရေးအလွန် ကမ္ဘာကို တံခါးဖွင့်ပေးနေသော မြန်မာနိုင်ငံသည် ၂၀၂၀ ခုနစ်အရာက်တွင် ခရီးသွား ဧည့်သည် ၇သန်းကျော်ကို ဆွဲဆောင်ရန် မျှော်လင့်နေသည်။

မြန်မာအစိုးရသည် တင်ဒါရွေးချယ်ရေးစည်းကမ်းများကို ထုတ်ဖော်ပြောဆိုခြင်းမပြုပါ။ သို့သော် သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သော သြဇာကြီးပုဂိုလ်များနှင့် အဆက်သွယ်ရှိခြင်းမှာ အဆုံးအဖြတ်ပေးသော အချက်ဖြစ်ကြောင်း ကုန်သွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာအစိုးရသည် တင်ဒါရွေးချယ်ရာတွင် ပါဝင်ယှဉ်ပြိုင်သော နိုင်ငံများအကြား ဟန်ချက်ထိန်းရန် ကြိုးစား နေကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ဂျပန်တို့သည် အလားအလာကောင်းသော လူဦးရေသန်းခြောက်ဆယ်ဈေးကွက်ရရှိမည့် တယ်လီဖုန်း အော်ပရေတာလိုင်စင် တင်ဒါပြိုင်ရာတွင်လည်း အောင်မြင်မှုမရရှိခဲ့ပါ။

အဆိုပါ တယ်လီကွန်းလိုင်စင်အတွက် ဂျပန် KDDIနှင့် sumitomoအပါအဝင် ဆန်ကာတင်စာရင်းဝင်သူ ၁၂ ဦး အနက်မှ နော်ဝေ Telenorနှင့် ကာတာ Ooredoo တို့ကို ဇွန်လတွင် မြန်မာအစိုးရက ရွေးချယ်ခဲ့သည်။

ပုံမှန်မဟုတ်သော ရင်းနှီးမြှပ်နှံမှုပမာဏကို ကမ်းလှမ်းခြင်းဖြင့် ကာတာကုမ္မဏီ တင်ဒါအောင်သွားသောကြောင့် မြန်မာနိုင်ငံတွင် ထင်ကြေးပေးမှုများစွာထွက်ပေါ်ခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စီးပွားရေးကဏ္ဍကိုယ်စားလှယ် ၁၀၀ ကျော်ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မေလက သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုကို ပံ့ပိုးရန် ဂျပန်နိုင်ငံက လိုလားနေကြောင်း ပြသခဲ့ပြီး ဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ကြွေးဟောင်း ယမ်းငွေ ၁၉၀ ဘီလီယံကို လျှော်ပေးပြီး ချေးငွေအသစ် ယမ်းငွေ ၉၁ ဘီလီယံကို ကူညီရန် ဂျပန်ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။ ထိုအပြင် မြန်မာနိုင်ငံ၏ ထူထောင်ရေးလုပ်ငန်းများတွင် ဂျပန်အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်တို့ကို အတူတကွ ကူညီပံ့ပိုးပေးသွားမည်ဟု ပြောကြား ခဲ့သည်။

ဂျပန်နိုင်ငံသည် နိုင်ငံတကာတင်ဒါပြိုင်ရာတွင် အမေရိကန်နှင့် ဥရောပပြိုင်ဘက်များကိုသာ အာရုံစိုက်နေ သော်လည်း အခြားအာရှပြိုင်ဘက်များနှင့် ပြိုင်ဆိုင်မှုမှာလည်း အရှိန်မြင့်လာနေသည်။

“နိုင်ငံတကာ တင်ဒါပြိုင်ရာတွင် တောင်ကိုရီးယားနှင့် တရုတ်တို့သည် ဂျပန်နိုင်ငံ၏ အောက်စည်းသို့ ရောက်စရာကြောင်းမရှိကြောင်း ဂျပန်နိုင်ငံ၏ကြေွးမြီလျှော်ပစ်မှုနှင့် ဖွံ့ဖြိုးရေးအကူညီတို့သည် တင်ဒါရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားသည့် အချက်အလက်များထဲမှ တစ်ခုမျှသာဖြစ်ကြောင်း” မြန်မာအစိုးရတာဝန်ရှိသူက မှတ်ချက်ပေး ပြောကြားသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အစိုးရအဖွဲ့နဲ့ လွှတ်တော်က သဘောသဘာဝချင်း မတူပါဘူး၊ တာဝန်လည်း မတူဘူး၊ ရည်မှန်းချက်ကတော့ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို လွှတ်တော်က ဆောင်ရွက်သလို အစိုးရအဖွဲ့ကလည်း ဆောင်ရွက်နေကြ တာပဲ၊ အုပ်ချုပ်ရေးက အုပ်ချုပ်ရေးပဲ၊ ဥပဒေပြုရေးက ဥပဒေပြုရေးပဲ၊ တစ်ထပ်တည်း မကျဘူး၊ သဘောထား လည်း မတူဘူး၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် လွှတ်တော်က ဥပဒေတွေ ပြုပေးရတယ်၊ အစိုးရအဖွဲ့က လိုက်ပါဆောင်ရွက်ရမယ်၊ လိုက်ပါ မဆောင်ရွက်ရင် အဲဒီသဘောထား ကွဲလွဲမှုဟာ ကြီးမားတဲ့ သဘောထား ကွဲလွဲမှုဖြစ်တယ်၊ လွှတ်တော်ကတော့ Check and Balance လုပ်ရမယ်၊ လိုအပ်ရင် ဒီထက်ပိုပြီးတော့ ပြောဆိုမှု တွေ ရှိလာမယ်”

၂၀၁၃ သြဂုတ်လ ၂၂ ရက်နေ့ထုတ် Envoy ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၂) တွင် ပါရှိသော “သဘော သဘာဝချင်းမတူသည့်အတွက် အစိုးရအဖွဲ့နှင့် ဥပဒေပြုရေးပိုင်း တင်းမာမှုများရှိနိုင်ဟု သူရဦးရွှေမန်း ပြော” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်ထင်တာကတော့ ကာကွယ်ရေးဦးစီးချုပ်ဟာ USDP ကို ၀င်ရောက်ပြီး သမ္မတ ဖြစ်မယ် ဆိုတာပဲ။ သူရဦးရွှေမန်းကတော့ နိုင်ငံရေးမှာ Player မဟုတ်ဘူး။ ဦးဌေးဦးလည်း Player မဟုတ်ဘူး။ ဦးသိန်းစိန်ကတော့ Player ပဲ။ ဦးသိန်းစိန်ကို လူကြိုက်များတာကိုတော့ နည်းနည်း သံသယရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ထက်တောင် ဦးသိန်းစိန်က Popular ဖြစ်လာတာ တွေ့ရတယ်။ ဦးသိန်းစိန်သာ USDP ပါတီကို ဦးဆောင်ရင် USDP ပါတီ လူကြိုက်များပြီး တော်တော့်ကို ခရီးရောက်မယ်။ ပါတီကိုလည်း လူကြိုက်များအောင် လုပ်နိုင်လာလိမ့်မယ်။ USDP ပါတီမှာ ရှိတဲ့ ခေါင်းဆောင်တိုင်းမှာရော၊ စီးပွားရေး အသိုင်းအ၀ိုင်းမှာပါ ဦးသိန်းစိန်ထက် ယုံကြည်ရတဲ့သူ မရှိသေးဘူး။ ဦးသိန်းစိန်သာ သမ္မတ ပြန်လုပ်မယ်လို့ စိတ်ကူးထားရင် တပ်မတော် ကာကွယ်ရေးဦးစီချုပ် သမ္မတဖြစ်မယ့် အခွင့်အလမ်း နည်းပါးသွားနိုင်တယ်။ USDP အားကောင်းလာအောင် ဦးသိန်းစိန်လုပ်နိုင်ရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ မှာ သမ္မတ ဖြစ်လာမယ်။ အဲ့ဒီတော့ JOKER ဖြစ်တဲ့ ဦးသိန်းစိန် သမ္မတ ထပ်လုပ်မှာလား၊ အနားယူမှာလား။ ဦးသိန်းစိန် အနားယူရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပဲ သမ္မတ ဖြစ်လာမှာ။”

၂၀၁၃ သြဂုတ်လ ၁၉ ရက်နေ့ The Messenger ဂျာနယ်ပါ အတွဲ (၄) ၊ အမှတ် (၁၃) တွင် ပါရှိသော မြန်မာနိုင်ငံတွင် ကာကွယ်ရေးဦးစီးချုပ် သမ္မတ ဖြစ်လာနိုင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး အစဉ်တစိုက် လေ့လာသုံးသပ်သူ Larry Jagan ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြေကိစ္စတွေက ပထမအဆင့်အနေနဲ့ သစ်တောမှာ ကျူးကျော်တဲ့သူတွေအားလုံးကို ရွာအဖြစ် သတ်မှတ် ပေးလိုက်ပါပြီ။ ကျေးရွာပေါင်း ၁၃၀၀ လောက်ကို လုပ်ပေးပြီး ဖြစ်ပါတယ်။ နောက် ဆက်လုပ်ထားမှာပါ။ အလား တူပဲ လယ်ယာလုပ်နေတဲ့ သူတွေကိုလည်း ကျွန်တော်တို့ လုပ်ပိုင်ခွင့် ပေးလိုက်ပါပြီ။ အဲဒီတစ်ဆင့်ပြီးရင် ကျွန်တော်တို့ မြေဆုံးရှုံးတဲ့သူတွေကို မြေပေးနိုင်အောင် သွားနေပါတယ်လို့ ပြောချင်ပါတယ်။ ဒီတော့ သူ တကယ် ပိုင်တယ်လို့ ပြောနိုင်ရင်၊ ပြည်နယ်တွေ တောင်တန်းတွေ တောင်ကုန်းတွေ သိမ်းထားတယ်ဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းများကို တင်ပြနိုင်မယ်ဆိုရင် ကျွန်တော်တို့က ဖြေရှင်းပေးပါ့မယ်”

၂၀၁၃ သြဂုတ်လ ၁၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၈) ၊ အမှတ် (၄၅) တွင် ပါရှိသော “ဒေသ အာဏာပိုင်များ ၊ ငွေရှိသူများ အကြောင်းအမျိုးမျိုးပြပြီး သိမ်းဆည်းထားသည့် မြေနေရာများ အား အမှန်တကယ်ပိုင်ဆိုင်ကြောင်း တင်ပြနိုင်ပါက ဖြေရှင်းပေးမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“KNU က တာဝန်ရှိသူတွေနဲ့ တပ်မတော်အရာရှိကြီးတွေ အကြား ဒီလိုမျိုး ရေးဆွဲနိုင်ဖို့ MPC အနေနဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းပေးခဲ့တယ်။ ခုချိန်ထိတော့ ဒီစည်းမျဉ်းတွေက အတည်မပြုရသေးဘူး။ ထွက်လာတော့မှာပါ။ ဒီစည်းမျဉ်းတွေ ထွက်လာရင် တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့ စံပြစည်းမျဉ်းတစ်ခု ဖြစ်လာမှာပါ”

၂၀၁၃ သြဂုတ်လ ၁၉ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ (4) ၊ အမှတ် (13) တွင် ပါရှိသော “KNU နှင့် အစိုးရ ပူးပေါင်းရေးဆွဲသည့် စစ်ရေးစစ်ရာ စည်းမျဉ်းများသည် ငြိမ်းချမ်းရေးအတွက် စံပြတစ်ခုဟု ဆို” သတင်းမှ Myanmar Peace Center မှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးကို တောင်းဆိုနေကြတဲ့ နေရာမှာ မိခင်တွေ ၊ အမျိုးသမီးတွေက ပိုများတယ်။ ဘာလို့လဲ။ မငြိမ်းချမ်းရင် သူတို့က အန္တရာယ်ရှိတဲ့ အခြေအနေရှိနေလို့ပဲ။ ပြီးတော့ အမျိုးသမီးတွေနဲ့ အရင်တုန်းက မတွေးမိခဲ့တဲ့ အတွေးမျိုးတွေနဲ့ လုပ်ငန်းတွေ လုပ်ကိုင်ရမယ်။ အရင်တုန်းက အတွေးမျိုးထဲကနေ ရုန်းထွက်ရမယ်”

 ၂၀၁၃ သြဂုတ်လ ၁၉ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ အမျိုးသမီးများ အဓိက ပါဝင် ၊ အတွေးသစ်များဖြင့် လုပ်ကိုင်ရန် ဒေါက်တာအောင်ထွန်းသက် ဆို” သတင်းမှ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive