Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်မလဲ ဆိုတာကိုပဲ ကျွန်တော် စဉ်းစားပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် တယ်ဆိုတာ အချိန်နည်းနည်းနဲ့ ပြင်ဆင်လို့ မရပါဘူး။ ခေတ်ကာလနှင့် မလျော်ညီတိုင်း တောက်လျှောက် အမြဲတမ်း ပြင်နေရတဲ့ ကိစ္စပါ။ ဒါကြောင့် ၂၀၁၅ ခုနှစ် မတိုင်မီ ဘယ်လောက်အတိုင်းအတာ အထိ ပြုပြင်နိုင်မလဲဆိုတာကိုပဲ ကျွန်တော် သိချင်ပါတယ်။ အမြဲလုပ်နေရမယ့် ကိစ္စဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၀ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် အချိန်အနည်းငယ်ဖြင့် ပြင်ဆင်၍မရဘဲ ခေတ်ကာလနှင့် မလျော်ညီသည့် အခါတိုင်း အစဉ်အမြဲ ပြုလုပ်နေရမည့် ကိစ္စဖြစ်ဟု ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew McLeod ပြောကြား” သတင်းမှ Andrew McLeod ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ယခုဆိုရင် နေပြည်တော် ရှစ်မြို့နယ်အားလုံး လယ်ယာမှတ်ပုံတင် ကိစ္စ ပြီးသွားပြီ ဖြစ်ပါတယ်။ မှတ်ပုံတင်လုပ် ပေးခြင်းဟာ အိမ်ဂရန် လုပ်ပေးသလို ပိုင်ဆိုင်ခွင့် လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပေါင်နှံလို့ ရသွားပြီဖြစ်ပါတယ်။ သားစဉ်မြေးဆက် အမွေဆက် လွှဲပြောင်းပေးလို့ ရသွားပြီ ဖြစ်ပါတယ်။ ဘဏ်မှာ ပေါင်နှံပြီး ငွေချေးလို့ ရပါပြီ။ ဒါကြောင့် အမတော်ကြေးအစား ဘဏ်များမှ တစ်ဆင့် စိုက်စရိတ်/ မွေးမြူစရိတ်များ လုံလောက်အောင်  ချေးငှားယူတဲ့ စနစ်နဲ့ ကျင့်သုံးသွားမှာ ဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၀ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လယ်ယာ မှတ်ပုံတင် လုပ်ပေးခြင်းသည် အိမ်ဂရန် လုပ်ပေးသလို ပိုင်ဆိုင်ခွင့် လုပ်ပေးခြင်းဖြစ်၍ သားစဉ်မြေးဆက် အမွေ လွှဲပြောင်းပေး၍ ရသွားပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတ ဦးသ