Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်မလဲ ဆိုတာကိုပဲ ကျွန်တော် စဉ်းစားပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် တယ်ဆိုတာ အချိန်နည်းနည်းနဲ့ ပြင်ဆင်လို့ မရပါဘူး။ ခေတ်ကာလနှင့် မလျော်ညီတိုင်း တောက်လျှောက် အမြဲတမ်း ပြင်နေရတဲ့ ကိစ္စပါ။ ဒါကြောင့် ၂၀၁၅ ခုနှစ် မတိုင်မီ ဘယ်လောက်အတိုင်းအတာ အထိ ပြုပြင်နိုင်မလဲဆိုတာကိုပဲ ကျွန်တော် သိချင်ပါတယ်။ အမြဲလုပ်နေရမယ့် ကိစ္စဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၀ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် အချိန်အနည်းငယ်ဖြင့် ပြင်ဆင်၍မရဘဲ ခေတ်ကာလနှင့် မလျော်ညီသည့် အခါတိုင်း အစဉ်အမြဲ ပြုလုပ်နေရမည့် ကိစ္စဖြစ်ဟု ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew McLeod ပြောကြား” သတင်းမှ Andrew McLeod ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ယခုဆိုရင် နေပြည်တော် ရှစ်မြို့နယ်အားလုံး လယ်ယာမှတ်ပုံတင် ကိစ္စ ပြီးသွားပြီ ဖြစ်ပါတယ်။ မှတ်ပုံတင်လုပ် ပေးခြင်းဟာ အိမ်ဂရန် လုပ်ပေးသလို ပိုင်ဆိုင်ခွင့် လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပေါင်နှံလို့ ရသွားပြီဖြစ်ပါတယ်။ သားစဉ်မြေးဆက် အမွေဆက် လွှဲပြောင်းပေးလို့ ရသွားပြီ ဖြစ်ပါတယ်။ ဘဏ်မှာ ပေါင်နှံပြီး ငွေချေးလို့ ရပါပြီ။ ဒါကြောင့် အမတော်ကြေးအစား ဘဏ်များမှ တစ်ဆင့် စိုက်စရိတ်/ မွေးမြူစရိတ်များ လုံလောက်အောင်  ချေးငှားယူတဲ့ စနစ်နဲ့ ကျင့်သုံးသွားမှာ ဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၀ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လယ်ယာ မှတ်ပုံတင် လုပ်ပေးခြင်းသည် အိမ်ဂရန် လုပ်ပေးသလို ပိုင်ဆိုင်ခွင့် လုပ်ပေးခြင်းဖြစ်၍ သားစဉ်မြေးဆက် အမွေ လွှဲပြောင်းပေး၍ ရသွားပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီမိုကရေစီနိုင်ငံမှာ လိုအပ်ချက်တစ်ခုရှိတယ်။ နံပါတ်တစ် အချက်က စာနယ်ဇင်းကောင်စီ ဆိုတာမျိုး ရှိရမယ်။ နောက်တစ်ခုက ပြန်ကြားရေးဝန်ကြီး ဆိုတာ မရှိရဘူး။ အခုဟာက စာနယ်ဇင်းကောင်စီကို မီဒီယာကောင်စီနဲ့ တူအောင် မလုပ်ခိုင်းတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့။ အခုမှ လွှတ်တော်ကိုတင်ဖို့ ကြိုးစားနေတာပေါ့။ ဒီဟာကို ကျန်တဲ့ လွှတ်တော်အမတ်တွေ တော်တော်များများက ဒီအပေါ်မှာ ဘယ်လို ရှုမြင်သုံးသပ်မယ်၊ နောက်ပြီးတော့ ပြန်ကြားရေးဝန်ကြီးက ဘယ်လိုခုခံမလဲ ဆိုတာတော့၊ အဆုံးအဖြတ် ဘယ်လိုဖြစ်မယ်ဆိုတာတော့ မသိ ရသေးဘူးလေ။ ကိုယ်က လွှတ်တော်ကိုယ်စားလှယ်ပေမယ့် ဒီဥပဒေက ကိုယ်ဆွဲတဲ့ဥပဒေတော့ မဟုတ်ဘူး နော်။ မီဒီယာကောင်စီက ဆွဲထားတဲ့ဥပဒေတွေပေါ့။ သူတို့ချက်ပြုတ်ထားတဲ့ ဆွမ်းဟင်းကို ကပ်ပေးရုံပဲ ရှိတယ်။ သူတို့ပြောစေချင်တဲ့ မက်ဆေ့ခ်ျကိုတော့ ကိုယ်က လွှတ်တော်မှာ ကျန်တဲ့လူတွေကို တင်ပြပေးမယ်။ အဓိက တော့ အဲဒါပဲ။”

၂၀၁၃ သြဂုတ်လ ၂၂ ရက်နေ့ Venus News ဂျာနယ် အတွဲ (၅) ၊ အမှတ် (၄) တွင် ပါရှိသော စာနယ်ဇင်းကောင်စီမှ ရေးဆွဲသော မီဒီယာဥပဒေကို လွှတ်တော်တင်သွင်းမည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဘယ်လောက်အတိုင်းအတာအထိ ပြီးမလဲ ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သုံးသပ်ရေး ကော်မတီ ဖွဲ့စည်း ပြီးပြီဆိုတော့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုပေါ် မူတည်တယ်၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပါဝင်မှု၊ ပြီးတော့ အုပ်ချုပ်ရေး ဘက်က ပါဝင်ဖို့လည်း အရေးကြီးပါတယ်။ ဥပဒေပြုတဲ့အခါမှာ အုပ်ချုပ်ရေးအပိုင်းဆိုင်းရာ ပါဝင်မှုဟာ အများကြီး အရေးကြီး ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၂ ရက်နေ့ Myanmar News Week ဂျာနယ် အတွဲ (၂) ၊ အမှတ် (၉၆) တွင် ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ကော်မတီ၏ ကြိုးပမ်းအားထုတ်မှုနှင့် အုပ်ချုပ်ရေးဘက်မှ ပါဝင်ရန် အရေးကြီးကြောင်း သူရဦးရွှေမန်းပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အောက်ခြေက ဒေသခံတွေက မခံနိုင်လို့ဖြစ်ကြတာ ပြောတယ်။ သူတို့ရှေ့တန်းမှာ တပ်စွဲထားတာ တစ်နှစ်ကျော်ပြီ။ ပြောချင်တာက ကျွန်တော်တို့လည်း ကချင်ပါပဲ။ အားလုံးတန်းတူပဲ ဖြစ်ရပါမယ်။ အိမ်ရှင်ကို မောင်းထုတ်ပြီး ဧည့်သည်က နေတာ သိပ်မဟုတ်ဘူး ထင်တာပဲ။ KIA က လမ်းတွေ ပိတ်ထားတယ်။ ပြည်သူတွေက သွားမရဘူး။ ဒါတွေရှိတယ်။ ဒါကြောင့် ကိုယ့်နေရာ ကိုယ်ပြန်သွားတာ အကောင်းဆုံးပါ။ ဘာမှ ပြဿနာ ဖြစ်စရာမရှိဘူး။ ပြည်သူတွေရဲ့ လိုအပ်ဆန္ဒကို အဓိကထားကြပါလို့ ပြောချင်ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၀ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကေအိုင်အိုနှင့် ကချင်ပြည်သူ့စစ် တိုက်ပွဲဖြစ်” သတင်းမှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိမ်းဆောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


စီးပွားရေးအရဆက်ဆံရေးတိုးမြှင့်ရန် ဂျပန်စီးပွားရေးဝန်ကြီး မြန်မာသို့လာမည်

ဂျပန်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Mr. TosgimitsuMontegi သည် စီးပွားရေးလုပ်ငန်း များတိုးမြှင့်လုပ်ဆောင်ရန် အတွက် မြန်မာနိုင်ငံသို့  သြဂုတ်လ စတုတ္ထပတ်အတွင်း လာရောက်မည် ဖြစ်ကြောင်း ကျိုဒို သတင်း ဌာန၏ ဖော်ပြချက်အရသိရသည်။

ဂျပန် ကုန်သွယ်ရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ လာရောက်မည့် ၎င်း၏ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရဝန်ကြီး ဌာနများမှ ဝန်ကြီးများ၊ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံနိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံကုန်သွယ်ရေးဝန်ကြီး၏ အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံသာမက အခြားသောအာဆီယံ နိုင်ငံများ သို့လည်း ဆက်ဆံရေး တိုးမြှင့်ရန် သွားရောက်မည်ဖြစ်သည်။ ဝန်ကြီးမှာခရီးစဉ်၏ ရလဒ်အဖြစ် အာဆီယံနိုင်ငံများနှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးရရှိလာမည်ဟု မျှော်မှန်းထားကြောင်းသိရသည်။

“ဒီခရီးစဉ်အတွင်းဂျပန်နဲ့ အာဆီယံနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာပိုမိုထိရောက် နက်ရှိုင်းလာမယ် လို့ မျှော်လင့်ပါတယ်။ ဂျပန်ကုမ္ပဏီတွေကိုလည်း မြန်မာနိုင်ငံနဲ့ အခြားအာဆီယံနိုင်ငံတွေ ကိုသွားရောက်ရင်းနှီး မြှုပ်နှံဖို့ အားပေးသွား မှာဖြစ်ပါတယ်” ဟုToshimitsuMontegiကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ SMEs လုပ်ငန်းများအဆင့်မြှင့်တင်နိုင်ရန်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် နိုင်ရန် အတွက် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၂၀ ဦးအားဖိတ်ခေါ်ထားကြောင်း သိရသည်။ ထိုသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၂၀ ဦးအားဖိတ်ခေါ်၍ ဂျပန်နိုင်ငံမှ SMEs လုပ်ငန်းများလေ့လာခြင်းအပြင် စီးပွားရေးဆိုင်ရာ Forum များ၊ ဆွေးနွေးပွဲများနှင့် သင်တန်းပို့ချခြင်းများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံခွင့်ရရှိထားသည့် ပမာဏမှာယခုဘဏ္ဍာနှစ် ဇူလိုင်လ အတွင်း အမေရိကန်ဒေါ်လာ ၂၇၃ သန်းကျော်ရှိနေပြီး လက်ရှိမြှုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော်ရှိကြောင်း သိရသည်။

မကြာသေးခင်အချိန်များကလည်းဂျပန်နိုင်ငံ၏ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စီးပွားရေးကိုယ်စားလှယ် ၁၀၀ ကျော်ကိုဦးဆောင်ကာ  မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကိုပံ့ပိုးရန် ဂျပန်နိုင်ငံကလိုလားနေကြောင်း ပြသခဲ့ပြီး ဖြစ်သည်။ထိုပြင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ကြွေးဟောင်း ယမ်းငွေ ၁၉၀ ဘီလီယံကိုလျှော်ပေးပြီး ချေးငွေအသစ် ယမ်းငွေ ၉၁ ဘီလီယံကိုကူညီရန် ဂျပန်ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။ မြန်မာနိုင်ငံ၏ ထူထောင်ရေးလုပ်ငန်းများတွင် ဂျပန်အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်တို့ကိုအတူတကွ ကူညီပံ့ပိုးပေးသွားမည်ဟုပြောကြားမှုများရှိနေခဲ့သည်။

YC 


ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာစာနယ်ဇင်း ကောင်စီတို့ သတင်းမီဒီယာ ဥပဒေကြမ်းအတွက် စေ့စပ်ညှိနှိုင်းမှု သဘာတူညီချက်များ ရရှိ

သြဂုတ် ၁၇ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာစာနယ်ဇင်း ကောင်စီ(ယာယီ)တို့ သတင်းမီဒီယာ ဥပဒေကြမ်းအတွက် ၎င်းတို့အကြား သဘောထားကွဲလွဲနေသော အချက်များကို တွေ့ဆုံဆွေးနွေးရာ အချက် ၁၇ ချက်အနက် ၁၄ ချက်ကို သဘောတူညှိနှိုင်းနိုင်ခဲ့ပြီး ကျန်သော အချက် ၄ ချက်ကို လွှတ်တော်အဆုံး အဖြတ်ရယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော် မည်သည့် အချက်များကို သဘောတူညီခဲ့သည်ကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ထိုကဲ့သို့ သတင်းအသေးစိတ် မထုတ်ပြန်ရန် နှစ်ဖက် သဘောတူညီထားမှုနှင့် ပတ်သက်ပြီး မြန်မာစာနယ်ဇင်း ကောင်စီ(ယာယီ)မှ အတွင်ရေးမှူး ဦးကျော်မင်းဆွေက “ကျွန်တော်တို့ အရင်က တွေ့ဆုံမှုတွေတိုင်း သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒါတွေကို ပြန်ကြားရေးက အသုံးချပြီး စာနယ်ဇင်း ကောင်စီနဲ့ သဘောတူပြီးပြီ ဆိုတာမျိုးလုပ်ခဲ့လို့ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကြမ်းမှာ တစ်ခါခံခဲ့ရပြီးပြီ။ ဒီတစ်ကြိမ် ထပ်ဖြစ်မှာ စိုးလို့ မထုတ်ပြန်တာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ယခု ဆွေးနွေးမှု မတိုင်မီ သြဂုတ်လ ၁၂ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာစာနယ်ဇင်း ကောင်စီ (ယာယီ)တို့ ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြပြီး ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က နှစ်ဖက်သဘောတူညီမှု များကို စေ့စပ်ဆွေးနွေးသည့် နည်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကာ ငါးရက်အကြာတွင် ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့သည် အထိ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

သြဂုတ် ၁၉ ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်ကို တင်သွင်း လိုက်ပြီး အမျိုးသားလွှတ်တော်လုပ်ထုံးလုပ်နည်းနှင့် အညီ လက်ခံလိုက်ကြောင်း လွှတ်တော်မှ သတင်းရရှိသည်။

မီဒီယာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ မတင်သွင်းမီ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

YC 


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အစဉ်အမြဲ ဆိုသလို ပြုလုပ်နေရမည့် ကိစ္စဖြစ်ဟု ဆစ်ဒနီတက္ကသိုလ် မှ ဥပဒေပညာရှင် Andrew McLeod ပြောကြား

၂၀၁၃ ခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်နှင့် ပတ်သက်ပြီး ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew McLeod အား ၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မည့် အခြေအနေ ရှိ ၊ မရှိ သတင်းထောက်များက မေးမြန်းခဲ့ ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးသည်  အချိန်အနည်းငယ်ဖြင့်သာ ပြင်ဆင်နေ၍ မရဘဲ ခေတ်ကာလ အခြေအနေနှင့် မလျော်ညီသည့် အခါတိုင်း အစဉ်အမြဲ ပြုလုပ်နေရမည့် ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။

“ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်မလဲ ဆိုတာကိုပဲ ကျွန်တော် စဉ်းစားပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တယ်ဆိုတာ အချိန်နည်းနည်းနဲ့ ပြင်ဆင်လို့ မရပါဘူး။ ခေတ်ကာလနှင့် မလျော်ညီတိုင်း တောက်လျှောက် အမြဲတမ်း ပြင်နေရတဲ့ ကိစ္စပါ။ ဒါကြောင့် ၂၀၁၅ ခုနှစ် မတိုင်မီ ဘယ်လောက်အတိုင်းအတာ အထိ ပြုပြင်နိုင်မလဲဆိုတာ ကိုပဲ ကျွန်တော်သိချင်ပါတယ်။ အမြဲလုပ်နေရမယ့် ကိစ္စဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုလက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတဖြစ်ခွင့်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်အား တိုက်ရိုက်ရည်ရွယ်သည့် ပုံစံမျိုးဖြစ်နေပြီး အဆိုပါ ရည်ရွယ်ချက်သာ တကယ် ဖြစ်ခဲ့ပါက ဥပဒေ ရေးဆွဲရေး အခြေခံစည်းမျဉ်း စည်းကမ်းများကို ဆန့်ကျင်နေကြောင်း၊ တစ်ဦးတစ်ယောက်တည်း အတွက် အခြေခံဥပဒေကို ပြင်ဆင် ပါက ယင်းရွေးချယ်မှုသည် မှားယွင်းနေကြောင်း၊ ထို့အပြင် လက်ရှိ နိုင်ငံရေး အကျပ်အတည်းပေါ် မူတည်၍ ပြန်လည် ရေးဆွဲပါကလည်း အလွန် အန္တရာယ်များကြောင်း နှင့်တကယ်တမ်း ပြင်ဆင်သင့်သည်မှာ မြန်မာ ပြည်သူလူထု အများစု၏ အကျိုးစီးပွားကို ရှေးရှု၍ ရေးဆွဲသင့်ကြောင်း ဥပဒေ ပညာရှင် Andrew Mcleod က သုံးသပ် ပြောကြားသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာအနေဖြင့် တည်ငြိမ် အေးချမ်းမှုကို လိုချင်ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် တပ်မတော်သားများ ပါဝင်သည့်အတွက် ဆွေးနွေးပြောဆိုမှုများ လုပ်ကိုင်လာမည် ဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်သည့်အခါ တပ်မတော် အနေဖြင့် အတိုင်းအတာတစ်ခုထိ ပါဝင်လာမည်ဟု ယုံကြည်ကြောင်း၊ မည်သို့သော ပုံစံဖြင့် ပါဝင်လာမည်ကို မိမိအနေဖြင့် မသိရှိသော်လည်း တစ်နိုင်ငံလုံးရှိ ပြည်သူများ အားလုံး ပါဝင်ခွင့် ပေးရမည်ဖြစ်ကာ ၎င်းတို့အတွက် တရားမျှတမှုဖြစ်စေရန် အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်များ ပေးရမည်ဖြစ်ကြောင်း အစီရင်ခံစာနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ အပြင် တပ်မတော် အရာရှိကြီးများနှင့် သွားရောက်တွေ့ဆုံခဲ့မှုအား ပြန်လည် ရှင်းလင်းပြောကြားသည်။

ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew Mcleod သည် မြန်မာနိုင်ငံရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ပရောဂျက်တစ်ခုတွင် ဒုတိယညွှန်ကြားရေးမှူး တာဝန်ရယူကာ ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပြီး အစီရင်ခံစာနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲအပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ထိပ်ပိုင်း အရာရှိကြီးများ၊ လွှတ်တော် တာဝန်ရှိသူများ ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် အခြား နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 YC 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive