Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အရင်က တရုတ်ပြည်မှာ ဘိန်းစိုက်ကြတယ်။ ဒါပေမယ့်ဒီကနေ့ ဘိန်းမစိုက်ကြတော့ဘူ။ သူတို့ရဲ့ အစိုးရပေါ်လစီ ကကောင်းတာကိုး။ ဘိန်းအစားထိုး သီးနှံတွေကို အစိုးရကထောက်ပံ့ပြီးစိုက်ခိုင်းတယ်။ အဲလိုစိုက်ခိုင်းတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေးက ပြေလည်လာတော့ ဘယ်သူမှဘိန်းမစိုက်ချင်ကြတော့ဘူး။ အခု ကျွန်တော်တို့ဆီမှာက ဘိန်းမစိုက်နဲ့လို့ပဲ ပြောတယ်။ ပြည်သူလူထုက ဘာစားမလဲ။ ဒါပဲအားကိုးနေရတာ။ အစားထိုးသီးနှံထောက်ပံ့ပေးမှရမယ်”

 ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ်   Unity ဂျာနယ်အတွဲ (၂) အမှတ် (၃၃) တွင် ပါရှိသော “ရှမ်းပြည်နယ် ဒေသခံများမှ ပေါ်ပေါ်ထင်ထင် ဘိန်းစိုက်ပျိုးမှုများကို ထိရောက်စွာအရေးယူစေလို”သတင်းမှ ရှမ်းပြည်နယ် ကချင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဒူဝါဇုတ်ဒေါင်၏ပြောကြားချက်အား ကောက်နှုတ်ချက်။

“ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူလူထုက အချိန်နှင့်အမျှ စောင့်ကြည့်နေတာပါ။ ပြည်သူလိုအပ်တာကို ပြည်သူကြိုက်အောင် ဆောင်ရွက်ပေးရမယ်။ ကျွန်တော်တို့ ဒီမိုကရေစီအစိုးရသစ်တက်လာခဲ့တာ နှစ်နှစ်ခွဲကာလရှိပါပြီ။ ပြီးခဲ့တဲ့ကာလမှာ အများပြည်သူအတွက်အကျိုးပြုနိုင်မှုကတော့ ၁၀ ရာခိုင်နှုန်းသာ လုပ်ပေးနိုင်သေးတယ်လို့ ကျွန်တော်ခန့်မှန်းချင်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၃ရက်နေ့ထုတ်         Myanmar Post Global ဂျာနယ် အမှတ် ( ၁၂၃ ) တွင် ပါရှိသော “အရပ်သားအစိုးရသစ်လက်ထက် ပြည်သူ့အကျိုးအတွက် ၁၀ ရာခိုင်နှုန်းသာ လုပ်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်း ဝန်ခံ” သတင်းမှ နိုင်ငံတော်သမ္မတရုံး မှ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

“လက်ရှိ အောက်ခြေလူတန်းစားတောင်သူလယ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာအများစုက လယ်ယာမြေသိမ်း ပြဿနာတွေပဲ။ နိုင်ငံတော်သမ္မတကြီးကလည်း နိုင်ငံတော်ရဲ့ အဓိကစီမံကိန်းအတွက် သိမ်းယူထားတဲ့မြေများမှအပ ပိုလျှံသိမ်းထားတဲ့မြေတွေကို မူလမြေပိုင်ရှင်တွေထံ ပြန်ပေးအပ်ရမယ်လို့ ပြောကြားခဲ့သလို နိုင်ငံတော်သမ္မတကြီး လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့တဲ့ လယ်ယာမြေဥပဒေမှာလည်း အတိအကျပါပြီးသားပါ။ ဆင်းရဲမွဲတေမှုနှုန်း လျှော့ချရေးအတွက် ဆိုရင် အဲဒီလယ်ယာမြေဥပဒေပါသည့်အတိုင်း တောင်သူလယ်သမားကြီးတွေကို လယ်တွေ့အကောင်အထည်ဖော် ပေးနိုင်ဖို့လည်းလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲသားအများစုက ကျေးလက်ဒေသတွေမှာပဲ ရှိတာလေ။ သူတို့မှာ စားဝတ်နေရေးအတွက် လယ်ယာမြေကိုအားပြုပြီး ရပ်တည်နေကြရတာ။ ဒီလယ်ယာမြေကို လယ်အကြောင်းမသိတဲ့ ခရိုနီတွေက သိမ်းဆည်းပြီးလုပ်နေသ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကစီမံကိန်းနဲ့မဆိုင်တဲ့ မြေတွေကို ပိုင်ရှင်လက်ထဲ ပြန်မအပ်နိုင်သေးသ၍ ဆင်းရဲမွဲတေမှု လျှော့ချနှုန်းဟာ ခရီးရောက်မှာမဟုတ်ဘူး”

၂၀၁၃ ခုနှစ်သြဂုတ်လ ၂၃ရက်နေ့ထုတ် Frist Weekly  ဂျာနယ် အတွဲ(၂)အမှတ်(၉၃) တွင် ပါရှိသော “ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဟာ နိုင်ငံမှာ ငြိမ်းချမ်းရေးမရရှိဘဲ တည်ဆောက်လို့မရဘူး။ နှစ်ဖက်ငြိမ်းချမ်းရေး ရလာတာနဲ့သမျှ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးကိစ္စတွေဟာ ခရီးရောက်၊ ခရီးပေါက်လာမှာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းပြော ”သတင်းမှ NGO အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

“မကြာမီက လွှတ်တော်ထဲမှာ စစ်တပ်က သိမ်းထားတဲ့မြေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က တင်ပြဆွေးနွေးတဲ့အခါ ကန့်ကွက်လို့ လွှတ်တော်ဥက္ကဋ္ဌက တားမြစ်ခဲ့တယ်။ နောက်တစ်ခါအမတ်အဖြစ် ယှဉ်ပြိုင်ရွေးချယ် ခံခြင်းမရှိဘဲ၊ လွှတ်တော်ရဲ့ထိုင်ခုံနေရာတွေကို တစ်ဖက်သတ် ရယူထားတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကနေ ပြီးတော့တပ်သိမ်းမြေကိစ္စကို ဆက်မဆွေးနွေးပါနဲ့တော့တဲ့။ ဒါဟာတပ်နဲ့ပြည်သူတွေကြားကို စိတ်ဝမ်းကွဲစေတယ်တဲ့။ ကျွန်တော်ပြောချင်ပါတယ်။ တပ်နဲ့ပြည်သူကြားစိတ်ဝမ်းမကွဲစေချင်ဘူးဆိုရင် စစ်တပ်ကမတရားသိမ်းပိုက်ထားတဲ့ လယ်မြေတွေကို တောင်သူလယ်သမားတွေဆီကို ချက်ချင်းပြန်ပေးစေချင်ပါတယ်။ ဒါမှသာစိတ်ဝမ်းမကွဲစေနိုင်တာပါ။ ”

၂၀၁၃ ခုနှစ် သြဂုတ်လ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ ( ၁ ) အမှတ် ( ၁၅၄ ) တွင် ပါရှိသော “တပ်သိမ်း မြေများ ပြန်ပေးမှ တပ်နှင့်ပြည်သူ စိတ်ဝမ်းမကွဲနိုင်”သတင်းမှ  ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ လယ်ယာ စီးပွားရေးနှင့် တောင်သူလယ်သမားအရေး ကော်မတီ တာဝန်ခံ ကိုထွန်းမြင့်အောင်၏ပြောကြားချက်အား ကောက်နှုတ်ချက်။

“အခု ဒသမအကြိမ်မှာ ဆွေးနွေးဖို့ လွှတ်တော်ကိုယ်စားလှယ် ကျောက်မျက်နဲ့ ပတ်သက်တာ ၁၇ ယောက်၊ သတ္တုနဲ့ ပတ်သက်တာ ၁၀ ယောက် စာရင်းပေးထားတယ်။ အဆိုတွေများချိန်၊ လွှတ်တော်ပိတ်ချိန်တို့ဆို အစိုးရဘက်က ပြန်လည်ဖြေကြားပေးဖို့ အချိန်တွေအများကြီးပေးရတယ်။ အဲဒီတော့ပြည်သူတွေအတွက် ဥပဒေက အချိန်မီဖြစ်မလာဘူး ဖြစ်နေတယ်။ ပြည်သူတွေအတွက် ၂၀၁၅ မတိုင်ခင်မှာ ကောင်းမွန်တဲ့ဥပဒေဖြစ်စေရေးကို အလေးအနက်ထားတယ်။ လွှတ်တော်နာယကကြီးကလည်း အဆိုတွေတင်ပေမယ့် ဥပဒေဖြစ်လာဖို့ အချိန်နောက်ကျလို့ ပြည်သူများအတွက် လျင်မြန်စွာ ကောင်းမွန်တဲ့ဥပဒေပြုနိုင်ပေးဖို့ အကျိုးစီးပွားဖွံဖြိုးတိုးတက်နိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်သောဥပဒေ၊ ကယ်တင် သောဥပဒေဖြစ်ဖို့ ဥပဒေပြုကြပါဆိုပြီး ဥပဒေပြုခွင့်ပေးလိုက်တယ်။ လေးလေးတို့အခုဥပဒေပြုနေပါတယ်။ အဲဒီအဆိုတွေရော၊ ဆွေးနွေးထာတာတွေပါ ပေါင်းစပ်ပြီးတော့ အခုဥပဒေရေးဆွဲနေတယ်။ ပြီးတော့နဲ့ ဥပဒေကြမ်းကိုတင်မယ်။ ဥပဒေကြမ်းကို ပြန်ပြီးသုံးသပ်ပြီးမှ လွှတ်တော်ကို ချပြမယ်။ လွှတ်တော်ကိုယ်စားလှယ်များက ဒါကိုသုံးသပ်ပြီးတော့ အစိုးရအဖွဲ့ကိုပို့မယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၄ ရက် Trade Times  ဂျာနယ် အတ ( ၂ ) အမှတ် ( ၇၁ ) တွင် ပါရှိသော  “ ကျောက်စိမ်း၊ ကျောက်မျက်နှင့် သတ္တုကဏ္ဍဥပဒေ အမြန်ပြဋ္ဌာန်းနိုင်ရေး”သတင်းမှရဲတပ်ဖွဲ့မှူး အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတ ရေးရာကော်မတီဥက္ကဋ္ဌ ဦးနေဝင်းထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Attached: Q & C