Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(AP သတင်းဌာန၏ 23 August 2013 ရက်စွဲပါ Buddhist mob swarms U.N car in Myanmar ကို ဘာသာပြန်ဆိုသည်)

(UPI မှ 22 Aug 2013 ရက်စွဲပါ “UN:More work needed in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

(Tobacco Reporter မှ 22 Aug 2013ရက်စွဲပါ “Tobacco firms slipping into Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)


ကင်တားနားစီးနင်းလာသော ကုလသမဂ္ဂမော်တော်ယာဉ်အနီးသို့ ဒေါသထွက်နေသည့် လူအုပ်ကြီးဝိုင်းအုံ

(AP သတင်းဌာန၏ 23 August 2013 ရက်စွဲပါ Buddhist mob swarms U.N car in Myanmar ကိုဘာသာပြန်ဆိုသည်)

ဘာသာရေးဂိုဏ်းဂဏ အဓိကရုန်းဖြစ်ပွားမှုများကို အကဲဖြတ်လေ့လာရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလသမဂ္ဂ အထူးသံတမန် သောမတ်ကင်တားနားသည် အမျက်ဒေါသထွက်လျက်ရှိသော လူအုပ်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့ရကြောင်း ၎င်း၏ ပြောကြားချက်အရသိရသည်။

ကင်တားနားအဆိုအရ ၎င်းသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မိတ္တီလာမြို့သို့ သွားရောက်ခဲ့စဉ် လူ ၂၀၀ ခန့်ပါဝင်သော ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးက စီးနင်းလာသော မော်တော်ကားအနီးသို့ ဒေါသတကြီး စုဝေး ရောက်ရှိလာသည်ဟု ဆိုသည်။

မစ္စတာကင်တားနားသည် ဘာသာရေးနှင့် လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားခဲ့သော မိတ္တီလာမြို့၌ ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းချက်များကို လေ့လာစောင့်ကြည့်ရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမြို့သို့သွားရောက်ရသည့်ခရီးစဉ်မှာ မိမိအတွက် ကြောက်မက်ဖွယ်ရာကောင်းသော အတွေ့အကြုံ တစ်ခုပင်ဖြစ်ခဲ့ကြောင်း ပြောကြားသည်။

“အဲဒီလိုဖြစ်တဲ့အချိန်(လူအုပ်ကြီးရောက်ရှိလာချိန်)မှာ အကာအကွယ်မရှိဘူး၊ မလုံခြုံဘူးလို့ ကျွန်တော် ခံစားခဲ့ရ တယ်။ အဲဒီကလူတွေ ခံစားခဲ့ကြရတဲ့ ထိတ်လန့်ကြောက်ရွံ့မှုမျိုးကို ကျွန်တော်ရခဲ့တယ်” ဟု ဗုဒ္ဓဘာသာလူအုပ်ကြီးက မွတ်စလင်များကို ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ကိစ္စကို ၎င်းကညွှန်းဆိုပြောကြားသည်။ မိတ္ထီလာမြို့တွင်ဖြစ်ပွားခဲ့သော ယင်းဆူပူအကြမ်းဖက်မှုတွင် လူ ၄၀ ခန့်သေဆုံးခဲ့ရသည်။

ထိုသို့ ဆူပူအကြမ်းဖက်သောင်းကျန်းမှုများသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များက ရိုဟင်ဂျာမွတ်စလင်များသည် မိမိတို့၏ လယ်မြေများကို ခိုးယူသိမ်း ပိုက်ရန် တရားမဝင် ဝင်ရောက်လာသူများဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။ ယင်းအကြမ်းဖက်တိုက်ခိုက်မှုများသည် အကြီးစားအဆင့် မဟုတ်သည့်တိုင် ထိခိုက်သေကြေမှုများကိုဖြစ်ပေါ်စေခဲ့သည်။ ထို့နောက် ယခုနှစ်ဆန်းပိုင်းတွင် မိတ္ထီလာမြို့ အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ကူးစက်ပျံ့နှံ့သွားသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုရလျှင် အဆိုပါအကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၅၀ ခန့်သေဆုံးခဲ့ရပြီး ၁၄၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။ ယင်းအကြမ်းဖက်မှုတွင် သားကောင်ဖြစ်ခဲ့ရသူအများစုမှာ မွတ်စလင်များ ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်များ နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာအေဂျင်စီများသည် မိမိတို့၏ မကျေနပ်ချက် များကို လျစ်လျူရှုပြီး မွတ်စလင်အသိုင်းအဝိုင်းအား ပြန်လည်တည်ဆောက်ရေးအတွက်သာ မျက်နှာသာပေး လုပ်ကိုင်လျက်ရှိသည်ဟု ဗုဒ္ဓဘာသာဝင်များက ခံစားရှုမြင်လျက်ရှိသည်။ ရခိုင်ပြည်နယ်ထဲသို့ အလည်အပတ်  ရောက်သွားခဲ့သူများအဆိုအရ အိုးမဲ့အိမ်မဲ့ဖြစ်ရသူအများစုမှာ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု၊ ရေကောင်းရေသန့် အစရှိသည်တို့ကောင်းစွာရရှိခြင်းမရှိကြောင်း သိရသည်။

သောမတ်ကင်တားနားကို တိုက်ခိုက်မှုနှင့် ဂိုဏ်းဂဏဆိုင်ရာတင်းမာမှုများကို ထိန်းချုပ်ရာတွင် အစိုးရ၏ အရည်အသွေး ညံ့ဖျင်းမှုတို့က သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များ အတွက် ကြီးမားသော စိန်ခေါ်မှုများပင်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်ရေးဆိုင်ရာ ဆရာဝန်များအဖွဲ့က မြန်မာအစိုးရသည် အားနည်းချက်ရှိသော လူစုများကို အကာအကွယ်ပေးနိုင်ခြင်းမရှိဟု ပြစ်တင်ဝေဖန်ပြီး အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို စုံစမ်းဖော်ထုတ်ကာ အပြစ်ပေးရန် တိုက်တွန်းပြောဆိုလိုက်သည်။

 


မြန်မာနိုင်ငံတွင် ပိုမိုအားထုတ်ကြိုးစားဖို့လိုနေသေးကြောင်း ကုလကိုယ်စားလှယ်မှတ်ချက်ပေး

(UPI မှ 22 Aug 2013 ရက်စွဲပါ “UN:More work needed in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ကဏ္ဍပေါင်းစုံတွင် အပြုသဘောဆောင်သော ပြောင်းလဲမှုများဖြစ်ပေါ်နေသောကြောင့် အားပေး ကြိုဆိုခြင်း ခံနေရသော်လည်း စိုးရိမ်စရာမြောက်များစွာရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောကြား လိုက်ပါသည်။

မြန်မာနိုင်ငံအနှံ့ လှည့်လည်ခဲ့သော ခရီးစဉ်အပြီးတွင် ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား က ယင်းကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံသည် ကဏ္ဍပေါင်းစုံတွင် ရှေ့သို့ဆက်သွားနေပြီး၊ လူ့အခွင့်အရေး အနေအထားတွင် အပြုသဘော ပြောင်းလဲမှုများ ဆောင်ကြဉ်းပေးခဲ့သည်။ သို့သော် နောက်ထပ်တိုးတက်အောင် လုပ်ဆောင်စရာများ ရှိနေသေးသည်”ပာု မစ္စတာကင်တားနားက ကြာသပတေးနေ့တွင် ထုတ်ပြန်ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး လအတန်ကြာတွင် စတင်ခဲ့သော နိုင်ငံရေး အပြောင်းအလဲများ ကြောင့် နိုင်ငံတကာ၏ ကြိုဆိုအားပေးမှုကို လက်ခံရရှိခဲ့သည်။ သို့ရာတွင် ကင်တားနားက တိုင်းပြည်တွင်း လူမျိုး၊ ဘာသာမတူ သူများ အကြား အပြိုင်အဆိုင် ရန်လိုနေမှုများကို စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားသည်။

ကုလကိုယ်စားလှယ်သည် မေလက လူ ၂၀ ခန့် သေဆုံးခဲ့သော အကြမ်းဖက်အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်းမှ မိတ္ထီလာမြို့တွင် ၎င်း၏ကားကို ဆန္ဒပြလူအုပ်စုက ဝိုင်းတားသောကြောင့် အကဲခတ်လေ့လာနိုင်ခြင်း မရှိခဲ့ပေ။ ၎င်း၏ လုံခြုံရေးကို အာဏာပိုင်များက တာဝန်ယူရန်ပျက်ကွက်ခဲ့သည်ပာု မစ္စတာကင်တားနားက အပြစ်တင် ကန့်ကွက် ထားသော်လည်း မြန်မာအာဏာပိုင်များက ယင်းအချက်ကို ပယ်ချခဲ့ကြသည်။

ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများကမူ “မစ္စတာကင်တာနားအပေါ် ဒေသခံအချို့၏ ဆန္ဒပြကန့်ကွက်မှုကို အစိုးရအနေဖြင့် ခွင့်မပြုသင့်ကြောင်း၊ အစိုးရနှင့် တပ်မတော်အပေါ် ဆန္ဒပြမှုများကိုခွင့်မပြုဘဲ တင်းကြပ်ထားပြီးမှ ကင်တားနားအပေါ် ဆန္ဒပြမှုကိုခွင့်ပြုပေးထားခြင်းမှာ သိက္ခာမဲ့ရာရောက်ကြောင်း၊ အစိုးရကပါ အလိုတူအလိုပါ ဖြစ်သည်ပာု အထင်အမြင်သေး ခံရဖွယ်ရှိကြောင်း၊ ယခင်အစိုးရလက်ထက်က လုပ်ပုံကိုင်ပုံများကို အတုမခိုး သင့်ကြောင်း”မှတ်ချက်ပေး ပြောဆိုထားပါသည်။

ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်များသို့ ခရီးလှည့်ခဲ့သူ မစ္စတာကင်တားနားက “ပြန်လည် သင့်မြတ်ရေးကို ဂရုမစိုက်ကြခြင်းအပေါ် စိတ်မသက်မသာဖြစ်မိကြောင်း”ပြောကြားသည်။

“မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုတွေရပ်သွားအောင် အစိုးရက အကောင်အထည်ဖော်နေတဲ့ အထက်ပိုင်းအဆင့် ကြိုးပမ်းမှုတွေ ဖြစ်တဲ့၊ ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ဒေသခံတွေ၊ ကျေးလက် လူထုတွေ၊ အောက်ခြေအဆင့်တွေပါ တစ်ပါတည်း အပြိုင်လှုပ်ရှားပါဝင်ကြဖို့ လိုအပ်နေပါတယ်”ပာု ကုလကိုယ်စားလှယ် က ပြောကြား သည်။

 


ဆေးရွက်ကြီးကုမ္ပဏီများ ခြေသံလုံလုံဖြင့် မြန်မာသို့ဝင်ရောက်

(Tobacco Reporter မှ 22 Aug 2013ရက်စွဲပါ “Tobacco firms slipping into Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

အချို့သော ကမ္ဘာအကြီးဆုံးကုမ္ပဏီကြီးအချို့က မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြောင်း ကြေညာမောင်းခတ် နေချိန်တွင် ဆေးရွက်ကြီးကုမ္ပဏီ(စီးကရက် ကုမ္ပဏီ)များက ဆိုင်းသံမပါ ဗုံသံမပါဘဲ ခြေဖော့ဝင်ရောက်လာသည်ဟု Associated Press သတင်းတစ်ပုဒ်ကဆိုပါသည်။

နာမည်ကျော် British American Tobacoo BATသည် မြန်မာနိုင်ငံတွင် ၎င်း၏ ထုတ်ကုန်များ ထုတ်လုပ်၊ ဈေးကွက်တင်ရောင်းချရန်အတွက် ၅နှစ်အတွင်း ဒေါ်လာသန်း ၅ဝ ရင်းနှီမြှုပ်နှံသွားမည် စက်ရုံဖွင့်ပွဲကို အစိုးရ တာဝန်ရှိသူ အချို့အား ဖိတ်ကြား၍ မထင်မရှား ကျင်းပခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ခြေချမည့် အစီအစဉ်ကို BAT၏ ဝက်ဆိုဒ်တွင် ဇူလိုင်လက ဖော်ပြထားသည်။ ၎င်းကြေညာချက်တွင် BAT၏ ဖက်စပ်ရင်းနှီးမြှပ်နှံမှုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇန်နဝါရီလတွင် ခွင့်ပြုခဲ့ သည်ဟု ပါရှိသည်။

ထိုအတောအတွင်း Japan Tobacoo ကလည်း လွန်ခဲ့သည့် တစ်နှစ်နီးပါကပင် ခွင့်ပြုချက်ရရှိခဲ့သည်ဟု ပြည်တွင်းစီးပွားဖက် ကုမ္ပဏီကပြောကြားသည်။ Japan Tobacco ၏ ပြောရေးဆိုခွင့်ရှိသူ ဆူဂါတာက စက်ရုံ တည်ဆောက်နေခြင်းကို အတည်ပြုပြောဆိုသော်လည်း စက်ရုံတည်နေရာ၊ အရွယ်အစား၊ ထုတ်ကုန်အမည်တို့ကို ပြောကြားရန်ငြင်းဆိုသည်။

ထိုနည်းတူစွာပင် တရုတ်နိုင်ငံ၏ အကြီးဆုံးဆေးရွက်ကြီး ကုမ္ပဏီကလည်း ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီး၍ ဖက်စပ်ကုမ္ပဏီထူထောင်နေသည်ဟူသော သတင်းမှလွဲ၍ အခြားအချက်အလက်များ မသိရှိရပါ။

ဆေးလိပ်ဆန့်ကျင်ရေးလှုပ်ရှားသူ ဦးတင်မောင်က ဆေးရွက်ကြီးကုမ္ပဏီများသည် ကန့်ကွက်မှုများကို ရှောင်ရှားရန်အတွက် မြန်မာဈေးကွက်သို့ ခြေသံလုံလုံဖြင့်ဝင်ရောက်နေကြောင်း မှတ်ချက်ပေးပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန၏  အမျိုးသားဆေးရွက်ကြီး ထိန်းချုပ်ရေးစီမံချက်ကို ကွပ်ကဲနေသော တာဝန်ရှိသူက မိမိတို့ဌာန၏ ဆေးရွက်ကြီးဆန့်ကျင်မှုသည် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို မကျော်လွန်နိုင်ပါ ဟုပြောကြား ပါသည်။

ကမ္ဘာကျော်ဆေးရွက်ကြီးကုမ္ပဏီများ မြန်မာဈေးကွက်သို့ ဝင်ရောက်နေကြပုံကို နိုင်ငံတကာဆေးရွက်ကြီးများ မြန်မာဈေးကွက်သို့ ဝင်ရောက်နေကြပုံကို နိုင်ငံတကာ ဆေးရွက်ကြီး ထိန်းချုပ်ရေးလှုပ်ရှားသူများက စောင့်ကြည့် နေကြမည့် အချက်မှာ သံသယရှိစရာမလိုပါ။ အထူးသဖြင့် ဆေးရွက်ကြီးစီးကရက်နှင့်အတူ ဆေးရွက်ကြီးလောက် အန္တရာယ်မရှိသော စီးကရက်များကိုပါ ထုတ်လုပ်ရောင်းချကြမှာလား ဆိုသည်ကို အကဲခတ်စောင့်ကြည့်ကြဖွယ် ရှိပါသည်။

ယခင်ကမြန်မာနိုင်ငံ၏ စီးကရက် ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသော မြန်မာ့တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီက လူမြင်သူမြင် ဘီယာနှင့် စီးကရက်ဂွင်ကို လက်လွှတ်ကာ လူမသိသူမသိ အမြတ်ရသည့် ရေနံဓာတ်ငွေ့နှင့် သံယံဇာတထုတ်ယူသော ဂွင်သို့ ကူးပြောင်းသွားသောကြောင့် ယခုကဲ့သို့ ပုဂ္ဂလိကနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်ခွင့်ရလာခြင်းဖြစ်ပါသည်။

ယခုကဲ့သို့ နိုင်ငံတကာ ဆေးရွက်ကြီးကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံခွင့် မပြုပါက တရားမဝင်မှောင်ခို စီးကရက်များ ဝင်ရောက်လာလိမ့်မည်ဟု စီးပွားရေးအကဲခတ်သူများက မှတ်ချက်ပေးသည်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ယခုကဲ့သို့ ဥပဒေပြုခြင်းကိစ္စရပ်များနှင့် စပ်လျဉ်းသည့်ဥပဒေများ၌ အကျုံးမဝင်သော သဝဏ်လွှာများ၊ သတင်း ထုတ်ပြန်ချက်များသည် အုပ်ချုပ်ရေးအပိုင်းက ဥပဒေပြုရေးရာအပိုင်းနှင့် တရားစီရင်ရေးရာအပိုင်းအပေါ် လွှမ်းမိုး စွက်ဖက်ရာရောက်သည့် လုပ်ဆောင်ချက်များဖြစ်ကြောင်းတွေ့ရှိရသည်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်   နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အုပ်ချုပ်ရေးက ဥပဒေပြုရေးနှင့်တရားစီရင်ရေးကို လွှမ်းမိုးနေပာု လွှတ်တော်ကပြင်းထန်စွာဝေဖန်”သတင်းမှ  ဥပဒေကြမ်းလေ့လာမှုနှင့် သုံးသပ်မှုအစီရင်ခံစာပါ ကောက်နှုတ်ချက်။

 


“လွှတ်တော်ဥက္ကဋ္ဌ ဥပဒေပြဋ္ဌာန်းဖို့ လိုမယ်ဆိုရင်တော့လုပ်ပါ။ သီးသန့်အချိန်တစ်ခုပေးပြီး မဆွေးနွေးတော့ဘူး။ ဆွေးနွေးချင်သူရှိရင် ဆွေးနွေးပါဆိုလို့ ကျွန်တော်က ဆွေးနွေးခဲ့တာပါ။ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်မှာ ပြည်သူ့ ရွေးကောက်တင်မြှောက် ထားသူတွေနဲ့ အစားထိုးသင့်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၈ မှာ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်တို့ရဲ့ အုပ်ချုပ်ရေးပိုင်းကို နိုင်ငံဝန်ထမ်းများအား တာဝန်ပေးဆောင်ရမယ်ဆိုတာပါတယ်။ အဲဒါကို အရင်ပြင်ရမယ်၊ ပြီးတော့မှ လိုအပ်ရင် ဥပဒေရေးပြီး တာဝန်တွေကို ပြဋ္ဌာန်းရမယ်ဆိုပြီး ဆွေးနွေးခဲ့တာပါ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၃  ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ်(၃၇၁) တွင်ပါရှိသော  “မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးပိုင်း လူထုက ရွေးချယ်ဖို့ ဖွဲ့စည်းပုံကို အရင်ပြင်ရမည်ဟုဆို”သတင်းမှ  ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“အခုအချိန်မှာ FDI ဥပဒေက အရင်ထွက်နေပြီ၊ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ဥပဒေကတော့ ရှိနေပြီဆိုပေမယ့် ဘာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ နည်းဥပဒေကိုလဲ မြန်မြန်ထွက်စေချင်တယ်။ အခုနိုင်ငံခြားသားလုပ်ငန်းရှင်တွေ ဝင်နေပြီဆိုတော့ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ကြိုတင်ပြင်ဆင်ချိန်တွေ နည်းနေပြီး၊  MIC က နိုင်ငံခြားသားတွေရဲ့ ရင်းနှီးငွေကို သူတို့ငွေရလမ်းမမေးဘဲ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဒါတွေမေးနေတာက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတိုးဖို့  အခက်အခဲတွေ ဖြစ်နေတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ်   Yangon Times  နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ရှိသော်လည်း လုပ်ငန်းတိုးချဲ့ရန် အခက်အခဲရှိနေဆဲဟုဆို”သတင်းမှ ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်း၏ ပြော ကြားချက်အား ကောက်နှုတ်ချက်။

 


“’ဒီနိုင်ငံမှာ အကြီးဆုံးပြဿနာဟာ လယ်ယာမြေသိမ်းပိုက်မှု ပြဿနာပါ။ အဲဒါကို လွှတ်တော်မှာလည်း ဆွေးနွေးကြတယ်။ ဆွေးနွေးရင်းနဲ့ပဲ အဲဒီလောက်ပြင်းပြင်းထန်ထန် မပြောပါနဲ့လို့ အဲသလိုတော့ မသုံးနှုန်းပါနဲ့ဆိုပြီး ကန့်ကွက်ကြတယ်။ တကယ်ဖြစ်နေတဲ့ဟာတွေကို ပြောတာတောင်မှ နားမထောင်ရဲတဲ့ နားမထောင်နိုင်တဲ့ အခြေအနေမျိုးပါ။ ဒါပေမယ့် နားမထောင်ချင်လည်း ပြောရမှပဲ။ တကယ်ခံစားနေရတယ်လို့ ပြောမှပဲ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ်   မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ(၂)အမှတ်(၂၄) တွင် ပါရှိသော “နိုင်ငံ၏ အကြီးဆုံးပြဿနာ လယ်ယာမြေသိမ်းဆည်းမှုဖြစ်နေဟု ၈၈ ခေါင်းဆောင် ဦးကိုကိုကြီးပြော” သတင်းမှ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ရောယောင်ပြီး ရေလိုက်ငါးလိုက်လုပ်တာတော့ မကြိုက်ဘူး။ သက်သက်မတ်မတ်လုပ်တာကိုပဲ လိုချင်တာပါ။ ပေးလို့ရတာ မဖြစ်ရဘူးပေါ့။ တစ်ကယ်စာချုပ်စာတမ်းနဲ့ ပေးတာကိုပဲ လိုချင်တာပါ။ ပြီးတော့ဒီလိုပေးတာကို သမ္မတကြီးက သဒ္ဒါတရားကြောင့် ပေးတယ်ဆိုတာထက် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အလေးထားတာပဲ ဖြစ်ရမယ်။ ဒါပေမယ့် လက်ရှိမှာက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ပြီးမှသာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင်လုပ်မှသာ အာဏာပါဝါပေးတာတို့၊ ခွဲတာကို့၊ လုပ်ပိုင်ခွင့်ပေးတာတို့ကို စည်းမျဉ်းစည်းကမ်းအရ ဖြစ်မှာပါ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ထုတ်  မွန့်တည့်နေဂျာနယ် အတွဲ(၁)အမှတ်(၃၅)တွင်ပါရှိသော “လုပ်ပိုင်ခွင့်များနှင့် အာဏာခွဲဝေမှုများအား စည်းမျဉ်းအတိုင်း ပြုလုပ်နိုင်ရန် ဖွဲ့စည်းပုံပြင်ရမည်ဟု နိုင်ငံရေးသမားအချို့သုံးသပ်” သတင်းမှ  ရခိုင်အမျိုးသား တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာဦးအေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive