Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ပုဂ္ဂလိကပိုင်းကတော့ အသင်းချုပ် အနေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာတွေ အများကြီးပါ။ ဆန်စက် ကဏ္ဍ ကိုလဲ ပြည်တွင်း လုပ်ငန်းရှင်ရော၊ ပြည်ပနိုင်ငံတွေနဲ့ ပေါင်းပြီး လုပ်ဆောင်နေတာတွေ ရှိနေတယ်။ အစိုးရပိုင်းကလဲ သမဝါယမ အနေနဲ့ အသေးစား ငွေချေးလုပ်ငန်းတွေ လုပ်ဆောင်တာတွေ ရှိနေပေမယ့် တောင်သူတွေ ဖြစ်နေတာက အသိပညာပိုင်း အားနည်းချက်တွေ ရှိနေတယ်။ ဒီအပိုင်းကို ဖြည့်ဆည်းမယ်ဆိုရင် သူတို့နဲ့ အနီးကပ် ကူညီနိုင်ဖို့ လိုတယ်”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ The Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာ့ ဆန်စပါးကဏ္ဍ မြှင့်တင်ရန် Farmer Center များ မြို့နယ်တိုင်းတွင် ပေါ်ပေါက်ရန် လိုအပ်နေ” သတင်းမှ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံတကာ အသိုင်းအဝိုင်းကို သူတို့က စပြီး ပြောလာတဲ့အခါ OIC တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက ပါဝင်လာတဲ့ ကြိုးစားမှုတွေ ဖြစ်လာတယ်။ တကယ်တမ်း ဒီပြဿနာဆိုတာ ကိုယ့်ပြည်တွင်းမှာ နှစ်ဦး နှစ်ဖက် ဖြေရှင်းရမယ့် ပြဿနာပါ။ နိုင်ငံတကာ ဘယ်အစိုးရကမှ ဝင်ရောက်စွက်ဖက်တာကို မကြိုက်ပါဘူး”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ရခိုင် ပဋိပက္ခ ပြည်တွင်း၌သာ ဖြေရှင်းရမည်ဟု ဗီဂျေနမ်ဘီးယားဆို” သတင်းမှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယား၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်တဲ့အခါမှာ လွှတ်တော်ဥက္ကဋ္ဌ ချင်း ညှိနှိုင်းတာကောင်းတယ်။ ဒီနေ့ အသံကျယ်နေ  တဲ့ ဖက်ဒရယ်မရဘူးဆိုရင် ငြိမ်းချမ်းရေးအတွက် အခက်အခဲဖြစ်မယ်။ အမျိုးသား စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် အခက်အခဲရှိမယ်။ ဒီစကားတွေဟာ ထိုက်သင့်သလောက်မှန်တဲ့အတွက် သုံးသပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော် တစ်ခုတည်း လွှဲမထားပါနဲ့။ ပြည်သူတွေပါ အားလုံးပါဝင်ဖို့ လိုအပ်ပါ တယ်။ ဝန်ကြီးဌာန ပုဂ္ဂိုလ်တွေ အားလုံးလို လို ခေါ်ခဲ့ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် တိုင်းပြည် တစ်ပြည် မှာ တပ်မတော်တစ်ခုတည်း ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ယူနီယံအာမီ တပ်မတော်တစ်ခုတည်း ရှိပါ တယ်။ တိုင်းနဲ့ပြည်နယ်မှာ  တပ်မတော် တစ်ခုစီ ဘယ်နိုင်ငံမှာမှ ထောင်လို့ မရပါဘူး”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖက်ဒရယ် မရပါက ငြိမ်းချမ်း ရေးအတွက် အခက်အခဲဖြစ်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တောင်ကြီးမြို့ တွင် ဒေသခံများနှင့် တွေ့ဆုံစဉ်ပြောကြား” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“လက်ရှိ ကျွန်တော်တို့ ရောက်နေတဲ့ အနေအထားနဲ့ နိုင်ငံတော် အနေအထားကို ပြန်ခြုံကြည့်လိုက်တဲ့ အခါမှာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ပဲ။ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ ကျွန်တော့်အနေနဲ့ ပြောချင်တာက ပြည်နယ်တွေ မှာ မူးယစ်ဆေးဝါးကြောင့်လဲ ငြိမ်းချမ်းရေးခရီးမရောက်ဘူး ဖြစ်နေတယ်။ မူးယစ်ဆေးဝါးကြောင့် ငြိမ်းချမ်းရေး လိုရာခရီးမရောက်တာလို့ ကျွန်တော်မြင် တယ်။ ပြည်သူတွေရော၊ အဖွဲ့အစည်းတွေရာ ဒီမူးယစ်ဆေးဝါးမှာ လုံးချာလည်နေတယ်။ မူးယစ်ဆေးဝါးက ဥပဒေနဲ့ မလွတ်ကင်းဘူး။ ဥပဒေနဲ့ သွားချင်ပေမယ့် မူးယစ်ဆေးဝါးက အကျိုးအမြတ် ဖြစ်ထွန်းနေတဲ့သူတွေ အတွက်ကတော့ ငြိမ်းချမ်းရေးကို ဖြည်းဖြည်းချင်း သွားချင်ကြတယ်”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေးခရီး ကြန့်ကြာ နေခြင်းသည် မူးယစ်ဆေးဝါး ပြဿနာကြောင့်ဟု ဆို” သတင်းမှ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပူးပေါင်းကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို နောက်လေးလအတွင်း တင်သွင်းရမယ်။ ကျွန်တော်တို့ ပူးပေါင်းကော်မတီအဖွဲ့ဝင်တွေ ထဲမှာ ပါတီပေါင်းစုံက ကိုယ်စားလှယ် တွေပါတယ်။ အဲဒီပါတီတွေကလည်း ပါတီအလိုက်ရော၊ တစ်ဦးချင်းစီ အလိုက်ရော ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပတ်သက်ပြီး အားလုံး ပြုစုနေကြပြီး တချို့လည်း အဆင်သင့် ဖြစ်နေပါပြီ။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့လည်း သူ့အလျောက် သူရှိနေမှာ ဖြစ်ပါ တယ်။ တချို့ ဘယ်ပါတီမှ မဟုတ် ဘဲ တစ်ဦးချင်းအနေနဲ့ ပြင်ဆင်လိုတာ ရှိမယ်။ ဒါတွေလည်း လက်ခံရမှာပါ။ အခု လက်ရှိ လွှတ်တော်နားနေတဲ့ ကာလတွေမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ကြဖို့ ရှိပါတယ်”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လာမည့် လေးလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းရန် အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပြင်ဆင်” သတင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ပည်နယ်အစိုးရသို့ လုပ်ပိုင်ခွင့်အာဏာများ မျှဝေပေးရန်  ရှမ်းပြည်နယ်အစိုးရက ပြည်ထောင်စုလွှတ်တော် နာယကထံ တောင်းဆို

တိုင်းရင်းသားများ အဓိကတောင်းဆိုနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ ၏ လုပ်ပိုင်ခွင့်အာဏာများကို မျှဝေပေးရန် ရှမ်းပြည်နယ်အစိုးရက ပြည်ထောင်စုလွှတ်တော် နယကထံသို့ တောင်းဆို လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ ၂ ရက်နေ့တွင် တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ရှမ်းပြည်နယ်အခြေစိုက် လူမူအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး စိုင်းအိုက်ပေါင်းက တောင်းဆိုခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရက ဗဟိုဦးစီးမှုစနစ် လျှော့ချပေးရေး၊ ဖက်ဒရယ်စနစ်ကို ဖြစ်အောင် ဆောင်ရွက်ပေးရေးနှင့် ထိုင်းတွင် ရွေ့ပြောင်းလုပ်ကိုင်နေသော ရှမ်းတိုင်းရင်းသားများအား မှတ်ပုံတင်ရရှိအောင် ဆောင်ရွက်ပေးရေးတို့အတွက် တောင်းဆိုဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကလည်း မှတ်ပုံတင်တွင် တိုင်းရင်းသားလူမျိုး အမည်မှန်ဖြစ်ပေါ်အောင် ဆောင်ရွက်ပေးရေး၊ ရှမ်းပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါး ပြဿနာများ၊ တိုင်းရင်းသားတို့ တောင်းဆိုနေသည့် ဖယ်ဒရယ်မူဝါဒ၊ ၂၀၀၈ ဖွဲ့စည်းပုံနှင့် လေ့လာသုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်ချက်များ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာများနှင့် လယ်ယာမြေပြဿနာများ စသည်တို့ကို တွေ့ဆုံပွဲ၌ မေးမြန်းဆွေးနွေးခဲ့ကြသည်။

 “ဖယ်ဒရယ်က အတော်လေးအသံကျယ်နေပါတယ်။ ဖယ်ဒရယ် မရဘူး ဆိုရင် ငြိမ်းချမ်းရေးအတွက် ခက်ခဲမယ်။ ဖယ်ဒရယ် မရဘူးဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခက်အခဲဖြစ်စေမယ် ၊ ဖယ်ဒရယ်မရဘူးဆိုရင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အခက်အခဲဖြစ်မယ်ဆိုတဲ့စကားတွေ အသင့် အတင့်မှန်တဲ့အတွက် ပေးထားချက်တွေ ပေါ်မူတည်ပြီးတော့ ထိုက်သင့်တာတွေကို ဆောင်ရွက်မယ်၊ ဘယ်သူ့မှာ တာဝန်ရှိလဲဆို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေ၊ ပြည်သူတွေ အားလုံးမှာဥပဒေအပေါ် မူတည်ပြီး တာဝန်ရှိပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက      ဖယ်ဒရယ် မူဝါဒသဘောထားနှင့်ပတ်သက်ပြီး  ယင်းကဲ့သို့ ပြောဆို ခဲ့ကြောင်း သိရသည်။

ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် ပြည်သူ့အသံ၊ အခက်အခဲများကို ကြားသိမြင်တွေ့ပြီး ညှိနှိုင်း  ဆောင်ရွက်ပေးနိုင်ဖို့  ပြည်သူ့လွှတ်တော်ထဲသို့ ရောက်ရှိ လာခြင်းဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရာတွင် ဖယ်ဒရယ်စနစ် ကျင့်သုံးနေသည် အမေရိကန်ပြည်ထောင်စုကို စံနာမှုနာထားပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ အာဏာခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ လုပ်ပိုင်ခွင့်ပိုမိုရရှိစေရန် အခြေခံဥပဒေပြင်ဆင်ရာတွင်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်နယ်နှင့်တိုင်းဒေသကြီး ဥပဒေပြုရေးဆိုင်ရာ အခန်း၊ စာမျက်နှာ ၁၈၈ ဇယား(၂)ကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း  ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ သည်။

“ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်နယ်အသီးသီးမှ တစ်ဦးစီတင်ပြချက်များဟာ ပြည်သူတွေလိုအပ်ချက်များ ဖြစ်နေလို့ အမှန်တကယ်ဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းငွေက သုံးသပ်ပြောဆိုခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့  တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဦးစီးဥက္ကဋ္ဌများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ရပ်ကွက်အထောက် အကူပြု ကော်မတီ ဝင်များ၊ အစိုးရဌာနဆိုင်ရာများ၊ ပြည်သူများ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 YC


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာမှ ရရှိလာသော သဘောတူလက်မှတ် စာချုပ်များအား လွှတ်တော်မှ ထပ်ဆင့် အတည်ပြုရေး လုပ်ဆောင်ပေးရန် KNU အဖွဲ့ တိုက်တွန်း အကြံပြု

သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်းကော်မတီ နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) တို့ တွေ့ဆုံဆွေးနွေးပွဲတွင်  ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ သဘောတူလက်မှတ် ရေးထိုးထားခဲ့ သော စာချုပ်များအား လွှတ်တော်မှ ထပ်ဆင့် အတည်ပြုရေး လုပ်ဆောင်ပေးစေလိုကြောင်း KNU အဖွဲ့မှ အစီရင်ခံစာ တင်ပြ၍ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစီရင်ခံစာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီများနှင့် လွှတ်တော် ၏ အခန်းကဏ္ဍရပ်များကို ရှင်းလင်းစွာ သတ်မှတ်ပေးရေး၊ အစိုးရမှ ငြိမ်းချမ်းရေးဖြစ်စဉ်အား သက်ဆိုင်ရာ အစိုးရ ဌာန အဖွဲ့အစည်းအဆင့်ဆင့် အတွင်း သိရှိနားလည်ရေးနှင့် ပံ့ပိုးထောက်ပံ့ရေးတို့အတွက် လုပ်ဆောင်ပေးရန် တို့ ပါဝင် ကြောင်း သိရသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သဘောတူစာချုပ်များ အပါအဝင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်အား လွှတ်တော်မှ ထပ်ဆင့် အတည်ပြုပေးရေး၊ နိုင်ငံရေးအရ ဆွေးနွေးပွဲများ အလျင်အမြန် စတင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရေး၊ နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များအား လွှတ်တော်မှ ထပ်ဆင့် အတည်ပြုပေးရေး ၊ ထိုကဲ့သို့ ထပ်ဆင့် အတည်ပြုထားသော နိုင်ငံရေးဆွေးနွေးပွဲ များမှ ရလဒ်များအား လွှတ်တော်မှ ဥပဒေကြမ်း ပေါ်ထွက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကိုလည်း အဆိုပါ အစီရင်ခံစာတွင် ဆက်လက်အကြံပြု ထားကြောင်း သိရသည်။

အဆိုပါ KNU မှ အစီရင်ခံစာ တင်ပြချက်နှင့် ပတ်သက်၍ “ကေအင်န်ယူအနေနဲ့ တင်ပြသွားတာက သူတို့ အဖွဲ့ရဲ့ နိုင်ငံရေး တိုင်းမ်ဖရိန်ပေါ့။ လွှတ်တော် ပြင်ပ ငြိမ်းချမ်းရေးသဘောတူစာချုပ် တို့ နိုင်ငံရေးဆွေးနွေး ပွဲ ရလဒ်တို့ကို လွှတ်တော်က အတည်ပြုပြီး ဥပဒေထွက်ဖို့ အကြံပြုချက်ဖြစ်ပါတယ်။ ဥပမာ- ကေအိုင်အိုဆိုရင် ၁၇ နှစ် ကြာ အပစ်အခတ် ရပ်စဲထားပေမယ့် ခိုင်မာတဲ့ ဥပဒေ မရှိတဲ့အတွက် ငြိမ်းချမ်းရေးက ပျက်ပြီး တိုက်ပွဲ ပြန်ဖြစ်တယ်။ အဲဒီလိုတွေ ပြန်မဖြစ် အောင် ဥပဒေ ရှိရမယ်ပေါ့နော်။ ဒါက သူတို့တစ်ဖွဲ့တည်းရဲ့ တင်ပြချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကေအင်န်ယူလိုပဲ အခြားအဖွဲ့တွေကလည်း တောင်းဆိုမှုတွေ လာဦးမှာပါ။ လွှတ်တော် အနေနဲ့ကတော့ တစ်နိုင်ငံလုံးက ပြည်သူကို ကိုယ်စားပြုထားတာ ဖြစ်တဲ့အတွက် အမြင်တွေ အမျိုးမျိုးရှိဦးမှာပါ။ အဲဒီတော့ ပြင်ပမှာ ဆွေးနွေးမှုတွေ တင်ပြလာသမျှကို လွှတ်တော်က အတည်ပြုပေးလို့တော့ ရမှာ မဟုတ်ဘူး။ ဆွေးနွေးရဦးမယ်။ အဲဒီလို ဆွေးနွေးဖို့အတွက်ကို ဒီကာလတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရယ် မကြာမကြာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုပါတယ်။ ဒါ ကျွန်မ တစ်ဦးတည်ရဲ့ အမြင်ပါ” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။

ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကလည်း နိုင်ငံတော်အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများကို လွှတ်တော်နှင့် ဆက်လက်ဆွေး နွေးရန် လွှဲပြောင်းမှု ပြုလုပ်မည်ကို စိုးရိမ်သဖြင့် လွှတ်တော်ပြင်ပ၌သာ  နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ၍  ရရှိလာသည့် ဆွေးနွေးမှု ရလဒ်အ တိုင်း ဆက်လက်အကောင်အထည် ဖော်ရန် ဆန္ဒရှိနေကြခြင်း ဖြစ်ပြီး ကေအင်န်ယူ အနေဖြင့် ယင်းကဲ့သို့ ဆွေးနွေးမှုများ အား လွှတ်တော်မှ အတည်ပြု၍ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေး ရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ စက်တင် ဘာလ ၂ ရက်နေ့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပါအဝင် KNU အဖွဲ့၏ လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုအဖွဲ့မှ ဘားအံခရိုင် လေးဝါးတပ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အပါအဝင် KNU ဗဟိုကော်မတီဝင် ၄၅ ဦး နှင့် လက်အောက်ခံခရိုင် ခုနစ်ခုမှ ကိုယ်စားလှယ် ၂၁ ဦးတို့ တက်ရောက်ခဲ့ကြပြီး ငါးရက်ခန့် ကြာမြင့်မည့် ယင်းဆွေးနွေးပွဲတွင် နိုင်ငံတော်အစိုးရနှင့် လုပ်ဆောင်နေသော ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် များကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ကာ ဆွေးနွေးပွဲမှ ကရင် အမျိုးသား တစ်ရပ်လုံးအတွက် ကောင်းမွန် သည့် ရလဒ်များ ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် ကေအင်န်အယ်လ်အေမှ တပ်မှူးကြီးတစ်ဦးက ပြောကြားသည်။

ကရင် အမျိုးသားအစည်းအရုံး (KNU) သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှ စတင်ကာ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး တို့အတွက် အစိုးရ အဆက်ဆက်ကို လက်နက်ကိုင် တိုက်ပွဲဝင်နေ သည့် အဖွဲ့ ဖြစ်သည်။

 YC


မလေးရှားနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော တရားမဝင် မြန်မာနိုင်ငံသားများအားဖမ်းဆီးနေမှုနှင့် ပတ်သက်၍ နိုင်ငံ တော်သမ္မတမှ အဆင့်မြင့်အရာရှိများစေလွှတ် ဖြေရှင်း

မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသော တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ပတ်သက်၍ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများအား မလေးရှားနိုင်ငံသို့ သွားရောက်ဖြေရှင်းရန်အတွက် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ညွှန်ကြားချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံသို့ အလုပ်သမား အလုပ်အကိုင်နှင့် လူဝင်မှုကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သွားရောက်မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်မှ ပြောကြားချက်မှ သိရသည်။

မလေးရှားအစိုးရသည် ၎င်းတို့နိုင်ငံအတွင်း၌ တရားမဝင်နေထိုင်နေသော နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီး လျက်ရှိရာ စက်တင်ဘာ ၂ ရက်အထိ မြန်မာနိုင်ငံသားအလုပ်သမား ၅၀၀ ခန့် ဖမ်းဆီးခံထားရပြီဖြစ်ကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများ ထံမှသိရသည်။

“Ops 6P Bersepadu” ဟု အမည်ပေးထားသည့် ယင်းဖမ်းဆီးစစ်ဆေးရေး စီမံချက်များမှာ မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန၏ enforcement personal အဖွဲ့၊ ရဲများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ များနှင့် ဒေသခံကောင်စီဝင်များ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး သုံးလကြာဖမ်းဆီး မည်ဟု မလေးအစိုးရက ထုတ်ပြန် ထားသည်။

“နေရပ်ပြန်ပို့ခံရမှာကို ကျွန်တော်အရမ်းစိုးရိမ်တယ်။ ကျွန်တော်တို့တွေအားလုံး မလေးရှားမှာ လာနေတာ ပြဿနာ ရှာဖို့မဟုတ်ဘူး။ ကိုယ့်နိုင်ငံထဲမှာ ကျန်ခဲ့တဲ့မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် အလုပ်လုပ်ချင်တာက ကျွန်တော်တို့ ရဲ့ ဆန္ဒပါ” ဟု မလေးရှားရောက် မြန်မာနိုင်ငံသား ကိုအောင်အောင်၏ ပြောဆိုချက် ကို The Star သတင်း စာ၏ ဖော်ပြချက် မှ  သိရသည်။

ထို့ပြင် ယခုဖမ်းမိထားသူများကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေ အခန်း ၆၊ ပုဒ်မ ၁၅ (၄) နှင့် ပုဒ်မ ၅၅ တို့ အရ အရေးယူ သွားမည်ဖြစ်ပြီး “တရားမဝင်အလုပ်သမားတွေကို ပြည်နှင်ဒဏ်ပေးပါမယ်။ အလုပ်ရှင်တွေကတော့ မလေးရှားရင်းဂစ် ၅၀,၀၀၀ (ကျပ်သိန်း ၁၅၀ ခန့်) နှင့်အထက် ဒဏ်ကြေးပေးဆောင်စေခြင်း၊ ထောင်ဒဏ်ငါးနှစ်အထိ ကျခံစေခြင်း (သို့မဟုတ်) ကြိမ်ဒဏ်ခြောက်ချက်ပေးနိုင်ခြင်းတို့နဲ့ အရေးယူနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ယင်းပြစ်ဒဏ် သုံးရပ် စလုံးကျခံရနိုင်ပါတယ်” ဟု လူဝင်မှုကြီးကြပ် ရေးဌာန၏ ဒုတိယဒါရိုက်တာ ဆာရဝနကူးမား၏ ပြောဆိုချက်ကို The Star သတင်းဌာနတွင် ဆက်လက်ဖော်ပြထားသည်။

မလေးရှားအစိုးရက စတင်ဖမ်းဆီးချိန်မှစပြီး Tanjung Sepat နှင့် Tanjung Rhu ရှိဝင်ပေါက်ထွက်ပေါက် နေရာများကို တင်းကျပ်စွာ ထိန်းချုပ်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလက္ကာနှင့် စလန်ဂေါကမ်းခြေများအကြားရှိ ကမ်းခြေရှစ် နေရာ ကိုလည်း ထွက်ပြေးတိမ်းရှောင်သူများ မသုံးနိုင်စေရန် ပိတ်ဆို့ထားခဲ့သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive