Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

အင်ဒိုနီးရှားတွင် ရဲဗိုလ်ချုပ်အား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ်

(3 September 2013 ရက်စွဲပါ BBC News မှ  Indonesia jails police general for corruption ကို ဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တရားရုံးက ကြယ်နှစ်ပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးအား လူသိများသော အမှုတစ်ခုတွင် အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှုများအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါသည်။

Insp General Djoko Susilo သည် ယာဉ်ထိန်းဌာနကို တာဝန်ယူစဉ်က မော်တော်ကား အမောင်းသင် ကိရိယာများ တင်သွင်းသည့် ကုမ္ပဏီထံမှ လာဒ်ငွေ ဒေါ်လာ 13 သန်း(ပေါင်စတာလင် 8.4သန်း)  ယူခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၎င်းအား ထောင်ဒဏ် (၁၀) နှစ်နှင့် ဒဏ်ကြေး rupiah သန်း 500(ဒေါ်လာ 45000၊ ပေါင်စတာလင် 29000) ပေးဆောင်စေခဲ့ပါသည်။

ယခုပြစ်ဒဏ်မှာ Djoko အား သံသယရှိသဖြင့် (14)လခန့်စစ်ဆေးပြီးမှ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ မူလက တရားသူကြီးများက ၄င်းအားထောင်ဒဏ်(18) နှစ် နှင့် ဒဏ်ကြေး (32) ဘီလီယံ Rupiah ပေးဆောင်စေခဲ့ပြီး Djoko အား  မဲဆန္ဒပေးပိုင်ခွင့်နှင့် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံပိုင်ခွင့် ရုပ်သိမ်းရန် ပြောဆိုခဲ့ပါသည်။

အင်ဒိုနီးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် Djoko ၏ ချမ်းသာကြွယ်ဝမှုများကို ဖော်ထုတ်ခဲ့ရာ (100) ဘီလီယံ rupiah တန်ဖိုးရှိ အခြေခံပစ္စည်းများနှင့် ဇိမ်ခံကားများ ပါဝင်ပါသည်။

တရားသူကြီးများက ပြောကြားရာတွင် Djoko သည် ဂျာဗားကျွန်းနှင့် ဘာလီကျွန်းတွင် မြေနှင့်အိမ်(25) ခုကျော် ပိုင်ဆိုင်ပြီး ၄င်း၏အမည်၊ မိန်းမ သုံးယောက်အမည်နှင့် ဆွေမျိုးများ၏ အမည်များဖြင့် ဝယ်ယူထားသည်ဟု ဆိုပါသည်။

၎င်းက သူသည် အင်ဒိုနီးရှားရိုးရာ ဓါးမြောင်(200) ကျော်ပိုင်ဆိုင်ကြောင်း ဝန်ခံပါသည်။ အဆိုပါဓားသည် မှော်ဆန်သည့် စိတ်စွမ်းအား ရှိသည်ဟု အင်ဒိုနီးရှားရိုးရာ ယုံကြည်မှုရှိပါသည်။ မျက်မြင်သက်သေတစ်ဦးက  Djoko သည် ၄င်းထံမှ အဆိုပါဓား(16) ချောင်း ဝယ်ယူရာ တန်ဖိုးကြီးနေအိမ် တစ်လုံးပေးခဲ့သည်ဟု ဆိုပါသည်။

အဆိုပါ အမှုကိစ္စအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အမျိုးသားရဲတပ်ဖွဲ့တို့ ပွတ်တိုက်များရှိခဲ့ကြောင်း  စုံစမ်းစစ်ဆေးမှုကို ရဲတပ်ဖွဲ့ကလည်း လုပ်ဆောင်လိုခြင်းကြောင့် ဖြစ်သည်ဟု ဂျာကာတာရှိ BBC မှ Pinta Karana ကပြောကြားခဲ့ပါသည်။

အောက်တိုဘာလက အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono  က  ရဲတပ်ဖွဲ့အား အဆိုပါအမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ လွှဲပြောင်းပေးရန်  ပြည်သူများဆန္ဒပြုမှုအပြီးတွင် ပြောကြားခဲ့ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(Bangkok Post မှ 3 Sep 2013 ရက်စွဲပါ “Yangon to get 1000 new hotel rooms”သတင်းကိုဘာသာပြန်ဆိုသည်)

(Relief Web မှ 2 Sept 2013 ရက်စွဲပါ “UNHCR supports flood relief in Myanmar’s South-east ” သတင်းကို ဘာသာပြန်ဆိုသည်)


ရန်ကုန်မြို့တော်တွင် ပာိုတယ်ခန်းသစ် ၁၀၀၀ ခန့်တိုးလာမည်

(Bangkok Post မှ 3 Sep 2013 ရက်စွဲပါ “Yangon to get 1000 new hotel rooms”သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်တွင် ယခုနှစ်အတွင်း နိုင်ငံတကာအဆင့်မှီပာိုတယ်ခန်း ၁၀၀၀ ခန့်အသစ်တိုးလာမည် ဖြစ်သော်လည်း လိုအပ်ချက်ကြီးထွားနေမှုကို ပြည့်မှီရန် မလုံလောက်သေးကြောင်း နာမည်ကျော် အိမ်ခြံမြေ ကုမ္ပဏီက အင်္ဂါနေ့တွင်ပြောကြားသည်။

လက်ရှိဆောက်လုပ်နေဆဲ အခန်းသစ်များကြောင့် ဧည့်သည်လက်ခံနိုင်စွမ်း ၆၅ ရာခိုင်နှုန်းရှိလာမည်ပာု Jones Lang Lasalle အိမ်ခြံမြေကုမ္ပဏီက ထုတ်ပြန်သောအစီရင်ခံစာကဆိုပါသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်တွင် ပာိုတယ်ခန်းပေါင်း ၉၁၀၀ ခန့်ရှိပြီး ၎င်းတို့အနက်၅၀၀ ခန့်ကို နိုင်ငံတကာအဆင့် မှီကြောင်း သတ်မှတ်ထားသည်။

“၂၀၁၃ မှာ နိုင်ငံတကာအဆင့်မှီ ပာိုတယ်ခန်းအသစ်တွေ သိသိသာသာတိုးလာပေမယ့် အရေအတွက် နည်းတဲ့အတွက် စံချိန်မှီပာိုတယ်ခန်းလိုအပ်ချက် ကြီးထွားနေတာကို ဖြည့်ဆည်းနိုင်စွမ်း ရှိလိမ့်မည် မပာုတ်”ပာု ကုမ္ပဏီဒုတိယအကြီးအကဲ အင်ဒယူးလန်ဒန်က ပြောကြားသည်။

အရှေ့တောင်အာရှတွင် ခေါင်းပြူနေသော မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် စစ်အာဏာရှင်ပုံရိပ်ကိုခွာချနိုင်ခဲ့သောကြောင့် ပြည်ပခရီးသွားများ လှိမ့်ဝင်လာကာ ၃ နှစ်အတွင်း ရန်ကုန်ပိာုတယ်ခန်း နှုန်းထားများ ခုန်တက်သွားခဲ့သည်။

မနှစ်က ဧည့်သည် ၅၅၉,၆၀၁ ရောက်ရှိလာခဲ့ရာ အရင်တစ်နှစ်ကထက် ၅၅.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အများစုမှာ ရန်ကုန်နိုင်ငံတကာလေဆိပ်မှ ဝင်ရောက်လာကြခြင်းဖြစ်သည်။

“ဒီနှစ်မကုန်ခင် ခရီးသွားရာသီအတွက် ရန်ကုန်ပိာုတယ်ခန်းဘွတ်ကင်တွေ ပြည့်လုနီးပါးဖြစ်နေပြီဆိုတော့ ၂၀၁၃ လက်ကျန်ကာလမှာ ဧည့်သည်ဝင်ရောက်မှု အားကောင်းနေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်”ပာု အင်ဒယူး လန်ဒန်ကဆိုပါသည်။

ထို့အပြင် လာမည့် ၂၀၁၄ မှ ၂၀၁၇ အတွင်း နောက်ထပ်ပာိုတယ်ခန်း ၄၇၀၀ ခန့်ပြီးစီးအောင် စီစဉ်ဆောင်ရွက်နေကြပြီး နိုင်ငံတကာပိာုတယ်ကွန်ယက်အုပ်စုကြီးများလည်း ပါဝင်ကြသည်ပာု အဆိုပါကုမ္ပဏီက ပြောကြားသည်။

လာမည့်နှစ်တွင် Hilton အုပ်စုက အခန်း ၃၀၀ ပါ Hilton Yangon ပိာုတယ်နှင့် ပြင်သစ် Accor အုပ်စုက ၃၆၆ ခန်းပါ Novotal Yangon Max ပာိုတယ်တို့ကို ဖွင့်လှစ်သွားမည်ပာု သိရှိရသည်။

 


မြန်မာအရှေ့ တောင်ပိုင်း ရေဘေးကယ်ဆယ်ရေးအတွက်  UNHCR ကူညီ

(Relief Web မှ 2 Sept 2013 ရက်စွဲပါ “UNHCR supports flood relief in Myanmar’s South-east ” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှ ရေဘေးသင့်ပြည်သူများစွာသည် ပျက်စီးသွားသော နေအိမ်များသို့ ပြန်ရောက်လာကြပြီ ဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီထံမှ ကယ်ဆယ်ရေးအထောက်အပံ့များကို လက်ခံရရှိနေ ကြပြီဖြစ်သည်။

ပြီးခဲ့သော ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ ကရင်၊ မွန်၊ တနင်္သာရီဒေသများတွင် ဆိုးဆိုးဝါးဝါးရေကြီးကာ ခန့်မှန်းခြေဒေသခံပြည်သူ ၄၀,၀၀၀ခန့် နေအိမ်များစွန့်ခွာထွက်ပြေးခဲ့ကြ ရသည်။ ကရင်ပြည်နယ်သည် အဆိုးဝါးဆုံးဘေးဒဏ်သင့် ဒေသဖြစ်၍ လူပေါင်း ၃၃,၀၀၀ခန့် နေအိမ်များမှ ရွှေ့ပြောင်းခဲ့ရ သည်။ ၄င်းတို့သည် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများအပါအဝင် ယာယီ စခန်းများ၌ ခေတ္တခိုလှုံခဲ့ကြပြီး၊ ယခုအခါ ရေကျသွားပြီဖြစ်၍ ၄င်းတို့၏ နေအိမ်များ၊ ပစ္စည်းများ၊ ကောက်ပဲံသီးနှံများကို ပြန်လည်ရှာဖွေရန် ပြန်သွားကြပြီဖြစ်သည်။

“ကရင်ပြည်နယ်အစိုးရက ကုလအေဂျင်စီတွေ၊ အင်ဂျီအိုတွေ၊ အိုင်အင်ဂျီအိုတွေဆီ အကူအညီတောင်းခံတဲ့ အချိန်မှာပဲ၊ ရေဘေးသင့်သူတွေကို ကယ်ဆယ်ရေးပစ္စည်းတွေဖြန်ဖြူးဖို့ ကျွန်တော်တို့ဝန်ထမ်းတွေကို ချက်ခြင်း စလွှတ်လိုက်ပါပြီ”ဟု မြန်မာနိုင်ငံဆိုင်ရာ UNHCR ဌာနကိုယ်စားလှယ် ဟန်တင်ဖဲလ်က ပြောကြားသည်။

ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ရေဘေးသင့်အိမ်တော်စု ၃၂၀၀ ခန့်ကို တာပေါ်လင်၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ အိုး၊ ခွက်၊ ပန်းကန်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ ဖြန့်ဖြူးရန်အတွက် သည် ဒေသအာဏာ ပိုင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တို့နှင့်အတူပူးပေါင်းကာ သြဂုတ်လ ၇ ရက်မှ ၂၉ ရက်အထိ လုပ်ဆောင်ခဲ့သည်။ ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် လမ်းအများစုပိတ်ထားရသော ကော့ကရိတ်မြိ့နယ်တွင် ကယ်ဆယ်ရေးအဖွဲ့များက စက်လှေများ အသုံးပြုကာ ရေဘေးသင့်ဒေသခံများထံ အရောက်သွားခဲ့ကြသည်။

စုစုပေါင်းအားဖြင့် လူပေါင်း ၁၆,၄၀၀ခန့် ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဝေမှုကို လက်ခံရရှိခဲ့ကြသည်။ ၄င်းတို့အများစုမှာ အစိုးရတပ်နှင့် ကရပ်တပ်များ၏ ပဋိပက္ခကြောင့် ယခင်ကတည်းက နေစရာပျောက်နေ ကြသူများဖြစ်သည်။

ကြာအစ်ဒုံမြို့နယ်ဘုရားတောင်ကျေးရွာမှ အသက် ၆၀ ကျော်အမျိုးသမီးကြီးတစ်ဦးက “အခုလိုကယ်ဆယ်ရေး ပစ္စည်းတွေ လက်ခံရရှိတာဟာ ပထမဦးဆုံးအကြိမ်ပါပဲ။ ပစ္စည်းအရည်အသွေးကလည်း သိပ်ကောင်းတယ်”ဟု ပြောကြားသည်။

ကရင်ပြည်နယ်အနှံအပြားတွင် မိုးများဆက်လက်ရွာသွန်းနေသော်လည်း စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းသွားပြီဖြစ်ပြီး စားနပ်ရိက္ခာဖူလုံရေး၊ စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကြောင်း စသောကဏ္ဍများတွင် ပြန်လည်ထူထောင်ရန်လိုအပ် နေသည်ဟု အာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားသည်။

UNHCR ဌာနကိုယ်စားလှယ် ဟန်တင်ဖဲလ်က “UNHCR က မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတစ်ခွင်မှာ ဒုက္ခသည်တွေကို ၂၀၀၄ ခုနှစ်ကတည်းက အကူအညီပေးနေတာပါ။ အခုလို ရေကြီးပြီး ဒုက္ခရောက်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ လက်ပိုက်စောင့်ကြည့်မနေနိုင်ပါဘူး”ဟု ပြောကြားသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှ ပဋိပက္ခဘေးဒဏ်သင့်ပြည်သူများအတွက် ပုံမှန်လုပ်ငန်းများအဖြစ် ရေတွင်း၊ ရေကန်များ၊ စာသင်ကျောင်းများ၊ ဆေးခန်းများ၊ နေအိမ်များ ပြုပြင်တည်ဆောက်ပေးခြင်း၊ ပညာရေးနှင့် ကျန်းမားရေးဆိုင်ရာ ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်းတို့ အပါအဝင် စီမံချက်ပေါင်း ၃၀၀၀ ကျော်ကို UNHCR နှင့် လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ အတူအကွပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

“ရေနံသန့်ရှင်းမှုစနစ်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ အခြခံပညာရေးစနစ်တွေ တိုးတက်ရရှိလာအောင် ကူညီ ပေးခြင်းအားဖြင့် အိုးအိမ်မဲ့ဒုက္ခသည်တွေ၊ အိမ်ပြန်လာကြသူတွေ အစရှိတဲ့ အသိုင်းအဝိုင်းတွေ တိုးတက်ဖွံ့ဖြိုးလာရေးမှာ ပါဝင်ဖို့ မျှော်လင့်ထားပါတယ်”ဟု UNHCR ကိုယ်စားလှယ်က ပြောကြားသည်။

လက်ရှိတွင် UNHCR သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ပူးပေါင်းကာ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ အားကောင်း ခိုင်မာရေးကိုဆောင်ရွက်နေပြီး ရှေးဦးသူနာပြုစုခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ဗဟုသုတ ပြည့်ဝရေးစသော နယ်ပယ်များအတွက် ကျွမ်းကျင်မှုသင်တန်းများ ပေးနေသည်ဟု သိရှိရသည်။

ယခင်တပ်မတော်အစိုးရလက်ထက်တွင်မူ ပညာမတတ်၍ ဗဟုသုတနည်းသော အောက်ခြေအလွှာ ပြည်သူများ၏ “အစိုးရအပေါ်အားကိုးမှု၊ ယုံကြည်မှု” လျော့မသွားစေရန်အတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံမှ အကူအညီ အထောက်အပံ့များကို အာဏာပိုင်များက လိုလိုလားလားလက်ခံခြင်းမရှိခဲ့ဘဲ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၏ ပါဝင် ကူညီမှုကိုသာ မီးမောင်းထိုးကြေညာ၍ နိုင်ငံရေးစည်းရုံးမှု ပြုလုပ်ခဲ့သည်ဟု အကဲခတ်လေ့လာသူများက မှတ်ချက်ပေး ပြောဆိုကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive