Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံရေးတိုးမြှင့်ရန် အမေရိကန်စဉ်းစား

(5 Sep 2013 ရက်စွဲပါ Global Post မှ Alexander Besant ရေးသားသော US consider imo reared  military tier to Myanmar ကိုဘာသာပြန်ဆိုသည်)

အမေရိကန်သမ္မတ ဘားရက်အိုဘားမား အစိုးရသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းပြီးနောက် စစ်တပ်အပေါ်ကူညီမှုများ ပြန်လည်စတင်ရန်စဉ်းစားနေပါသည်။ အချို့ဥပဒေပြုအမတ်များကမှု မကျေနပ်ကြပေ။

အမေရိကန်သည် မြန်မာနိုင်ငံဆန္ဒပြသူများအပေါ် အစိုးရက ပြင်းထန်စွာနှိပ်ကွပ်မှုကြောင့် လွန်ခဲ့သော ၂၅ နှစ်ကတည်းက ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုများကို ဖြတ်တောက်ခဲ့ပါသည်။ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်မှုများလည်း ပိတ်ပင်ခဲ့ရာ၊ မြန်မာနိုင်ငံသည် စစ်တပ်ဆိုင်ရာ ဖြည့်ဆည်းမှုများအတွက် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့ထံ ဦးလှည့်ခဲ့ရပါသည်။

AP သတင်းဌာနက ပြောကြားရာတွင် ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်က မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးရန် လုပ်ဆောင်သော နောက်ဆုံးအချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်မှ အမတ်တစ်ချို့က မြန်မာစစ်တပ်၏ လူနည်းစုအုပ်စုများအပေါ် ကြမ်းတမ်းစွာ ဆက်ဆံနိုင်မည့် အလားအလာများနှင့် အစိုးရ ဖွဲ့စည်းပုံတွင် အာဏာဆက်လက်ဆုပ်ကိုင်ထားမှုအတွက် စိတ်ပျက်လျက်ရှိနေဆဲ ဖြစ်ပါသည်ဟု APက ပြောပါသည်။

အမေရိကန် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များသည် မကြာသေးမီက မြန်မာနိုင်ငံမှ ကာကွယ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပါသည်။ ဘရူးနိုင်းမှ ကွန်ဖရင့်တစ်ခုတွင် အမေရိကန်ကာကွယ်ရေး ၀န်ကြီး Chuck Hangelနှင့် မြန်မာနိုင်ငံမှ ဒုတိယဗိုလ်မှူးချုပ်ကြီး ဝေလွင်တို့ တွေ့ဆုံခဲ့ပါသည်။

၎င်းမှာ ဆယ်စုနှစ်နှစ်ခုအတွင်းအမေရိကန်-မြန်မာကာကွယ်ရေးဆိုင်ရာ ခေါင်းဆောင်များ ပထမဆုံးအကြိမ် နှစ်နိုင်ငံတွေ့ဆုံမှုဖြစ်သည်ဟု AP က ပြောပါသည်။

မြန်မာနိုင်ငံ၏ အရပ်သားစစ်သား စပ်ကြားအစိုးရတွင် စစ်တပ်ချင်းဆက်ဆံရေး ထူထောင်မှုသည် အရေးပါသည်ဟု အမေရိကန်က မျှော်လင့်လျက်ရှိပါသည်။

အမေရိကန်သည် မြန်မာနိုင်ငံအပေါ် တရုတ်ချုပ်ကိုင်မှုလျော့ကျလာချိန်တွင် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ဆန္ဒရှိနေလိမ့်မည် ဖြစ်ပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ဒီစီမံကိန်းကို မလုပ်သင့်ဘူးလို့ပဲ ပြောရမယ်။ ဒီစီမံကိန်းကြီး လုပ်သင့် မလုပ်သင့်က ပြည်သူနဲ့ အစိုးရက ဆုံးဖြတ်ရမှာ။ ပြည်သူ့အသံကို နားထောင်တဲ့အစိုးရဆိုရင်တော့ ပြည်သူ့သဘောထားအတိုင်း လုပ်မှာပေါ့။ တရုတ်ဘက်ကလည်း ဒီစီမံကိန်းကြီးလုပ်ဖို့ တွန်းအားပေးမှာပဲ။ အဲဒီတော့ တရုတ်အနေနဲ့ ပြည်သူကို စည်းရုံးဖို့လိုတယ်။ စည်းရုံးဖို့ လုပ်မှာပဲ။ အခုက အီလည်လည် အခြေအနေကြီး ဖြစ်နေတယ်။ ပြည်သူ့ထောက်ခံချက်မရှိဘဲ လုပ်လို့မရဘူး။ ပြည်သူ့သဘောထားကလည်း အဓိကကျတယ်။ နောက်တက်လာမယ့် အစိုးရကလည်း အဲဒီအပေါ်မူတည်ပြီး ဆုံးဖြတ်မယ် ထင်ပါတယ်”

၂၀၁၃ စက်တင်ဘာလ ၆ ရက် The Voice နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြစ်ဆုံ ပြန်စရန် တရုတ်-အာဆီယံ ပြပွဲတွင် တရုတ်အစိုးရ ထပ်မံကမ်းလှမ်း” သတင်းမှ ECODEV အုပ်ချုပ်မှု ဒါရိုက်တာ ဥင်္ီးဝင်းမျိုးသူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လွှတ်တော်အစပိုင်း ၁၅ ရက်၊ ရက် ၃ဝ ကာလအတွင်းမှာ အများက ဝိုင်းဝန်းဝေဖန်နေပေမယ့် ယနေ့ကာလ မှာတော့ နိုင်ငံတကာအနေနဲ့ပါ မြန်မာ့လွှတ်တော်အပေါ်အများကြီး ယုံကြည်မှုရှိလာပါပြီ။ လွှတ်တော် ကိုယ်စားလှယ်တွေကလဲ လွှတ်တော်ထဲမှာ ဥပဒေတွေ ပြင်ဆင်ပြီး၊ ပယ်ဖျက်ခြင်းနဲ့ ရေးဆွဲခြင်းတွေလုပ်ဖို့အမြဲ ကြိုးစားနေပါတယ်။ အဲဒီမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကတစ်ဆင့် သက်ဆိုင်ရာတရားရေးမဏ္ဍိုင်တွေကလဲ လွှတ်တော်မှာ လာရောက်ဖြေဆိုတာ၊ ကတိကဝတ် ပေးလာတာတွေရှိပါတယ်။ တခြား ကဏ္ဍ တွေမှာလဲဒီလိုပါပဲ။ အဲလို ကတိကဝတ်တွေကို မှတ်တမ်းလုပ်ထားပြီး တကယ်ဆောင်ရွက်မှု အပိုင်း၊ ကတိ အတိုင်း လိုက်နာမှု ရှိ၊ မရှိ ပြန်လည် စီစစ်ဆောင်ရွက်နေပါတယ်”

၂၀၁၃ စက်တင်ဘာလ ၆ ရက် ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဒေသခံများ၏ လိုအပ်ချက်နှင့် အခက်အခဲများသိရှိဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုလွှတ်တော် နာယက လားရှိုးမြို့နယ်တွင် လူထုနှင့် တွေ့ဆုံဆွေးနွေး” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဂျပန်ကနေဒီလိုမျိုး မန္တလေးတိုင်းဒေသကြီးအတွင်းက လျှပ်စစ်မီးလင်းရေးလုပ်ငန်းတွေမှာ ထောက်ပံ့လှူဒါန်း ပေးတာကတော့ အခုဟာက ပထမဆုံးဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်မတ်လမတိုင်ခင်မှာ လုပ်ငန်းတွေကိုအပြီး လုပ်ဆောင်သွားမှာဖြစ်တယ်။ တကောင်းနဲ့သပိတ်ကျင်းကြားထဲက ကျေးရွာပေါင်း ၁၅ ရွာနဲ့ ရမည်းသင်း ခရိုင် ထံက ကျေးရွာလေးရွာတို့မှာ ဓာတ်အားလိုင်းစနစ်ကနေ မီးပေးနိုင်တဲ့ အကျိုးကျေးဇူးကို ရရှိစေမှာဖြစ်ပါတယ်။”

၂၀၁၃ စက်တင်ဘာလ ၆ ရက် The Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တိုင်းဒေသကြီး အတွင်း ကျေးရွာများ မီးလင်းရန် ဂျိုက်ကာမှ ကျပ် ၄၅၁၁ သန်း ထောက်ပံ့” သတင်းမှ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျေးလက်ဒေသနဲ့ ဝေးလံတဲ့ဒေသတွေမှာ ဆက်သွယ်ရေးအဆင့် ပြင်ဆင်မှုအတွက် ချေးငွေထဲက အမေရိကန်ဒေါ်လာ ၂၅ သန်းသုံးစွဲဖို့ တင်ပြထားပါတယ်။ လက်ရှိဆက်သွယ်ရေးရဲ့ ဆောင်ရွက်ချက်ဟာ ပြည်သူများရဲ့ လိုအပ်ချက်ကို ပြည့်စုံအောင် မဆောင်ရွက်နိုင်သေးပါဘူး။ အထူးသဖြင့် ဝေးလံခေါင်းပါးတဲ့ ဒေသတွေ မှာ ပိုပြီး အားနည်းနေပါတယ်”

၂၀၁၃ စက်တင်ဘာလ ၆ ရက် Mizzima နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ကမ္ဘာ့ဘဏ်ချေးငွေ အများစုကို ကျေးလက်ဒေသ မိုဘိုင်းလ်ကွန်ရက် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်သုံးမည်” သတင်းမှ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးသောင်းတင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အမှန်က သူ့ဒေသနဲ့သူ လှုပ်ရှားခွင့်တွေ ပေးထားပြီးသားပါ။ ကျွန်တော်တို့ ဒေသနယ်ပယ်ထဲမှာ လှုပ်ရှားမှုတွေ၊ လူထုတွေ့ဆုံမှုတွေ လုပ်တယ်ဆိုတာ မဖြစ်သင့်တဲ့အရာတွေပါ။ သူ့စည်းကိုယ့်စည်း ရှိရမှာပါ။ ကျွန်တော်တို့ အနေနဲ့လည်း ကျွန်တော်တို့ဒေသ အေးချမ်းသာယာအောင် ဆူပူမှုတွေမဖြစ်အောင် ကျန်းမာ၊ လူမှု၊ ပညာ လိုအပ်ချက်တွေ ဖြည့်ဆည်း ဆောင်ရွက်နေရတာပါ။ ကျွန်တော်တို့နယ်ပယ်ထဲ ထိုးဖောက်လှုပ်ရှားမှုကြောင့် မလိုလားအပ်တဲ့ ပြဿနာ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဆိုတာမျိုးတွေ ရှိနေတဲ့အတွက် ကျွန်တော်လက်မခံနိုင်ပါဘူး။ နောက်ပြီး(CNF)ဆိုတာ ငြိမ်းချမ်းရေးအဖွဲ့လေ။ တရားဝင်နိုင်ငံရေးပါတီ မဟုတ်ဘူး။ တရားဝင်နိုင်ငံရေးပါတီ ဆိုရင်တော့ တစ်မျိုးပေါ့နော်။ ကလေးမြို့ကို လာချင်ရင် တရားဝင်ပါတီဆိုတာမျိုးတော့ ဖြစ်သင့်တာပေါ့”

၂ဝ၁၃ စက်တင်ဘာလ ၁ဝ ရက် News Watch ဂျာနယ် အတွဲ (၈) ၊ အမှတ် (၁၄) တွင် ပါရှိသော “ချင်းအမျိုးသားပါတီ (CNP) နှင့် (CNF) အဖွဲ့တို့ ကလေးမြို့တွင် စည်းဝေးပွဲများ ဆောင်ရွက်နိုင်မည်ဆိုသည့်အပေါ် ကလေးဒေသ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်မည်” သတင်းမှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive