Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အခြေခံအဆောက်အအုံ လိုအပ်ချက်တွေနဲ့ နည်းပညာပိုင်းမှာ အားနည်းတယ်ဆိုပေမယ့် သဘာဝကပေးတဲ့ အရင်း အမြစ်တွေအများကြီးရှိတယ်။ ဥပမာစီးပွားရေး ဗပိာုချက်ကျတာမျိုးနဲ့ လူဦးရေအများဆုံးနိုင်ငံတွေကြားမှာ ရှိနေတဲ့ အတွက်ပါ SME လုပ်ငန်းတိုးတက်ဖို့ အစိုးရအနေနဲ့ ထိရောက်တဲ့ ကူညီပေးမှုတွေ ဆောင်ရွက်ပေးသင့်တယ်”

စက်တင်ဘာလ ၈ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာပါ “လုပ်သားအင်အားနှင့် အိန္ဒိယ၊ တရုတ်ဈေးကွက်မှာ ပြည်တွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် အားသာချက်များဖြစ်ပာုဆို”သတင်းမှ SME ဥပဒေရေးဆွဲရာတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ပါဝင်သော ဒေါက်တာတင်ထူးနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ဥပဒေအရသော်လည်းကောင်း၊ ILO ပြဋ္ဌာန်းချက်အရသော်လည်းကောင်း အတင်းဓမ္မခိုင်းစေမှု မဖြစ်စေချင်တဲ့ သဘောပါ။ သို့သော် လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ထားတဲ့အချိန်ထက်ပိုပြီး အချိန်ပိုခိုင်းစေမယ်ဆိုရင် အလုပ်သမားရဲ့ သဘော တူညီချက်နဲ့ ကျွန်တော်တို့ဌာနကို ကြိုပြီး အသိပေးစေချင်တယ်။ ဌာနမနေနဲ့ တင်လာတဲ့ အပေါ်စိစစ်ပြီးတော့ ခွင့်ပြုသင့်တာ ကို ခွင့်ပြုပေးသွားမှာပါ”

စက်တင်ဘာလ ၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်သတင်းစာပါ “အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ အား သတ်မှတ်ချိန်ထက် အချိန်ပိုခိုင်းစေပါက အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြရမည်” သတင်းမှ အလုပ်သ မားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။

 


“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲဆန္ဒများများနဲ့ အတည်ပြုဖို့ ရည်ရွယ်ချက်နဲ့ ဝှိုက်ကတ်တွေထုတ်ပေးတယ် ဆိုတဲ့ ရည်ရွယ်ချက်မျိုးဆိုရင် မကောင်းပါဘူး၊ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီတစ်ခုက အနိုင်ရမဲပေး ခွင့်ပေးတယ် ဆိုတာလဲ မဖြစ်သင့်ဘူး။ ဝှိုက်ကတ်ဆိုတာ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့လည်း မကိုက်ညီဘူး၊ ဖြစ်လည်း မဖြစ်သင့်ဘူး။ သူတို့ကို ပါတီထောင်ခွင့်၊ မဲပေးခွင့် ပေးထားတာဟာ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေနဲ့ မကိုက်ညီဘူး။”

စက်တင်ဘာလ ၈ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာတွင်ပါ “ဝှိုက်ကတ်ဆိုတာ ဘာလဲ ALD ကန့်ကွက်မည်” သတင်းမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့က အစိုးရအဖွဲ့နဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေခဲ့တယ်။ အခုလည်းရှိနေဆဲပဲ။ နောက်လည်းရှိနေ ဦးမှာပဲ။ ဒါကြောင့်စောင့်ကြည့်ကြပါဦး။ ပြီးတော့ ဒီသိန်းငါရာဟာ ပြည်သူ့ဘဏ္ဍငွေပါ။ သမ္မတ ကိုယ်ပိုင်ငွေလည်း ဟုတ်မှမဟုတ်တာ။ သမ္မတက ကျွန်တော်တို့ကို လွှမ်းမိုးစရာ အကြောင်းမရှိပါဘူး”

စက်တင်ဘာလ ၅ ရက်နေ့ထုတ် 7Day Daily နေ့စဉ်သတင်းစာပါ “စာနယ်ဇင်း ကောင်စီယာယီ၏ လုပ်ရပ်များကို စောင့်ကြည့်ပြီးမှ ဝေဖန်သင့်ဟု” သတင်းမှ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ပြီးခဲ့တဲ့ ငွေရတုမှာ ရရှိခဲ့တဲ့ အချက်သုံးချက်ကို ကြည့် ကျွန်တော်တို့ မြန်မာနိုင်ငံရေးမှာ အဓိကက ကျွန်တော် တို့ ဘာကိုဖြေရှင်းရမလဲ ဆိုတာကို တိတိပပမြင်နေရပါတယ်။ အဓိကကတော့ ၂၀၁၅ ကို ကျွန်တော်တို့က အဆုံးအဖြတ်စဉ်း စားပြီးတော့ ကြည့်မယ်ဆိုရင် ၂၀၁၅ ရွှေးကောက်ပွဲမှာ တိုင်းရင်းသားအားလုံး ညီညီညွှတ်ညွှတ်နဲ့ ပါဝင်နိုင်တဲ့ ဒီမိုကရေစီကို တကယ် အကောင်အထည်ဖော်နိုင်တဲ့ ရွှေးကောက်ပွဲဖြစ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါမျိုးဖြစ်ဖို့ဆိုရင် အခုရှိနေတဲ့ အောက်ခြေဖွဲ့စည်းပုံမှာ မပြည့်စုံမှုတွေ အများကြီးရှိတယ်။ တိုင်းရင်းသားတွေ အားလုံးပါဝင်ပြီးတော့ ယှဉ်ပြိုင်နိုင်ဖို့ ကိုမှ ခက်ခဲနေတဲ့ အတားအဆီးဖြစ်နေတဲ့ဟာတွေ အများကြီးရှိတယ်။ အဲ့ဒီအတွက်ကို ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စု ဖြစ်နိုင်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြင်ရပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ဆိုရင်လည်း တစ်ဦးတစ်ယောက် တစ်ဖွဲ့ ကပြင်တာမျိုးမဟုတ်ဘဲနဲ့ အမျိုးသားအင်အားစု အားလုံးပါဝင်တဲ့ အဖွဲ့ကပြင်ရမှာ ဖြစ်ပါတယ်”

စက်တင်ဘာလ ၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်သတင်းစာပါ “၂၀၁၅ ခုရွေးကောက်ပွဲလွတ်လပ်ပြီး တရားမျှတရန် တိုင်းပြည်၏ အနာဂတ်ကိုကြည့်သည့် ညီလာခံတစ်ရပ်ကို ၂၀၁၄ ခုနှစ် ပထမသုံးလအတွင်း ခေါ်ဆိုနိုင်ရန် လိုအပ်ဟုဆို” သတင်းမှ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှဦးဌေးကြွယ်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

(Shanghai Daily မှ 6 Sept 2013 ရက်စွဲပါ “Japan steps up economic cooperation with Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

(Bangkok Post မှ 8 Sep 2013 ရက်စွဲပါ “Businesses urge Myanmar to ease border trade rules”သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဂျပန်အရှိန်မြင့်

(Shanghai Daily မှ 6 Sept 2013 ရက်စွဲပါ “Japan steps up economic cooperation with Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဆက်တိုက်ပြုပြင်ပြောင်းလဲနေမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကို ဂျပန်နိုင်ငံက အရှိန်မြှင့်လျက်ရှိသည်။

ပြီးခဲ့သော ၃ လအတွင်း ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများနှင့် ထိတွေ့ဆက်ဆံမှုများကဏ္ဍများစွာ၌ ပေါ်ထွက်လာခဲ့သည်။

ဇွန်လတွင် ဂျပန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ JICA က မြန်မာနိုင်ငံသို့ တရားဝင်ဖွံ့ဖြိုးမှုအကူအညီယန်းငွေ ၅၁.၀၅ ဘီလီယံပေးအပ်ခဲ့ပြီး ၎င်းအနက်မှ ၁၇ ဘီလီယံကို တိုင်းနှင့် ပြည်နယ်ဒေသအသီးသီးတွင် ဆင်းရဲမွဲတေ မှုလျှော့ချရန်အတွက် အခြေခံအဆောက်အဦးစနစ်များ တည်ဆောက်မွမ်းမံရေးအတွက်လည်းကောင်း၊ ၂၀ ဘီလီယံကို သီလဝါအထူးစီးပွားရေးဇုန် အခြေခံအဆောက်အဦးစနစ် ဖွံ့ဖြိုးရေးအတွက်လည်းကောင်း၊ ၁၄.၀၅ ဘီလီယံကို ရန်ကုန်မြို့တော် ဓာတ်အားလိုင်းကွန်ယက်နှင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားပေးစက်ရုံများ အဆင့်မြှင့်ရန်အတွက် လည်းကောင်း အသီးသီးအသုံးပြုသွားမည်ပာုဆိုသည်။

မြန်မာနိုင်ငံ၏ လူသားရင်းမြစ်ဖွံ့ဖြိုးရေး ပညာတော်သင်အစီအစဉ်နှင့် ရန်ကုန်မြို့တော် ရေပေးဝေမှုစနစ် အဆင့်မြှင့်ရန် အတွက်လည်း နောက်ထပ်ချေးငွေများ ပေးအပ်ထားပြီး၊ ထိုအတွက် နောက်ထပ် ယန်းငွေ ၄၀ ဘီလီယံနှင့် နည်းပညာ အကူအညီများပေးအပ်ကာ အကောင်အထည်ဖော်မည်ပာုမျှော်လင့်ရသည်။

ထို့အပြင် သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန်အတွက် မီဆူဘီရှီ၊ မာရူဘီနီ၊ ဆူမီတိုမို ကော်ပရေးရှင်း တို့ပါဝင်သော ဂျပန်ကုမ္ပဏီလုပ်ငန်းစုနှင့် မြန်မာအများပိုင် ကုမ္ပဏီ ၉ ခုတို့ သဘောတူညီမှု ရရှိထားကြ သည်။

ယခုနှစ်မှစတင်၍ မြန်မာဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်လာစေရန် လေ့ကျင့်ပေးမည့် ၅ နှစ်စီမံချက်ကိုလည်း အကောင်အထည်ဖော်ရန် ဂျပန်နီပွန်ဖောင်ဒေးရှင်းနှင့် မြန်မာနယ်စပ်ရေးရာဝန်ကြီးဌာနတို့ ဇွန်လက သဘော တူညီ ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လူသားရင်းမြစ်ဖွံ့ဖြိုးမှုမြှင့်တင်ရန်အတွက် မြန်မာ-ဂျပန်စင်တာကိုလည်း ဖွင့်လှစ်ထားပြီး စက်မှုနှင့် စီးပွားရေးကဏ္ဍမှ လုပ်သားများ၊ အစိုးရဝန်ထမ်းများကို ဂျပန်ကျွမ်းကျင်သူများက လေ့ကျင့် သင်တန်းပေးနေကြသည်။

ကျန်းမာရေး ကဏ္ဍတွင်လည်း တီဘီ၊ အိပ်အိုင်ဗီ၊ ငှက်ဖျားရောဂါများတိုက်ဖျက်ရာတွင် ဂျပန်နှင့် မြန်မာတို့ ပူးပေါင်း ဆောင်ရွက်သွားကြမည်ပာုဆိုသည်။

ကုန်သွယ်ရေးကဏ္ဍ၌လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာပို့ကုန် ဒေါ်လာ ၄၀၆.၅၉ သန်းနှင့် ဂျပန်ပို့ကုန်ဒေါ်လာ ၁.၀၉ ဘီလီယံဖြင့် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၁.၅ ဘီလီယံသို့ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံ၌ ဂျပန်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၃ မတ်လတွင် ဒေါ်လာ ၂၇၀.၂၈ သန်းသို့ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဇယားတွင် အဆင့်(၁၁)နေရာ၌ရပ်တည်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်သည် ကမ္ဘောဒီးယား၌ နိုင်ငံတကာသို့တံခါးဖွင့်ကာ နိုင်ငံတကာ အကူအညီများ လက်ခံ၍ တိုင်းပြည်ကိုငြိမ်အောင်ထိန်းရင်း ပွာန်ဆန်က အာဏာကိုဆက်လက်ချုပ်ကိုင်ထားသည့် ပုံစံနှင့် သံတူကြောင်း ကွဲသာ ဖြစ်ကြောင်း အကဲခတ်လေ့လာသူများက မှတ်ချက်ပေးကြသည်။


နယ်စပ်ကုန်သွယ်ရေးစည်းကမ်းများ လျှော့ပေးရန် မြန်မာကို ထိုင်းကုန်သည်များ တိုက်တွန်း

(Bangkok Post မှ 8 Sep 2013 ရက်စွဲပါ “Businesses urge Myanmar to ease border trade rules”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိသော နယ်စပ်ထိန်းချုပ်ရေးစည်းကမ်းများကို ဖြေလျှော့ပေး ရန် လုပ်ငန်းရှင်များက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါသည်။

ကန်ချနာဘူရီခရိုင် ဘန်ပူနမ်ရွန် စစ်ဆေးရေးဂိတ်မှ တဆင့် တနင်္သာရီတိုင်း ထီးခိ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားရသော ထိုင်းကုန်စည်များတင်ပို့မှုကို ကုန်သည်များက ရည်ညွှန်းခြင်းဖြစ်သည်။

မီဒီယာဖလှယ်ရေးအစီအစဉ်နှင့် ပတ်သက်သော နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးရန်အတွက်  ထိုင်း သတင်းထောက်အသင်း၏ ဧည့်သည်များအဖြစ် ကန်ချနာဘူရီသို့ ရောက်ရှိနေသော မြန်မာသတင်းထောက်အသင်း ကိုယ်စားလှယ်များအား ထိုင်းကုန်သည်များက နယ်ခြားကုန်သွယ်ရေး မြှင့်တင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မေလတွင် မြန်မာဖက်မှ ထီးခိဂိတ်နှင့် ဇွန်လတွင် ထိုင်းဖက်မှ ဘန်ပူနမ်ရွန်ဂိတ်တို့ကို အသီးသီးဖွင့် လှစ်ပြီးနောက် နယ်စပ်ကုန်သွယ်မှု အခြေအနေကို ထိုင်းကုန်သည်များနှင့် ဆွေးနွေးရန် မြန်မာသတင်းထောက်များက တောင်ဆိုခဲ့ကြသည်ဟု သိရှိရသည်။

“ဘန်ပူနမ်ရွန်-ထီးခိ လမ်းကြောင်းဟာ ထိုင်းနိုင်ငံအတွက် အရေးပါပြီး ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အနီးအ နားတွေကို သွားရောက်နိုင်မယ့် အဓိက ဂိတ်ပေါက်ဖြစ်ပါတယ်”ဟု ကန်ချနာဘူရီ စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဆန်ပက်ဆလီစာ တာကွန်က ပြောကြားပါသည်။

“ကျွန်တော်တို့ရဲ့လိုလားချက်တွေ သက်ဆိုင်ရာဝန်ကြီးတွေဆီ ရောက်ရှိအောင် ခင်ဗျားတို့ မြန်မာ သတင်းထောက်တွေအားလုံးက ကူညီပို့ဆောင်ပေးစေချင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

၎င်းက ဆက်လက်၍ “ထီးခိဂိတ်ကို ဖွင့်လှစ်ထားသော်ငြားလည်း ဘန်ပူနမ်ရွန်ဂိတ်မှ တဆင့် ထိုင်းကုန်စည်များ တင်ပို့မှုကို မြန်မာနိုင်ငံက ခွင့်မပြုသေးကြောင်း၊ နေပြည်တော် အာဏာပိုင်များက စည်းကမ်းများ ဖြေလျှော့ပေးပါက ထိုင်းကုန်ပစ္စည်းများက ဈေးနှုန်းချိုသာစွာဖြင့် ဒေသခံ မြန်မာပြည်သူများ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း” ရှင်းလင်းပြောဆိုသည်။

လက်ရှိတွင် ထိုင်းကုန်စည်များကို ဆောင်ခလာဘူရီ-ဘုရားသုံးဆူဂိတ်ဖြတ် လမ်းကြောင်း၊ ရနောင်း -ကော့သောင်း ဂိတ်ဖြတ်လမ်းကြောင်းတို့မှ တဆင့် တင်ပို့နေရပြီး ဘန်ပူနမ်ရွန်-ထီးခိ ဂိတ်တဝိုက် ဒေသများသို့ ကုန်ပစ္စည်းရောက်ရှိရန် အပိုကုန်ကျစရိတ်များ ရှိနေသည်ဟု သိရသည်။

ထိုင်းကုန်စည်များအပေါ် စည်းကမ်းဖြေလျှော့မှုအပြင် ထိုင်းမှတ်ပုံတင် ခရီးသွား မော်တော်ယာဉ်များနှင့် ထိုင်းမှတ်ပုံတင် ကုန်တင်ယာဉ်များကိုပါ ထီးခိဂိတ်ကို ဖြတ်သန်းခွင့် ပေးစေလိုကြောင်း ကန်ချနာဘူရီ လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဆန်ပက်က ပြောကြားသည်။

ကန်ချနာဘူရီ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ တီရာချိုင်း ချူတီမန်ကလည်း “ထီးခိဂိတ်မှတဆင့် ထိုင်း ကုန်စည်များ တင်ပို့မှုကို နေပြည်တော်ကသာ ခွင့်ပြုပါက နယ်စပ်ကုန်သွယ်ရေးမှ အကျိုးဖြစ်ထွန်းမည်ဟု စိတ်ချယုံ ကြည်သင့်ကြောင်း”ရှင်းလင်းပြောကြားသည်။

မစ္စတာ တီရာချိုင်းက ဆက်လက်၍ ထီးခိဂိတ် ဖွင့်လိုက်ပါက တရားမဝင် မြန်မာလုပ်သားများ စီးဝင်လာ နိုင်ကြောင်း၊ ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်လိုသည့် မြန်မာလုပ်သားများအတွက် ပတ်စ်ပို့ထုတ်ပေးရန် ထီးခိဂိတ် တာဝန်ရှိသူများအား နေပြည်တော်က လုပ်ပိုင်ခွင့် ပေးစေလိုကြောင်း၊ မိမိကလည်း ဘန်ပူနမ်ရွန်တွင် ထိုင်းအလုပ်သမား ဝန်ကြီးဌာနနှင့် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများ ရုံးဖွင့်ရန် ထိုင်းအာဏာပိုင်များကို တောင်းဆိုမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောဆိုသည်။

ထိုင်းလုပ်ငန်းရှင်များ၏ လိုလားချက်များကို သက်ဆိုင်ရာ ဝန်ကြီးများထံ သယ်ဆောင်သွားရန် ကတိပေးကြောင်း မြန်မာသတင်းထောက် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးအောင်လှထွန်းက ပြန်လည်ပြော ကြားခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive