Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာစစ်တပ်ကတော့ သူ၏ သြဇာလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းလိမ့်မည်

(18 September 2013 ရက်စွဲပါ Bangkok Postမှ Nehginpo Kipgen ရေးသားသော “Myanmar military maintain its clout ကိုဘာသာပြန်ပါသည်)

ယနေ့သည် ၁၉၈၈ ခုနှစ်က စစ်တပ်က နောက်ဆုံးအာဏာသိမ်းခံခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည် ဖြစ်ပါ သည်။ ၎င်းမှာ လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်၏နိုင်ငံရေးသမိုင်းတွင် စစ်တပ်ကအဓိကကျသော စွက်ဖက်မှုများ ပြုလုပ်သည့် တတိယအကြိမ်လည်း ဖြစ်ပါသည်။

ယခင်က မြန်မာနိုင်ငံကို တရားဝင် Burma ဟုခေါ်ခဲ့ရာမှ ထိုနှစ်တွင် စစ်တပ်က Myanmar ဟုပြောင်းလဲခဲ့ ပါသည်။

စစ်တပ်က ပထမဆုံးအကြိမ်ဝင်ရောက်စွက်ဖက်ခြင်းမှာ ၁၉၅၈ ခုနှစ်ကဖြစ်ပြီး ထိုစဉ်က အရပ်သားဝန်ကြီးချုပ် ဦးနုက စစ်တပ်အား တိုင်းပြည်တည်ငြိမ်ရေးနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် အိမ်စောင့်အစိုးရဖွဲ့ရန် ဖိတ်ခေါ် ခဲ့ပါသည်။ ထိုစဉ်က စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေ၀င်းသည် အိမ်စောင့်အစိုးရ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါသည်။

ဒုတိယအကြိမ်စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုမှာ ၁၉၆၂ က ဖြစ်ပါသည်။ ယခင်နှင့်မတူသောအချက်မှာ စစ်တပ်သည် ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းခြင်းဖြစ်ပါသည်။

၁၉၈၈ ခုနှစ်စစ်တပ်က အာဏာသိမ်းမှုသည် ဦးနေဝင်း၏ အာဏာရှင်အစိုးရပြီးဆုံးသွားပြီး မြန်မာနိုင်ငံရေးတွင် စစ်ခေါင်းဆောင်မျိုးဆက်သစ်များ ပေါ်ထွက်လာမှုကို ပြဆိုနေပါသည်။ ယခုနိုင်ငံရေးအရ အသွင်ကူးပြောင်းနေမှု ဖြစ်ပေါ်နေခြင်းကို နားလည်ရန်လက်ရှိနိုင်ငံရေးတွင် စစ်တပ်၏ လွှမ်းမိုးသော အခန်းကဏ္ဍကို သိရှိရန် အဓိကသော့ ချက်ကျ ပါသည်။

စစ်တပ်၏ အသွင်ပြောင်းမှုတွင် ထင်ရှားသော ပုံစံကိုတွေ့ရမည် ဖြစ်ပါသည်။ ပထမစစ်တပ်သည် တိုင်းပြည်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖြင့် အုပ်ချုပ်ပြီး၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (Slorc) သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) အဖြစ် အမည်ပြောင်း၍ ၎င်း၏နိုင်ငံရေး ပါတီဖြစ်သော ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ (USDP) ဖြင့် အုပ်ချုပ်နေခြင်းဖြစ်ပါသည်။ SPDC ကို ၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့တွင် တရားဝင်ဖျက်သိမ်းပြီး USDP မှ သမ္မတကြီး ဦးသိန်းစိန်က ၂၀၁၀ မတ်လ ၂၉ရက်နေ့တွင် အစိုးရ သစ်စဖွဲ့ခဲ့ပါသည်။

စစ်တပ်သည် အသွင်ပြောင်းမှုအမျိုးမျိးကို ပြုလုပ်ခဲ့သော်လည်း၊ အမှန်တကယ်တွင်မှု အာဏာကို လွှဲပြောင်းပေး ခြင်း မရှိပေ။ လက်ရှိအစိုးရကို စစ်အစိုးရက ရွေးချယ်ပေးသော လူများဖြင့်ရေးဆွဲတားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးကို ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရလဒ်များဖြင့် ပုံဖော်လျက်ရှိပါသည်။ USDP သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တပြည်လုံးအတိုင်းအတာဖြင့် အောင်ပွဲရခဲ့ပြီး၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၎င်းပြိုင်သော ၄၄ နေရာအနက် NLD က ၄၃ နေရာအနိုင်ရခဲ့ပါသည်။ သို့သော်လွှတ် တော်တွင် အတိုက်အခံအင်အားစုအတွက် စုပေါင်းအင်အားသည် USDP ဦးဆောင်သော အစိုးရကို စိန်ခေါ်ရန် အရေးမပါသေးသော အင်အားစုဖြစ်လျက်ရှိသည်။

အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာ သုံးရပ်စလုံးတွင် ယခင်စစ်တပ်ဗိုလ်ချုပ် ကြီးဟောင်းများနှင့် စစ်တပ်နောက်ခံပြု USDP အဖွဲ့ဝင်များကသာ လွှမ်းမိုးလျက်ရှိနေပါသေးသည်။ စစ်တပ်၏ အသာစီးရမှုအချို့ကို ဆိုရလျင် လွှတ်တော်များတွင် ၂၅% ကို ရွေးချယ်တင်မြှောက်ခြင်းမရှိပဲ ရရှိခြင်း၊ နိုင်ငံအရေးပေါ် အခြေအနေတွင် အစိုးရအားဖြတ်ပစ်နိုင်သည့် အာဏာရှိခြင်း၊ အခြေခံဥပဒေပြင်ဆင်မှုများအတွက် လွှတ်တော်တွင် ၇၅% ကျော်ထောက်ခံမှု ရရန်လိုအပ်ခြင်းများ ဖြစ်ပါသည်။

ထို့အပြင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာကဲ့သို့သော လုံခြုံရေးနှင့်နွယ်သော ဝန်ကြီးဌာနများ တွင်လည်း စစ်တပ်မှ ပုဂ္ဂိုလ်များက နေရာယူထားပါသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အာဏာ အရှိဆုံး အဖွဲ့ဖြစ်ပါသည်။

၂၀၀၈ခုနှစ် အခြေခံဥပဒေသည် စစ်တပ်မှ ဗိုလ်ချုပ်များ ၎င်းတို့အတိတ်က လုပ်ခဲ့သောလုပ်ရပ်များနှင့် လူအခွင့်အရေးချိုးဖောက်မှုများကို အရေးမယူရန် အကာအကွယ်ပေးထားပါသည်။

ယခုနှစ် ဇူလိုင်လက လွှတ်တော်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ရည်မှန်းလျက် အခြေခံဥပဒေ ကို ပြန်လည်သုံးသပ်ရန် ၁၀၉ ဦးပါသော ကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။

အဆိုပါ ကော်မတီတွင် NLD၊ USDP၊ နှင့်စစ်တပ်၏ ၂၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စား လှယ်များ ပါဝင်ပါသည်။ ထိုကော်မတီသည် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန်တားဆီးထားသော အချက်နှင့် ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များကို ကိုယ်တိုင်ရွေးချယ်ခွင့်နှင့် ပတ်သက်သောအချက်နှစ်ခုကို ကိုယ်တွယ်ဆောင်ရွက်ရန် ကြိုးစားနေပါသည်။ ကော်မတီသည် ရှာဖွေတွေ့ရှိချက်များကို ဒီဇင်ဘာ (၃၁) ရက် မတိုင်းမီ လွှတ်တော်သို့ တင်ပြရမည်ဖြစ်ပါသည်။

လက်ရှိအားဖြင့် မြင်သာထင်သာ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးများ ရှိနေသော်လည်း၊ ဤလုပ်ငန်းစဉ် သည် နောက်ပြန်မလှည့်တော့ဟုဆိုရန် စောလွန်းနေပါသေးသည်။ အစိုးရသည် လက်နက်ကိုင်အုပ်စု အတော်များများ ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီး ဖြစ်သော်လည်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပတ်သက်ပြီး တိုင်းရင်း သား လူနည်းစုများနှင့်အားလုံး သဘောကျနိုင်ငံရေးအရ အဖြေရှာနိုင်မှုအတွက် အာမခံချက်မရှိသေးပေ။

ထို့အပြင် လက်ရှိ အမည်ခံအရပ်သားအစိုးရသည် နိုင်ငံရေးတွင် စစ်တပ်၏ အမြစ်တွယ်နေသော အခန်းကဏ္ဍ ကို ဖယ်ရှားရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးလိမ့်မည်ဟူသော အာမခံချက်လည်းမရှိပေ။ ၂၀၁၅ ရွေးကောက်ပွဲသည်လည်း လွတ်လပ်၍ တရားမျှတလိမ့်မည်ဟု သေချာမှုမရှိသေးပေ။ လွှတ်တော်တွင် စစ်တပ်အတွက် ၂၅ရာခိုင်နှုန်း ချန်ပေးရန် အခြေခံဥပဒေသတ်မှတ်ချက်ကို ပြင်ဆင်ရန်မှာလည်း အာမခံချက်မရှိသေးပေ။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အကောင်းမြင်ရန် အကြောင်းပြချက်များ ရှိပါ သည်။ သို့သော် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ ပြဿနာများ၏ သဘာဝနှင့်နိုင်ငံရေးတွင် စစ်တပ်၏အခန်းကဏ္ဍ အမြစ်တွယ်နေမှုများကြောင့် ရေရှည်အဖြေထွက်ရေးအတွက် စိုးရိမ်ပူပန်ရမည် အကြောင်းပြချက်များလည်း ရှိပါသည်။

အခြေခံဥပေဒပြန်လည်သုံးသပ်ရေးကော်မတီ၏ ရလဒ်များကို ခန့်မှန်းရန် စောလွန်းသေးခြင်း၊ စစ်တပ် နောက်ခံပြု USDP က ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မည်သို့ချဉ်းကပ်မည်ဆိုသည့် အချက်တို့ကို ကြည့်ခြင်း အားဖြင့် သောချာသောအချက်တစ်ခုကို အနာဂတ်အတွက် မြင်နိုင်သမျှဆိုရသော် စစ်တပ်သည် မြန်မာနိုင်ငံရေးတွင် အခြေခံကျသော အစိတ်အပိုင်းအဖြစ်နှင့် အရေးပါသော ကဏ္ဍမှပါဝင်ရန် ရည်ရွယ်မည်ဖြစ်သည် အကြောင်းဖြစ်ပါသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive