Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

ထိုင်းငါးဖမ်းစက်လှေကို မြန်မာတို့ပစ်ခတ်မှုကြောင့် ထိုင်းရေတပ်ကန့်ကွက်

(Bangkok post မှ 21 Sept 2013 ရက်စွဲပါ “Navy protests as Myanmar fires on boat”သတင်းကိုဘာသာ ပြန်ဆိုသည်)

စနေနေ့ကရနောင်းကမ်းလွန် နှစ်နိုင်ငံနယ်နိမိတ်ချင်းစပ်ယှက်နေသောနေရာသို့ ခုတ်မောင်းဝင်ရောက်လာသည့် ထိုင်းငါးဖမ်းစက်လှေကို မြန်မာတပ်ဖွဲ့များက ပစ်ခတ်ခဲ့ပြီးနောက် ထိုင်းတော်ဝင်ရေတပ်က မြန်မာနိုင်ငံကိုကန့်ကွက် လိုက်ပါသည်။

၎င်းဖြစ်ရပ်ကိုဆွေးနွေးရန် ထိုင်းမြန်မာအထွေထွေနယ်ခြားရေးရာကော်မတီ GBC အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီးနောက်တွင် အန်ဒါမန် ပင်လယ်ပြင်ရှိထိုင်းရေပိုင်နက်ကို တာဝန်ယူထားသောရေတပ်အမှတ် (၃)စစ်ဌာန ချုပ်ကို ကန့်ကွက်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ငါးဖမ်းစစ်လှေပစ်ခတ်ခံရခြင်းကြောင့် စစ်လှေအဖွဲ့သား ၁၄ ဦးပင်လယ်ထဲသို့ ခုန်ချခဲ့ရကြောင်း၊ ၎င်းတို့ကိုအနီးတစ်ဝိုက်ရှိထိုင်းရေတပ်သဘောင်္ကကယ်ဆယ်ခဲ့ကြောင်း၊ သို့သော် ငါးဖမ်းစက်လှေကိုသိမ်းဆည်းကာ လှေသူကြီးကို ဖမ်းဆီးထားကြောင်း ထိုင်းရေတပ်ပြောရေးဆိုခွင့်ရှိသူ နီဖန်းချာဗာချော့က Thai News Agency သို့ပြောကြားသည်။

လှေသူကြီး၏အမည်မှာကာယူဆူဆာဝပ်ဖြစ်သည်ပာုသိရှိရသည်။

ပြီးခဲ့သောအပတ်က မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကြောင့် ဘန်ကောက်-နေပြည်တော် ဆက်ဆံရေးပိုမိုနွေးထွေးမှု ရှိလာသည့်အချိန်တွင် ယခုဖြစ်ရပ်ထွက်ပေါ် လာခြင်း ဖြစ်သည်ပာုဗိုလ်ကြီးနီဖန်းချာမာချော့ကဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါခရီးစဉ် အတွင်း ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးယင်လပ်ရှင်နာဝပ်ထရာအပါအဝင် ထိုင်းစစ်ဖက်ထိပ်ပိုင်း အရာရှိကြီးများနှင့် တွေ့ဆုံ ခဲ့သည်။

ရေတပ်ပြောရေးဆိုခွင့်ရှိသူနီဖန်းက “လက်ရှိအနေအထားမှာတင်းမာလာစရာအကြောင်းမရှိကြောင်း၊ နှစ်နိုင်ငံ နစ်စပ်ချင်း ထိစပ်နေသောနေရာတွင် ယခုကဲ့သို့ နားလည်မှုအလွဲများမကြာခဏ ဖြစ်ပွားတက်ကြောင်း” ဆက်လက် ပြောကြားသည်။

အခင်းဖြစ်ပွားသောနေရာမှာရနောင်းခရိုင် ကမ်းလွန်အကြီးဆုံးကျွန်းကိုချန်းနှင့် ရေမိုင်နှစ်မိုင်အကွာရှိအငြင်းပွား နယ်စပ်အနီးမှ ကိုကွန်းကျွန်းအနီးတွင်ဖြစ်သည်။

မွန်ထရီသော်ဆင် ၃ အမည်ရှိငါးဖမ်းစက်လှေသည် စနေနေ့နံနက်အစောပိုင်းတွင် ကိုကွန်းကျွန်းမှ အလှမ်း မဝေးသော နေရာသို့ခုတ်မောင်းနေစဉ် မြန်မာရေတပ်၏ ပစ်ခတ်ခြင်းကိုခံရခြင်းဖြစ်သည်ပာု ကနဦးစုံစမ်း စစ်ဆေးမှု များအရသိရှိရသည်။

ကော့သောင်းဆိပ်ကမ်းတွင် မြန်မာအာဏာပိုင်များက သိမ်းဆည်းထားသော ၎င်းငါးဖမ်းစက်လှေကို ပြန်လည်လွှဲပြောင်း ပေးရန် ထိုင်းအာဏာပိုင်များနှင့် စက်လှေပိုင်ရှင်တို့ကတောင်းဆိုထားသော်လည်း အကြောင်းမထူး ပာုဆိုပါသည်။

ရနောင်းငါးဖမ်းအသင်းဥက္ကဋ္ဌဖြစ်သူစက်လှေပိုင်ရှင်ဆူရင်လိုဆောင်းက “နံနက် ၁း၃၀ အချိန်တွင် စက်လှေ သူကြီးကာယုက ဆက်သွယ် လာကြောင်း၊ စက်လှေကိုတိုက်ခိုက်သော မြန်မာစစ်သင်္ဘော PMG426 သည် ထိုင်းရေ ပိုင်နက်သို့ ကျုးကျော်ဝင်ရောက်လာခြင်း ဖြစ်သည်ပာု ကာယုက ပြောကြားကြောင်း ကိုကွန်းကျွန်းမှ ထိုင်းရေတပ်ကို အကူအညီ တောင်းသော်လည်း ၎င်းတို့မှာအထက်အမိန့်ကိုစောင့်နေရသောကြောင့် ဘာမှမ လုပ်နိုင်ကြောင်း၊ သို့ဖြစ်၍ မြန်မာလူမျိုးများ ပါဝင်သောစက်လှေအဖွဲ့သားများလွတ်မြောက်အောင် ရေထဲသို့ ခုန်ချခိုင်းရန် လှေသူကြီး ကာယု ကဆုံးဖြတ် ခဲ့ရကြောင်း”ရှင်းလင်းပြောဆိုသည်။

မစ္စတာဆူရင်က “ထိုင်းရေပိုင်နက်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကိုထိုင်းရေတပ်က ဘာကြောင့်မတုန့်ပြန်ခဲ့ သလဲ ဆိုတာကို ကျွန်တော်နားမလည်နိုင်ပါဘူး”ပာု ထုတ်ဖော်ပြောကြားသည်။

၎င်းကဆက်လက်၍ “ထိုင်းအာဏာပိုင်များပေးသောအကူအညီအပေါ် စိတ်ကျေနပ်မှုမရှိသောဒေသခံ ငါးဖမ်း လုပ်ငန်းရှင်များက ၎င်းတို့တက်နိုင်သမျှ မစ္စတာကာယူကိုကူညီကြမည်ဖြစ်ကြောင်း၊ မွန်ထရီသော်ဆင် ၃ သည် ယခုနှစ် ထိုင်းရေပိုင်နက်အတွင်းပစ်ခတ်သိမ်းဆည်းခံရသောတတိယမြောက် မိမိ ပိုင်စက်လှေဖြစ်ကြောင်း၊ အခြား စက်လှေ ပိုင်ရှင်များသည်လည်းအလားတူဖြစ်ရပ်မျိုး ကြုံတွေ့နေရကြောင်း” အသိပေးပြောကြားသည်။

ရနောင်းမှ ရေကြောင်းရဲအရာရှိကမူအငြင်းပွားရေပြင်သို့ ထိုင်းငါးဖမ်းစက်လှေများမသွားကြရန် သတိပေး လိုက်ပါသည်။

ထိုင်းရေကြောင်းရဲဌာနနှင့် အစိုးရဌာနဆိုင်ရာများအနေဖြင့် ထိုင်း-မြန်မာပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ ငါးဖမ်းလုပ်ငန်းရှင်များကိုသတိပေးထားသင့်သည်ပာုရနောင်းမှရေကြောင်းရဲအင်စပက်တာရဲမှူးကြီးနီရတ်ချိုင်ချစ်ကပြော ကြားသည်။ ထိုင်းငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့် မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးခြင်းမခံရအောင် ရှောင်ရှားရန် ပိုမိုသတိထားကြဖို့လိုသည်ပာု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာနာဆဗီဆရီဆိုဒါပေါကအခင်းဖြစ်ရပ်နှင့်ပတ်သက်၍ တရား ဝင်အကြောင်းကြားမှု တစ်စုံတစ်ရာလက်ခံရရှိုခြင်းမရှိသေးပာုပြောကြားသည်။

သို့ရာတွင် ရနောင်းနှင့် ကော့သောင်းရှိထိုင်း-မြန်မာနယ်ခြားရေးရာကော်မတီမှ ညှိနှိုင်းရေးတာဝန်ခံများ ကအလွတ်သဘောဆက်သွယ်လာခဲ့သည်ပာု ၎င်းကဆိုပါသည်။

သို့သော်လည်းသက်ဆိုင်ရာဌာနများ၏တရားဝင်အကြောင်းကြားမှုကိုလက်ခံရရှိခြင်းမရှိသေးမှီ တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်း မစ္စတာမာနာစဗီက ပြောကြားခဲ့သည်။

 


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(21 Sept 2013 ရက်စွဲပါ Global Times မှ Myanmar’s Aung Sann Suu Kyi vows to keep good relations with China ကိုဘာသာပြန်ဆိုသည်။)

 (Bernama မှ 19 Sept 2013 ရက်စွဲပါ Myanmar Eyes Success In Joint Dawei Investment With Thailand ကိုဘာသာပြန်ဆိုသည်)


ဒေါ်အောင်ဆန်းစုကြည်က တရုတ်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန် ကတိပြု

(21 Sept 2013 ရက်စွဲပါ Global Times မှ Myanmar’s Aung Sann Suu Kyi vows to keep good relations with China ကိုဘာသာပြန်ဆိုသည်။)

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် တရုတ်အပါအဝင် ကမ္ကာပေါ်မှ နိုင်ငံ အားလုံး နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမည့် မူဝါဒဆက်လက်ရှိနေစေရန် မျှော်လင့် ကြောင်း စနေနေ့က ပြောကြားခဲ့သည်။

သို့သော် စီးပွားရေးနယ်ပယ်တွင်မူ ပြိုင်ဆိုင်မှုများ ပိုများလာမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သို့ ငါးရက်ကြာ အလည် အပတ် ခရီး ရောက်ရှိလျှက်ရှိရာ မြန်မာနိုင်ငံသည် တရုတ်အပြင် တစ်ကမ္ဘာလုံးနှင့် နီးကပ်စွာဆက်ဆံရေးကို ထိန်းသိမ်း နိုင်ခဲ့သည့် မှတ်တမ်းများရှိကြောင်း ပြောပါသည်။ ၎င်းက Burma ဟုသာညွှန်းဆိုပြီး မြန်မာနိုင်ငံသည် အိမ်နီးချင်းများနှင့် သာမက အနောက်ကမ္ဘာနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းသည့် အစဉ်အလာ ရှိကြောင်း ပြောကြား ခဲ့သည်။

၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်တွင် ကွန်မြူနစ်ပါတီအာဏာရလာသောအခါ မြန်မာနိုင်ငံသည် ပထမဆုံး အသိအ မှတ် အပြုခံရသည့် နိုင်ငံများတွင် ပါဝင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

“ကမ္ဘာပေါ်က နိုင်ငံအားလုံးနှင့် ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်မဲ့ မူဝါဒကို ဆက်လက်ရှိမနေသင့်တဲ့ အကြောင်းရင်းကို ရှာမတွေ့ပါဘူး” ဟု Singapore Summit သို့တက်ရောက်လာသည့် စီးပွားရေး ဦးဆောင်သူများနှင့် အခြားပုဂ္ဂိုလ်များသို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်ပြီး သောကြာနေ့က စင်ကာပူ သို့ရောက်ရှိခဲ့သည်။ ၎င်းသည် စင်ကာပူ၏ အကြီးတန်းခေါင်းဆောင်များ၊ ဝန်ကြီးများနှင့် တွေ့ဆုံ ရန် စီစဉ်ထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့နှင့် အခြားအေဂျင်စီများထံမှ သတင်းအချက်အလက်များ ရယူမည် ဖြစ်ပါသည်။

၎င်းက မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရှေ့ဆက်လုပ်ဆောင်နိုင်ရေး၏ လွန်စွာ အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်နှင့် တံခါးဖွင့်မှုတွင် နောက်ပြန်သွားနိုင်မှု ကာကွယ်ရန် နိုင်ငံတကာမှ အမြင်များ ပြောကြားရန် တောင်းဆိုခဲ့သည်။

၎င်းကဆက်လက်ပြောကြားရာတွင် ရေတိုကာလ ရှေ့လာမည့် တစ်နှစ် နှစ်နှစ်အတွင်း မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးတွန်းအားပေးရမည့် ကိစ္စမှာ တရားဥပဒေစိုးမိုးရေးအခြေအနေနှင့် လွတ်လပ်စွာတရားစီရင်ရေး ဖြစ်သည်ဟုဆိုပါသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ကြီးမားသော ပြုပြင်ပြောင်းလဲမှုနှင့် ပြင်ဆင်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။

ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် မြန်မာနိုင်ငံသို့ လာရောက် သော ရင်းနှီးမြှုပ်နှံမှုများသည် တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုရှိသင့်သည်ဟု ဆိုပါသည်။

“ကျွန်မတောင်းဆိုတာက များသွားတယ်ဆိုတာ ကျွန်မသိပါတယ်။ လိုအပ်တာကတော့ ဂရုစိုက်ပြီး၊ ဥာဏ်ကြီးတဲ့ ရင်းနှီးမြှုပ်နှံ တွေဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံက ကျေးလက်မဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့ပြည်သူတွေရဲ့ လူနေမှု အဆင့်မြှင့်ဖို့ဆိုရင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ကြည့်ရပါမယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ကြည့်ရပါ မယ်” ဟု ၎င်းကပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့လာရောက် ရင်းနှီးမြှုပ်နှံကြရန် တောင်းဆိုခဲ့ပြီး တက်နိုင်သမျှ တာဝန်ယူသော ရင်းနှီးမြှုပ်နှံမှုဖြစ်ရန် အကြံပြုခဲ့သည်။

“ကျေးဇူးပြုပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ကြပါ။ ဒါပေမဲ့ တာဝန်ယူကြပါ။ လူသားဆန်တဲ့ နှလုံးသားနဲ့ လုပ်ကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အတိုက်အခံခေါင်းဆောင်သည် ဆန္ဒပြမှုကို ဖြစ်စေသော တရုတ်ကုမ္ပဏီများပါဝင်သည့် အငြင်းပွားဖွယ် လက်ပံတောင်း တောင်ကြေးနီးစီမံကိန်းနှင့် ပတ်သတ်၍လည်း ဖော်ပြခဲ့ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု လည်း ဆိုပါသည်။

“ကန်ထရိုက်လက်မှတ်ရေးထိုးတဲ့ အချိန်မှာ ပွင့်လင်းမြင်သာရှိခဲ့မယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေကို ရှောင်လွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် ပွင့်လင်းမြင်သာမှုရှိစေချင်ပါတယ်” ဟု၎င်းက ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါစီမံကိန်း စုံစမ်းစစ်ဆေးရေး ခုံအဖွဲ့ကို ခေါင်းဆောင်ခဲ့ရပါသည်။ ၎င်းက ကန်ထရိုက်စာချုပ်တွင် ပြောင်းလဲမှုများပြုလုပ်ရန် အကြုံပြုခဲ့ပြီး ရှုတ်ထွေးနေပြီး သြဇာလွှမ်းမိုးမှုများရှိသော သဘောမတူညီမှုများရှိသည့်ကြားမှ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ခွင့် ပြုခဲ့ပါသည်။


ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ထိုင်းနိုင်ငံနှင့်အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနိုင်ရန် မြန်မာနည်းလမ်းရှာ

(Bernama မှ 19 Sept 2013 ရက်စွဲပါ Myanmar Eyes Success In Joint Dawei Investment With Thailand ကိုဘာသာပြန်ဆိုသည်)

ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးနှင့်ဆက်နွှယ်သည့် စီမံကိန်းကြီးများတွင်ထိုင်းနိုင်ငံနှင့်အတူ အောင်မြင် သော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရေးအတွက် မြန်မာအစိုးရက နည်းလမ်းရှာဖွေလျက်ရှိကြောင်း ThaiNews Agency (TNA) က ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ အစိုးရအိမ်တော်သို့ အလည်အပတ်ရောက်ရှိပြီး ဝန်ကြီးချုပ်ရင်းလတ်ရှင်နာဝပ်ထရာနှင့်တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်ထံ မှ ယူဆောင်လာသည့်သဝဏ်လွှာကိုပေးပို့ခဲ့သည်။

အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဖွံ့ဖြိုးရေးလုပ်ဆောင်ပေးရန်ထိုင်းအစိုးရတွင် ခိုင်မာသော ဆုံးဖြတ်ချက်ရှိကြောင်း ဝန်ကြီးချုပ်ရင်းလတ်ရှင်နာဝပ်ထရာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိှုင်နှင့်တွေ့ ဆုံစဉ် အာမ ခံပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ကနဦးစတင်ခဲ့သည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းကြီးတစ်ခုနှင့် စက်မှုနယ်မြေများ တည်ဆောက်မည့်အစီအစဉ်များပါဝင်သည်။ အဆိုပါစီမံကိန်းကို ထိုင်းနှင့် မြန်မာအစိုးရနှစ်ရပ်စလုံး ကပူးပေါင်းအကောင်အထည်ဖော်လျက်ရှိပြီး ထိုသို့ပူးပေါင်းဆောင်ရွက်မှုကို Special Purpose Vehicle-1 ဟု အမည်ပေးထားသည်။

အင်္ဂါနေ့က တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ရင်းလတ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် သံတမန်ရေးရာ ကိစ္စများနှင့် စစ်ဘက်ဆက်ဆံရေးကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် မြန်မာနှင့် ထိုင်းနိုင်ငံအကြား အပြန်အလှန်ကုန်သွယ်ရေးနှင့် အခြားသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နယ်စပ်ဒေသ စီးပွားရေးဆောင်ရွက်မှုများကိုလည်း ဆွေးနွေးကြသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသ စီးပွားရေးအခြေအနေမှာ အမြဲတမ်းသဘောဖြင့် နယ်စပ်ဂိတ်များပိုမိုဖွင့်လှစ်ခဲ့မှုကြောင့် ယခုအခါ တိုးတက်ကောင်းမွန်မှုရှိလာပြီဖြစ်သည်။

မူးယစ်နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နယ်စပ်ဒေသတစ်လျှောက် ပူးတွဲစီမံချက်များ ပိုမိုလုပ်ကိုင်ဆောင်ရွက်သွားရန် အဆိုပြုခဲ့သည်။

ထိုသို့လုပ်ကိုင်ရာတွင် နှစ်ဖက်စစ်တပ်များသာမက အရပ်ဘက်အုပ်ချုပ်ရေးအရာရှိများ ပူးတွဲလုပ်ဆောင် သွားရန်အဆိုပြုခြင်းဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive