Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

(27 Sept  2013 ရက်စွဲပါ The Peninsula မှ AFP ၏ Carter seeks end to impunity for Myanmar riots ကို ဘာသာပြန်ပါသည် )

(Bangkok Post မှ 25 Sept 2013 ရက်စွဲပါ Myanmar workers faked passports ကိုဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံမှ အဓိကရုဏ်းကျူးလွန်သူများအပေါ် အရေးယူမှု မရှိခြင်းများ  ရပ်ဆိုင်းရန်  Carter ကြိုးပမ်း

(27 Sept  2013 ရက်စွဲပါ The Peninsula မှ AFP ၏ Carter seeks end to impunity for Myanmar riots ကို ဘာသာပြန်ပါသည် )

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သော ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့က  မြန်မာနိုင်ငံတွင်  မူဆလင်များအပေါ် တိုက်ခိုက်နေမှုများအား အရေးယူမှုမရှိခြင်းကို ရပ်ဆိုင်းရန်  ယမန်နေ့က ပန်ကြားခဲ့ပါသည်။

The Elders ဟုခေါ်သော အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်၊ ဘာသာရေးခေါင်းဆောင်များ နှင့် လူထုအခြေပြုအဖွဲ့အစည်းများဖြင့် တွေ့ဆုံခဲ့ပြီး  သုံးရက်တာခရီးစဉ်အပြီးတွင် ယင်းသို့ ပန်ကြားခဲ့ခြင်းဖြစ်ပါသည်။  

“The Elders  အနေဖြင့် မူဆလင်အသိုင်းအဝိုင်းအပေါ် အကြမ်းဖက်မှု ကျူးကျော်သူများကို အရေးယူမှု မရှိ ခြင်းများကို ရပ်ဆိုင်းရန် နှင့် ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရပိုင်ခွင့်ကို အဓိပ္ပာယ်ရှိစွာ နားလည်သဘော ပေါက်ရန်  တောင်းဆိုပါသည် ” ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။

The Elders ၏ ဒုတိယဥက္ကဋ္ဌနှင့် နော်ဝေဝန်ကြီးချုပ်ဟောင်း Gro Harlem Brundtland ကပြောကြားရာတွင် တိုင်းပြည်တွင်  ကာလကြာရှည်က အမြစ်တွယ်နေသော သံသယများကို အစွန်းရောက် မြှောက်ပင့်မှုများလည်း ရှိနေခြင်း ကြောင့် ၄င်းကို ဖယ်ရှားပစ်ရန် ဆယ်စုနှစ်များစွာ ကြာနိုင်ကြောင်း ဆိုပါသည်။

ရခိုင်ပြည်နယ်မှ လူနည်းစု မူဆလင်များကို  အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးကို ဦးစားပေးအဖြစ် လုပ်ဆောင်သင့်ကြောင်း  အဆိုပါ အမျိုးသမီးကပင် ပြောပါသည်။

“အဆိုပါ အဓိပ္ပာယ်မဲ့၊ ဖျက်လိုဖျက်ဆီး၊ သွေးထွက်သံယိုအမှုများကို အကြိမ်ကြိမ်ကျူးလွန်နေခြင်းကို မည်သူမျှ လစ်လျူရှုထားနိုင်လိမ့်မည် မဟုတ်ပါ ” ဟုဆိုပါသည်။

မူဆလင်အပေါ် ပစ်မှတ်ထားသော ဘာသာရေးအရ အကြမ်းဖက်မှုများသည် ဗုဒ္ဓဘာသာ အများစုရှိသော တိုင်းပြည်တွင် သဘောထားကွဲလွဲမှုများကို ကြီးစွာဖြစ်စေပြီး အများက ချီးမွမ်းသော ပြုပြင်ပြောင်းလဲရေး အစိုးရအပေါ် တွင်လည်း အရိပ်မည်းထိုးလျက်ရှိပါသည်။

၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် လူပေါင်း(၂၅၀)ခန့် သေဆုံးခဲ့ရပြီး ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ရပါသည်။

နိုင်ငံအနှံ့ ဖြစ်ပွားသော မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများသည် စနစ်တကျ စီမံထားသည့် ပုံပေါက်ပြီး မြန်မာနိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့များကလည်း ပါဝင်ကျူးလွန်ကြောင်း လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲမှုများ ရှိပါသည်။        The Elders ကို ၂၀၀၇ ခုနှစ်က တောင်အာဖရိက  သမ္မတဟောင်းနယ်လ်ဆင်မင်ဒဲလားက စတင်ထူထောင် ခဲ့ပါသည်။

The Elders သည် မြန်မာနိုင်ငံတွင်  စစ်တပ်နှင့် လူနည်းစုတိုင်းရင်းသား သူပုန်များကြား ဖြစ်ပွားနေသော  ပဋိပက္ခများ ရပ်ဆိုင်းရန်နှင့် ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်လည်း ပန်ကြားခဲ့ပါသည်။


       

ပတ်စပို့အတုကိုင်ဆောင်သူ မြန်မာအလုပ်သမားများ ထိုင်းတွင်ဖမ်းမိ

(Bangkok Post မှ 25 Sept 2013 ရက်စွဲပါ Myanmar workers faked passports ကိုဘာသာပြန်ဆိုသည်)

  ထိုင်း-မြန်မာနယ်စပ်ဒေသရှိ မဲဆောက် စစ်ဆေးရေးဂိတ်စခန်းတွင် နိုင်ငံကူးလက်မှ နိုင်ငံကူးလက်မှတ် အတုကိုင်ဆောင် ထားသူ မြန်မာနိုင်ငံသား သုံးဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်း ခဲ့ကြကြောင်း သိရသည်။

     အဆိုပါ မြန်မာသုံးဦးသည် စိုးရွံ့ထိတ်လန့်လျက်ရှိသည်ကို ထိုင်းလူဝန်မှုကြီးကြပ်ရေးအရာရှိများက သတိထား မိခဲ့ကြောင်း၊ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို စမ်းသပ်စစ်ဆေးရေးစက်များဖြင့် စစ်ဆေးကြည့်ရာ အတုများဖြစ်နေမှန်းသိရှိခဲ့ကြောင်း လူဝန်မှုကြီးကြပ်ရေးဌာနကဆိုသည်။

    နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်သူများမှာ မောင်ဦး(၃၇ နှစ်) နှင့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးနှစ်ဦး တို့ဖြစ်သည်။

    ယခုကဲ့သို့ မြန်မာရွှေ့ပြောင်းလုပ်သားများ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှုကို ဖမ်းဆီးရမိခြင်းသည် ပထမဆုံးဖြစ်သည်ဟု Tak ပြည်နယ် လူဝန်မှုကြီးကြပ်ရေးဌာန၊ ရဲမှူးကြီး Pongnakhon Nakhonsantiparp က ပြောကြားသည်။

     ဖမ်းဆီးရမိသည့် နိုင်ငံကူးလက်မှတ်အတုများတွင် ကိုင်ဆောင်သူ၏ ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်တို့မှာ ပုံတူလုပ်ထားခြင်းဖြစ်ပြီး အခြားသော စာမျက်နှာများမှာ အစစ်အမှန်များဖြစ်ကြသည်။

 အဆိုပါ ပတ်စပို့အတုများကို ထိုင်းနိုင်ငံတွင်ထုတ်လုပ်ပြီး မြန်မာနိုင်ငံရှိ အလုပ်သမားများကို ရောင်းချနေခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း Pongnakhon ကပြောကြားသည်။

      လက်မှတ်အတုကိုင်ဆောင်သူ မောင်ဦးက ၎င်းသည် အဆိုပါပတ်စပို့အတုကို မြဝတီရှိ ကိုထွန်းဆိုသူထံမှ ဘတ် ၁၆၀၀၀ ပေး၍ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပတ်စပို့အတုရရှိနိုင်ရေးအတွက် ၈ ရက်တိတိစောင့်ဆိုင်း ခဲ့ရကြောင်း ဝန်ခံထွက်ဆိုသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive