Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(Bangkok Post မှ 2 Oct 2013 ရက်စွဲပါ “Myanmar to tap ADB for Dawi Loans” သတင်းကို ဘာသာပြန် ဆိုသည်)

(2 Oct 2013 ရက်စွဲပါ The Telegraph  သတင်းစာမှ AP ၏ Elderly Woman Killed  in Burma sectarian violence ကို ဘာသာပြန်ပါသည်)


ထားဝယ်စီမံကိန်းအတွက် ADB မှ ချေးငွေယူရန် မြန်မာသဘောတူ

(Bangkok Post မှ 2 Oct 2013 ရက်စွဲပါ “Myanmar to tap ADB for Dawi Loans” သတင်းကို ဘာသာပြန် ဆိုသည်)

နှောင့်နှေးကြန့်ကြာနေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းသည် ADB ထံမှ ချေးငွေရယူရန် မြန်မာနိုင်ငံက သဘောတူခဲ့ပြီးနောက်တွင် အနည်းငယ်တစ်ဆင့်တက်လာပြီ ဖြစ်သည်။

မကြာသေးမီက ထိုင်း၊ ဂျပန် တို့နှင့် ကျင်းပသော ၃ နိုင်ငံအစည်းအဝေးတွင် မြန်မာတို့သည် ထားဝယ်စီမံကိန်း အပေါ် အားတက်သရော ရှိနေဆဲဖြစ်ပြီး၊ ထိုစီမံကိန်းသည် နိုင်ငံ၏ အနာဂါတ်စီးပွားရေးဖွံ့ဖြိုးမှုတွင် အရေးပါသောကဏ္ဍမှ ပါဝင်လိမ့်မည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီး နီဝါသာမဂွန် ဘန်ဆွန်ပိုင်ဆန်က ပြောကြားသည်။

ထိုင်း၊ မြန်မာ၊ ဂျပန် သုံးနိုင်ငံသည် ထားဝယ်စီမံကိန်း ရုပ်လုံးပေါ်လာစေမည့် နည်းလမ်းများ ဆွေးနွေးရန် အတွက် ပြီးခဲ့သော သောကြာနေ့က ရန်ကုန်မြို့တွင် စည်းဝေးခဲ့ကြသည်။

၎င်းအစည်းအဝေးသည် ထားဝယ်စီမံကိန်းအတွက် အလားအလာကောင်းသော တတိယမြောက်လက်တွဲဖော်အဖြစ် ဂျပန်တို့ ပါဝင်တက်ရောက်ခဲ့သော ပထမဆုံးသုံးနိုင်ငံ စည်းဝေးပွဲဖြစ်သည်။

ယခင်က ထိုင်းနှင့်မြန်မာတို့ ကျင်းပသော ပူးတွဲထိပ်ပိုင်းအဆင့် ကော်မတီအစည်းဝေးများတွင် ဂျပန်နိုင်ငံက လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံကို စီမံခန့်ခွဲရန် သီးသန့်ဖွဲ့စည်းထားသော Dawei SEZ Development Co (DSEZ) တွင် ရှယ်ယာဝင်ရန် ဂျပန်တို့လုံးလုံးလျားလျား သဘောတူလိမ့်မည်ဟု ထိုင်းနှင့်မြန်မာ အိမ်နီးချင်း နှစ်နိုင်ငံစလုံးက မျှော်လင့်လျက်ရှိသည်။

“စီမံကိန်းအတွက် ထိုင်းနဲ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်မယ့် အစီအစဉ်တွေအပါအဝင် စီမံကိန်း ဖွံ့ဖြိုးရေးကိုအားပေးဖို့ ထိုင်းနိုင်ငံဖက်က အဆင်သင့်ရှိနေတယ်ဆိုတာကို အစည်းအဝေးမှာ ထိုင်းအစိုးရကိုယ်စား ကျွန်တော်အာမခံခဲ့ပါတယ်။” ဟု ဒုဝန်ကြီးချုပ်နီဝါသာမဂွန်က ပြောကြားသည်။

ဆိပ်ကမ်းနှင့်ကားလမ်းကဲ့သို့သော အရေးကြီးသည့် အခြေခံအဆောက်အဦ စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံရာတွင် ဦးဆောင်ပါဝင်ရန် ဂျပန်နိုင်ငံက အဆိုပြုခြင်းကိုလည်း မြန်မာနိုင်ငံက လက်ခံခဲ့သည်ဟု ဒုတိယဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ဂျပန်နိုင်ငံက ထားဝယ်စီမံကိန်း၌ ရင်းနှီးမြှုပ်နှံရေးကို စိတ်ဝင်စားကြောင်းထုတ်ဖော်ပြောဆိုထားသော်လည်း DSEZ တွင် ပူးတွဲရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မပြုလုပ်မှီ အချိန်ပေးရန် တောင်းဆိုထားသည်ဟု သိရှိရသည်။

DSEZ ကုမ္မဏီကို အစောပိုင်းက အဆိုပြုထားသည့် ဘတ်ငွေသန်း ၁၀၀ ထက်များစွာ လျော့နည်းသည့် ကနဦး မတည်ငွေ ဘတ်ငွေ ၁၂ သန်းဖြင့် ညီတူမျှတူ ထည့်ဝင်ဖွဲ့စည်းကြရန် ထိုင်းနှင့်မြန်မာတို့ ဇွန်လက သဘောတူခဲ့ကြသည်။ ယင်း ကုမ္မဏီကို ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားမည် ဖြစ်သည်။

ထို့အပြင် စီမံကိန်းအတွက် ဆိပ်ကမ်း၊ ကားလမ်း၊ ရထားလမ်း၊ ဓါတ်အားပေးစက်ရုံ၊ ရေဖြန့်ဖြူးမှုစနစ်၊ စက်မှုဇုန်၊ တယ်လီဖုန်းကွန်ယက် စသည့် စီမံကိန်းများကို စီမံခန့်ခွဲရန် အတွက်အထူးလုပ်ငန်းကုမ္မဏီများ SPCs ထူထောင် ရေးကိစ္စကိုလည်း ထိုင်းနှင့်မြန်မာတို့ သဘောတူညီမှုရရှိထားပြီး၊ ယင်းကုမ္မဏီများ SPCs ကို မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားမည်ဟု ဆိုသည်။

ဒုဝန်ကြီးချုပ် နီဝါသာမဂွန်၏အဆိုအရ တောင်ကိုရီးယားနှင့် တရုတ်ကဲ့သို့ နိုင်ငံများကလည်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုကို ပြသထားကြောင်း သို့ရာတွင် ထားဝယ်သည် မြန်မာနိုင်ငံတွင်ရှိသောကြောင့် DSEZ အတွက် တတိယမြောက်ရှယ်ယာ ပါတနာရွေးချယ်မည့် အပြီးသတ်ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံအပေါ်တွင်သာ မူတည်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံသည် ဒုတိယအကြိမ် သုံးနိုင်ငံအစည်းအဝေးကို နိုဝင်ဘာလတွင် လက်ခံကျင်းပရန် မြန်မာ အစိုးရ နှင့် သဘောတူညီမှု ရရှိထားပြီး၊ DSEZ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်ရှိသည်ဟု ဆိုပါသည်။


 

မြန်မာနိုင်ငံမှ ဘာသာရေးအကြမ်းဖက်မှုတွင် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး အသတ်ခံရ

(2 Oct 2013 ရက်စွဲပါ The Telegraph  သတင်းစာမှ AP ၏ Elderly Woman Killed  in Burma sectarian violence ကို ဘာသာပြန်ပါသည်)

တင်းမာမှုများ မြင့်တက်လာပြီးနောက် သံတွဲမြို့ပြင်ရှိရွာ အချို့တွင် တိုက်ခိုက်မှုများ ရှိပြီး ထိခိုက်မှု မြင့်နိုင်ကြောင်း သတင်းများက ဆိုပါသည်။

အဓိကရုဏ်း ကျူးလွန်သည့် (၇၀၀) ခန့်ရှိလူအုပ်ကြီးသည် ဓားများကို ကိုင်စွဲလျက် သံတွဲမြို့မြောက်ဘက် ကီလို ၂၀ ခန့်(၁၂ မိုင်ခန့်) ရှိ သဗြုချိုင်တွင် အင်္ဂါနေ့က လမ်းများပေါ်ထွက်လာသည်ဟု ရဲအရာရှိ ဦးကျော်နိုင်က ပြောပါသည်။

ရန်ပွဲများအတွင်း သက်ကြီးရွယ်အို မူဆလင်အမျိုးသမီးတစ်ဦး ဓားထိုးမိသည့် ဒဏ်ရာဖြင့် သေဆုံးပြီး နေအိမ် ၇၀-၈၀ ခန့် မီးရှို့ဖျက်ဆီးခံရသည်ဟု အဆိုပါ အရာရှိက ဆိုပါသည်။

ရွှေလှေကျေးရွာတွင် အဆောက်အဦများ မီးလောင်နေပြီး ဒဏ်ရာရသောဗုဒ္ဓဘာသာ ရခိုင်များကိုလည်း တွေ့ခဲ့ရကြောင်း Associated Press ကဆိုပါသည်။ လင်းသာကျေးရွာလည်း အဓိကရုဏ်း ကျူးလွန်သူများ၏ ဖျက်ဆီးမှုခံရကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ဆိုပါသည်။ အဆိုပါနှစ်ရွာစလုံးသည် သံတွဲမှ ၁၇ ကီလို(၁၀)မိုင် ခန့် ကွာဝေးပါသည်။

လွန်ခဲ့သော တစ်နှစ်ကျော်က ရခိုင်ပြည်နယ်တွင် ဘာသာရေးအရ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးကတည်းက ယခုသမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ပါသည်။

သမ္မတသည် အင်္ဂါနေ့ အစောပိုင်းက လုံခြုံရေး တင်းကြပ်စွာဖြင့် ရခိုင်ပြည်နယ် မြို့တော်စစ်တွေသို့ ရောက်ရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် မောင်တောသို့လည်းကောင်း၊ ထို့နောက် သံတွဲသို့လည်းကောင်း သွားရောက်ရန် စီစဉ်ထားသည်ဟု အမည်မဖော်လိုသူ သမ္မတရုံးမှ အရာရှိကြီးတစ်ဦးက ဆိုပါသည်။

၎င်းကပြောကြားရာတွင် ဦးသိန်းစိန်သည် ပြဿနာအတွက် ရေရည်တည်တံ့မည့် အဖြေရှာရေးအတွက် ကူညီရန်နှင့် အစိုးရတာဝန်ရှိသူများ ဒေသခံများနှင့် တွေ့ဆုံရန် သွားရောက်ခြင်းဖြစ်ကြောင်း ၄င်းကပြောပါသည်။

လုံခြုံရေးများ တင်းကြပ်စွာ ရှိနေသော်လည်း တိုက်ခိုက်သူများကို မတားဆီးနိုင်ခဲ့ဘဲ စစ်သားများနှင့် ရဲများသည် ဝင်ရောက်ထိန်းသိမ်းရန် ကြိုးပမ်းခြင်းမရှိဟု မျက်မြင်သက်သေများက ပြောပါသည်။ ညနေ ၆ နာရီအထိ  ကာဖျူး ထုတ်ပြန်ထားပါသည်။

ရခိုင်ပြည်နယ်တွင်  ၂၀၁၂ ခုနှစ် ဇွန်လက စတင်ခဲ့သော ဘာသာရေးအရ ရန်ပွဲများသည် မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှု အသွင်သို့ ပြောင်းသွားပြီး နိုင်ငံအနှံ့ ရွာများ၊ မြို့များသို့ ပျံ့နှံ့သွားခဲ့ပါသည်။ ယခုအထိ လူပေါင်း ၂၄၀ ကျော် သေဆုံးခဲ့ပြီး  ၁၄၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ရကာ အများစုမှာ မူဆလင်များ ဖြစ်ကြပါသည်။

ကြမ်းတမ်းသော စစ်တပ်အုပ်ချုပ်မှုကို ရာစုနှစ်တစ်ဝက်ခန့် နေခဲ့ရပြီး အသွင်ကူးပြောင်းရေး လုပ်ဆောင်ခဲ့မှုအတွက်  ဦးသိန်းစိန်မှာ ချီးကျူးခံရသော်လည်း ယခုမငြိမ်သက်မှုများ ထိန်းသိမ်းရန်နှင့် ရန်သူများ ဝိုင်းနေသော မူဆလင်လူနည်းစုများကို အကာအကွယ်ပေးရန် မလုပ်ဆောင်နိုင်မှုကြောင့် ဝေဖန်ခြင်းကို ခံနေရပါသည်။

ယခုအချိန်အထိ ပစ်မှတ်ထားခံနေရသူများမှာ  ရိုဟင်ဂျာ မူဆလင်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အများစုက ဘင်္ဂလားဒေ့ရှ်မှ  တရားမဝင် ဝင်ရောက်လာသူများအဖြစ် မှတ်ယူကြသော်လည်း ၄င်းတို့၏ မိသားစုအများအပြားမှာ မျိုးဆက်များစွာကတည်းက စတင်ရောက်ရှိလာခြင်း ဖြစ်ပါသည်။

ယခုနောက်ဆုံးပြဿနာတွင် သားကောင်မှာ အခြားမူဆလင် မျိုးနွယ်ဖြစ်သော ကမန်များဖြစ်ပြီး ၄င်းတို့ကိုမူ နိုင်ငံသားအဖြစ် အသိအမှတ် ပြုထားပါသည်။

အကြမ်းဖက်မှုများသည် ဦးသိန်းစိန်အစိုးရအတွက် အဓိကစိန်ခေါ်မှုဖြစ်လာပြီး လူ့အခွင့်အရေးအုပ်စုများက ပြောကြားရာတွင် အစိုးရသည် ဘာသာရေးနှင့်ပတ်သက်ပြီး စိတ်ရှည်သည်းခံခြင်း မရှိမှုများအတွက်  နှိမ်နင်းရန်  မလုပ်ဆောင်နိုင်ဘဲ ဘာသာနှစ်ခုခွဲခြားထားမှုကို ပေါင်းစပ်ရန်လည်းမလုပ်ဆောင်နိုင်ခဲ့ကြောင်း ဆိုပါသည်။ မူဆလင် အများစုအနက် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများသည် ထောင်ကဲ့သို့သော စခန်းများတွင် နေထိုင်ကြရသည်ဟု ဆိုပါသည်။

တချိန်တည်းမှာပင် ဗုဒ္ဓဘာသာများ ဦးဆောင်သော ၉၆၉ လှုပ်ရှားမှုသည် နေရာအနှံ့လုပ်ဆောင်လာပြီး ၄င်းကို ထောက်ခံသူများက ဗုဒ္ဓဘာသာ စတိုးဆိုင်များတွင်သာ ဈေးဝယ်ရန်နှင့် မူဆလင်များနှင့် လက်ထပ်ခြင်း အိမ်များ ၊ မြေများ ရောင်းဝယ်ငှားခြင်း ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့ပါသည်။

ရယ်ဒီကယ် ရဟန်းတော်များကလည်း မူဆလင်များသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ရိုးရာကို ခြိမ်းခြောက်နေပြီ ဟုဆိုကာ ပြဿနာကို မီးလောင်ရာလေပင့်ကြပါသည်။ ဝေဖန်သူများက ပြောကြားရာတွင် အစိုးရနှင့် လူ့အဖွဲ့အစည်း တစ်ခုလုံးက တစ်စုံတစ်ရာပြောဆိုခြင်းမပြုကြသဖြင့် ကျူးလွန်သူများ အကြမ်းဖက်ရန်ကူညီသကဲ့သို့ ဖြစ်ရသည်ဟု ဆိုပါသည်။

“နိုင်ငံရေး၊ ဘာသာရေးနှင့် လူ့အဖွဲ့အစည်းခေါင်းဆောင်များသည် hate speech များကို ဆန့်ကျင်ကန့်ကွက်ရန် လိုအပ်သည်” ဟု ICG မှ Jim Della – Giacoma က ကြေညာချက်တွင်  ဖော်ပြထားပါသည်။

“သည်းမခံရန်နှင့် အမုန်းတရားအတွက် သတင်းစကားဖြန့်ဝေနေသူတွေကို ဒီအတိုင်း လွှတ်မထားသင့်ပါဘူး။ မဟုတ်ရင် ဒီပြဿနာဟာ အသစ်ဖြစ်လာတဲ့ မြန်မာနိုင်ငံကို ပုံဖော်သွားပြီး နိုင်ငံတကာမှာ ပုံရိပ်ကျဆင်းခြင်း၊ အသွင်ကူးပြောင်းရေး၏ အောင်မြင်မှုကို ခြိမ်းခြောက်ခြင်းများ ဖြစ်လာနိုင်ပါမည် ” ဟု ၄င်းက ပြောပါသည်။

တိုင်းပြည်၏ လူဦးရေသန်း(၆၀) တွင်  မူဆလင်များသည် အကြမ်းအားဖြင့် 4% ခန့်ရှိပြီး အကြမ်းဖက်မှုများ၏ အဓိက သားကောင်များဖြစ်ပါသည်။ သို့သော် ရန်ပွဲများတွင် အရေးယူခံရသူများမှာ ဗုဒ္ဓဘာသာဝင်များထက်စာလျှင်  မူဆလင်များက ပိုမိုများပြားနေပါသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“မဒေးကျွန်းဒေသမှာ ကုမ္ပဏီတွေကအလုပ်လာလုပ်တယ်။ အလုပ်လာလုပ်တဲ့အတွက် ဒေသခံတွေ ထိခိုက် နစ်နာတယ်။ ဒီထိခိုက်နစ်နာတဲ့ဟာကို ဆန္ဒထုတ်ဖော်ခွင့်တောင်းတဲ့အခါ အစိုးရကမပေးဘဲနဲ့ ထုတ်ဖော်တဲ့ အတွက် ဒေသခံတွေကို ထောင်ချတယ်။ SEZ လုပ်လို့ရှိရင် ဒီလိုထောင်ချမှုတွေ အများကြီးရှိလာမယ့်အတွက် ကြောင့် ပြည်သူတွေ အဲဒီလို ယုံကြည်သွားကြတယ်။ ငါတို့တော့ ထောင်ချတော့မယ်။ SEZ မလုပ်ပါနဲ့။ SEZ လုပ်ဖို့လာတယ်ဆိုတာ ငါတို့ဒေသခံတွေကို ထောင်ချဖို့လာတာပဲဆိုပြီးတော့ ဒေသခံတွေက ယုံကြည်နေကြ တယ်။”

အောက်တိုဘာလ ၃ ရက်နေ့ထုတ် Popular News Journal အတွဲ (၃၉) အမှတ် (၅) တွင် ပါရှိသော “ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံတို့၏ဘဝ ထောင်ထဲရောက်မည်ဟု ရှုမြင်နေကြ” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


“ညှိနှိုင်းမှုတွေက ကျန်နေသေးတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်တွေခေါ်ပြီး လက်မှတ် ထိုးခိုင်းမှ တက်မရနောက်ဆုတ်မရဖြစ်မှာစိုးတယ်။ စာချုပ်လက်မှတ်ရေးထိုးခါနီးကျမှ ကြေလည်မှုမရှိသေးရင် မလွယ်ဘူး။”

အောက်တိုဘာလ ၄ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ (၂) အမှတ် (၁) တွင်ပါရှိသော “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့်ကျော်နေဟု UNFC ဝေဖန်”  သတင်းမှ UNFC တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူး ကြီး ခွန်ဥက္ကာ ၏ပြောကြားချက်အားကောက်နှုတ်ချက်။

 


“အစိုးရကလုပ်ခွင့်ရှိရင်တော့ ပုဂ္ဂလိကကလည်း လုပ်ခွင့်ရှိရမယ်။ နောက်ပြီးတော့ ဒီကိစ္စက ပုဂ္ဂလိကက လုပ်တဲ့ နေရာမှာလည်း ပုဂ္ဂလိကမှာလည်း သူ့စည်းသူ့ကမ်းနဲ့ ရှိပြီးသားပဲ။ အဲဒီဟာအတွက် ဘာမှပူပင်စရာမှ မရှိတာဗျ။ ဒါဟာ ငါတို့ပဲလုပ်မယ်၊ တခြားသူမလုပ်ရဘူးဆိုတာကတော့ မသင့်တော်ဘူး။ ဒီကိစ္စမှာ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ စာနယ်ဇင်းတာဝန်ရှိသူတွေ ညှိပြီးတော့ ဘယ်လိုဖြစ်သင့်သလဲဆိုတာကို ဆောင်ရွက်သင့်တယ်။ ဒီအတိုင်း တစ်ဖက်သတ်ကြီးကတော့ သင့်တင့်လျောက်ပတ်မှုမရှိဘူး။”

စက်တင်ဘာလ ၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ရုပ်သံလုပ်ငန်းနှင့် ပုံနှိပ် မီဒီယာ ပူးတွဲလုပ်ကိုင်ခွင့်မပြုသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား ဝေဖန်မှု များရှိနေ” သတင်းမှ သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးအောင်သန်း၏ ပြောကြားချက်အား ကောက်နှုတ် ချက်။

 


“အရင်အစိုးရလက်ထက်က ချုပ်ခဲ့တဲ့စာချုပ်နဲ့ လုပ်ဆောင်နေတဲ့ ဒီသဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို ပြန်လည် သုံးသပ်သင့်ပါပြီ။ ဒေသခံတွေရဲ့ လူမှုစီးပွားထိခိုက်မှု၊ အစိုးရရဲ့ ရရှိတဲ့ခွဲတမ်းနည်းပါးမှုတွေနဲ့ တခြားနိုင်ငံတွေမှာ လုပ်နေတဲ့ ဒီကုမ္ပဏီတွေရဲ့ နိုင်ငံတကာလုပ်ထုံးတွေနဲ့ ဒီနိုင်ငံမှာလုပ်နေတဲ့ လုပ်ထုံးလုပ်နည်းတွေက ပြောင် ပြောင်တင်းတင်းဆန့်ကျင် နေတဲ့အတွက် ဒီစာချုပ်တွေကို ပြင်ဆင်ချုပ်ဆိုဖို့လိုပါတယ်။”

အောက်တိုဘာ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စာချုပ်ကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကဲ့သို့ ပြန်လည်ချုပ်ဆိုရန်လိုအပ်” သတင်းမှ ရွှေသဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့တာဝန်ခံ ဦးဝင်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အုပ်ချုပ်ရေးအဆင့်မှာ အမျိုးသမီးတွေပါဝင်မှုနှုန်းက မရှိသလောက်ပါပဲ။ တကယ်ကို သြဇာလွှမ်းပြီး ရပ်ကွက်၊ ကျေးရွာအကြောင်းသိတာက အမျိုးသမီးတွေ။ သူတို့မှာထူးခြားတဲ့စွမ်းရည်တွေရှိတယ်။ သူတို့က ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဖြစ်မလာဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကျတော့လည်း ဘယ်သူတွေဖြစ်နေလဲဆိုတော့ တပ်မတော် အရာရှိဟောင်းတွေဖြစ်နေတယ်။ ဒီနေရာမှာ အမျိုးသမီးအုပ်ချုပ်ရေးမှူးတွေ အချိုးကျ ပါဝင်လာနိုင်ရင် တိုင်းပြည်ကဒီထက်ပိုပြီး တိုးတက်လာနိုင်တယ်။ လွှတ်တော်မှာလည်း အမျိုးသမီးရာခိုင်နှုန်း က ၄% ပဲရှိတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တော်တော်ကို နည်းနေတာပေါ့။”

အောက်တိုဘာလ ၃ ရက်နေ့ထုတ် ပဲ့တင်သံဂျာနယ် အမှတ် (၁၄) တွင်ပါရှိသော “အုပ်ချုပ်ရေးတွင် အမျိုးသမီး များပါဝင်လာစေရန် ပြဌာန်းပေးရမည်” သတင်းမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive