Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

ဘာသာပြန်သတင်းများ (၃)

ဘာသာပြန်သတင်းများ (၂) မှ အဆက် -

ဦးသိန်းစိန်က ပြောကြားရာတွင် ၎င်းသည် ဒေသဆိုင်ရာ တာဝန်ရှိသူများအား လူမျိုးမခွဲခြားပဲ ဗုဒ္ဓဘာသာနှင့် မူဆလင် အသိုင်းအဝိုင်းနှစ်ခုစလုံးကို အကူအညီပေးမှုများ မြှင့်တင်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ အစိုးရကလည်း ကျုးလွန်သူများကို တရားစီရင်မှုများပြုရန်နှင့် ပျက်ဆီးသွားသော နေအိမ်များ ပြန်ဆောက်ပေးမည်ဟု သိရှိထားကြောင်း ဆိုပါသည်။ အကြမ်းဖက်မှုများပြီးနောက် ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီများအား အကူအညီပေးရန် တောင်ခံထား မည်ဟု အစိုးရ တာဝန်ရှိသူများကလည်း နားလည်ထားလိမ့်မည်ဖြစ်ပါသည်။

ယခုတိုက်ခိုက်မှုများ၏ အချိန်ကိုက်လုပ်ဆောင်မှုသည် လာမည့်အပတ်တွင် ဘရူနိုင်းနိုင်ငံ၌ ကျင်းပမည့် အာဆီယံ အစည်းအဝေးတွင် ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌနေရာအတွက် သွားရောက်လက်ခံမည့် ဦးသိန်းစိန်အတွက် အထူးပင်စိတ် မသက်မသာခံစားရမည် ဖြစ်ပါသည်။ ယခုအဖြစ်အပျက်သည် နယူးယောက်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက အရန်ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံအား အကြမ်းဖက်မှုများအား ချက်ခြင်းထိန်းချုပ်ရန် တိုက်တွန်းခဲ့ပါ သည်။

ယခုနောက်ဆုံးအဖြစ်အပျက်မှာ ၂၀၁၂ ဇွန်လမှ စ၍ မြန်မာနိုင်ငံအနှံ့ပြန့်ပွားခဲ့သော အချိန်တိုအတွင်း ပျက်ဆီးမှု ကြီးမားသော ဘာသာရေး အကြမ်းဖက်မှုများ၏ အဆက်ဖြစ်ပါသည်။ ထိုအဖြစ်အပျက်များကြောင့် လူပေါင်း ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကြရရာ အများစုမှာ ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမှ မူဆလင်များဖြစ်ပြီး လူပေါင်း ၂၀၀ ခန့်သေဆုံးခဲ့ပါ သည်။ အချို့အကူအညီပေးရေး အေဂျင်စီများက ပြောကြားရာတွင် ယခုသေဆုံးသူ ၁၀၀၀ ကျော်သည်ဟု ဆိုပါသည်။

ယခုနောက်ဆုံး တိုက်ခိုက်မှုများတွင် လုံခြုံရေးတပ်ဖွဲ့များသည် အဆင်သင့် မဖြစ်သေးကြောင်း တွေ့ရပြီး၊ တာဝန်ရှိသူများ၏ အဆိုအရ ရဲတပ်ဖွဲ့သည် အစပိုင်း၌ စိတ်ဆိုးနေသော လူအုပ်ကြီးနှင့် ယှဉ်လျှင် အင်အားနည်း နေခြင်းကြောင့်၊ လေထဲသို့ သေနတ်ပစ်ဖောက်ခြင်းကိုပင် လူအုပ်က အလေးမထားခဲ့ဟု သိရပါသည်။

သမ္မတကမူ အချို့အစိုးရတာဝန်ရှိသူများပြောသကဲ့သို့ အကြမ်းဖက်မှုသည် စနစ်တကျ စီစဉ်ထားခြင်း ဟုတ်မ ဟုတ် မှတ်ချက်ပေးခြင်း မပြုခဲ့ပေ။ သို့သော် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့မှုများအတွက် နိုင်ငံရေးအရ အခွင့်အရေးသမား များနှင့် အစွန်းရောက်သမားများကို အပြစ်တင်ခဲ့ပါသည်။ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင်မူ ချမ်းသာသော ဒေသခံ စီးပွားရေးသမားများ၊ အားကောင်းသောနိုင်ငံရေးသမားများနှင့် အစွန်းရောက်ဘာသာရေး အုပ်စုများအကြားတွင် ထင်ရှားသော ဆက်သွယ်မှုများ ရှိသည်ဟု ဆိုပါသည်။ ဘုန်းတော်ကြီးများ ဦးဆောင်သော ၉၆၉ လှုပ်ရှားမှုအပါအဝင် အစွန်းရောက်များ၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်တွင် "မူဆလင် မရှိသော ဒေသတစ်ခုထူထောင်ရေး ဖြစ်သည်ဟု ၎င်းကဆိုပါသည်။

ရခိုင်ပြည်နယ်တွင် လူဦးရေး ၃ ဒဿမ ၈ သန်းခန့်ရှိသည့်အနက် မူဆလင်များသည် ၄၀ ရာခိုင်နှုန်းရှိပါသည်။ တစ်တိုင်းပြည်လုံးအနေဖြင့် မူဆလင်များသည် တိုင်းပြည်လူဦးရေ၏ ၄ ရာခိုင်နှုန်းသာရှိကြောင်း တရားဝင်စာရင်း များအရ ဆိုသော်လည်း လူမျိုးများနှင့် ယဉ်ကျေးမှုများကို လေ့လာသူ အချို့က မူဆလင်ဦးရေသည် ၁၅ ရာခိုင်နှုန်းကျော်သည်ဟု ဆိုပါသည်။

ရခိုင်ပြည်နယ်မှ မူဆလင်အများစုမှာ ဘင်္ဂလားဒေ့ရှ်တွင် စတင်အခြေခံပါသည်။ အများစုမှာ မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ခံရပါသည်။ သို့သော် ဦးသိန်းစိန်အစိုးရသည် ပြီးခဲ့သည့်နှစ့်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များအတွက် သမ္မတ၏ အထူးစုံစမ်းရေးကော်မရှင်၏ ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံအကြံ ပြုချက်များတွင် ဖော်ပြထားသည့် အတိုင်း နိုင်ငံသားဖြစ်ရန်အတွက် သတ်မှတ်ထားသော မူအချို့ ဖြေလျော့ပေးရန် ပြင်ဆင်နေကြောင်း ညွှန်းဆိုမှုများ ရှိနေပါသည်။

ယခုသံတွဲမှ တိုက်ခိုက်မှုများမှ နောက်ဆုံးဆိုသည့် အချက်မှာ အကြမ်းဖက်မှုများသည် အစပထမတွင် ရိုဟင်ဂျာများကို ရည်ရွယ်သော်လည်း ယခုအခါ ရခိုင်မှ လူမျိုးရေး တင်းမာမှုအသွင်မှ ပိုမိုကျယ်ပြန့်သော ဘာသာရေး ပဋိပက္ခအသွင်သို့ ပြောင်းလာနေသည်ကို တွေ့ရပါသည်။ သံတွဲဝန်းကျင်တွင် မူဆလင်ဦးရေမှာ တစ်ဝက်ခန့်ရှိပြီး အများစုမှာ 'ကမန်' လူမျိုးများ ဖြစ်ကြပါသည်။ 'ကမန်' တိုင်းရင်းသားများမှာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသူများ ဖြစ်ပါသည်။ ယခုအကြမ်းဖက်မှုမှာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာကတည်းက လုပ်ဆောင်နေ သည့် လျင်မြန်သော ဒီမိုကရေစီ ဖော်ဆောင်ရေး၏ 'သဘာဝ ထွက်ပေါ်လာသော ထွက်ကုန်' သဖွယ်ဖြစ်ကြောင်း အနောက်တိုင်း သံတမန်တစ်ဦးက ပြောပါသည်။

ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ကိစ္စတစ်ခုမှာ ဝါရှင်တန်မှ နိုင်ငံခြားရေးဌာနမှ မဟုတ်ပဲ အမေရိကန်သံရုံးက ဗုဒ္ဓဟူးနေ့က ပြင်းထန်သော ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ အစိုးအား ရခိုင်ပြည်နယ်တွင် နေထိုင်သူများအား လျင်လျင်မြန်မြန်၊ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် တုန့်ပြန်ကာ အကာအကွယ်ပေးရန်နှင့် အကြမ်းဖက်မှုတွင် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေး၍ ဖော်ထုတ်စေကာ တာဝန်ယူစေရန် တိုက်တွန်းထားပါသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive