Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂) 

မြန်မာနိုင်ငံအစိုးရနှင့် ကချင်လက်နက်ကိုင်များ ငြိမ်းချမ်းရေအကြို သဘောတူညီမှုရရှိ

(UPI မှ  10 Oct 2013 ရက်စွဲပါ “Myanmar, Kachin rebels broker true” သတင်းကို ဘာသာပြန်ဆိုသည်)

ဗဟိုအစိုးရနှင့် ငြိမ်းချမ်းရေးအကြိုသဘောတူညီမှု ရရှိပြီးနောက်တွင် တိုက်ပွဲများလျော့ပါးသွားလိမ့်မည်ဟု မြန်မာနိုင်ငံမှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကပြောကြားလိုက်ပါသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုမတရားအသင်း သတ်မှတ်ထားမှုမှ ပယ်ဖျက်ပေးသွားမည်ဟု မြန်မာအစိုး ရ ငြိမ်းချမ်း ရေးညှိနှိုင်းမှုတာဝန်ခံ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့သောမေလတွင် ပြောကြားခဲ့သည်။ ယခင်စစ်ဖက်က အုပ်ချုပ် သော မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပြုလုပ်နေသော  နိုင်ငံရေးပြုပြင်ပြောင်း လဲမှု များကို မြောက်ပိုင်း ကချင် ပြည်နယ်မှ လက်နက်ကိုင်ပဋိပက္ခနှင့် အခြားဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှု များက လောင်းရိပ်မိုးလျက် ရှိ သည်။

ယခုအခါ တိုက်ခိုက်မှုများအဆုံးသတ်ကြရန် နှစ်ဖက်စလုံး သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း အစိုးရငြိမ်း ချမ်းရေးကိုယ်စား လှယ် ဝန်ကြီး ဦးအောင်မင်းက ကြာသပတေးနေ့တွင် ပြောကြားသည်။

“ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့အချက်တွေအားလုံးနီးပါး သဘောတူညီမှုရခဲ့ပါတယ်။ သဘောကွဲလွဲမှုအနည်း ငယ်ဘဲ ရှိပါ တယ်။ နောက်တစ်ဆင့်နိုင်ငံရေး ဒိုင်ယာလော့ကို ဆက်သွားကြမှာပါ”ဟု ဝန်ကြီး၏ ပြောစကားအတိုင်း ထိုင်းအခြေစိုက် သတင်းစာက ဖော်ပြထားသည်။

တရားဝင်အပစ်ရပ်သဘောတူညီမှုမရခင် ယခုအချက် ၇ ချက်ပါ သဘောတူညီမှုကို အရင်ရရှိခဲ့ကြခြင်း ဖြစ်သည်။ လက်တွေ့ အနေအထားသည် တိုက်ပွဲများအားလုံး အဆုံးသတ်သွားမည့် လက္ခဏာမရှိသေးဟု KIA ဒုတိယစစ်ဦးစီးချုပ် ဆွမ်မလွတ်ဂွမ်မော်က ပြောကြားသည်။

“လက်တွေ့ရှေ့တန်းမြေပြင်မှာ ခိုင်မာတဲ့အပစ်ရပ်စဲမှု မရှိသေးဘူးလို့ ခံစားမိနေသမျှ  အပစ်ရပ်စာချုပ် လက်မှတ် မထိုး သေးဘူးဆိုတာ  ကျွန်တော်တို့ရဲ့မူဝါဒပါပဲ။ ဒါကြောင့်လည်း အပစ်ရပ်သဘောတူညီမှုအစား နိုင်ငံရေး ဒိုင်ယာလော့ ဆွေးနွေးကြဖို့ ကျွန်တော်တို့တောင်းဆိုနေရတာပါ”ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါသည်။

အစိုးရနှင့် သဘောတူညီမှုရပြီးနောက် တိုက်ခိုက်မှုအတိုင်းအတာလျှော့ချရန်  ကချင်လက်နက်ကိုင်များက သဘောတူခဲ့ ကြသည်ဟု  ၄င်းက ဆက်လက်ပြောကြားသည်။

ကချင်ပြည်နယ်မှ တိုက်ပွဲများသည် မြန်မာ့နိုင်ငံရေး အခင်းအကျင်း၏ ရှုပ်ထွေးသော လှည့်ကွက်များ ဖြစ်သည်ဟု အကဲခတ် လေ့လာသူအချို့က မှတ်ချက်ပေးကြသည်။


 

                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

Single.window အကောက်ခွန်စနစ်အသုံးပြုကြရန် မြန်မာကို ထိုင်းအဆိုပြု

(Bernama News မှ 10 Oct 2013 ရက်စွဲပါ “Thailand proposes Myanmar to use single-window system”သတင်း ကို ဘာသာပြန်ဆိုသည်)

ထိုင်း၊ မြန်မာ၊ အိန္ဒိယတို့ကို ချိတ်ဆက်မည့် သုံးနိုင်ငံအမြန်လမ်းမကြီး ပူးတွဲအကောင်အထည်ဖော်ရေးကို စဉ်းစား ရန်နှင့် ကုန်စည်တရားမဝင် ကူးသန်းရောာင်းဝယ်မှု ကင်းစင်ရေးအတွက် ပြူတင်းပေါက်စနစ် single-window system ချမှတ် ကျင့်သုံးရန် ထိုင်းဝန်ကြီးချုပ်ယင်လပ်က မြန်မာသမ္မတဦးသိန်းစိန်ကို အဆိုပြုထားပါသည်။

ဘရူနိုင်းမြို့တော် ဘန်ဒါဆရီဘဂါဝမ်တွင် ကျင်းပသော ၂၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး အဝန်းအဝိုင်း တွင် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်ယင်လပ်က အဆိုပြုခဲ့ခြင်းဖြစ်သည်ပာု ထိုင်းအစိုးရ ပြောရေး ဆိုခွင့်ရှိသူ တီရတ်ရာတာနာဆာဗီက Thai News Agency သို့ပြောကြားသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များသည် နယ်စပ်ကုန်သွယ်ရေးမြှင့်တင်ရန် သဘောတူညီမှုရရှိခဲ့ကြ သော်လည်း တရားမဝင် ကုန်စည်ကူးသန်းမှု ကြီးထွားနေသည်ကိုတွေ့ရှိရပြီး နှစ်နိုင်ငံစလုံးအတွက် အခွန်ငွေများစွာ နစ်နာ ဆုံးရှုံးစေ သောကြောင့် single-window အကောက်ခွန်စနစ် ချမှတ်ကျင့်သုံးကြရန် ထိုင်းဝန်ကြီးချုပ်က အဆိုပြုခဲ့ပြီး နှစ်နိုင်ငံ အကျိုး အတွက် နည်းပညာနှင့် ဗပာုသုတပံ့ပိုးရန် ထိုင်းနိုင်ငံက ပြင်ဆင်လျက်ရှိသည်ပာု တီရတ်ကဆိုပါသည်။

ထို့အပြင် တရားမဝင်ကုန်သွယ်ရေးဂယ်ပေါက်များကိုပိတ်ဆို့ရန်အတွက် နှစ်နိုင်ငံအကြီးတန်းအကောက်ခွန် အရာရှိ များ အကြား ဆွေးနွေးပွဲများကျင်းပ၍ နည်းလမ်းရှာကြရန် ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းသည်ပာု သိရှိရသည်။

single-window စနစ်သည် နိုင်ငံတကာကုန်သည်များဖြစ်စေ၊ နယ်စပ်ကုန်သည်များဖြစ်စေ၊ နယ်စပ်ကုန်သည်များ ဖြစ်စေ၊ နယ်စပ်ဖြတ်ကူးကုန်စည်များ သယ်ဆောင်ရာတွင် သက်ဆိုင်ရာအကောက်ခွန်ရှင်းလင်းမှုနှင့် ခွင့်ပြုချက်များရရှိရေး အတွက် အစိုးရတာဝန်ရှိသူများနှင့်ဆောင်ရွက်ရာတွင် အထောက်အထားများကို တစ်နေရာထဲတွင် အပြီးအစီးတင်ပြနိုင်ပြီး ကုန်သည်များအတွက် စရိတ်ကာမိခြင်း၊ သက်သာခြင်းတို့ ရရှိစေပါသည်။

ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများကို ဆက်လက်ရှာဖွေသွား ရန်နှင့် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီမှုရရှိခဲ့ကြသည်ပာုဆိုသည်။

ထို့ပြင် ကာကွယ်ရေးဝန်ကြီးတာဝန်ကိုပါယူထားသူ ထိုင်းဝန်ကြီးချုပ်ယင်လပ်က ထိုင်း-မြန်မာ-အိန္ဒိယ ချိတ်ဆက် မည့် သုံးနိုင်ငံအမြန်လမ်းမကြီး တည်ဆောက်ရေးကို ပူးတွဲအကောင်အထည်ဖော်ရေးစဉ်းစားရန် မြန်မာသမ္မတကို တိုက်တွန်း ခဲ့သည်ပာု ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

သုံးနိုင်ငံအမြန်လမ်းသည် တောင်အာရှနှင့် အရှေ့တောင်အာရှကို ကူညီချိတ်ဆက်ပေးနိုင်မည်ဖြစ်၍ မြန်မာဖက်က လည်း သဘောတူခဲ့ပြီး ကြာသပတေးနေ့တွင်စီစဉ်ထားသည့် အိန္ဒိယဝန်ကြီးချုပ်မန်မိုပာန်ဆင်းနှင့် ဆွေးနွေးပွဲတွင် ယင်း အိုင်ဒီယာ ကို ထိုင်း-မြန်မာခေါင်းဆောင်နှစ်ဦးစလုံး သဘောတူညီမှုရရှိခဲ့ကြသည်ပာု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive