Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

ဘာသာပြန်သတင်းများ (၃)

မြန်မာ့ဆက်သွယ်ရေးဥပဒေသစ် ထုတ်ပြန်

(Shanghai Daily မှ 12 Oct 2013 ရက်စွဲပါ “Myanmar’s new communication law published” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဥပဒေသစ်ကို နိုင်ငံပိုင် New Light of Myanmar သတင်းစာတွင် စနေနေ့က ထုတ်ပြန်ကြေညာလိုက်ပါသည်။

သမ္မတဦးသိန်းစိန် အင်္ဂါနေ့ကလက်မှတ်ရေးထိုးခဲ့သောဆက်သွယ်ရေးဥပဒေသစ်အရ နိုင်ငံခြားတယ်လီကွန်း ကုမ္ပဏီများသည် အနည်းဆုံးငါးနှစ်မှ အများဆုံး အနှစ် နှစ်ဆယ် သက်တမ်းရှိသောလိုင်စင်ဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့် ရရှိကြမည် ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေသစ်ကို မြန်မာလွှတ်တော်က သြဂုတ်လတွင် အတည်ပြုခဲ့သော်လည်းသမ္မတက ပြန်လည် ပြင်ဆင်ခိုင်းသောအချက်များကိုစီစစ် ပြင်ဆင်နေရသောကြောင့် ယခုအောက်တိုဘာလတွင် အတည်ပြု ထုတ်ပြန်ရခြင်း ဖြစ်သည်။

နိုင်ငံခြားဆက်သွယ်ရေးအော်ပရေတာလိုင်စင် ချပေးကာနီးတစ်ရက်အလိုတွင်လည်း မြန်မာလွှတ်တော်က ကိုယ်ကျိုးစီးပွားကာကွယ်ရေးကိုအကြောင်းပြကာဆိုင်းငံ့ထားရန် ကြိုးစားမှုကြောင့် ပြည်သူလူထုအံ့ အားသင့်ခဲ့ကြရ သည်။

နိုင်ငံခြားအောက်ပရေတာများနှင့် ဖက်စပ် လုပ်ကိုင်နိုင်ရန် စီစဉ်နေသည့် ပြည်တွင်းခရိုနီတို့၏ အကျိုးစီးပွား ကိုလွှတ်တော်ကရှေ့တန်းတင်သည် ဟူသောစွပ်စွဲမှုများလည်းပေါ်ထွက်လာခဲ့သည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဖုန်းသုံးစွဲသူဦးရေသည် ယခုလတွင် ၅.၅ သန်းအထိရှိလာပြီးစုစုပေါင်းလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီဟုကိန်းဂဏန်းများအရသိရှိရသည်။

မြန်မာအစိုးရသည် ၂ဝ၁၅ တွင် မိုဘိုင်းလ်ဖုန်းပျံ့နှံ့သုံးစွဲမှုနှုန်း ၈ဝ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် ကြိုးပမ်းအား ထုတ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်းအော်ပရေတာဖုန်းလိုင်စင်အတွက် ပထမဆုံးတင်ဒါအောင်သော နိုင်ငံခြားကုမ္ပဏီ နှစ်ခုအဖြစ်နော်ဝေး Telenor နှင့် ကာတာOoredooတို့ကိုရွေးချယ်ခဲ့ရာ နိုင်ငံခြားကုမ္ပဏီအချို့ နှင့် ဖက်စပ် လုပ်ကိုင်ရန် ကြိုးပမ်းခဲ့ကြသော ပြည်တွင်းခရိုနီကုမ္ပဏီအချို့ နောက်ကောက်ကျသွားခဲ့သည်ဟု ဆိုနိုင်သည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂) 

ရခိုင်ပြည်နယ်မှ မြန်မာမွတ်ဆလင်များ ရန်ကုန်တွင်ခိုကိုးရာရှာတွေ့

(UPI မှ 11 Oct 2013 ရက်စွဲပါ “Myanmar Muslims from Rakhine say they found refuge in Yangon”သတင်းကို ဘာသာပြန်ဆိုသည်)

ရန်ကုန်မြို့တွင် ပုန်းအောင်းနေထိုင်ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ခံရခြင်းမှ လွတ်မြောက်လုံခြုံ မည့်နေရာကို ရှာတွေ့နိုင်ကြောင်း မြန်မာနိုင်ငံမှ လူနည်းစုမွတ်ဆလင်များက ဖြေကြားလိုက်ပါသည်။

ရခိုင်ပြည်နယ်မှ အရေအတွက်ရာနှင့်ချီသော မွတ်ဆလင်များသည် မြို့တော်ရန်ကုန်သို့ထွက်ပြေးလာကြပြီး၊ ရန်ကုန်မြို့၏ ရပ်ကွက်များသည် လုံခြုံမှုရှိကြောင်း ၎င်းတို့အနက်မှ အချို့က ပြောကြားသည်ပာု ထိုင်းအခြေစိုက် ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မှထွက်ပြေးလာသောမွတ်ဆလင်များသည် ရန်ကုန်မြို့တွင် ဖမ်းဆီးခံရနိုင်သော်ငြားလည်း ခွဲခြားဆက်ဆံ ခံရခြင်းမရှိပာု ဆိုပါသည်။

ရခိုင်ပြည်နယ်တွင် နောက်ဆုံးဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် အနည်းဆုံးတစ်ဦးသေဆုံးကာ လူနေအိမ်ခြေ များ မီးလောင် ပျက်စီးခဲ့ရပြီးနောက် လုံခြုံမှုအနေအထားကို အကဲခတ်စောင့်ကြည့်နေသည်ပာု ရန်ကုန်မြို့ အမေရိကန် သံရုံးက ယခင်သတင်းပတ်တွင် ပြောကြားထားပါသည်။

မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲများကျင်းပကာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း၊ အမျိုးသားအဆင့် လုံခြုံမှုဆိုင်ရာ ခံစားသိရှိမှုကို အာမခံနိုင်ရန် အသည်းအသန်ရုန်းကန်နေရသည်။

အဆိုပါ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်အဓိကရုဏ်းများ ဖန်တီးမှုနောက်ကွယ်တွင် နိုင်ငံရေးပယောဂ မကင်းပာူသော ဝေဖန်မှုများထွက်ပေါ်နေသလို မြန်မာအာဏာပိုင်များကလည်း ဒီမိုကရေစီလမ်းကြောင်းမှ နောက်ပြန်မ လှည့်နိုင်တော့ကြောင်း ပြည်တွင်း၊ ပြည်ပ အသိုင်းအဝိုင်းများအား အာမခံချက်ပေးထားသည်။ သို့ရာတွင် လက်ရှိပြဿနာမှာ နောက်ပြန်လှည့်နိုင်သည့်ကိစ္စမပာုတ်ဘဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ နှေးကွေးအောင်၊ တိုးတက်မှု မရှိအောင် အနှောက်အယှက်ပေးနေသည့်ကိစ္စပင်ဖြစ်သည်ပာု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးကြသည်။

နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရေးလှုပ်ရှားသူ ကချင်လက်နက်ကိုင်အုပ်စုကလည်း အစိုးရနှင့် ယခုတစ်ပတ် သဘောတူညီမှုအချို့ရရှိပြီးနောက် တိုက်ခိုက်မှုအတိုင်းအတာကို လျှော့ချသွားမည်ပာု မကြာသေးမှီက ထုတ်ပြန်ကြေညာထားသည်။

အပျံသင်စပာု ခေါ်ဝေါ်ကြသော မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို လောင်းရိပ်မိုးနေသော အကြီးစား စိန်ခေါ်မှုများမှာ ကချင်ပြည်နယ်မှ ပြည်တွင်းစစ်နှင့် ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုတို့ဖြစ်ပြီး အခြားအသေးစား စိန်ခေါ်မှု များမှာမူ မရေတွက်နိုင်လောက်အောင် ပေါများသည်ပာု မြန်မာ့ရေးရာကျွမ်းကျင်သူ အကဲခတ်များက သုံးသပ်ထား ကြသည်။


 

                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive