Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂) 

ရန်ကုန် Trader Hotel တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

(14 Oct 2013 ရက်စွဲပါ BBC News မှ Trader’s Hotel in Rangoon, Burma, hit by explosion ကိုဘာသာပြန်ဆို သည်။)

ရန်ကုန်မြို့ရှိ အထင်ရှားဆုံးဟိုတယ်တွင် ဗုံးပေါက်ကွဲမှူတစ်ခုကြောင့် လှုပ်ခတ်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ထရေးဒါးဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်ဧည့်သည်တစ်ဦး ဒဏ်ရာရသည်ဟု သတင်းရရှိ ပါသည်။ အဆောက်အဦးအပြင်တွင်လည်း အနည်းငယ် ပျက်စီးသွားသည့် လက္ခဏာအချို့တွေ့ရသည်။

မြန်မာနိုင်ငံတွင် အသေးစားဗုံးကွဲမှုလေးများ ဆက်တိုက်ဖြစ်နေရာ ယခုထရေးဒါးတွင် ဗုံးကွဲမှုမှာ နောက်ဆုံးဖြစ်သည်။ အဆိုပါဗုံးပေါက်ကွဲမှုများနှင့် ပတ်သတ်၍ တာဝန်ရှိကြောင်းမည်သူကမျှ ပြောဆိုခြင်းမရှိပေ။

မကြာသေးမီက ရက်များအတွင်း အိမ်လုပ်ဗုံးများ နိုင်ငံအဝှမ်းပေါက်ကွဲခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်း များက ဆိုပါသည်။ တနင်္လာနေ့နှောင်းပိုင်းက ဖြစ်ပွားသော ထရေးဒါးဟိုတယ်ပေါက်ကွဲမှုတွင် အခန်း၏အပြင်ဘက်သို့ပါ ပြူတင်းပေါက်မှ လွှင့်စင်လာရာ လမ်းပေါ်သို့ ၉၈ ပေခန့်အထိရောက်ရှိကြောင်း AP ၏အဆိုအရ သိရှိရပါသည်။

ဧည့်သည်အမေရိကန်အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာအသေးစားရရှိခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းအေဂျင်စီများက ဆိုသည်။

ဗုံးပေါက်ကွဲမည့် မသင်္ကာဖွယ်ပစ္စည်းမှာ ဧည့်သည်၏ ရေချိုးခန်းထဲမှ ဖြစ်ကြောင်း သတင်းများက ဖော်ပြပါ သည်။

မကြာသေးမီ နှစ်များအတွင်းက မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ဖူးရာ အစိုးရက ခွဲထွက်ရေး အုပ်စုများကို အပြစ်တင်ခဲ့သည်။ ယခုနောက်ဆုံးပေါက်ကွဲမှုအတွက် နောက်ကွယ်တွင် မည်သူရှိသည် ဆိုသည်မှာ မသဲ ကွဲပေ။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

ဗီယက်နမ် နှင့် မြန်မာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပြု

(Thanh  Nien News မှ  8 Oct 2013  ရက်စွဲပါ “ Vietnam , Myanmar Waive visas for each other ” သတင်းကို ဘာသာပြန်ဆိုသည်)

ဗီယက်နမ် နှင့် မြန်မာ နှစ်နိုင်ငံအကြား ရိုးရိုး ပတ်စ်ပို့ ကိုင်ဆောင်သူများအတွက်  ဗီဇာကင်းလွတ်ခွင့် ဆိုင်ရာ သဘောတူညီမှုသည် အောက်တိုဘာ  ၂၆ ရက်တွင် စတင်အကြုံးဝင် သက်ရောက်မည်ဖြစ်ရာ ဗီယက်နမ်နှင့် မြန်မာနိုင်ငံသား များ ဗီဇာမလိုဘဲ  အပြန်အလှန် သွားလာနိုင်တော့မည်ဟု အစိုးရသတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၎င်းသဘောတူညီချက်အရ ဗီဇာသက်တမ်း အနည်းဆုံး ၆လ ကျန်ရှိသော ရိုးရိုးပတ်စ်ပို့ ကိုင်ဆောင်သူ  နိုင်ငံသားများသည် အဝင်၊ အထွက် ဗီဇာကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး ခေတ္တတစ်ထောက်နားသည့် ထရန်စစ်ဗီဇာအနေဖြင့် နှစ်နိုင်ငံစလုံးတွင်  ၁၄ ရက် နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။

၁၄ ရက်ထက် ပိုမိုနေထိုင်သူများအနေဖြင့် ဗီဇာလျှောက်ထားရန် လိုသည်ဟု သိရှိရသည်။ အဆိုပါ ဗီယက်နမ်နှင့် မြန်မာ အကြား ရိုးရိုး(သာမန်) ပတ်စ်ပို့ ကိုင်းဆောင်သူများ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက်ကို စက်တင်ဘာ ၂၇ ရက် နေ့က နယူးယောက်မြို့တွင်  ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖန်ဘင်မင်းနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ နှစ်ဦး လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဗီယက်နမ် ပတ်စ်ပို့ ကိုင်ဆောင်သူများသည် အာဆီယံဒေသတွင်း ကိုးနိုင်ငံသို့ ဗီဇာမလိုဘဲ သွားရောက် နိုင်ကြပြီဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive