![]() | International Media (3) |
ဘာသာပြန်သတင်းများ (၃)
ပေါက်ကွဲမှုများရှိသော်လည်းကမ္ဘာလှည့်များမြန်မာသို့သွားရန်ဆက်လက်စီစဉ်
(Telegraph မှ 17 Oct 2013 ရက်စွဲပါ Burma trips go ahead despite explosions ကိုဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် အခြားသောပြည်နယ်ဒေသများတွင် လတ်တလောဖြစ်ပေါ်ခဲ့သည့် အသေးစား ပေါက်ကွဲမှုများသည် သီးခြားဖြစ်စဉ်များသက်သက်သာဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည့် မြန်မာပြည်သို့ လာရောက်လည်ပတ်လိုသော ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားကို ဟန့်တားမည့် အရာများမဟုတ်ဟု ခရီးသွားလုပ်ငန်းကုမ္ပဏီကြီးများက မျှော်လင့်လျက်ရှိကြသည်။
ရန်ကုန်မြို့ရှိ နာမည်ကျော် Traders ဟိုတယ်တွင် တနင်္လာနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယင်းဟိုတယ်တွင် တည်းခိုလျက်ရှိသည့် အမေရိကန်နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်ရပ်အပါအဝင်အခြားသော ပေါက်ကွဲမှု များက မြန်မာပြည်တွင်း လုံခြုံရေးနှင့်ပတ်သက်သေ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ပြည်တွင်းမီဒီယာများ၏ သတင်းပေးပို့ချက်အရ Traders တွင်ပေါက်ကွဲသည့် ဗုံးမှာ ယင်းဟိုတယ်၏ နဝမ ထပ်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါအခန်း၌နေထိုင်သူ အမေရိကန်အမျိုးသမီးမှာ ဒဏ်ရာအနည်းငယ် ရရှိသွား ခဲ့သည်။ Traders တွင်ပေါက်ကွဲခဲ့သည့် ဗုံးမှာ ပြီးခဲ့သည့် သောကြာနေ့က တောင်ငူမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု၌ အသုံးပြု သည့် ဗုံးအမျိုးအစားပင်ဖြစ်သည်။ တောင်ငူတွင်ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် လူ ၂ ဦးခန့် သေဆုံးခဲ့ရသည်ဟု သိရ သည်။ ထို့နောက် တနင်္ဂနွေနေ့တွင်လည်း ရန်ကုန်မြို့၌ ပေါက်ကွဲမှု ၂ ရပ်ထပ်မံဖြစ်ပေါ်ခဲ့သည်။
အဆိုပါပေါက်ကွဲမှုကို မည်သူ သို့မဟုတ် မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဟူသောအချက်ကို ရှင်းရှင်း လင်းလင်း မသိရှိရသေးသော်လည်း အမျိုးသား ၃ ဦးအား စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်။ “ယခုဖြစ်ရပ်တွေဟာ သီးခြားဖြစ်စဉ်တွေဖြစ်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်မိပါတယ်။ တိုက်ခိုက်ဖောက်ခွဲမှုကို ကျူး လွန်သူတွေရဲ့ ကွန်ယက်ကို ထုတ်ဖော်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်မတို့အနေနဲ့ ခရီးစဉ်တွေကို စီစဉ်ထား တဲ့အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒါပေမဲ့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်ကို အနီး ကပ်စောင့်ကြည်&