Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

ဘာသာပြန်သတင်းများ (၃)

ပေါက်ကွဲမှုများရှိသော်လည်းကမ္ဘာလှည့်များမြန်မာသို့သွားရန်ဆက်လက်စီစဉ်

(Telegraph မှ 17 Oct 2013 ရက်စွဲပါ  Burma trips go ahead despite explosions ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် အခြားသောပြည်နယ်ဒေသများတွင် လတ်တလောဖြစ်ပေါ်ခဲ့သည့် အသေးစား ပေါက်ကွဲမှုများသည် သီးခြားဖြစ်စဉ်များသက်သက်သာဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည့် မြန်မာပြည်သို့ လာရောက်လည်ပတ်လိုသော ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားကို ဟန့်တားမည့် အရာများမဟုတ်ဟု ခရီးသွားလုပ်ငန်းကုမ္ပဏီကြီးများက မျှော်လင့်လျက်ရှိကြသည်။

ရန်ကုန်မြို့ရှိ နာမည်ကျော် Traders ဟိုတယ်တွင် တနင်္လာနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယင်းဟိုတယ်တွင် တည်းခိုလျက်ရှိသည့် အမေရိကန်နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်ရပ်အပါအဝင်အခြားသော ပေါက်ကွဲမှု များက မြန်မာပြည်တွင်း လုံခြုံရေးနှင့်ပတ်သက်သေ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ပြည်တွင်းမီဒီယာများ၏ သတင်းပေးပို့ချက်အရ Traders တွင်ပေါက်ကွဲသည့် ဗုံးမှာ ယင်းဟိုတယ်၏ နဝမ ထပ်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါအခန်း၌နေထိုင်သူ အမေရိကန်အမျိုးသမီးမှာ ဒဏ်ရာအနည်းငယ် ရရှိသွား ခဲ့သည်။ Traders တွင်ပေါက်ကွဲခဲ့သည့် ဗုံးမှာ ပြီးခဲ့သည့် သောကြာနေ့က တောင်ငူမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု၌ အသုံးပြု သည့် ဗုံးအမျိုးအစားပင်ဖြစ်သည်။ တောင်ငူတွင်ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် လူ ၂ ဦးခန့် သေဆုံးခဲ့ရသည်ဟု သိရ သည်။ ထို့နောက် တနင်္ဂနွေနေ့တွင်လည်း ရန်ကုန်မြို့၌ ပေါက်ကွဲမှု ၂ ရပ်ထပ်မံဖြစ်ပေါ်ခဲ့သည်။

အဆိုပါပေါက်ကွဲမှုကို မည်သူ သို့မဟုတ် မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဟူသောအချက်ကို ရှင်းရှင်း လင်းလင်း မသိရှိရသေးသော်လည်း အမျိုးသား ၃ ဦးအား စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်။ “ယခုဖြစ်ရပ်တွေဟာ သီးခြားဖြစ်စဉ်တွေဖြစ်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်မိပါတယ်။ တိုက်ခိုက်ဖောက်ခွဲမှုကို ကျူး လွန်သူတွေရဲ့ ကွန်ယက်ကို ထုတ်ဖော်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်မတို့အနေနဲ့ ခရီးစဉ်တွေကို စီစဉ်ထား တဲ့အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒါပေမဲ့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်ကို အနီး ကပ်စောင့်ကြည့်နေရပါတယ်” ဟု Cox & Kings အမည်ရ ခရီးသွားလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ Katie Parson ကပြောသည်။ “ဒီဖြစ်ရပ်တွေကြောင့် မြန်မာပြည်ကိုသွားဖို့ ကျွန်မတို့ဆီမှာ Booking လုပ်ထားတဲ့သူတွေ ဘယ်သူမှ ခရီး စဉ်ဖျက်ဖို့ လုပ်တာမျိုးမရှိပါဘူး”  ဟု၎င်းကဆက်လက်ပြောကြားသည်။

မစ္စ Katie Parson ၏ ထင်မြင်သုံးသပ်ချက်များသည် မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးနှင့် TransIndus မှ ဒါရိုက်တာဖြစ်သူ AmritSingh ၏ ထင်မြင်မှုများနှင့် တူညီလျက်ရှိသည်။ “ယခုဖြစ်စဉ်တွေမှာ အမှန်တကယ် ဘာကြောင့်ဖြစ်တယ်ဆိုတာကို ပြောပြဖို့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ဖြစ်ရပ်တွေမှာ အသုံးပြုတဲ့ဟာတွေက လက်လုပ်ဗုံးအမျိုးအစားတွေပါ။ အကြမ်းဖက် အဖွဲ့အစည်းအကြီးတွေက အသုံးပြုတဲ့ဖော်ခွဲရေး ကိရိယာမျိုး တွေမ ဟုတ်ပါဘူး” ဟု Amrit Singh ကပြောကြားသည်။

အဆိုပါပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံ၌ အကြမ်း ဖက်မှုဖြစ် ပေါ်မည့် ခြိမ်းခြောက်မှုရှိနေသည်” ဟု အကြံပြုဖော်ပြသည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရန်ရှိသည့် နေရာဒေသများသို့သွားလာမှုများကို အထူးသတိပြုရန်လည်း ယင်းဝန်ကြီးဌာနကဆက်လက်အကြံပြုသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့် စစ်အုပ်ချုပ်ရေးစနစ်သို့ရောက်ရှိစဉ်၊ အစိုးရဆက်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ ပုန်ကန်ထကြွစဉ်က အသေးစားပေါက်ကွဲ မှုမျိုးများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ယခုကဲ့သို့သော ဖြစ်စဉ်များသည် ၂၀၁၁ ခုနှစ်၊ စစ်အစိုးရက အရပ်သားအစိုးရထံ သို့ အာဏာလွှဲပြောင်းခဲ့ပြီးအချိန်ကာလနောက်ပိုင်းတွင် ဖြစ်တောင်ဖြစ်ခဲ သောဖြစ်ရပ်များပင် ဖြစ်သည်။

မြန်မာသမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး စီးပွားရေးလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့သည်။

သို့သော် များစွာသော တက်ကြွလှုပ်ရှားသူများက မြန်မာနိုင်ငံသည် လက်ရှိကာလအထိ လွတ်လပ်ခွင့်မရ ရှိသေးကြောင်း၊ အတိုက်အခံအချို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ပြောကြားသည်။

အတိုက်အခံခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ လတ်တလော တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူကို စုံစမ်းဖော်ထုတ်ရန် အစိုးရအား တိုက်တွန်းပြောဆိုထားသော်လည်း ပြည်သူအများမှာမူ အေးအေးဆေးဆေး ပင်နေ ထိုင်လျက်ရှိကြသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive