Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)   

အခြေခံဥပဒေပြင်ဆင်ရန် မြန်မာအတိုက်အခံခေါင်းဆောင်တောင်းဆို

(ABC Radio Australia မှ 20 Oct 2013 ရက်စွဲပါ “Myanmar’s opposition Leader calls for constitutional Change”သတင်းကို ဘာသာပြန်ဆိုသည်)

လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုပါက ၂၀၁၅ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီရှိလိမ့်မည်မပာုတ်ပာု မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါသည်။ အငြင်းပွားစရာဖြစ်နေသော လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုသည်ပာု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မြန်မာဒီမိုကရေစီခေါင်းဆောင်သည် ဥရောပသို့အလည်အပတ်ရောက်ရှိနေပြီး စနေနေ့က ဘရပ်ဆဲလ်တွင် ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဂျိုဆေးမန်နူရယ်ဘာရာဆိုနှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ၌အထွေထွေရွေးကောက်ပွဲများ ကျင်းပရန်စီစဉ်လျက်ရှိပြီး ထွက်ပေါ်လာမည့် လွှတ်တော် အသစ် နှင့်အတူ သမ္မတကိုရွေးချယ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ တွင် သမ္မတရာထူးအတွက် ယှဉ်ပြိုင်လိုကြောင်း ထုတ်ဖော်ပြောဆို ထားသကဲ့သို့ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း သမ္မတဖြစ်လိုသည်ပာု ထုတ်ဖော်ပြောကြားထားသည်။ လက်ရှိသမ္မတ ဦးသိန်းစိန်အနေဖြင့်မူ ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင်လိုခြင်းရှိ၊ မရှိ မသဲကွဲသေးပါ။ သို့ရာတွင် ယခင်တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲခဲ့သော လက်ရှိအခြေခံဥပဒေတွင် ပြည်ပနိုင်ငံသားအဖြစ် ခံယူ ထားသော မိသားစုဝင်ရှိသူမှန်သမျှ သမ္မတလောင်းအရည်အချင်း မပြည့်မှီပာူသောအချက် ထည့်သွင်းထားကာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် ရည်ရွယ်ပိတ်ဆို့ထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးနှင့် ကွယ်လွန်သူ ခင်ပွန်းသည်တို့မှာ ဗြိတိန်နိုင်ငံသားများဖြစ်သည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(17 Oct 2013 ရက်စွဲပါ The Korea Herald မှ High Expectation as Myanmar takes helm of ASEAN ကို ဘာသာပြန်ဆိုသည်)

(Xinhua မှ 20 oct 2013 ရက်စွဲပါ “China Myanmar gas pipeline in full operation” သတင်းကို ဘာသာပြန်ဆိုသည်)

(Bernama News မှ 18 Oct 2013 ရက်စွဲပါ “Japan to help Myanmar build schools” သတင်းကို ဘာသာပြန် ဆိုသည်။)


အာဆီယံဥက္ကဖြစ်မည့် မြန်မာနိုင်ငံအပေါ် အဖွဲ့ဝင်များက မျှော်လင့်ချက်ကြီးမားစွာ ထားနေကြ

(17 Oct 2013 ရက်စွဲပါ The Korea Herald မှ High Expectation as Myanmar takes helm of ASEAN ကို ဘာသာပြန်ဆိုသည်)

ယခင်အပတ်မှအဆက် -

သို့သော် သုံးသပ်သူများထံမှ ထွက်ပေါ်လာသော မေးခွန်းများမှာ မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးပြန်လည် ပြုလုပ်နိုင်ခဲ့သော်လည်း လွတ်လပ်သော သံတမန်ရေးအရ ရပ်တည်မှုလုံလောက်စွာ ရနိုင်မှုရှိမရှိဆိုသော အချက်ဖြစ်ပါသည်။

“ရှင်းနေတဲ့အချက်တစ်ခုကတော့ မြန်မာနိုင်ငံဟာ တံခါးဖွင့်လိုက်ပြီးတရုတ်အပေါ် စီးပွားရေးအရ မှီခိုရမှုကို လျော့ချ လိုတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။” ဟု အင်ဒိုနီးရှားတက္ကသိုလ်မှ Vishnu Juwono က Strait Times သို့ပြောပါသည်။

သို့သော်နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေးအရ အကျိုးအမြတ်များလည်းရှိကြောင်း အလျင် အမြန် ပြသနိုင်ရန် ခေါင်းဆောင်ပိုင်းတွင် ဖိအားများရှိနေသည်ဟု ၎င်းအနေဖြင့် မှတ်သားမိကြောင်း Vishnu က ဆိုပါသည်။

မြန်မာသတင်းစာဆရာများနှင့် ဝေဖန်သူများက ၎င်းတို့၏ သံတမန်များ ပုဂ္ဂိုလ်ရေးအရ ကတိပြုထားမှုများသည် ဥက္ကဌနေရာအတွက် သက်ရောက်မှုများရှိမည်ကို သိရှိကြောင်းဆိုပါသည်။

“ကျွန်တော် စိုးရိမ်တာက ဥက္ကဌရဲ့တာဝန်ဝတ္တရားတွေကို မဖြည့်ဆီးနိုင်မှာကို ဖြစ်ပါတယ်။ လူမျိုးရေးအရ အကြမ်း ဖက်မှုတွေ၊ စစ်ပွဲဖြစ်နေတာတွေနောက် ဒီလိုကြီးကြီးမားမား ကိုင်တွယ်ရတဲ့အတွေ့အကြုံ နည်းနည်းပဲ ရှိပါတယ်။” ဟု Eleven မီဒီယာမှ နိုင်ငံရေးနှင့်ဆိုင်သော အယ်ဒီတာ ဇေယျာနန္ဒ က The Strait Times သို့ ပြောပါသည်။

သို့သော် မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အထူးသဖြင့်  မွတ်ဆလင်အများစုရှိသော မလေးရှားနှင့် အင်ဒိုနီးရှားသို့ ရခိုင်ပြည်နယ်မှ ဗုဒဘာသာရခိုင်များနှင့် ရိုဟင်ဂျာမွတ်ဆလင်များကြား အကြမ်းဖက်မှုများမှာ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းရှင်းပြအားထုတ်လျက်ရှိပါသည်။

ဝန်ကြီးဌာနသည် ၎င်း၏ဝက်ဘ်ဆိုဒ်တွင် ၂၄ မျက်နှာပါ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ရခိုင်ပြည်နယ်တွင် လုပ်ဆောင်နေမှု ရှင်းလင်းချက်ကို ဖော်ပြထားပါသည်။ ထို့အပြင် ဗုဒဘာသာနှင့် မွတ်ဆလင်များ ငြိမ်းချမ်းစွာ ဘုရားဝတ်ပြုနေသည့် ဗီဒီယိုကိုလည်း ဘရူနိုင်း တွင် အာဆီယံခေါင်းဆောင်များ သို့ ပြသခဲ့ပါသည်။

ပြီးခဲ့သည့်အပတ်က လက်ရှိဥက္ကဌ ဘရူနိုင်းထံမှ ဥက္ကဌအတွက် ‘တူ’ (Gavel) ကို လက်ခံယူပြီး၊ အများက၎င်း တို့ အပေါ် မျှော်လင့်မှုများရှိနေမည့်အချိန်၌ အာဆီယံကိုခွဲခြားမှု ဖြစ်စေမည် မဟုတ်ကြောင်း၊ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။ “ကျွန်တော့် ပြည်သူတွေကရော၊ ကမ္ဘာတစ်ဝှမ်းကပါ အနီးးကပ်စောင့်ကြည့်နေတဲ့အချိန် မျိုးမှာ ကျွန်တော်တို့ ညီညွတ်မှုနဲ့ ဘုံရည်မှန်းချက်တွေကို ဖြည့်ဆီးနိုင်ဖို့ဟာ လွန်စွာအရေးကြီးပါတယ်။” ဟု ၎င်းက ဆိုပါသည်။

အခြားနိုင်ငံများကလည်း မြန်မာနိုင်ငံ၏ ခေါင်းဆောင်များအောင်မြင်ရေးသေချာစေရန် ဆုံးဖြတ်ချက်ချကြပြီး၊ အာဆီယံ အထွေထွေအတွင်းရေးမှုးချုပ် Le Luong Minh ကလည်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ မြန်မာ၏ ဥက္ကဌ တာဝန်ထမ်းဆောင်ရာတွင် ကူညီမည်ဖြစ်ကြောင်း ပြောပါသည်။

မြန်မာနိုင်ငံအပေါ် အဖွဲ့ကြီးက မြင့်မြင့်မားမားထားခဲ့ခြင်းကြောင့် ၎င်းက Strait Times သို့ပြောကြားရာတွင် “၂၀၁၅ မှာ ကျွန်တော်တို့ အောင်ပွဲခံဖို့၊ မခံဖို့ဟာက ၂၀၁၄ မှာ ကျွန်တော်တို့ ဘာတွေအောင်မြင်မှု ရခဲ့သလဲဆိုတာ ပေါ်မူ တည်ပါတယ်။” ဟု ဆိုပါသည်။


 တရုတ်-မြန်မာ ဓါတ်ငွေ့ပိုက်လိုင်း အပြည့်အဝလည်ပတ်ပြီ

(Xinhua မှ 20 oct 2013 ရက်စွဲပါ “China Myanmar gas pipeline in full operation” သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ် မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းသည် တရုတ်ပြည်အနောက်တောင်ပိုင်း လူမန်းနှင့် ဂျူကိုင်းမြို့တော်များသို့ ချိတ်ဆက်သည့် အဆုံးသတ်အပိုင်း ပြီးစီးသွားပြီးနောက် အပြည့်အဝလည်ပတ်လျက်ရှိသည်ဟု တရုတ် China National Petroleum Corporation (CNCP) ကတနင်္ဂနွေနေ့တွင် ပြောကြားသည်။

စုစုပေါင်း ၂၅၂၀ ကီလိုမီတာရှည်သော ပိုက်လိုင်း၏ အစပိုင်း ၇၉၃ ကီလိုမီတာသည် မြန်မာနိုင်ငံတွင် တည်ရှိပြီး၊ ကျန်အပိုင်းမှာ  တရုတ်နိုင်ငံအတွင်း တည်ရှိသည်။ ၎င်းပိုက်လိုင်းသည် တရုတ်ပြည်အနောက်တောင်ပိုင်းသို့ တစ်နှစ်လျှင် သဘာဝဓါတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံခန့် တင်ပို့နိုင်မည်ဟု မျှော်လင့်ရပြီး၊ တရုတ်နိုင်ငံ၏ ကျောက်မီးသွေး လောင်စာသုံးစွဲမှုကို တစ်နှစ်လျှင် တန်ချိန် ၃၀.၇၂ သန်းလျှော့ချပေးလိမ့်မည်ဟု CNCP ၏ အဆိုအရ သိရသည်။

CNCP ၏ ပိုက်လိုင်းတည်ဆောက်ရေး ဌာနအထွေထွေမန်နေဂျာ ဝူဟန်က “တရုတ် မြန်မာဓါတ်ငွေ့ပိုက်လိုင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ အရှေ့ပိုင်းသို့ ဓါတ်ငွေ့ပို့သည့် ပိုက်လိုင်းနှင့် သွားရောက် ချိတ်ဆက်မည်ဖြစ်ရာ အရေးပေါ် အခြေအနေတွင် သုံးစွဲသူများထံ ဖြည့်ဆည်းပေးရန် ယုံကြည် စိတ်ချမှုများစွာ ပိုလာစေသည်” ဟုပြောကြားသည်။

အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုကို ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းပိုက်လိုင်းသည် တရုတ် မြန်မာ ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ အစီအစဉ်တစ်ခုဖြစ်ပြီး၊ စီမံကိန်းတွင် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုလည်း ပါဝင်သည်။ ဓါတ်ငွေ့ပိုက်လိုင်း၏ မြန်မာနိုင်ငံအပိုင်းမှာ အစောဆုံး ပြီးစီးခဲ့ပြီး တရုတ်နိုင်ငံ ဘက်သို့ ဓါတ်ငွေ့ပို့လွှတ်ခြင်းကို ဇူလိုင်လကုန်ကတည်းက စတင်ခဲ့သည်။

CNPC သည် တရုတ်နိုင်ငံ၏ ထိပ်တန်းရေနံဓါတ်ငွေ့ ကုမဏီ Petrochina ၏ မိခင်ကုမ္ပဏီဖြစ်သည်။


မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ ဆောက်ရန် ဂျပန်ကူညီ

(Bernama News မှ 18 Oct 2013 ရက်စွဲပါ “Japan to help Myanmar build schools” သတင်းကို ဘာသာပြန် ဆိုသည်။)

မြန်မာနိုင်ငံတိုင်းဒေသကြီး နှစ်ခုနှင့် ပြည်နယ်တစ်ခုတွင် အခြေခံပညာစာသင်ကျောင်း ၈ ကျောင်း ထပ်မံ တည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံက အကူငွေ အမေရိကန်ဒေါ်လာ ၄၇၀,၇၉၉ ကူညီထောက်ပံ့ မည်ဟု မြန်မာသတင်းကို ကိုးကား၍ တရုတ် Xinhua သတင်းဌာနက ထုတ်ပြန်သည်။

အဆိုပါ အောက်ခြေပညာရေးစီမံကိန်းကို ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၊ ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာတစ်ရွာနှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ကျေးရွာငါးရွာ တို့တွင် အကောင်အထည်ဖော်သွားမည်ဟု သိရှိရသည်။

၎င်းစီမံကိန်းသည် ကျောင်းသား ၂၈၆၈ ခန့်အတွက် ပညာသင်ကြားရန် ပိုမိုကောင်းမွန်သော နေရာထိုင်ခင်း နှင့် သန့်ရှင်းရေးစနစ်များ ကိုဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သည့် သြဂုတ်လကလည်း ဂျပန် Nippon Foundation နှင့် Bridge Asia Japan တို့က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် စာသင်ကျောင်းများ တည်ဆောင်ရန် အကူအညီပေးမည်ဟု ကတိပြုခဲ့ကြသည်။

မြန်မာအာဏာပိုင်များနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှု အရ Nippon Foundation က စာသင်ကျောင်းများ တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၅ သန်း နှင့် Bridge Asia Japan က ရခိုင် ပြည်နယ်တွင် ကျောင်းများ ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၆ သန်း အသီးသီး ကူညီရန် ကတိပြုခဲ့ကြ သည်ဟု သိရှိရသည်။

အောက်ဆုံး အဆင့်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ကို အမြစ်လှန် ပြောင်းလဲပစ်ရန် အရေးပေါ် လိုအပ်နေကြောင်း သတိပေး ခေါင်းလောင်းသံများ ထွက်ပေါ်နေသော်လည်း မြန်မာအာဏာပိုင်များ သွေးအေး နှေးကွေးနေခြင်းကို နားမလည်နိုင်အောင် ဖြစ်မိသည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက သံသယ မှတ်ချက်ပေးထားကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive