Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“၂ဝ၁၁ ခုနှစ် ဇွန် ၉ ရက်မှာ တိုက်ပွဲတွေ စဖြစ်ပွားတာကိုက တာပိန် ရေအားလျှပ်စစ်လို့ ခေါ်တဲ့ ရေအားလျှပ်စစ် ထုတ်ဖို့ အတွက် ဆည်အသေးလေး ဆောက်တဲ့ ဒေသကနေစပြီး ဖြစ်တယ်။ စပြီး ဖြစ်ခဲ့တာကိုက အဲဒီ ဆည်ကို လာပြီးဆောက်တဲ့ တရုတ်ကုမ္ပဏီက ဝန်ထမ်းတွေနဲ့ မသင့်မတင့်ဖြစ်တာကို တရုတ်ကုမ္ပဏီက လူတွေကို လုံခြုံရေး ကာကွယ်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စပြီးတော့ တိုက်ပွဲဖြစ်တယ်။ အဲဒီတော့ ပြောချင်တာက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်လိုမှုကနေ စတာ။ တကယ်တော့ တာပိန် ရေအားလျှပ်စစ် ဆိုတာ သေးသေးလေးပါ။ ကျွန်မတို့ မြစ်ဆုံဆည် နဲ့ ယှဉ်မယ်ဆိုရင်ပေါ့”

အောက်တိုဘာ ၂၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကေအိုင်အို နှင့် ဖြစ်ပွားနေသော တိုက်ပွဲ အများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက် ပြောကြား” သတင်းမှ ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်မေစံပယ်ဖြူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ခင်ဗျားတို့ ပြောတာတွေကို ယခုမှသာ ကြားရတာပါ။ ကေအိုင်အေက လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ထုတ်နုတ်တင်ပြထားတာတွေ ရှိပါတယ်။ ၂ဝ၁၄ သန်းခေါင်စာရင်း ကျရင် လူဦးရေ တိတိကျကျတွေ ရမှာပါ။ လူမျိုးတစ်မျိုးဟာ လူဦးရေ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အခွင့်အရေး တန်းတူရှိသင့်ပါတယ်”

အောက်တိုဘာ ၂၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ကချင်ပြည်နယ်ရှိ ရှမ်း မျိုးနွယ်စုများနှင့် သီးခြားတွေ့ဆုံ” သတင်းမှ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုချိန်မှာ ပညာရေးစနစ်ကို စမ်းသပ်ချိန် မဟုတ်တော့ပါ။ တကယ့် မှန်ကန်တဲ့စနစ် ချမှတ်ဖို့ အလွန် အရေးကြီးပါတယ်။ အဲဒါမှ မဟုတ်ရင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတို့ရဲ့ နောက်မှာ ပို၍ပို၍ နောက်ကျ ကျန်ရစ်ခဲ့မယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ အခုလို ဆွေးနွေးနေရတဲ့ အဆင့်မြင့် နည်းပညာ ၊ အင်ဂျင်နီယာ ပညာ၊ ကျွမ်းကျင်ပညာရှင်များ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ဖို့ကို နည်းလမ်းမှန် ဖြစ်ဖို့ သိပ်အရေးကြီးတဲ့ ကာလဖြစ်နေပါတယ်”

အောက်တိုဘာ ၂၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လက်ရှိ အချိန်သည် ပညာရေး စနစ်ကို စမ်းသပ်ရမည့် အချိန် မဟုတ်တော့ ၊ မှန်ကန်သည့် စနစ် ချမှတ်ရန် အရေးကြီး ကြောင်း လွှတ်တော်ကိုယ်စားလှယ် သတိပေး”  သတင်းမှ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အန်ကယ်တို့ရဲ့ ရည်ရွယ်ချက်က မိုင်းဆိုတာ ပေါ့တီးပေါ့ဆထားလို့ မရဘူး။ နမော်နမဲ့ ထားလို့ မရဘူး။ ထိခိုက်မိရင် အသက်ဆုံးရှုံးနိုင်တယ်။ အကယ်၍ အသက် မဆုံးရှုံးရင်တောင်မှ ထိမိတဲ့သူမှာ ခြေထောက်ပြတ်၊ လက်ပြတ်၊ မျက်စိကန်းနဲ့ တစ်သက်လုံး မသန်မစွမ်း ဖြစ်သွားမယ့် ဒဏ်ရာမျိုးတွေ ရနိုင်တယ်ဆိုတာကို ရှင်းလင်း ပြောပြမယ်။ နောက်ပြီးတော့ မိုင်းဆိုတာ ဘယ်လို ပုံသဏ္ဌာန်တွေ ရှိတယ် ၊ ဘယ်လိုနေရာတွေမှာ အများဆုံး ထောင်တတ်တယ်။ အကယ်၍ မြေမြှုပ်မိုင်း ထိပြီဆိုရင် သွေးထွက် မလွန်အောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာတွေကိုပါ မြေပုံကားချပ်တွေနဲ့ ရှင်းလင်းပြောဆို ပေးသွားဖို့ စီစဉ်ထားပါတယ်”

အောက်တိုဘာ ၂၉ ရက်နေ့ထုတ် TRUE NEWS ဂျာနယ် အတွဲ (၆) ၊ အမှတ် (၂) တွင် ပါရှိသော “ပြည်နယ် နှင့် တိုင်းဒေသကြီး ၇ ခုတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေး အသိပညာပေး လုပ်ငန်း ဆောင်ရွက်မည်” သတင်းမှ ငြိမ်းချမ်း မြန်မာ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး သန့်ဇင် (ငြိမ်း) ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


မေး။          ။  တိုင်းရင်းသားအဖွဲ့တွေထံမှာ UNFC လို အဖွဲ့မျိုးပေါ့။ UNFC ကလည်း ထုတ်ပြန်မှုတွေ ရှိတယ်။ လူကြီးမင်းတို့ ကလည်း တိုင်းရင်းသား အဖွဲ့အစည်းဖြစ်နေတော့ ဘယ်လို အခြေအနေရှိမလဲ။

ဖြေ။           ။ ကျွန်တော်ပြောပြမယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဆိုရင် ကျွန်တော် ပုဂ္ဂလိဓိဌာန်နဲ့ မပြောချင်ဘူး။ ဓမ္မဓိဌာန်နဲ့ ပြောမယ်။ ဓမ္မဓိဌာန်ဆိုရင် ကျွန်တော်ပြောတဲ့ လိုင်းနှစ်လိုင်းနဲ့ ချကြည့်မယ်။ အဲအဖွဲ့ အစည်းတွေက လိုင်းနှစ်လိုင်းနဲ့ ချကြည့်ရင် Compromise လိုင်းကို သွားနေလား ။ Confrontation လိုင်းကို သွားနေလား။ ဒါကတော့ ခင်ဗျားတို့ ဘာသာ ဆုံးဖြတ် ၊ Confrontation လိုင်းကို သွားနေရသ် ဘယ်ဖြစ်မလဲ ဆိုတာ ကျွန်တော် ပြောပြီးပြီ။ အဲသလို ရှင်းပြတာကို ကြိုက်တဲ့သူ ရှိမယ်။ မကြိုက်တဲ့သူ ရှိမယ်။ သူတို့လည်း သူတို့ တင်ပြတာကို ကြိုက်တဲ့သူရှိမယ်။ ရောင်းသူ နဲ့ ဝယ်သူပေါ့။ ခင်ဗျားကို ဒီလိုင်းကို ကြိုက်လားပေါ့ ။ ဒါကြိုက်ရင် ဒါဝယ်ပေါ့။ ကျွန်တော်ပြောတာ ဓမ္မဓိဌာန်နဲ့ ပြောတာ။ ကျွန်တော် သူတို့ကို ကောင်းခြင်း ၊ ဆိုးခြင်း မပြောဘူး။ ကျွန်တော်တို့ လိုင်းက ဒါရှိတယ်။ KNU သဘောထားက စေ့စပ်ညှိနှိုင်းတဲ့ လိုင်းကို သွားတာ။ ဒါပဲ ခင်ဗျားတို့ ဘာသာ ဆုံးဖြတ်ရေးလိုက်၊ ပြည်သူက ဆုံးဖြတ်မှာ ။ ပြည်သူက မဆုံးဖြတ်ရင် ဘာရမလဲ။

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် The Messenger ဂျာနယ် အတွဲ (၄) ၊ အမှတ် (၂၃) တွင် ပါရှိသော “KNU ဗဟိုအလုပ်ဆောင်အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင် နှင့် အင်တာဗျူး” မှ ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

ကချင်တိုက်ပွဲ ထပ်မံဖြစ်ပွားမှုအတွင်း ပိတ်မိနေသော အရပ်သားများကို ကုလစိုးရိမ်

(AFP မှ 26 Oct 2013 ရက်စွဲပါ “UN fears over Myanmar civilians in fresh kachin unrest”သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပဋိပက္ခဇုန်တွင် တပ်မတော်နှင့် ကချင်လက်နကိုင်များအကြား ထပ်မံဖြစ် ပွားနေသော တိုက်ပွဲများအတွင်း ပိတ်မိနေသော ကလေးအများစုအပါအဝင် အရေအတွက် ရာချီသော အရပ်သားများအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားလိုက်သည်။

မြန်မာအစိုးရတပ်နှင့် ကချင် KIA တပ်ဖွဲ့တို့အကြား အပစ်ရပ်ညှိနှိုင်းမှုများ ပြုလုပ်နေသည့်ကြားမှပင် မကြာသေးမီ ရက်ပိုင်းများအတွင်း မန်စီမြို့နယ်၌ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြားတွင် ပိတ်မိနေသော စစ်ဘေးရှောင်ဒုက္ခသည် တစ်ထောင်ကျော်မှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ပာုဆိုပါသည်။

“အပြန်အလှန်ပစ်ခတ်နေတဲ့ကြားမှာ အရပ်သားတွေပိတ်မိနေတာကို အလွန်အမင်းစိုးရိမ်မိပါတယ်။ အထူးသဖြင့် ကလေး တွေနဲ့ သက်ကြီးရွယ်အိုတွေပေါ့”ပာု သောကြာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာနိုင်ငံဆိုင်ရာ UN Resident and Humanitarian Co-ordinatorn အေရှော့နီဂမ်က ပြောကြားသည်။

တရုတ်နယ်စပ်အနီး မြောက်ပိုင်းကချင်ဒေသမှ တိုက်ပွဲများသည် ၂၀၁၁ ဇွန်လတွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲမှု ကျိုးပေါက်ကာပြန်လည်ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ စစ်ဘေးရှောင်အိုးအိမ်မဲ့ဒုက္ခသည် ၁၀၀,၀၀၀ ကျော်သွားပြီဖြစ်သည်။

ရန်စတိုက်ခိုက်မှုများကို ရပ်ဆိုင်းပစ်သင့်ပြီး ထိုဒေသအတွင်းရှိ အရေးပေါ်အကူအညီလိုအပ်နေသော အရပ်သား များထံသို့ ကယ်ဆယ်ရေးအေဂျင်စီများ သွားရောက်နိုင်အောင်ခွင့်ပြုသင့်သည်ပာု အေရှော့နီဂမ် ကဆက်လက်ပြောဆိုသည်။

ဒေသခံကယ်ဆယ်ရေးအဖွဲ့များသည် စစ်ဘေးရှောင်ဒုက္ခသည်များထံ လောလောဆယ်မသွားရောက်နိုင်ကြောင်း နှင့် ၎င်း ဒုက္ခသည်များသည် ရက်အနည်းငယ်စာ စားနပ်ရိက္ခာသာ ကျန်တော့သည်ပာု ကြားသိရကြောင်း ကုလတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေးအလွန်ထွက်ပေါ်လာသော နိုင်ငံတကာအချီးမွမ်းခံ နိုင်ငံရေးအပြောင်းအလဲများ အပေါ်တွင် နိုင်ငံအနှံ့ဖြစ်ပွားနေသော ဘာသာရေးခုတုံးလုပ် ဆူပူမှုများနှင့် ကချင်ပြည်နယ်မှသွေးစွန်းသော ပဋိပက္ခများက လောင်းရိပ်  မိုးလျက်ရှိသည်။

၁၉၄၈ ခုနှစ်ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ကြောင့် နာလံမထူနိုင်ခဲ့သော မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲရေးဝါဒီ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အဓိကလက်နက်ကိုင်အုပ်စုအများစုနှင့် အပစ်ရပ် သဘော တူညီမှုများ ရရှိထားပြီးဖြစ်သည်။

နောက်ဆုံးကျနေသည့် အဓိကပြည်တွင်းစစ်ပွဲတစ်ခုဖြစ်သည့် ကချင်ပြည်နယ်တိုက်ပွဲများကို အဆုံးသတ်ရန် လက်ရှိဆွေးနွေးမှုများပြုလုပ်လျက်ရှိရာတွင် လတ်လတ်ဆတ်ဆတ် သဘောတူညီမှုအသစ်တစ်ခုကိုလည်း မကြာသေးမီက ရရှိခဲ့သည်။

ကုလသမဂ္ဂနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်လေ့လာခဲ့သော ဆွေးနွေးပွဲများအပြီး ရရှိခဲ့သော သဘောတူညီချက်သည် နိုင်ငံရေးဒိုင်ယာလော့ဆွေးနွေးရန် အခြေခံချမှတ်ရေးနှင့်ဘ ငြိမ်းချမ်းရေးကိုဦးတည်ဆောင်ရွက်ရေး တို့ကို ရည်မှန်းခြင်းဖြစ်သည်ပာု အစိုးရငြိမ်းချမ်းရေးညှိနှိုင်းမှုအကျိုးဆောင်များက ဆိုပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive